Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်းတပ်ခွဲ ၃

Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်းတပ်ခွဲ ၃ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်းတပ်ခွဲ ၃, Government Organization, 21 Street, Melbourne, FL.

06/08/2024

ပြည်သူများအား အသိပေးသတင်းပြန်ကြားချက်

ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်း တပ်ခွဲ ၃သည် စစ်ရေးလိုအပ်ချက်အရ တောင်ပိုင်းစစ်ဒေသ အမှတ်၃၁ စစ်ဗျူဟာ G2 တပ်ရင်းရုံးအောက်သို့ ပြောင်းလဲတာဝန်ထမ်းဆောင်ရမည်ဖြစ်ပါသောကြောင့် Lion Battalion ဗျူဟာစစ်ကြောင်း တပ်ခွဲ၃ Pageအား Juneလ ၃၀ရက်နေ့တွင် အပြီးတိုင်ပိတ်သိမ်းသွားပြီး နောက်ပိုင်းစစ်ရေးသတင်းများအား တောင်ပိုင်းစစ်ဒေသ အမှတ်၃၁ စစ်ဗျူဟာ G2 တပ်ရင်းရုံးPageမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးပန်ကြားအပ်ပါသည် ။

G2 ဖိုးဆေးမှုး ( ခ ) စောဘိခ

https://www.facebook.com/ZweMusical?mibextid=ZbWKwL

Musician/band

03/26/2024

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကော့ဘိန်းနယ်မြေရဲစခန်းကို ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များတိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးသေဆုံး လက်နက်ချအညံ့ခံသူ ၂၃ဦးရှိပြီး လက်နက်၂၇လက်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကာ အဆိုပါ ရဲစခန်းအား ၂၄ရက်နေ့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၅ရက်နေ့တွင်အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း ယင်းစခန်းသိမ်းတိုက်ပွဲတွင် ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းနှင့်အတူ မွန်ပြည်သစ်ပါတီ AD ၊မွန်ပြည်လွတ်မြောက်ရေးတပ်တော် ၊ ကျားဖြူစစ်ကြောင်း ၊ ဂဠုန်စစ်ကြောင်းအဖွဲ့တို့ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်အရသိရပါသည်။

03/21/2024

တပ်ခွဲရဲဘော်များအတွက် ယူနီဖောင်းအစုံရေ ၅၀ လိုအပ်လျှက်ရှိနေတဲ့အတွက် တော်လှန်ညီကိုမောင်နှမများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်ဗျ🙏🙏🙏
အဖွဲ့ပေါင်းစုံဖြင့် တိုက်ပွဲဖော်ဆောင်ရတာဖြစ်သည့်အတွက် သေနတ်ရှိယုံဖြင့်လဲ ရှေ့တန်းလိုက်လို့မရပါဘူး
ရှေ့တန်းစစ်မြေပြင်မှာ ရန်သူလား ကိုယ့်လူလားခွဲခြားဖို့ဆိုတာက ယူနီဖောင်းကိုပဲ ကြည့်ပြီးခွဲခြားရတာကြောင့် ရဲဘော်တစ်ဦးတွက်ဖြစ်စေ ရဲဘော်၁၀ဦးအတွက်ဖြစ်စေ တတ်နိုင်သ၍ပါဝင်ကူညီပေးကြဖို့တောင်းဆိုအပ်ပါသည်🙏🙏🙏

ယူနီဖောင်းတစ်စုံတန်ကြေး = ၁၈၀၀၀၀ကျပ်

ဟောဒီ နိုင်ငံကလူတွေဟာကိုယ့်မထိရင် ကိုယ်ကျိုးပဲ ကြည့်တဲ့သူများတယ်ဘယ်သူထိထိ မထိထိ ကိုယ့်မထိပြီးရောဆိုတဲ့လူတန်းစားတွေပေါ့လူ...
03/09/2024

ဟောဒီ နိုင်ငံကလူတွေဟာ
ကိုယ့်မထိရင် ကိုယ်ကျိုးပဲ ကြည့်တဲ့သူများတယ်
ဘယ်သူထိထိ မထိထိ ကိုယ့်မထိပြီးရောဆိုတဲ့
လူတန်းစားတွေပေါ့
လူ့အခွင့်ရေးမသိဘူး နားမလည်ဘူး
ကိုယ့်အခွင့်ရေးပဲ ကြည့်ကြတယ်
အဲ့လို လူတန်းစားတွေထဲ သင်မပါစေနဲ့

တော်လှန်ရေးအတွက် လှူတဲ့နေရာမှာပိုက်ဆံတစ်ခုတည်းကို မဆိုလိုပါဘူးဗျ...တန်ဖိုးအရှိဆုံးအလှူက "အသက်"ပါ။ဒီကနေ့ထိ တိုင်းပြည်အတွက...
03/03/2024

တော်လှန်ရေးအတွက် လှူတဲ့နေရာမှာ
ပိုက်ဆံတစ်ခုတည်းကို မဆိုလိုပါဘူးဗျ...
တန်ဖိုးအရှိဆုံးအလှူက "အသက်"ပါ။
ဒီကနေ့ထိ တိုင်းပြည်အတွက် အသက်ပေးလှူသွားသူ
အယောက်ပေါင်းများစွာရှိပါပြီ။
ကျွန်တော်တို့ရဲဘော်တွေအနေဖြင့်လည်း တော်လှန်ရေးမနိုင်သ၍ထပ်လှူနေကြအုံးမှာပါပဲ...
သေသွားသူတွေက ထပ်မလှူနိုင်တော့ပြီမို့ ငွေကြေးလှူသူတွေက မနိုင်သေးသ၍ကူနေရပါမယ် လှူနေရပါမယ်.
ခုဆို ကျွန်တော်တို့တပ်ခွဲဝင်ငွေဟာ လက်နက်ခဲယမ်းဖြည့်တင်းဖို့ထက် ရိက္ခာပိုင်းအတွက်ဖြည့်တင်းဖို့ကို မနည်းရုန်းကန်နေရတဲ့ အနေထားများဖြင့် ရင်ဆိုင်နေရပါသောကြောင့် ထောက်ပို့လစဥ် အောင်ပွဲဝင်အစီစဥ်လေးမှာ ၅ထောင် ၁သောင်းကျပ်ကစပြီး လစဥ်ပါဝင်ကူညီပေးကျဖို့ လေးစားစွာဖိတ်ခေါ်အပ်ပါသည်။
အလှူငွေပေါ်မူတည်ပြီး တော်လှန်ချည်ထိုးများကိုလည်း အလှူရှင် တစ်ယောက်ရှင်းစီတိုင်းအား အလှည့်ကြ လက်ဆောင်ပေးပို့သွားမှာဖြစ်သည့်အတွက် လှူဒါန်းလိုပါက page messengerမှာ လာရောက်ဆက်သွယ်ပေးကြဖို့ဖိတ်ခေါ်အပ်ပါသည်🙏🙏🙏

02/22/2024

ကျွန်တော်တို့ LION တပ်ခွဲ ( ၃ ) ရဲဘော်အဆိုရှင်သုံးဦးမှ အဝေးရောက်မိဘများကို မတူကွဲပြားသော သံဇဥ် ၊ စာသားများဖြင့် လွမ်းဆွတ်တမ်းတစွာ အနုပညာဖန်တီးထားမှုအား အနည်းငယ်မျှစုစည်းတင်ပြအပ်ပါသည်။
ကျွန်တော်တို့တပ်ခွဲ ကမ်ပိန်းတစ်ခုမှာ တော်လှန်ရေးသီချင်းများစွာနှင့်အတူ ဒီသီချင်းလေးတွေပါ ထွက်လာမှာမို့ အနည်းငယ်မျှဖော်ပြပေးမှုအား မိဘပြည်သူများကို တောင်းပန်အပ်ပါသည်🙏🙏🙏

်ခွဲ၃

PDFတပ်သားသစ်များ ဖိတ်ခေါ်ခြင်းစစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တိုက်ထုတ်ရန် ၊ ထိုးစစ်များ၊စခန်းသိမ်းတိုက်ပွဲများကို အရှိန်မြှ...
02/14/2024

PDFတပ်သားသစ်များ ဖိတ်ခေါ်ခြင်း

စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တိုက်ထုတ်ရန် ၊ ထိုးစစ်များ၊စခန်းသိမ်းတိုက်ပွဲများကို အရှိန်မြှင့်တင်ရန်အတွက်

-တော်လှန်ရေးကို အမှန်တကယ်စိတ်ဝင်စားသူ၊

-ပြည်သူ့ချစ်သည့် တပ်မတော်တွင် ဂုဏ်သိက္ခာရှိရှိ စစ်မှုထမ်းလိုသူများ၊

-စစ်ကောင်စီက ထုတ်ပြန်လိုက်သော စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းလိုသူများ၊

ဆန္ဒရှိသည့် လူရွယ်၊ လူငယ်များအားလုံးကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်အယ်ဆေးဝါးဦးဆောင်သော LIONတပ်ခွဲ(၃) ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွင်းသို့ ဝင်ရောက်အမှုထမ်းပါရန် ဖိတ်ခေါ်အပ်ပါသည်။

PDFရဲဘော်တစ်ဦးကဲ့သို့ လေ့ကျင့်ပြီးလျှင် ချပ်ဝတ်တန်ဆာနဲ့ လက်နက်ခဲယမ်းရရှိမည်။

တပ်စခန်းချရာဒေသရှိ ပြည်သူများ စားသောက်သလို စားသောက်ရမည်။
လုပ်ခလစာ၊ အဆောင်အယောင်မရပါ။ မည်သည့်ခံစားခွင့်မှမရှိပါ။

ပြည်သူက စေတနာအရပေးကမ်းသည့် ကွမ်းဖိုး၊ဆေးဖိုးသာရမည်။

ထိုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တာဝန်ထမ်းလိုသူများ အမြန်ဆုံးဆက်သွယ်ကြပါရန် တိုက်တွန်းအပ်ပါသည်။

်ခွဲ၃
#တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
#ပြည်သူ့ကာကွယ်ရေးတပ်မတော်၊

02/13/2024

ဗိုလ်ချုပ်အောင်ဆန်း (၁၀၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အား လေးစားဂုဏ်ပြုသောအ​နေဖြင့်
ရှေ့တန်းရောက် ရဲဘော်များအတွက် ဟင်းစားတစ်နှပ်လှူဒါန်းပေးပါသော "မယဥ်ယဥ်ဌေး" အလှူမင်္ဂလာအား ဂုဏ်ယူဝမ်းမြောက်စွာ​ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

်ခွဲ၃

လူမမယ်ကလေးလေးတွေ ကျောင်းနေအရွယ်ကလေးလေးတွေရဲ့ အသက်နဲ့အနာဂတ်ကို ပြာပုံထဲမှာရှာနေရတဲ့ ဒီနိုင်ငံရဲ့ ပညာရေးရည်မှန်းချက်ကတော့ ...
02/06/2024

လူမမယ်ကလေးလေးတွေ ကျောင်းနေအရွယ်ကလေးလေးတွေရဲ့ အသက်နဲ့အနာဂတ်ကို ပြာပုံထဲမှာရှာနေရတဲ့ ဒီနိုင်ငံရဲ့ ပညာရေးရည်မှန်းချက်ကတော့ မြင်တဲ့အတိုင်းပါပဲ😔😔😔

" မိဘပြည်သူများအနေဖြင့် ကျွန်တော်တို့ LION တပ်ခွဲ ၃တွင်လိုအပ်နေသော လက်နက်ခဲယမ်း ၊ ဆေးဝါးနှင့်ရိက္ခာပိုင်းများဖြည့်ဆည်းနိ...
02/02/2024

" မိဘပြည်သူများအနေဖြင့် ကျွန်တော်တို့ LION တပ်ခွဲ ၃တွင်လိုအပ်နေသော လက်နက်ခဲယမ်း ၊ ဆေးဝါးနှင့်ရိက္ခာပိုင်းများဖြည့်ဆည်းနိုင်ရန်အတွက် ၊ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခြင်း "

တော်လှန်ရေးကာလ နှစ်နှစ်ကျော်ကြာလာသည်အထိ ပြည်သူ့အရှေ့မှ သက်စွန့်ဆံဖျား မားမားမတ်မတ်ရပ်တည် ကာကွယ်ပေးနေသော ကျွန်တော်တို့ရဲဘော်များအတွက် လိုအပ်သည့်အကူအညီအထောက်အပံ့ကောင်းတွေ ရရှိနိုင်စေရန်နှင့် ပြည်သူ့အာဏာ ပြည်သူ့လက်ထဲသို့ ပြန်လည်ရရှိနိုင်စေရေး ၊ ခွေးအုပ်ချုပ်ရေးစနစ်အောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်စေရန် တော်လှန်ရေးလှုပ်ရှားသူ ပြည်သူအပေါင်းမှ မိမိတို့တတ်နိုင်သည့် ငွေအင်အားများဖြင့် လစဥ်ဝန်းရံပေးမှသာလျှင် တော်လှန်ရေးပြီးဆုံးသည်အထိတိုက်ပွဲဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍မိဘပြည်သူများအနေဖြင့် "ထောက်ပို့လစဥ် အောင်ပွဲဝင်" အစီစဥ်အား ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်🙏🙏🙏

ကူညီလှူဒါန်းလိုပါက Page Messengerတွင် လာရောက်ဆက်သွယ်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ဗျ.....

်ခွဲ၃

02/01/2024

အသံတိတ်သပိတ်မှာပါဝင်ဆင်နွဲကြသော
မိဘပြည်သူများအားလုံးကို
Lion တပ်ခွဲ 3 မှ ကြိုဆိုဂုဏ်ပြုလျှက်...

်ခွဲ၃

01/22/2024

ထိုင်းနိုင်ငံ မဟာချိုင်ရောက်တော်လှန်ရေးညီကိုမောင်နှမများမှ ကျွန်တော်တို့LIONတပ်ခွဲ (၃)ရဲဘော်များအတွက် အနွေးထည်နှင့်အဝတ်စားများ ပေးပို့လှူဒါန်းပေးမှုအား ဂုဏ်ယူလေးစားစွာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ယခုလို လှူဒါန်းပေးမှုကြောင့် မဟာချိုင်ရောက် တော်လှန်ရေးညီကိုမောင်နှမများအားလုံး ရောဂါအပေါင်းမှကင်းဝေးပြီး အလုပ်အကိုင်အခွင့်လမ်းများအဆင်ပြေပါစေ လိုအပ်နေတဲ့ကွက်လပ်တိုင်းကိုလည်း ဖြည့်ဆည်းပေးနိုင်ပါစေ ရည်မှန်းချက်ပန်းတိုင်းများဆီကိုလည်း ကျန်းမာဘေးကင်းစွာဖြင့် အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်🙏🙏🙏

်ခွဲ၃

Address

21 Street
Melbourne, FL

Website

Alerts

Be the first to know and let us send you an email when Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်းတပ်ခွဲ ၃ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share