Regional Friend Fighters

Regional Friend Fighters ယင်းမာပင်မြို့နယ်၊တိုက်နယ်(၂)
ပြည်သူ့ကာကွယ်ရေးအဖွဲ့

ထောက်ပို့ထီ အတွက် ကိုယ်စားလှယ် ယူ၍ရောင်းထားသော Regional Friend Fighters အဖွဲ့မှပေါက်မဲနံပါတ်များဖြစ်ပါတယ်ဗျ။
10/05/2025

ထောက်ပို့ထီ အတွက် ကိုယ်စားလှယ် ယူ၍ရောင်းထားသော Regional Friend Fighters အဖွဲ့မှပေါက်မဲနံပါတ်များဖြစ်ပါတယ်ဗျ။

ရဲဘော်များရဲ့ ရိက္ခာနှင့် စစ်ဘေးရှောင်များအတွက် ကျွန်ုပ်တို့အဖွဲ့မှ နေကြာစိုက်ပျိုးခြင်းများစတင်လုပ်ဆောင်နေပါသည်။မြေအလှူ...
10/05/2025

ရဲဘော်များရဲ့ ရိက္ခာနှင့် စစ်ဘေးရှောင်များအတွက်
ကျွန်ုပ်တို့အဖွဲ့မှ နေကြာစိုက်ပျိုးခြင်းများစတင်လုပ်ဆောင်နေပါသည်။

မြေအလှူရှင်များရှိနေသော်လည်း တပ်ရံပုံငွေနဲပါးခြင်းကြောင့် မြေဧက အနဲငယ်သာ စိုက်ပျိုးနိုင်ခဲ့ပါသည်။

ထို့ကြောင့် စိုက်ပျိုးစရိတ်များ လှူဒါန်းကူညီပေးဖို့ ဖိတ်ခေါ်တိုက်တွင်း အပ်ပါသည်။

ထောက်ပို့ထီ အတွက် ကိုယ်စားလှယ် ယူ၍ရောင်းထားသော Regional Friend Fighters အဖွဲ့မှပေါက်မဲနံပါတ်များဖြစ်ပါတယ်ဗျ။
08/04/2025

ထောက်ပို့ထီ အတွက် ကိုယ်စားလှယ် ယူ၍ရောင်းထားသော Regional Friend Fighters အဖွဲ့မှပေါက်မဲနံပါတ်များဖြစ်ပါတယ်ဗျ။

စစ်ရှောင်နှင့် တလရ ရဲဘော်များအတွက် မွေးမြူရေးပြုလုပ်ယင်းမာပင်မြို့နယ် တိုက်နယ် (၂) ပကဖအဖွဲ့ဝင် Regional Friend Fighters ...
07/27/2025

စစ်ရှောင်နှင့် တလရ ရဲဘော်များအတွက် မွေးမြူရေးပြုလုပ်

ယင်းမာပင်မြို့နယ် တိုက်နယ် (၂) ပကဖအဖွဲ့ဝင်
Regional Friend Fighters အဖွဲ့မှ စစ်ရှောင်ပြည်သူတွေနှင့် တလရ ရဲဘော်တွေအတွက်
ငါးကျင်းဖြူ အကောင်ရေ ၁၀၀၀၀ မွေးမြူခဲ့ပါသည်။

လိုအပ်သော အရာများကို ကူညီသူများကို မိမိတို့အဖွဲ့မှ အထူးပင်ကျေးဇူးတင်ပါသည်။.


#ယင်းမာပင်မြို့နယ်

07/21/2025

မြွေကိုက်ခံရသူကနေ"PDF"တပ်သား အဖြစ် သတ်မှတ်ခံရမှု

ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုဘေးကင်းလုံခြုံရေး၊နေရပ်ရွှေ့ပြောင်းခြင်းနှင့်ဆေးဝါးကုသမှု အခက်အခဲတွေဟာ ရိုးရှင်းတဲ့နေ့စဥ်ဘဝများအထိ ထိခိုက်လာခဲ့ကြပါတယ်။ထိုသတင်းတွေထဲမှ တစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ချောင်ဦးမြို့နယ်မှ ကိုထွန်းကျော်စွာ၏ အရေးဟာ ယနေ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေကို ပိုမိုအသားပေးပေါ်ထွက်စေပါတယ်။
မြွေကိုက်ခံရသူတစ်ဦးအနေဖြင့် အရေးပေါ် ဆေးကုသရေးလိုအပ်မှုကြောင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ စောင့်ကြည့်ကုသခိုင်းခံခဲ့ရသည်။သို့သော် "PDFတပ်သား"ဟု စွပ်စွဲကာ ဖမ်းဆီးစစ်ဆေးခံရခြင်းသည် လူနေမှုဘဝအပေါ် ထိခိုက်မှု ရှိနေကြောင်း ပြသနေသည်။ထိုသို့ လူနာတစ်ဦးကို အရေးပေါ်ကုသနေစဥ်အတွင်း စစ်တပ်မှ သံသယအရဖမ်းဆီးခြင်းသည် လူ့အခွင့်အရေးနှင့်ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များအပေါ် ချိုးဖောက်မှုဖြစ်သည်။
ဆေးရုံသည် မည်သူမဆို လူနာအနေဖြင့် လုံခြုံစိတ်ချစွာ ဝင်ရောက်နိုင်ရမည့် နယ်မြေဖြစ်သည်။ဒါပေမဲ့ ယနေ့မြန်မာနိုင်ငံအတွင်းမှာ ဆေးရုံတောင် မိမိကိုယ်ကို လုံခြုံမှုရရှိမည့်နေရာမဖြစ်တော့ဘဲ၊စပ်တပ်၏ အပစ်အခတ်မျက်စိအောက်တွင် အန္တရာယ်ရှိသော နေရာဖြစ်လာနေသည်။
"သံသယရှိလို့ဖမ်းတာ"ဆိုသော စကားစုသည် လူထုအပေါ် ထိခိုက်နာကျင်မှုကြီးမာသော ဖမ်းဆီးမှုများအတွက် အသုံးပြုနေကျ အကြောင်းပြချက်ထဲမှ တစ်ခုဖြစ်သည်။ထို့သို့ စဥ်ဆက်မပြတ်အသုံးပြုမှုသည် ဥပဒေမဲ့မှုကို ပုံမှန်အဖြစ်သတ်မှတ်ခြင်းကို အထောက်အထားခိုင်လုံစွာ ပြသနေသည်။
မတရားဖမ်းဆီးမှုများသည် သက်ဆိုင်သူတစ်ဦးတည်းအတွက် သာမက ၊ယင်းအခြေအနေတွင် နေထိုင်သည့် ဒေသခံပြည်သူများအတွက်လည်း လွန်စွာအန္တရာယ်ဖြစ်စေသည်။စစ်ကိုင်းတိုင်းမှ မန္တလေးသို့ တစ်စုံတစ်ရာလုပ်ငန်းဖြင့် ရောက်ရှိလာသော ပြည်သူများသည် ယခုအချိန်တွင် တင်းကျပ်စွာ စစ်ဆေးခံနေရပြီး၊ဆေးကုသရေးကဲ့သို့ အရေးအကြီးဆုံးလုပ်ငန်းများတွင်တောင် စိုးရိမ်မှု၊ကြောက်ရွံ့မှုများဖြင့် နေထိုင်သွားလာနေရသည်။
ဒီဖြစ်စဥ်ကနေ မြန်မာ့လူ့အခွင့်အရေးအခြေအနေဟာဘယ်လောက်အထိကျဆင်းနေပြီလဲဆိုတာ မြင်သာစေပါတယ်။ဥပဒေစိုးမိုးမှု မရှိဘဲ ဖမ်းဆီးခြင်း၊ဆေးရုံတောင် လုံခြုံမှုမရှိတော့တဲ့ အခြေအနေများ၊နယ်မြေအတွင်း သံသယဖြင့် တင်းကျပ်စစ်ဆေးမှုများဟာ ပြည်သူ့အခြေခံအခွင့်အရေးများကို များပြားထိရောက်စွာ ချိုးဖောက်နေကြောင်း သက်သေပြနေပါတယ်။​ မြန်မာ့လူ့ဘောင်အတွက် တရားမျှတမှုရှိသော၊ပြည်သူ့လုံခြုံရေးကို အလေးထားသော၊လူသားတစ်ဦးချင်းစီ၏ တန်ဖိုးကို အသိအမှတ်ပြုသော စနစ်တစ်ခု၊နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ လွန်စွာ အရေးကြီလှပါသည်။

ကျောက်မဲမြို့နယ်ကို စစ်တပ်မှလေယာဥ်ဖြင့် ဗုန်းကျဲတိုက်ခိုက်မှုသတင်းဇူလိုင် ၁၈ရက်ကျနော်တို့မြန်မာနိုင်ငံဟာ ၂၀၂၁ခုနစ် အာဏာသ...
07/20/2025

ကျောက်မဲမြို့နယ်ကို စစ်တပ်မှလေယာဥ်ဖြင့် ဗုန်းကျဲတိုက်ခိုက်မှုသတင်း

ဇူလိုင် ၁၈ရက်

ကျနော်တို့မြန်မာနိုင်ငံဟာ ၂၀၂၁ခုနစ် အာဏာသိမ်းပြီးချိန်မှစ ကြောက်ရွံ့မှု ၊စိုးရိမ်မှု၊ အန္တရာယ်မျိုးစုံခြောက်လှန့်မှု စတဲ့အမှောင်ထုတွေစိုးမိုးနေခဲ့ပါတယ်။.

စစ်ကောင်စီရဲ့ နည်းမျိုးစုံယုတ်မာ ရက်စက်သတ်ဖြတ်မှုတွေကို အမျိုးမျိုးကြုံတွေ့ခံစားနေရတာလည်း အနယ်နယ်အရပ်ရပ်ပါပဲ။ ယခုအကြောင်းအရာကလဲ စကစယုတ်မာမှုတွေထဲကတစ်ခုပေါ့။ အကြောင်းမရှိအကြောင်းရှာ ပြည်သူကိုအမြဲနှိပ်စက်နေတဲ့ စစ်တပ်က တိုက်ပွဲဖြစ်
ပွားခြင်းမရှိပဲ လေယာဥ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်လို့ သေဆုံးခဲ့ရတဲ့ ခလေးသူငယ်၊ အမျိုးသမီး၊ ကျောင်းသား ၊သက်ကြီးရွယ်အို အရွယ်စုံ အလွှာစုံကပြည်သူတွေသေဆုံးခဲ့ရတာလည်း ပြောလို့တောင်မကုန်နိုင်ပါဘူး။ ယခုလည်း ကျောက်မဲမြို့နယ် ကြူရှောရွာကို တိုက်ပဲဲဖစ်ပွားခြင်းမရှိပါပဲ လေယာဥ်နဲ့ ပေါင်၅၀၀ဗုံးတွေကျဲချတိုက်ခိုက်လို့ ၇၈နှစ်အရွယ် အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ်၈လုံးပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။ ယခုလို အသက်၊ အိုးအိမ်စည်းစိမ်တွေကို မီးရှို့၊ သတ်ဖြတ် ၊ ပစ်ခတ်မှုတွေကိုလည်း မြန်မာနိုင်ငံနေရာအနှံ့အပြားကိုလုပ်ဆောင်နေတာပါ။ ပြည်သူလူထုမှာ ခံပြင်းစိတ်၊ နာကျည်းမုန်းတီးစိတ်၊ ဝမ်းနည်းပူဆွေးမှု စတဲ့ခံစားချက်ပေါင်းစုံ နေ့စဥ်ဘဝတွေကို မအေးချမ်းစွာဖြတ်သန်းနေကြရပါတယ်။

ဒါတွေကို စစ်တပ်ထောက်ခံလော်ဘီတွေကတော့ အားရဝမ်းသာ စောင့်ကြည့်နေကြလေရဲ့။ ယခုပစ်ခတ်မှုသတင်းကိုလည်း စစ်တပ်လော်ဘီကျော်စိုးဦးက တယ်လီဂရမ်ချန်နယ်မှာ 'စစ်သွေးကြွတွေ ၊ တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင် လုပ်နေတဲ့သူပုန် 'ခေါင်းစဥ်တပ်ပြီး စစ်တပ်က စစ်သွေးကြွတွေကို နှိမ်နင်းရှင်းလင်းရပါတယ်'လို့တင်ထားပါတယ်။

https://tinyurl.com/fcka9xtm

သူတို့အတွက်ကတော့ ပြည်သူတွေရဲ့ အသက်တွေ၊ အိုးအိမ်စည်းစိမ်တွေဟာ ဘာမှအရေးမပါတဲ့ အာဏာရဲ့အောက်မှာ ကလေးကစားစရာလို သဘောထားနေကြပါရဲ့။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို
ခေတ်သစ်မီဒီယာမှ ပုံနှင့်တကွ ဖော်ပြထားပါသည်။

https://www.facebook.com/share/p/1LYmUyd9Y2/?mibextid=oFDknk

ဒီဖြစ်စဥ်တွေကိုကြည့်ပြီး မြန်မာနိုင်ငံတဝှမ်းမှာ နည်းလမ်းမျိုးစုံနဲ့ စစ်တပ်ရဲ့သတ်ဖြတ်ခြင်းကို ခံစားနေရတဲ့ ဒေသတွေ၊ ပြည်သူတွေ မြောက်များစွာရှိနေပါတယ်။ တရားမျှတမှုရဖို့ ပြည်သူအားလုံးက ဒီအာဏာရှင်ကို ညီညွတိစွာ တောင့်ခံတော်လှန်ကြဖို့ အလွန်လိုအပ်ပါတယ်။

လူငယ်တွေ ဖိနှိပ်မှုအောက်မှာ ကျဆုံးနေကြတယ်
07/20/2025

လူငယ်တွေ ဖိနှိပ်မှုအောက်မှာ ကျဆုံးနေကြတယ်

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ထောင်တွင်း၌ သေဆုံး

မောင်ခက်နွေ

(မဇ္ဈိမ) ။ ။ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင်( အသက် ၂၅ နှစ်) သည် ယနေ့ (ဇူလိုင်လ ၂၀ ရက်) မနက်ပိုင်းတွင် အင်းစိန်အကျဥ်းထောင်၌ သေဆုံးသွားကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များထံက သိရသည်။

၎င်းသည် အင်းစိန်ထောင်တွင်းရှိ စစ်ကြောရေးအတွင်း ရရှိခဲ့သည့် နှိပ်စက်ဒဏ်ရာများကြောင့် ဦးခေါင်းထိခိုက်ကာ ဦးနှောက်အကျိတ်တည်ဒဏ်ရာရရှိခဲ့သည်။ ထိုဒဏ်ရာကြောင့် အကျဥ်းထောင်တွင်း မကြာခဏ သတိလစ်သွားကြောင်း သိရဿည်။

"အကျဉ်းထောင်ထဲမှာ ရုံးထုတ်တွေ၊ ဘာတွေ ဆုံဖြစ်တာမျိုးရှိတယ်။ ကျွန်တော် ဧပြီ ၂ ရက်နေ့ ပြန်လွတ်လာပြီးနောက်ပိုင်း သူ့ကို အပြင်ဆေးရုံတင်တယ်ဆိုတဲ့ သတင်းကြားတယ်။ ဒါပေမဲ့ အဲ့တာနောက်ကျတယ်။ သူအသည်းအသန်ဖြစ်နေတဲ့အချိန်မျိုးမှာ နောက်ကျပြီးမှ ဆေးရုံကို ထုတ်တယ်ဆိုတဲ့ ကိစ္စပေါ့နော်။ အဲ့တာတောင် ကျွန်တော်တို့ ဝိုင်းပြောကြမယ်၊ သတင်းထုတ်ကြမယ်လုပ်တော့ သူ့မိသားစုက ပိုဆိုးသွားမှာစိုးတဲ့အတွက် တားတာမျိုးတွေရှိတယ်” ဟု ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူး ( ၃ ) ကိုဝေယံဖြိုးမိုးက မဇ္ဈိမကိုပြောသည်။

မ၀တ်ရည်အောင်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် သုံးနှစ်၊ ၂၀၂၃ ဇွန် ၂၇ ရက်တွင် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် လေးနှစ် စုစုပေါင်း ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခဲ့သည်။

မဝတ်ရည်အောင်သည် ၂၀၂၂ခုနစ် ဧပြီလ ၂၄ ရက်တွင် အင်းစိန်ထောင်မှ ဒိုက်ဦးထောင်သို့ရွှေ့ပြောင်းခံခဲ့ရပြီး ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၄ တွင် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြန်လည်ရွှေ့ပြောင်းခံခဲ့ရသည်။

မ၀တ်ရည်အောင် ထောင်ကျပြီး လေးနှစ်နီးပါးအကြာတွင် အကျဉ်းထောင်တွင်း၌ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#ပြည်တွင်းသတင်း
#သေဆုံး
#ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

#မဇ္ဈိမသတင်းဌာန

သတင်းတုထဲက သေခြင်းတရား-လင်းတလူးဗုံးကြဲမှု သတင်းအမှန်တကယ် ဘယ်မှာရှိလဲ?        မြန်မာနိုင်ငံတွင် ရှုပ်ထွေးတင်းမာလှသော စစ်ရ...
07/20/2025

သတင်းတုထဲက သေခြင်းတရား-လင်းတလူးဗုံးကြဲမှု သတင်း
အမှန်တကယ် ဘယ်မှာရှိလဲ?

မြန်မာနိုင်ငံတွင် ရှုပ်ထွေးတင်းမာလှသော စစ်ရေးအခြေအနေကြားက သတင်းအချက်အလက်များသည် လူထုအပေါ်တွင် အရေးပါသောသက်ရောက်မှု ရှိနေသည်။သတင်းထုတ်ဖော်မှုများသည် ဖြစ်ရပ်မှန်များကိုဖော်ပြရင်း လုပ်ကြံဖန်တီးသည့်စကားလုံးများ၊ဝါဒဖြန်သည့်စကားလုံးများပါထည့်သွင်း၍ ပြည်သူလူထုအကြား သတင်းမှားများစီးဆင်းစေသည်။
လင်းတလူးကျေးရွာ ဘုန်းကြီးကျောင်းအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် စပ်လျဥ်းသော သတင်းနှစ်ပုဒ်ကို ယခုဆောင်းပါးတွင် ဆန်းစစ်၍ သတင်းတုနှင့်သတင်းမှန်တို့ကို ခွဲခြားနိုင်စေရန်ရည်ရွယ်သည်။
သတင်း(၁):စစ်ကိုင်းမြို့နယ်၊လင်းတလူးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၂၈ဦးသေဆုံး၊ဒဏ်ရာရသူများစွာရှိ၍ သေဆုံးသူနံပါတ်မြင့်တက်နိုင်။
-ခေတ်သစ်မီဒီယာ၊ဇူလိုင် ၁၁၊၂၀၂၅
ဤသတင်းတွင်
- ဖြစ်စဥ်အချိန်၊တည်နေရာ၊သေဆုံးသူအရေအတွက်
-စစ်ဘေးရှောင်များသည် ဘုန်းကြီးကျောင်း၌ နေရသည်။
-သက်သေဓာတ်ပုံများကို Facebooks စာမျက်နှာမှာဖော်ပြမှုရှိသည်။
-ဆေးအကူအညီ မလုံလောက်ခြင်း၊ဒဏ်ရာရသူအခြေအနေများ ဖော်ပြထားသည်။
*ဤသတင်းကို တိကျသော အချက်အလက်၊ဓာတ်ပုံများ၊သက်သေများနှင့်တကွ ထုတ်ပြန်ထားသည်။

https://www.facebook.com/share/p/18tGMQVPXJ/?mibextid=oFDknk

သတင်း(၂):လင်းတလူးကျေးရွာရှိ
ဘုန်းကြီးကျောင်းကို ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ PDFစခန်းဟု သတ်မှတ်ကာလေကြောင်းဖြင့်ရှင်းလင်း။
ဤသတင်းတွင်
-လင်းတလူးကျေးရွာ ဘုန်းကြီးကျောင်းကို သက်သေမရှိဘဲ
PDFစခန်းအဖြစ်တင်ပြထားသည်။
-သေဆုံးသူအ​ကြောင်း မဖော်ပြ၊ဒဏ်ရာရသူများကို မဖော်ပြထားပါ။
-PDFစခန်းဟု စွပ်စွဲ၍ ရက်စက်စွာ သတ်ဖြတ်ခြင်းကို တရားဝင်ပြင်ဆင်မှုတစ်ခုအဖြစ် တင်ပြထားသည်။

https://www.mtnewstoday.com/?p=105878

ဤသတင်းသည် စစ်ဘေးရှောင်ပြည်သူများနေသော​ ဘုန်းကြီးကျောင်းကို PDFစခန်းအဖြစ် မှတ်ယူပြီး လေကြောင်းတိုက်ခိုက်မှုမှာ တရားဝင်ကြောင်း ရှုမြင်ကာ သက်သေမဲ့ စွပ်စွဲချက်များပါဝင်သည်။
စစ်ဘေးဒုက္ခသည်များသေဆုံးမှုကို သက်သေအထောက်အထားမဲ့ "PDFစခန်း”ဟု တရားဝင်စွပ်စွဲထားသည်။သေဆုံးသူ၊ဒဏ်ရာရသူများအား မထည့်သွင်းဘဲ တိုက်ခိုက်မှုကို တရားဝင်ရှင်းလင်းမှုအဖြစ် ဖော်ပြခြင်းသည် သတင်းတု၏ ပုံရိပ်ပေါ်လွင်နေသည်။
သတင်းများ ဖတ်ရှုသည့်အခါ"ဘယ်သူထုတ်ပြန်သလဲ၊သက်သေရှိလား၊စွပ်စွဲဖော်ပြမှုလား၊ပြည်သူထိခိုက်မှုပါဝင်သလား"ဟု မေးခွန်းထုတ်ရန်လိုသည်။စစ်ဘေးရှောင်၂၈ဦး၏ အသက်များသည် သတင်းတုတစ်ခုရဲ့ လုပ်ကြံပြင်ဆင်မှုဖြင့် ဖုံးကွယ်ခွင့်မရှိသင့်ပါ။

https://www.mtnewstoday.com/?p=105878
https://www.facebook.com/share/p/18tGMQVPXJ/?mibextid=oFDknk

07/13/2025
ကျွန်တော်တို့ Regional Friend Fighters အဖွဲ့မှ ကိုယ်စားလှယ်ယူထားသော ထောက်ပို့ထီ များကို တစ်စောင်လျင် မြန်မာငွေ နှစ်ထောင်...
07/12/2025

ကျွန်တော်တို့ Regional Friend Fighters အဖွဲ့မှ ကိုယ်စားလှယ်ယူထားသော ထောက်ပို့ထီ များကို တစ်စောင်လျင် မြန်မာငွေ နှစ်ထောင်ကျပ်နှုန်းဖြင့် Regional Friend Fighters page messenger သို့ဆက်သွယ် ဝယ်ယူအားပေးကြပါအုံးဗျ။

စိုက်ပျိုးမြေထွန်ယက်ခြင်းယင်းမာပင်မြို့နယ် တိုက်နယ်( ၂)ပကဖအဖွဲ့ဝင် Regional Friend Fighters ရဲ့ ရဲဘော်များအတွက် ပြည်သူမျ...
07/04/2025

စိုက်ပျိုးမြေထွန်ယက်ခြင်း

ယင်းမာပင်မြို့နယ် တိုက်နယ်( ၂)ပကဖအဖွဲ့ဝင် Regional Friend Fighters ရဲ့ ရဲဘော်များအတွက် ပြည်သူများရဲ့အကူညီဖြင့် မြေယာများစိုက်ပျိုးရန် ပြင်ဆင်ထွန်ယက်လျှက်ရှိပါသည်။

တော်လှန်ကာလကြာမြင့်လာတဲ့အခါ ပြည်သူလူထုရဲ့အဆင်မပြေမှုများရှိလာပါသည်။ထိုသို့အဆင်မပြေလာချိန် စိတ်ထဲက လှူချင်သော်လည်း လက်တွေ့မှာမူ လှူဒါန်းမှုမပြုလုပ်နိင်ကြသောကြောင့် တော်လှန်ရေးအဖွဲ့စည်းများ ခက်ခဲလာကြပါသည်။
အဆိုပါအဖွဲ့အစည်းများထဲတွင် မိမိတို့အဖွဲ့လည်းပါဝင်ခဲ့ပါသည်။

ထို့​ကြောင့် တော်လှန်စိုက်ခင်းအတွက် မြေလှူမည့် အလှူရှင်ရှိသောကြောင့် စိုပ်ပျိုးဖို့ရန် ပြင်ဆင်နေပါသည်။သို့သော် အခြားသောစိုက်ပျိုးစရိတ်ကုန်ကျမည်များအတွက် အလှူရှင်များ လိုအပ်နေပါသည်။ပြည်သူများအနေဖြင့် လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

#တော်လှန်စိုက်ခင်း
#ယင်းမာပင်မြို့နယ်

Address

Los Angeles, CA

Alerts

Be the first to know and let us send you an email when Regional Friend Fighters posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share