Saw Narm Of course

I love you so much

that I could see no one

but you

01/06/2026

"ဒီဘဝ...ဒီမျှ"

​​ကမ္ဘာတွေ ပျက်လို့၊ ကမ္ဘာတွေ အထပ်ထပ် လွဲခဲ့လည်း
ကို ကတော့... ဘဝရူးနဲ့ လူးလိမ့်ဆဲ။ ။

ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားတွေနဲ့ လွဲ
ပါရမီ မပြည့်ခဲ့တဲ့ ဘဝအဆက်ဆက်ကြောင့် ထင်ရဲ့
နောက်ဆုံး... မင်းအချစ်တွေနဲ့ပါ လွဲခဲ့ရတယ်။ ။

​ချစ်ခဲ့ရတဲ့ ကို့ရဲ့ အချစ်တွေကိုသာ စုလိုက်ရင်
မြင့်မိုရ်တောင်တောင်... အရှုံးပေးရလောက်ပြီ။ ။

​မင်းကို ချစ်ခဲ့တဲ့ အချစ်တွေ
မင်းကြောင့် ရခဲ့တဲ့ ပျော်ရွှင်မှုတွေ
မင်းနဲ့အတူ ရယ်မော လွမ်းဆွတ်ခဲ့ရတဲ့ သံသရာတစ်ကွေ့ဟာ
သမုဒ္ဒရာ ရေထက်တောင်... သာလွန်များပြားခဲ့ပါပြီ။ ။

​မဆိုင်တော့မှန်း သိလျက်နဲ့ ကပ်တွယ်မိ
မပိုင်တော့မှန်း သိလျက်နဲ့ လွမ်းနေမိ
ဒီထက်ပိုပြီး... မိုက်စရာ မလိုတော့ဘူး ထင်ပါရဲ့။ ။

​ကိုယ်တို့ အတူတူ အဝေးကြီး လျှောက်ခဲ့ပြီးပြီ။

ကိုယ်တို့ အတူတူ အများကြီး ချစ်ခဲ့ပြီးပြီ။

အခုတော့... တော်လောက်ပါပြီ "အချစ်"။

ဒီဘဝ... ဒီမျှနဲ့ပဲ တော်လောက်ပါပြီ။

​တချိန်က သံသရာရဲ့ တစ်ကွေ့မှာ...
အတိုင်းထက်အလွန် ချစ်ခဲ့ရတဲ့... “အချစ်” ရေ...
ဒီဘဝမှာ ဒီမျှနဲ့ပဲ လမ်းခွဲခဲ့ရပေမဲ့
သံသရာရှိသရွေ့တော့... ကို လွမ်းနေရဦးမယ် ထင်ရဲ့။ ။

Ko Narm

လှေကားတံဆိပ်ဟာ အဖေ့နာမည်-----------------------------------------------" End Game " ဆိုတာ ဘာကြီးလဲငါ့သားတဲ့၆၈နှစ်အရွယ် အ...
05/05/2026

လှေကားတံဆိပ်ဟာ အဖေ့နာမည်
-----------------------------------------------

" End Game " ဆိုတာ ဘာကြီးလဲငါ့သားတဲ့
၆၈နှစ်အရွယ် အဖေမေးတယ်

ဖုန်းဘေ မထည့်တတ်တဲ့ အဖေ
TV Channel မပြောင်းတတ်တဲ့ အဖေ
ဖုန်းပြောရင် အသံကျယ်ကြီးပြောမှ
တစ်ဖက်လူ ကြားမယ်ထင်တဲ့အဖေ

ခေတ်ရေစီးကို အဖေမကူးနိုင်တော့
ခေတ်ရဲ့လမ်းမပေါ် အဖေမပြေးနိုင်တော့
အဖေသိတာ Kenbo ဟမ်းဆက်လေးထဲက
Goal Score ဆော့ဝဲနဲ့ ပရိတ်ကြီး ၁၁သုတ်ပဲ ။

End Gameဆိုတာ Avangers တွေပါအဖေ
အဖေ့ပခုံးက အသားမာတွေဟာ မိသားစုရဲ့Avangerပဲ
အဖေ့လက်ကြမ်းကြီးဟာ ကမ္ဘာကို ကာကွယ်သူ

လောကဓံတိုက်ပွဲထဲ
မိသားစုကို ကျောမှာပိုးပြီး တိုက်ဝံ့တဲ့အဖေ့ထက်
ဘယ် Avengersများ ရဲရင့်ကြလဲ ။

ကမ္ဘာကြီးဟာ ပြောင်းနေပြီ
အရေးအခင်းတုန်းကလို
ခေါင်းဖြတ် မသတ်တော့ဘူး
စိတ်ဓါတ်အောက်ပိုင်းတွေ
စကားလုံးနဲ့ သတ်တဲ့ခေတ်ပါ အဖေ

ကမ္ဘာကြီးဟာ ပြောင်းနေပြီ
သမဆိုင်မှာ ရေနံဆီရဖို့
သမလူကြီးကို မျက်နှာချို မေသြးရေတာ့ဘူး
EPCကို ရေလောင်းမှ မီးသီး သီးတဲ့ခေတ်ပါ အေဖ

ကမ္ဘာကြီးဟာ ပြောင်းနေပြီ
အဖေအလုပ်လုပ်ရင် တစ်အိမ်လုံးထိုင်စားတဲ့ခေတ်
မရှိတော့ဘူး
တစ်အိမ်လုံး အလုပ်လုပ်မှ
အဖေ ထိုင်စားခွင့်ရဖို့ မေသခ်ာဘူး ။

အဖေ ရွတ်နေကြတဘောင်လို
" ပြည်တော်ပြန် မယ်ထွေး
နန်းတက်မှ အေး " ဆိုတဲ့အတိုင်း
ပြည်တော်ပြန် မယ်ထွေး နန်းတက်ပေမယ့်
ရာသီဥတု ပိုပူလာတယ်

မြန်မာပြည်ဟာလည်း အဆင့်တွေတက်ခဲ့ပြီအဖေ
ပညာရေး နိမ့်ကျမှုစာရင်းထဲ
ကင်ဆာအဖြစ်များဆုံး စာရင်းထဲ
ကလေးလုပ်သား အများဆုံးစာရင်းထဲ
ပြည်တွင်းစစ် အရှည်ကြာဆုံး စာရင်းထဲ
လက်နက်ကိုင်အဖွဲ့ အများဆုံး စာရင်းထဲ
ကမ္ဘာ့အလယ်မှာ မော်ကြွားစွာ ရပ်နေပြီအဖေ

ဗကပနဲ့ KNU လောက်မြင်ဖူးတဲ့အဖေဟာ
တပ်ပေါင်းစုံ တော်လှန်ရေးခေတ်ကြီးကို
ပါးစပ်အဟောင်းသား နားစွင့်လို့ ။

အကြီးကောင်မိသားစုရဲ့ ဆန်အိုးအတွက်
အလတ်မရဲ့ မိတ်ကပ်ဖိုးအတွက်
အငယ်ဆုံးကောင်ရဲ့
သူ့ချစ်သူအပေါ် Supriseအတွက်
အဖေ့ပိုက်ဆံအိတ်ဟာ ဘယ်တော့မှဇစ်မပိတ်ဘူး။

သူရဲကောင်းပဲ အဖေ
၆၈အရွယ် လူအိုကြီးအတွက်
နေ့စဉ်သတင်းစာနဲ့ လက်ဖက်ရည်တစ်ခွက်ဟာ
အကောင်းဆုံး ဇိမ်ခံပစ္စည်းတဲ့

Kenbo ဟမ်းဆက်လေးထဲက
မြေးတွေ ဓါတ်ပုံကြည့်ရင်း
အိမ်ရှေ့မှာ ပန်းပင်တွေပျိုးရင်း
အလည်မလာတဲ့သားတွေအတွက်
ခြံတံခါးကို အမြဲဖွင့်ထားရင်း
ငှက်တွေ အိပ်တန်းပြန်ချိန်ငေးတယ်ဆိုတာလည်း
အဖေ့ မျှော်လင့်ချက်ပဲ ။

လက်ကြမ်းကြီးနဲ့ ချော့သိပ်တော့
အိပ်မက်တွေ ရှတယ် အဖေ
နေလောင်ထားတဲ့ ကျောပြင်ထက်
လုံတဲ့ထီး မရှိသေးဘူး
အဖေ့လက်ဖျံထက်
လုံခြုံတဲ့ စည်းရိုး မရှိသေးဘူး

" ငါ့သားရေ
ယောက်ျားကောင်းတို့ မျက်ရည်ဟာ
ရင်ထဲမှာပဲ ဝေတယ်ကွ "
အဲ့လိုပြောတဲ့ အဖေဟာ
သူ့သား ဘွဲ့ရတဲ့နေ့က
မျက်မှန်အောက်ကမျက်ရည်ကို ခိုး ခိုးသုတ်နေတယ်

အဖေ့မျက်ဝန်းမှာ ရွာတယ်ဆိုတာ
ပေါက္ခရဝဿ မိုးတွေရယ်
ရွာပါစေလေ
မိသားစု ခြံဝန်းလေးအေးအောင်
ရွာပါစေ အဖေ ။

ဆန်းကျော်စွာဝင်း

#ဆန်းကျော်စွာဝင်း

09/04/2026
09/04/2026

I got over 50 reactions on my posts last week! Thanks everyone for your support! 🎉

ပ ရ ဟိ တ စစ် သား S e l f l e s s  S o l d i e r ‎
27/03/2026

ပ ရ ဟိ တ စစ် သား
S e l f l e s s S o l d i e r ‎

" လွတ်လပ်ရေး " ရဖို့ဆိုရင် " လွတ်လပ်ရေး " နဲ့ထိုက်တန်တဲ့ " ပေးဆပ်မှု " တွေရှိလိမ့်မယ် " ပေးဆပ်မှု " တွေကိုလည်း " သတ္တိရှ...
27/03/2026

" လွတ်လပ်ရေး " ရဖို့ဆိုရင်
" လွတ်လပ်ရေး " နဲ့ထိုက်တန်တဲ့
" ပေးဆပ်မှု " တွေရှိလိမ့်မယ်
" ပေးဆပ်မှု " တွေကိုလည်း
" သတ္တိရှိရှိ " ပေးဆပ်ရဲရမယ်။

General Aung Samm ‎

အစိုးရလုပ်မယ့်သူတွေဟာ စေတနာ သဒ္ဓါတရား၊ စိတ်ဓာတ်မွန်မြတ်မှု နဲ့ လူထုအကျိုးကို ရှေးရှုတဲ့စိတ် ရှိဖို့ လိုအပ်တယ်။          ...
27/03/2026

အစိုးရလုပ်မယ့်သူတွေဟာ စေတနာ သဒ္ဓါတရား၊ စိတ်ဓာတ်မွန်မြတ်မှု နဲ့ လူထုအကျိုးကို ရှေးရှုတဲ့စိတ် ရှိဖို့ လိုအပ်တယ်။

General Aung Samm ‎

ကာကွယ်ရေး ဦးစီးချုပ်ရာထူးက နိုင်ငံရေးနဲ့ လုံးဝမပတ်သတ်တဲ့တာဝန်ပါ ‎
27/03/2026

ကာကွယ်ရေး ဦးစီးချုပ်ရာထူးက နိုင်ငံရေးနဲ့ လုံးဝမပတ်သတ်တဲ့တာဝန်ပါ ‎

ที่อยู่

KBMATH ครูแบงค์ 8 Prasatwithi Road
Mae Sot
63110

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Saw Narmผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์