Nwar Phan Mal - နွားဖမ်းမယ်

Nwar Phan Mal - နွားဖမ်းမယ် We will expose anyone who harasses women online. In order to expose such creeps, we are also accepting requests from the victims of harassments.

12/07/2021

အစကတော့ အမှတ်တရပေါ့။
ချစ်သူတွေကြား
ကတောက်စလည်း ဖြစ်ရော
ကုတင်ပေါ်ကိစ္စတွေကို ဖြန့်ကြပြုကြ။

S*x Tape ပြန့်လာတဲ့ကိစ္စမှာ အဖြန့်ခံရသူဘက်က
ရှက်စရာဘာအကြောင်းမှ မရှိ။ နစ်နာစရာလည်းမရှိသလို
နှိမ့်ကျတဲ့အကြည့်နဲ့ ကြည့်ဖို့လည်း မလိုအပ်ပါဘူး။

ဖြန့်တဲ့သူသာ အရှက်ရသင့်တာပါ။
ဖြန့်တဲ့သူကိုသာ ကန့်ကွက်ရမှာပါ။

#မရှက်နဲ့

10/12/2021

ကိုယ့်ဘဝရဲ့တက်လမ်းကိုထိန်းကျောင်းနိုင်မှုအပြင် independency (အမှီခိုကင်းနိုင်စွမ်း) ရှိတယ်ဆိုတာက ဘာ masculine energy မှမဟုတ်ဘူး။ Independent ဖြစ်တာက ပါလာတဲ့ လိင်အပေါ်မှာမူတည်တယ် masculine/feminine ဖြစ်တာနဲ့ဆိုင်တယ်လို့ထင်ရင်ပြောတဲ့သူက စောက်ပေါ/မ ပါပဲ။

ယောက်ျားတစ်ယောက်ကို ထိန်းသိမ်းထားဖို့ မခုတ်တက်တဲ့ကြောင်လို နေပြ အားကိုးနေမှရမယ်ဆိုရင် ယောက်ျားဆိုရင် toxic muscularity နဲ့အင် မတန်မိမိကိုယ်ကိုယုံကြည်မှုနည်းတဲ့ယောက်ျားလို့သတ်မှတ်လို့ရပြီး မိန်းမကတော့ bottom power သုံးပြီးအခွင့်အရေးယူချင်နေတာလို့သတ်မှတ်လို့ရပါတယ်။

ဒီလိုဖြစ်တာကလဲ masculinity နဲ့ femininity ကို ပုံသေသတ်မှတ်ကြရာကနေ ဖြစ်လာကြတာပေါ့။ ယောက်ျားဖြစ်သူ (masculine သမား) က provider နေရာနဲ့၊ မိန်းမဖြစ်သူ(feminine သမား) က မှီခိုနေရာပေါ့။ အဲ့လို stereotype တွေကမကောင်းပါဘူးနော်။ ယောက်ျားတွေအနေနဲ့လဲ ကိုယ့်ချစ်သူ/မိန်းမက ကိုယ့်ထက်တော်နေရင်လဲ သိမ်ငယ်စရာမလိုပါဘူး၊ သူ့အတွက်ပိုတောင်ဂုဏ်ယူပေးရဦးမယ်။

ယောက်ျားလေးတွေကလဲ မိန်းကလေးကကိုယ့်ထက်တော်နေလို့ကိုယ့်ကိုနိုင်စားတော့မယ်၊ နှိမ်တော့မယ်လို့တွေးမိတယ်ဆိုရင်တော့ ကိုယ်တိုင်ကကော ကိုယ့်လောက်မတော်တဲ့ ချစ်သူရည်းစားရှာပြီး အဲ့သလိုပဲ ပါဝါပြချင်နေတဲ့မသိစိတ်ကရှိနေသလားဆိုတာကိုပြန်ဆန်းစစ်ဖို့လိုမယ်။

နောက်တစ်ခုကတော့ အခုခေတ်မှာ ယောက်ျားအလုပ်မိန်းမအလုပ်ဆိုပြီးခွဲတာတွေမရှိတော့ဘူးနော်။ အိမ်မှုကိစ္စ၊ ကလေးထိန်းတာကနေ စီးပွါးရေးစီမံခန့်ခွဲတတ်တာ၊ ကိုယ့်အားကိုယ်ကိုးတတ်တာတွေအကုန်လုံးက လူတိုင်းအခြေခံသိထားတတ်ထားရမယ့်အလုပ်တွေပါပဲ။ Masculinityတွေ femininity တွေ မေ့ထားလိုက်၊ ဘယ်သူပဲဖြစ်ဖြစ် အချိန်တန်ရင် အားကိုးရာကကိုယ်တိုင်ပဲရှိတယ်။

အဲ့လိုပြောတာမှလက်မခံနိုင်ရင်တော့ အိမ်းးးး အတော်အားကိုးခံချင်နေတဲ့ယောက်ျားတွေနဲ့ မှီခိုချင်လွန်းနေတဲ့မိန်းမတွေပါပဲ လိုက်လဲလိုက်ဖက်ပါပေတယ် လို့ပဲပြောရတော့မယ်😀

ဒါနဲ့ ပုံပြင်လေးပါဖတ်ကြည့်ကြပါဦး

https://pyithuarr.com/2021/10/10/relax-your-mind-by-reading-comic-the-hare-and-the-tortoise-part-2/

#စော်ကြိုက်လုပ်ကောင်များအဖွဲ့

Truths be told
10/06/2021

Truths be told

မုဒိန်းမှုတစ်ခုဖြစ်တိုင်း လူ့အဖွဲ့အစည်းရဲ့တစ်ဦး‌တစ်ယောက်ချင်းစီမှာတာဝန်ရှိတယ်

၃၀.၉.၂၁ မှာNay Yee ဆိုတဲ့ ဖေ့ဘွတ်အ‌ေကာင့် အမျိုးသားလေးတစ်ယောက် ပြန်ပေးစွဲခံရပြီး အုပ်စုလိုက်မုဒိန်းပြုကျင့်ခြင်းခံရတဲ့ သတင်းကိုဖတ်လိုက်ရတယ်။ မုဒိန်းမှုသတင်းတစ်ခုတွေ့တိုင်း လူတွေကသနားတယ်။ဒေါသထွက်တယ် မုဒိန်းမှုကျူးလွန်သူတွေက အကျင့်စာရိတ္တစုတ်ပြတ်တဲ့သူ စသဖြင့် သုံးသပ်ကြတာနဲ့ အဆုံးသတ်တယ်။ ဒါ့အပြင် ထိုသတင်းပို့စ်အောက်မှာ မှတ်ချက်တွေတွေ့ရတယ်။ “ တရားဥပဒေမရှိတော့တာမို့ ဒီကိစ္စတော့ပြောလည်းမထူးတော့ပါဘူး…။ ဝဋ်ကျွေးရှိရင်တော့… ။ ” စသဖြင့် ရေးသားထားကြပါတယ်။ ဒီမှာ ဘာကိုတွေ့နိုင်လဲဆို လူတွေက မုဒိန်းမှုတစ်ခုဖြစ်တိုင်း သနားတယ်၊စာနာတယ်၊ ဒေါသထွက်တယ်ဆိုတဲ့ ရပ်သွားပြီး ဥပဒေ၊ကံ ဆိုတာတွေကိုပုံအပ်ပြီး ဥပဒေရရှင်းလိမ့်မယ်ဆိုတာနဲ့ ခေါင်းရှေုာင်လိုက်ကြတော့တယ်။
ဘာကြောင့်မုဒိန်းမှုပြုကျင့်ကြသလဲ။
မုဒိန်းမှုနောက်ကွယ်က ကြိုးကိုင်သူကိုကြည့်ဖို့လိုတယ်။ စိတ်ပညာနယ်ပယ်မှာ မုဒိန်းကျူးလွန်သူတွေဟာ အတ္တကြီးသူ၊ ကိုယ်ချင်းစာတရားနည်းပါးသူ၊ ကျားစံနှုန်းကိုင်စွဲသူ၊ အမျိုးသမီးများအားရန်လိုမုန်းတီးသူများဖြစ်ကြောင်းတွေ့ရှိရတယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။ ပြောရမယ်ဆိုရင် မုဒိန်းမှုဟာ လိင်ခံစားချက်ရယူလိုမှုထက်ပိုပြီး ကျူးလွန်သူဟာ သူ့ရဲ့ကျားဆန်မှုကိုကိုင်စွဲပြီး ကျူးလွန်ခံရသူအပေါ် မဂျန်ဒါအဖြစ် သွတ်သွင်းပြီး ကျူးလွန် အမြတ်ထုတ်ခြင်းဖြစ်တယ်။ မုဒိန်းမှုကျူးလွန်သူဟာ ဒီပြုကျင့်မှုကတစ်ဆင့် ပါဝါရရှိပြီး သူ့ရဲ့ကျားဆန်မှုကိုပိုမို ခိုင်မြဲအောင်ပြုလုပ်ခြင်းဖြစ်တယ်။ လိင်မှုကိစ္စ ပါဝါဆက်သွယ်ချက်( S*xual Power Relation ) မှာ လိင်မှုကိစ္စမှာ ထိုးသွင်းတဲ့သူက ကျားဆန်တယ်ဆိုတဲ့ ယုံကြည်မှုရှိတယ်။ LGBTQ တွေရဲ့လိင်မှုကိစ္စမှာ Active (ပြုသူ)၊ Passisve (ခံရသူ ) နဲ့ အတူ ကျားဆန်၊ မဆန်ဆို တဲ့စံနှုန်းတွေပါကပ်ပါနေတာက လိင်မှုကိစ္စဆက်ဆံရေးမှာ ပေထရီအာခီရှိနေတယ်ဆိုတာ သက်သေပဲ။ Active ဖြစ်သူဟာ အမြဲတမ်းကျားစံနဲ့ညီ၊ ကျားစံနဲ့ညီနေအောင် အမြဲကြိုးစားနေလေ့ရှိတယ်။ ဒါ့ကြောင့်လည်း မုဒိန်းမှုတွေဟာ အမျိုးသမီးတွေကိုပဲ ပြုလုပ်တာမဟုတ်ပဲ အမျိုးသားတွေ၊ LGBTQ တွေမှာ ကျူးလွန်ခံနေရခြင်းဖြစ်တယ်။

ပေထရီအာခီလူ့အဖွဲ့အစည်းမှာ လူတိုင်းဟာပေထရီအာခီရဲ့ကြိးစိုးမှုခံရတယ်။ အမြဲတမ်း ဖိနှိပ်ခံဖြစ်နေတာမဟုတ်ဘူး။ တစ်ခါတစ်လေကိုယ်က ဖိနှိပ်သူနေရာကနေ ပြန်ပြီးဖြစ်နေတတ်တယ်။ အမျိုုးသမီးတွေ နဲ့ LGBTQ တွေကိုယ်တိုင်က ပေထရီအာခီ၊ လိင်အခြေပြုဖိနှိပ်မှု ရှိနေတဲ့ လူမှုစနစ်ကို တ်ိုက်ဖျက်နေတဲ့နေရာမှာ ဒီပေထရီအာခီဖြစ်နေတဲ့ အတွေးအခေါ်တွေကို ပြန်သုံးနေတာက ပေထရီအာခီလူ့အဖွဲ့အစည်းကို တိုက်ဖျက်ရာမှာ အသုံးမဝင်ဘူး။ ၃၀.၉.၂၁ ရက်နေ့က အမျိုးသားတစ်ယောက်က အခုဖျက်လ်ိုက်ပြီဖြစ်ပေမယ့် လူအများကြားထဲမှာ ပြန့်နှံ့နေတဲ့ စာမှာဆို အမျိုးသမီးတွေက အမျိုးသားတွေကို ရေပန်းစားနေတဲ့ လိင်မှုပြုနေတဲ့ကိစ္စကို ဝေဖန်ထားတဲ့နေရာမှာ အမျိုးသမီးတွေရဲ့အပျိုစင်ဘဝကိုသုံးပြီး ပိုက်ဆံရှာမယ် အဲ့လိုဆိုရင်ရော အဆင်ပြေလားဆိုပြီး ဝေဖန်ထားတယ်။ ဒီမှာ လူ့အဖွဲ့အစည်းမှာ လိင်အခြေပြုဖိနှိပ်မှုဆိုတာကို မဝေဖန်ပဲ အမျိုးသမီးတွေကိုလည်း ဒီလို လိင်မှုပြူလို့ရတယ်။လိင်အပြုခံဖြစ်တယ် ဆိုတဲ့ ယူဆချက်ကိုကိုင်စွဲပြီး “ Moral High Ground” ရယူခြင်းဖြစ်တယ်။ “ စစ်အာဏာရှင်ကို စစ်ဝါဒနဲ့ မတိုက်ဖျက်နိုင်” ဆိုသလိုပဲ။ ပေထရီအာခီကိုတိုက်ဖျက်တဲ့နေရာမှာ ပေထရီအာခီစံနှုန်းတွေကို ပြန်သုံးနေခြင်းက မတူညီတဲ့ ဖိနှိပ်မှုပုံစံအသစ်ကိုတည်ဆောက်နေခြင်းဖြစ်တယ်ဆိုတာကို သတိချပ်ရပါမယ်။ ယောက်ျားတွေလည်းဖိနှိပ်ခံနေရတယ်ဆိုရင် အမျိုးသမီး နဲ့ LGBTQ တို့ရဲ့ လိင်အခြေပြုဖိနှိပ်မှု နဲ့ လူမှုတရားမျှတမှုကို ရယူမယ့် ပေထရီအာခီတော်လှန်ရေးမှာ ပါဝင်နိုင်တယ်။
မုဒိန်းမှုတစ်ခုဖြစ်တိုင်း သနားတယ်ဒေါသထွက်တယ်ဆိုတာနဲ့ ရပ်သွားရင် လူ့အဖွဲ့အစည်းမှာ မုဒိန်းကာချာဟာရှိနေအုန်းမှာပဲ။ မုဒိန်းမှုတစ်ခုဖြစ်တိုင်း ပေထရီအာခီ ကိုမွေးမြူနေတဲ့၊ အားပေးအားမြှောက်ပြုနေတဲ့ လူ့အဖွဲ့အစည်းက တစ်ဦးတစ်ယောက်ချင်းစီမှာ တာဝန်ရှိတယ်။ မုဒိန်းမှုဟာ အကျင့်စာရိတ္တဖောက်ပြားခြင်း သက်သက်မဟုတ်ပဲ ပေထရီအာခီကမွေးထုတ်ပေးလ်ိုက်တယ်ဆိုတာသိဖို့လိုပါတယ်။

ပုံ - Human Rights Watch Youtube Channel မှ victim ရိုဟင်ဂျာအမျိုးသမီး တစ်ဦးနဲ့ အင်တာဗျူးမှ

ခုရက်ပိုင်းမှာ တွေ့တွေ့နေရတဲ့ video တစ်ခု.. Philippines or Indo တနေရာရာကဖြစ်ပါလိမ့်မယ်။ ကောင်မလေးကို လူကြီးတစ်ယောက်ကနေ ထ...
10/04/2021

ခုရက်ပိုင်းမှာ တွေ့တွေ့နေရတဲ့ video တစ်ခု.. Philippines or Indo တနေရာရာကဖြစ်ပါလိမ့်မယ်။ ကောင်မလေးကို လူကြီးတစ်ယောက်ကနေ ထိန်းပြီးကြီးလာတော့ couple or partner တွေဖြစ်သွားကြတာ။ share တဲ့သူကလည်း share တယ်။ လှောင်တဲ့သူ ပြောင်တဲ့သူကလည်း ပြောင်တယ်။ ဆိုတော့ မေးချင်တာက

ဒီ video ဟာရယ်ရတယ်လို့ထင်ကြလား ?

ဖြေ : လုံးဝမရယ်ရပါ။ မရယ် ရတဲ့အပြင် လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်အတွက် အရမ်းအန္တရာယ်များတဲ့ grooming culture ဆိုတာကို ပြောင်ပြောင်တင်းတင်း လှစ်ဟပြသနေတာ မှန်းသိကြရင် သင်ပိုပြီးတောင် စက်ဆုပ်ရွံရှာသွားပါလိမ့်မယ်။

ကဲ.. Child Grooming ဆိုတာဘာလဲ ? အရှင်းဆူံးအဖြေကတော့ ကလေးသူငယ် တွေကို s*xually chase လုပ်ချင်တဲ့ လူယုတ်မာ pe*****le ကောင်တွေရဲ့ နည်းစနစ် (method) တခုပါ။ consent ( သဘောတူညီချက်/ ခွင့်ပြုချက်) မပေးနိုင်သေးတဲ့ အရွယ်တွေကို အင်တာနက်ပေါ်မှဖြစ်စေ၊ အပြင်လက်တွေ့တွင်ဖြစ်စေ ချဉ်းကပ်၊ သားကောင် အဖြစ်ပစ်မှတ်ထားပြီး တွေ့ဆုံခွင့်ရအောင် ၊ အသုံးချခွင့်ရအောင် ကနေ နောက်ဆုံး လိင်ပိုင်းဆိုင်ရာ စော်ကား အမြတ်ထုတ်တဲ့ထိ ကြိုးပမ်းမှု ကို child grooming လို့ခေါ်နိုင် ပါတယ်။ မြန်မာလိုတော့ Grooming ကို အသက်မပြည့်သူအား လက်သပ်မွေး၍ အမြတ်ထုတ်ခြင်း လို့ပြန်ရမပေါ့။ grooming မှာ manipulation ( ကြိုးကိုင်ကစားခြင်း) ၊ control (ထိန်းချုပ်ခြင်း) ၊ abuse ( အလွဲသုံးစားပြုခြင်း) စတဲ့ sector အပိုင်းတွေရှိတယ်။

Predator ကျူးလွန်သူ) က အသက်မပြည့်သူ (minor) တစ်ယောက် ကို ခင်မင်ရင်းနှီးအောင်၊ သူ့ကိုယုံကြည်လာအောင်၊ အားကိုးလာအောင် ရည်ရွယ်ချက်ရှိရှိ emotional connection တစ်ခု တည်ဆောက် ပြီး နောက်မှာ စတင် manipulate လုပ်တယ် ၊ ကိုယ်ကျိုးရှာ (exploit ) လုပ်တယ်။ နောက်ပြီး s*xual favor ကာမဆန္ဒကိုရယူတယ်။ ဒါဟာ grooming ပဲ။ ပိုမိုဆိုးရွားတဲ့အခြေအနေတွေမှာဆို grooming ဟာ underage r**e , child trafficking, s*x trafficking , child prostitution , cyber s*x trafficking , child po*******hy တွေအထိ အကျိုးဆက်ရှိတတ်တယ်။ ဆိုတော့ grooming ဟာ ကလေးသူငယ်နဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ အခွင့်အရေးကို abuse လုပ်တဲ့ serious crime တခုပဲလို့ ကောက်နုတ်လို့ရတယ်။ တခါတရံဆွေမျိုးသားချင်း၊ ဦးလေး ၊ အကိုဝမ်းကွဲ၊ ကိုယ့်ကို စာသင်ပေးတဲ့ ကျောင်းဆရာ စ တဲ့ပတ်ဝန်းကျင်မှာ ကိုယ်နေ့စဉ်ဒူတဝ ထိတွေ့ဆက်ဆံမှုသူတွေ ထဲမှာ လည်း child groomer တွေရှိတတ်ကြတယ်။ သူတို့ဟာ ကလေးတွေနဲ့ အနီးကပ်ဆူံးဆက်ဆံလာတဲ့အတွက် ကလေးရဲ့ အရိပ်အခြေကို တောက်လျှောက်စောင့်ကြည့်ပြီး သူတို့ခွင်ထဲ ဝင်တဲ့အချိန် ( vulnerable to exploitation )ဖြစ်လာတဲ့ အခါ သူတို့အကျိုးအမြတ်အတွက် စတင်အသုံးချတော့တာပဲ။ ငယ်ရွယ်စဉ်ခါမှာ groomed လုပ်ခံထားရတဲ့ သူဟာ ကြီးဘဝအထိ ခြောက်ခြားပြီး traumatised ဖြစ် နေတတ်ကြတယ်။ depression, anxiety, stress , mental breakdown, substance abuse စတဲ့ ပြင်းထန်ဆိုးရွာတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေ လည်းအများကြီး ရှိလာတတ်ကြတယ်။ ဒါကြောင့်မလို့ grooming ကို emotional abuse တခုလို့ လည်း တနည်းအားဖြင့် ပြောလို့ရ တယ်။

အပေါ်က video ထဲမှာ ပြထားတာဆိုရင် ငယ်ငယ်လေးထဲက နေ ကလေးမလေးကို ဘေးကနေ အနီးကပ်စောင့်ရှောက်လာပြီး ကြီးလာတော့ partner အဖြစ်ထားလိုက်တာတွေ့ရတယ်။ဒီနေရာမှာ grooming ကိုရှင်းလင်းနေတာဖြစ်တဲ့အတွက် ယေဘုယျအမြင်နဲ့ပဲ ဖော်ပြလိုက်ပါမယ်။ (နောက်ခံအပြင်ကဇာတ်လမ်းအား မသိပါ။ သိလည်းမသိလိုပါ) ဆိုတော့ video ထဲမှာပြထားတဲ့ content အားဖြင့်တော့ ဒါ child grooming ရဲ့ အရှင်းဆုံး ပြယုဂ်လိုဖြစ်နေတာပဲ။ မိန်းကလေးအသက်ကြီးလာတော့ ကောက်ယူ ကောက်တွဲလိုက်တာကိုကြည့်ခြင်းဖြင့် ဘယ်လိုနည်းနဲ့မှ platonic relation (၅၂၈မေတ္တာ) မဖြစ်နိုင်ဘူး။ ငယ်စဉ်ကလေးထိန်းကတည်းကလည်း ဒီလူဟာရိုးသားဖြောင့်မတ်တယ် ဒီကလေးအပေါ် ဖြူစင် မယ်လို့လည်း မပြောနိုင်ဘူး။ အပြင်လောကမှာလည်း ဒီလိုဖြစ်ရပ်တွေအများကြီးရှိတယ်။ တကမ္ဘာလုံးမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ abuse ခံရတဲ့ tragic stories တွေအများကြီးရှိတယ်။ ဒါတွေကို သိဖို့လိုအပ်တယ်။ နောက်ထပ် ထပ်မဖြစ်အောင် ကာကွယ်ဖို့လိုအပ်တယ်။ ကလေးတိုင်းဟာ pe******ia ကင်းစင်တဲ့ သူတို့ ကိုယ်ပိုင်ဘဝထဲ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း နေထိုင် ခွင့်ရှိသင့်တယ်။ ကလေးတိုင်းဟာ အကောင်းမွန်ဆုံးသော ချစ်ခြင်းမေတ္တာ ၊ နွေးထွေးမှု ၊ အကောင်းဆူံးသော အရာတွေကိုသာ လက်ဝယ်ခံထားရှိရမှုတို့နဲ့သာ ထိုက်တန်တယ်။ အဲ့တော့ ကလေးတွေကို ငါတို့ကာကွယ်ရမယ်။ စောင့်ရှောက်ရမယ်။ p**o တွေရဲ့ သားကောင်မဖြစ်ဖို့ ကျန်ရှိသူတွေကို အသိပညာ awareness တွေ မြှင့်တင်ရမယ်။
Peodphilia နဲ့ statutory r**e (သက်ငယ်မုဒိမ်း) ကတော့ နောက်မှပဲ သက်သက်အသေးစိတ် content ရေးပါတော့မယ်။ခုတော့ဒီလောက်နဲ့ပဲရပ်ပါမယ်။ အဲ့တော့ ' ငယ်ရင်ထိန်းပြီး ကြီးရင်စားမယ် ' တို့ မွေးစားမယ် (မွေးပြီးစားမယ်တို့) နှံပြီစွတ်ကိုအမြောက်နဲ့ချိန်တယ်တို့ ဘာတို့ နဲ့ ပြောပြီး ဟာသလုပ်ဖို့ ကောင်းသလား ? ကလေးတစ်ယောက်ကို မရိုးဖြောင့်တဲ့ စိတ်ရင်းခံနဲ့ ချဉ်းကပ်ပြီး groom လုပ်တာဟာ အခြေခံလူ့ကျင့်ဝတ်နဲ့ကိုက်ညီသလား ? Grooming culture ပါဝင် ပတ်သတ်တဲ့ video၊ဓာတ်ပုံ၊စာအုပ်၊ စတာတွေက သင့်ကို ဖျော်ဖြေနိုင်သလား ? ရယ်ရသလားဆိုတာ ဉာဏ်ပါရင် စဉ်းစားတတ်လောက်မယ်ထင်ပါတယ်။ ဦးနဲ့သမီးဆိုပြီး grooming ကို romanticise လုပ်နေကြတဲ့ ဂရွမ်းမင်း ကာချာ အားပေး ပီဒိုအားပေး နွားတွေကောပဲ ဒီစာဖတ်စေချင်ပါတယ်။

Original video link : https://www.facebook.com/108011718265568/posts/123128553420551/?d=n

သူ့ရဲ့ လိင်အင်္ဂါပုံ (d*ck pic) ပို့ပြီး အမျိုးသမီးတွေဆီက အဝတ်မဆင်ထားတဲ့ပုံ (n**e) အတင်း လိုက်တောင်းတဲ့ နွားတစ်ကောင်ပါ။အ...
09/07/2021

သူ့ရဲ့ လိင်အင်္ဂါပုံ (d*ck pic) ပို့ပြီး အမျိုးသမီးတွေဆီက အဝတ်မဆင်ထားတဲ့ပုံ (n**e) အတင်း လိုက်တောင်းတဲ့ နွားတစ်ကောင်ပါ။
အဲ့လို သဘောတူညီချက် မပါပဲ အဓမ္မကျင့်တတ်တဲ့​ နွားမျိုး​တွေကို လူလိုနားလည်တတ်ဖို့ပါ ဆုံးမသင်ကြားပေးကြပါ။

ဒါကတော့ သူ့ အကောင့်ပါ။
https://www.facebook.com/maythi.han.376

ဒါကတော့ သူ့ရဲ့ ရာဇဝတ်မှု သက်သေအထောက်အထားပါ။
https://www.instagram.com/p/CTbToh0MU9H/?utm_medium=copy_link

08/20/2021

တော်လှန်ရေးမှာ လိင်မှုဆိုင်ရာ အတွေးအမြင်တွေပါ ပြောင်းလဲပစ်ကြ

မိုဃ်းသွေး

နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ပြုတ်ကျရေး တခုတည်းကို ရည်ရွယ်မထားသင့်ပါဘူး။ နိုင်ငံရေး လူမှုရေးနဲ့ စီးပွားရေး ကဏ္ဍတိုင်းက မတရားမှုတွေ ရှေးရိုးစွဲ အယူသီးမှုတွေ ဖိနှိပ်မှုတွေ အားလုံးကို အမြစ်ကတော်လှန်ပြီး ခေတ်သစ်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ လိင်မှုဆိုင်ရာ အတွေးအမြင်တွေလည်း ပါဝင်သင့်ပါတယ်။ လိင်စိတ်ဖြစ်တည်မှု ကျားမဖြစ်တည်မှုတင် မကဘဲ လိင်ကိစ္စဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ကိုလည်း တပါတည်း တော်လှန်ပစ်ရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ လိင်စိတ်ဆိုတာဟာ လူသားရုပ်ဘဝနဲ့ ခွဲထုတ်လို့ မရသလို စိတ်ဘဝဖြစ်တည်မှုမှာလည်း အရေးကြီးတဲ့ အစိတ်အပိုင်း တရပ်ဖြစ်လို့ပါပဲ။

လိင်ကိစ္စဆိုင်ရာ ယဉ်ကျေးမှုကို ဖိနှိပ်ခြင်း ဖုံးကွယ် ဟန်ဆောင်ခြင်း ရွံရှာရှက်ရွံ့ဖွယ် ကိစ္စအဖြစ် ပုံဖော်ခြင်း ညစ်ညမ်းမှု အဖြစ် သတ်မှတ်ခြင်းတွေကိုက ကျနော်တို့ရဲ့ လူသား ဖြစ်တည်မှု အတွက် မွေးဖွားချိန်ကစ သေသည်အထိ ဘဝတလျှောက်လုံး အရေးပါတဲ့ ရုပ်ပိုင်း စိတ်ပိုင်း ဖြစ်တည်မှုတရပ်ကို သိမ်ငယ် နိမ့်ပါးစေပါတယ်။

ကိုယ့်ဘဝရဲ့ အဓိကကျတဲ့ လိင်ကိစ္စဆိုင်ရာ ရုပ်ပိုင်း စိတ်ပိုင်း ဖြစ်တည်မှုကို ပွင့်လင်းလွတ်လပ်စွာ ကျင့်သုံးခွင့် ဖော်ထုတ်ခွင့် တန်ဖိုးထားခွင့် မရတဲ့အခါ ဘဝဟာ တရားမျှတပါ ဦးမလား။ ကိုယ့်ဘဝကိုယ် ယုံကြည်မှု ရှိနိုင်ပါဦးမလား။ လိင်စိတ် မကျေနပ်မှုကနေ ဖြစ်လာတဲ့ သိမ်ငယ်စိတ် အငုံ့စိတ်တွေကရော လူ့အဖွဲ့အစည်းကို အကျိုးပြု ပါဦးမလား။

ဒီရက်ပိုင်းမှာ သိရတဲ့ ဖြစ်စဉ် တခုနဲ့ ဖတ်လိုက်ရတဲ့ ပို့စ်တခုရယ် ကျနော့်ရဲ့ အတွေးတချို့ရယ်ကို ဆက်စပ်ပြီးတော့ တင်ပြချင်ပါတယ်။

သိရတဲ့ ဖြစ်စဉ်ကတော့ တော်လှန်ရေး ရဲဘော်တချို့ရဲ့ ပုန်းအောင်းရာ နေရာတခုကို သူတို့စွန့်ခွာ ပြီးချိန်မှာ သွားရောက် ရှင်းလင်း ပေးရသူတဦးက ပြောပြတာပါ။ အဲ့ဒီ နေရာကို သူသွားရှင်းတော့ ပဋိသန္ဓေ တားဆေး သုံးလက်စ တကတ်ရယ်၊ s*x toy တခုရယ် တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ သူက အဲဒါတွေကို တွေ့တဲ့အခါ အချက် ၂ ခုကို စိုးရိမ်တယ်လို့ ပြောပါတယ်။ တချက်ကတော့ မတော်လို့များ ရဲဘော်တွေရဲ့ ပုန်းခိုရာတွေကို စစ်တပ်က ဝင်စီးရင်း ဒါတွေတွေ့ခဲ့ရင် တော်လှန်ရေး သမားတွေကို သိက္ခာချမှာ စိုးရိမ်တာပါ။ နောက်တချက်ကတော့ တားဆေးကတ်ကျန်ခဲ့သူ မိန်းကလေး အနေနဲ့ နောက်တနေရာမှာ ဆက်သောက်စရာ ဆေးမရှိမှာကို စိုးရိမ်တာပါ။

ဒီနေရာမှာ ပထမ စိုးရိမ်ချက်ကို စဉ်းစားကြရအောင်။

စစ်တပ်က တော်လှန်ရေးသမားတွေကို ဖမ်းဆီးချိန်မှာ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေ ပစ္စည်းတွေနဲ့ သိက္ခာချလာခဲ့ရင် ကျနော်တို့ ပြည်သူတွေ အနေနဲ့ ဘယ်လိုသဘောထား ကြမလဲ။ ဘယ်လိုတုန့်ပြန်မလဲ။ အများဆုံး ဖြစ်နိုင်ချေကတော့ ဒါဟာ စစ်တပ်က တမင် လုပ်ကြံတာ သိက္ခာချဖို့ ဇာတ်လမ်း ထွင်တာ စတဲ့ နည်းတွေနဲ့ တုန့်ပြန်မယ် ထင်ပါတယ်။ ဒါ ဘာကြောင့်ပါလဲ။

ပြည်သူအများစု ကိုယ်တိုင်ကိုက မိန်းကလေးတွေ တားဆေး ဆောင်တာ ကွန်ဒုံးဆောင်တာ s*x toy တွေသုံးတာကို ရှက်စရာ သိက္ခာကျစရာလို့ လက်ခံထားလို့ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့ မှန်ကန်တဲ့ နည်းလမ်းကတော့ ရုပ်ပိုင်းဆိုင်ရာအရ အရွယ်ရောက်ပြီးဖြစ်တဲ့ လူသားတိုင်းဟာ ကျား မ မရွေး လိင်စိတ်ဆန္ဒ ဖြစ်ပေါ်တတ်ပြီး ဒါကို ခံစားခြင်း အာသာဖြေခြင်းဟာ ကောင်းမွန်တဲ့ကိစ္စ အဖြစ် မြင်တတ်ဖို့ပါပဲ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ကိုယ် လိင်အရသာ ခံစားတာဟာ ရှက်စရာ မဟုတ်ပါဘူး။ အခြားသူတွေနဲ့ အတူတူ အပြန်အလှန် ခံစားကြတာ ဟာလည်း ရှက်စရာ မဟုတ်ပါဘူး။ လိင်ကိစ္စ အတူခံစားကြသူချင်း သဘောတူ ကြည်ဖြူပြီး အပေးအယူမျှနေရင် ဒါဟာ ကဲ့ရဲ့ ပြစ်တင်စရာ မဟုတ်သလို သိက္ခာကျ တယ်လို့ မြင်စရာ အကြောင်းကို မရှိပါဘူး။ ကျနော်တို့ လူ့အဖွဲ့အစည်း အနေနဲ့ ဒါကို ရှင်းရှင်း နားလည်ထားရင် ဘယ်သူက ဘယ်သူ့ကိုမှ သူ့ရဲ့ လိင်ကိစ္စအတွက် သိက္ခာချလို့ မရတော့ပါဘူး။

နောက်တချက်ဖြစ်တဲ့ ကိုယ်ဝန်တားဆေး ကိစ္စမှာတော့ တော်လှန်ရေးသမားတွေဟာလည်း သွေးနဲ့သားနဲ့ လူသားတွေပဲမို့ လိင်ကိစ္စကို ရှောင်မရပါဘူး။ ဒီတော့ ပြေးပုန်း ရှောင်လွှားနေရချိန်မှာ နောက်ဆက်တွဲ ကိစ္စတွေ အတွက် ပြင်ဆင်မှု ရှိဖို့လိုအပ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေ အနေနဲ့ ဒီကာလမှာ ကိုယ်ဝန်ရှိခဲ့ရင် အတော်ကြီး ခက်ခဲပါလိမ့်မယ်။ လင်မယား ဖြစ်ပြီးလို့ အတည်ယူမယ့်သူနဲ့ ကိုယ်ဝန်ရခဲ့ရင်တောင် အခြေအနေအရ ရပ်တည် ရှင်သန်ရေးမှာ အများကြီး ပိုခက်သွားမှာပါ။

ဒါကြောင့်မို့ အရွယ်ရောက်ပြီးသား မိန်းကလေး တဦးအနေနဲ့ ကိုယ်ဝန် တားဆေး ကွန်ဒုံး စတာတွေ ဆောင်ထားတာဟာ လုပ်သင့်တဲ့ ကိစ္စပါပဲ။ မိန်းကလေးတင်မကဘဲ ယောက်ျားလေး တွေဟာလည်း ကွန်ဒုံးနဲ့ အရေးပေါ် တားဆေး ဆောင်ထားတာဟာ လုပ်သင့်တဲ့ ကိစ္စပါပဲ။ ပျော်လိုက်ဖို့က အဓိက နောက်ဆက်တွဲက သူ့ကိစ္စလို့ တကိုယ်ကောင်းဆန်လို့ မရပါဘူး။

အဓိက အချက်ကတော့ ကိုယ်ဝန်တားဆေး ကွန်ဒုံး စတာတွေ ဆောင်ထားတတ်ခြင်းဟာ ရှက်စရာ သိက္ခာကျစရာ မဟုတ်ဘဲ လိင်ကျန်းမာရေး ဆိုင်ရာ အသိပညာ မြင့်မားမှုရဲ့ လက္ခဏာ တရပ်ဖြစ်တာမို့ ဂုဏ်ယူစရာတောင် ဖြစ်တယ် ဆိုတာ သိထားဖို့ပါပဲ။

ဒီရက်ပိုင်း ဖတ်လိုက်ရတဲ့ ဆောင်းပါးတစောင်မှာ ရေးတာက လူတချို့ရဲ့ လိင်ဆက်ဆံချိန် ရိုက်ကူးထားတဲ့ HD လို့ ခေါ်တဲ့ ဗွီဒီယိုတွေနဲ့ အရှက်ခွဲ တိုက်ခိုက်မှုပါပဲ။ ဒီနည်းလမ်းကို တော်လှန်ရေး အစကာလတုန်းက စစ်တပ်ဘက်က ဆက်စပ်သူ အမျိုးသမီးတချို့ အပေါ် ပစ်မှတ်ထား လုပ်ဆောင်ခဲ့ကြတာ တွေ့ရဖူးပါတယ်။ ကျနော်ဖတ်လိုက်ရတဲ့ ဆိုရှယ်မီဒီယာ ပိုစ့်မှာ ရေးထားတာကတော့ ဒီလို ဗွီဒီယိုတွေ တွေ့လိုက်ရရင် “ဟာ ရှက်စရာကြီး၊ အရှက်မဲ့လိုက်တာ”လို့ ကဲ့ရဲ့ ပြစ်တင်ကြမယ့် အစား ကောင်မလေးကဖြစ်စေ ကောင်လေးကဖြစ်စေ လှလိုက်တာ၊ ကျွမ်းလိုက်တာ၊ ပျော်စရာကောင်းလိုက်တာ၊ သိုင်းကွက်တွေ မိုက်လိုက်တာလို့ မြင်ပေး တွေးပေးတတ်ကြရင် အရှက်ခွဲလို့ မရတော့ဘူး ဆိုတာပါပဲ။ သူတွေးပုံက တကယ်မှန်ပါတယ်။ လူတွေပဲ လိင်ဆက်ဆံ ကြတာ ဘာဆန်းလို့လဲ၊ အဲ့လို ဆက်ဆံမှုကို မှတ်တမ်းတင်ထားလို့ တခြားသူတွေက တွေ့ရမြင်ရတော့ရော ဒါဟာ ဘာများ ထူးပြီး ရှက်စရာ သိက္ခာကျစရာ ဖြစ်ရမှာတဲ့လဲ။ ကျနော်တို့ လူသား အားလုံး ကိုယ်တိုင်လည်း လိင်ဆက်ဆံကြပြီး လူဖြစ်တာတာကလည်း အမေနဲ့အဖေနဲ့ ဖောင်းဒိုင်းလုပ်ကြ၊ ဒချိကြ၊ လိင်ဆက်ဆံခဲ့ကြလို့ မလား။

ဒါကြောင့် လိင်ကိစ္စဟာ private ပုဂ္ဂိုလ်ရေး ကိစ္စမို့လို့ ကိုယ်နဲ့မဆိုင်ရင်၊ မစပ်စုသင့် မဖော်ထုတ်သင့်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အများသိ ဖြစ်လာရင်လည်း သက်ဆိုင်သူတွေကို မကဲ့ရဲ့ မရှုတ်ချဘဲ ဒါဟာ သဘာဝဖြစ်စဉ် တခုလို့ပဲ နားလည် ရှုမြင်ပေးသင့်ပါတယ်။ ဒါဆိုရင် လူတွေကို HD တွေနဲ့ အရှက်ခွဲလို့ မထိခိုက်နိုင်တော့သလို ရည်ရွယ် တိုက်ခိုက်ခံရသူတွေဘက်ကနေ “ငါတို့ အားလုံး တူတူတွေပဲ၊ ဘာမှ မရှက်နဲ့ အားမငယ်နဲ့”လို့ စာနာ ရပ်တည်ပေးရာလည်း ရောက်သွားပါလိမ့်မယ်။ ဒါကို သိက္ခာချစရာ တိုက်ခိုက်စရာ လက်နက်တခု အနေနဲ့ ရည်ရွယ်ဖြန့်ချိသူတွေသာ တကယ်တမ်း ရှက်ရမှာ၊ စည်းဖောက်သူ ဖြစ်တယ်ဆိုတာလည်း တပါတည်း ဖော်ပြပြီးသား ဖြစ်သွားပါလိမ့်မယ်။

နိဂုံးချုပ် ရရင်တော့ ကျနော်တို့ အားလုံးဟာ လိင်ဆက်ဆံမှုကြောင့် မွေးဖွားလာကြတဲ့ လူသားတွေပါ။ လိင်မှုကိစ္စဟာ ရှက်စရာ ရွံစရာ ညစ်ညမ်းတဲ့ ကိစ္စမဟုတ်ပါ။ လူ့ဘဝမှာ စိတ်ရောရုပ်ပါ ကျေနပ်ပျော်ရွှင်မှု ပေးနိုင်ပြီး အလိုရှိရင် လူသားမျိုးဆက်တွေပါ ပွားများပေးနိုင်တဲ့ အင်မတန် ဂုဏ်ယူစရာ ကိစ္စပါ။ ဒါကြောင့် တော်လှန်ရေး သမားဖြစ်စေ၊ စစ်သား ရဲသား ဖြစ်စေ လိင်ဆက်ဆံကြတာ ကဲ့ရဲ့ ပြစ်တင် သိက္ခာချစရာ မဟုတ်ပါ။ လူ့ယဉ်ကျေးမှုက လက်မခံနိုင်တဲ့ တဖက်သား သဘောမတူတဲ့ အဓမ္မ ဖြားယောင်း သွေးဆောင် လိင်အမြတ်ထုတ်တာဖြစ်ဖြစ် မုဒိန်းမှု ကျူးလွန်တာဖြစ်ဖြစ် အဲဒါတွေကလွဲ လိင်ကိစ္စကို မူတည်ပြီး သိက္ခာချတာဟာ ယဉ်ကျေးမှုမြင့်တဲ့ လူသားတယောက်ရဲ့ လုပ်ရပ်မဟုတ်ဘဲ အောက်တန်းကျခြင်းသာ ဖြစ်ကြောင်း နားလည်ပေးကြပါ။

တော်လှန်ရေး ကာလကြီးထဲမှာလည်း ချစ်ကြ ကြင်နာကြရင်း လူသားဆန်စွာပဲ ဖြတ်သန်းကြပါ။ ကျန်းမာရေးနဲ့ မျိုးဆက်ပွားဆိုင်ရာ ကိစ္စတွေကိုတော့ စနစ်တကျ ပြင်ဆင် ကာကွယ်ကြပါလို့ နှိုးဆော်ရင်း နွေဦးတော်လှန်ရေးနဲ့အတူ အရိုးစွဲနေတဲ့ လိင်ယဉ်ကျေးမှု အဆွေးအဟောင်းကြီးကိုပါ တပါတည်း တိုက်ဖျက် တော်လှန်ပစ်ကြဖို့ တပ်လှန့် လိုက်ပါရစေ။

တခုတော့ ရှိပါတယ် မည်သည့် လိင်ကိစ္စမဆို ဥပဒေအရ အရွယ်ရောက်ပြီးသူချင်းပဲ ဖြစ်ရပါမယ်။ ဆက်ဆံသူချင်း သဘောတူ ကြည်ဖြူရပါမယ်။ ဒါတွေကတော့ ဘယ်တော့မှ မချိုးဖောက်ရမယ့် သံမဏိ စည်းကမ်းတွေ ဖြစ်ပါတယ်…

စိတ်ရော ကိုယ်ပါ ချစ်ခြင်း မေတ္တာတွေနဲ့ တော်လှန်ရေး ခရီးဆက်နိုင် ကြပါစေ။

(မိုးဃ်သွေးသည် လူအခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး Generation Wave အဖွဲ့ကို တည်ထောင်သူတဦးလည်း ဖြစ်သည်။)
Copyright © 2016 Irrawaddy Publishing Group. All Rights Reserved

ဆယ်လီလိုလိုနဲ့ စာရေးတဲ့လူ က လုပ်ပြန်ပီ။စခ ထောက်လှမ်းရေးက ၂၀၂၁ မှာ မုန့်ဖက်ထုပ်ရောင်းမလားဟ။ ဟိုကောင်တွေက Telecom ကုမ္ပဏီတ...
08/19/2021

ဆယ်လီလိုလိုနဲ့ စာရေးတဲ့လူ က လုပ်ပြန်ပီ။

စခ ထောက်လှမ်းရေးက ၂၀၂၁ မှာ မုန့်ဖက်ထုပ်ရောင်းမလားဟ။ ဟိုကောင်တွေက Telecom ကုမ္ပဏီတွေက တစ်ဆင့် Spyware သွင်းဖို့တောင်လုပ်နေကြလို့ တစ်ခုခုဆို Sensitive Info တွေအတွက် စိတ်ချရတဲ့ Signal တို့၊ Telegram တို့ သုံးနေရတာမဟုတ်လား။ တော်ရုံ Fb လောက်တက်ကြည့်ရင် လူတွေသဘောထားသိနေရတာပဲ။ ပြီးတော့ လမ်းတကာ ကားနဲ့ပတ်ပြီး သိချင်တာရှိရင် ပေါ်တင် ပါးရိုက်မေးနေကြတာပဲမဟုတ်ဘူးလား။ တကယ့်တကယ် လျှို့ဝှက်အလုပ်လုပ်နေတဲ့ သူတွေက လဲ မုန့်ဖက်ထုပ်သည် စကားနှိုက် တာခံမလားဟ။ "မင်းတို့ ဦးနှောက် ၈၈" ဆိုပြီး နှိမ်တာလဲ နှိမ်တာပေါ့။ ဟိုကလဲ အဲ့လောက်မပိန်းဘူးဆိုတာလဲ မသိတာမဟုတ်၊ သိနေတာပဲကို။
ကြားထဲ ညဘက် ငတ်ပြတ်လို့ ထွက်ရောင်းရတဲ့ အခြေခံလူတန်းစား က ဒလန်လိုလို၊ ထောက်လှမ်းရေး လိုလို အထင်ခံရဦးမယ်။ ဟာသလုပ်တာပါ ပြောရအောင်လဲ ရယ်စရာဘာတစ်ခုမှ မပါဘူး။
စောက်ကြေးအိုးပွဲသေးတွေ။

Boycott ရမယ့် ဟာ​တွေ​ambulance နဲ့ပြန်တဲ့ဟာ​တွေ ​စောက်ကျက်က​​ရေတုံး​တွေ
08/07/2021

Boycott ရမယ့် ဟာ​တွေ
​ambulance နဲ့ပြန်တဲ့ဟာ​တွေ ​စောက်ကျက်က​​ရေတုံး​တွေ

Address

Gay Hill
Gay Hill, TX
11211

Website

Alerts

Be the first to know and let us send you an email when Nwar Phan Mal - နွားဖမ်းမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Nwar Phan Mal - နွားဖမ်းမယ်:

Share

Category