Tak Migrant Workers Assistance Center

Tak Migrant Workers Assistance Center ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Tak Migrant Workers Assistance Center, หน่วยงานราชการ, -, Mae Sot.

📣လုပ်အားခမပေးချေခြင်း၊ စာရွက်စာတမ်းများသိမ်းဆည်းခြင်း၊ ခြိမ်းခြောက်မှုများနှင့် လုပ်အားခေါင်းပုံဖြတ်ခြင်းတို့ဟာ လျစ်လျူရ...
11/08/2026

📣လုပ်အားခမပေးချေခြင်း၊ စာရွက်စာတမ်းများသိမ်းဆည်းခြင်း၊ ခြိမ်းခြောက်မှုများနှင့် လုပ်အားခေါင်းပုံဖြတ်ခြင်းတို့ဟာ လျစ်လျူရှုထားရမည့် အကြောင်းအရာတွေမဟုတ်ပါဘူး။
ရွှေ့ပြောင်းအလုပ်သမား ကူညီဆောင်ရွက်ပေးရေး စင်တာ(MWAC)ပရိုဂရမ်တွင်
မြန်မာအလုပ်သမားများဟာ လုပ်ငန်းခွင်မှမတရားမှုများကို ဆက်သွယ်တိုင်ကြားကာ အကူအညီများရရှိနိုင်ပါသည်၊ မိမိတို့ဘာသာစကား(မြန်မာဘာသာ)ဖြင့်ပင် တိုင်ကြားနိုင်ရန် စီစဥ်ထားပေးထားပါသည်။
ဘာသာပြန်တစ်ဦးက လက်ခံဖြေကြားပြီး အလုပ်သမားများ၏အခွင့်အရေးများကို ကူညီရှင်းပြပေးပါလိမ့်မည်၊ လိုအပ်သောအကူအညီများအတွက်လည်း ချိတ်ဆက်ပေးပါလိမ့်မည်။
📞ဆာမွတ်ဆာခွန် - 061-132-0066
📞ပထုံဌာနီ - 081-110-2527
ဖုန်းဖြေကြားချိန် - တနင်္လာမှ တနင်္ဂနွေနေ့၊ မနက်၈နာရီမှ ညနေ၄နာရီ။
📍 ပထုံဌာနီ (Pathum Thani)
ပထုံဌာနီ အလုပ်အကိုင်ရုံး
အမှတ် 35/4, မူး (Moo) 1, Rangsit–Pathum Thani လမ်းမ, Ban Klang၊ Mueang ခရိုင်၊ Pathum Thani 12000
.
📍 ဆာမွတ်ဆာခွန် (Samut Sakhon)
ဆာမွတ်ဆာခွန် ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးစင်တာ
အမှတ် 68/87, မူး (Moo) 8, Tha Sai၊ Mueang ခရိုင်၊ Samut Sakhon 74000
.
အလုပ်သမားတိုင်းဟာ လုံခြုံမှုနှင့် ဂုဏ်သိက္ခာတို့ကို ထိုက်တန်ပါတယ်။ အန္တရာယ်ရှိတယ်လို့ ခံစားရလျှင် အကူအညီတောင်းရန် ဆက်သွယ်ပါ။

📣 ကိုကျော်ထက်တစ်ယောက် သစ္စာဖောက်ခံရသလို ခံစားလိုက်ရပါတယ်။ သူက ဆောက်လုပ်ရေးအလုပ်မှာ အတွေ့အကြုံရှိတဲ့သူဖြစ်ပြီး ထိုင်းမှာ ...
07/08/2026

📣 ကိုကျော်ထက်တစ်ယောက် သစ္စာဖောက်ခံရသလို ခံစားလိုက်ရပါတယ်။ သူက ဆောက်လုပ်ရေးအလုပ်မှာ အတွေ့အကြုံရှိတဲ့သူဖြစ်ပြီး ထိုင်းမှာ အလုပ်လုပ်ဖို့ ထွက်လာခဲ့တာပါ။ ဒါပေမယ့်အခုတော့ ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာပဲ သူပိတ်မိနေခဲ့ပါပြီ။ အလုပ်က အင်မတန်ပင်ပန်းပြီး သူ့ရဲ့သွားလာလှုပ်ရှားမှုကိုလည်း ကန့်သတ်ထားတဲ့အပြင် လုပ်အားခမပေးချေတာကိုလည်း သူရင်ဆိုင်ခဲ့ရပါတယ်။
အခြားသော အလုပ်သမားတွေလိုပဲ သူကလည်း ဒီအလုပ်ကို ဆွေမျိုးထဲကပွဲစားတစ်ယောက်ဆီကတစ်ဆင့် ရှာတွေ့ခဲ့တာပါ။ ဒီအလုပ်က သူ့အတွက် ငွေကြေးပြေလည်မှုနှင့် ပိုမိုကောင်းမွန်တဲ့အနာဂတ်တစ်ခုကို ပေးနိုင်လိမ့်မယ်လို့ သူထင်ခဲ့ပါတယ်၊ သူ့ရဲ့ဆွေမျိုးပွဲစားကလည်း ဘေးကင်းတဲ့နေရာပို့ပေးမယ်လို့ သူယုံကြည်ထားခဲ့တာပါ။ ဒါပေမဲ့ အလုပ်ကိုရောက်ရှိပြီး မကြာခင်မှာပဲ အရာရာက လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပါတယ်။
သူက တစ်ရက်ကို ၁၂နာရီထက်ပိုအောင် နားချိန်နည်းနည်းလေးနှင့် အလုပ်လုပ်ခဲ့ရပါတယ်။ အလုပ်သမားတွေက အစားအစာနှင့် သောက်ရေအတွက် အလုပ်ရှင်ဆီကဝယ်ခဲ့ရတော့ တဖြည်းဖြည်းနှင့် သူတို့အကြွေးတွေက များလာပါတယ်။ လနည်းနည်းကြာတော့ လုပ်အားခတွေကိုအပြည့်မရတော့ပါဘူး၊ ဒီလိုနှင့် အလုပ်ထွက်ဖို့ပိုပြီး ခက်ခဲလာပါတယ်။
အလုပ်သမားတွေက လုပ်အားခအကြောင်းမေးတိုင်း အလုပ်ရှင်က သူတို့ဆီမှာ အလုပ်သမားခေါ်ယူစရိတ်၊ နေစရိတ်နှင့် အခြားနေ့စဥ်ကုန်ကျစရိတ်တွေအတွက် ငွေပေးချေစရာရှိသေးတယ်လို့ ပြောခဲ့ပါတယ်။
သူတို့ရဲ့ချွေးနည်းစာလုပ်အားခတွေကို စုဆောင်းဖို့အတွက် အချို့အလုပ်သမားတွေက ထမင်းတစ်နှပ်လျှော့စားတာ၊ ရေလျှော့သောက်တာတွေ လုပ်လာပါတယ်၊ ဒါကြောင့်သူတို့ဟာ အလုပ်ကိုအကြာကြီးလုပ်ရတဲ့အခါ ပိုပိုပြီးပင်ပန်းလာကြပါတယ်။
ဒါဟာ အဓမ္မစေခိုင်းခြင်း ဖြစ်ပေါ်လာနိုင်တဲ့ ပုံစံတစ်မျိုးဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်မဟုတ်ပါဘူး၊ ကြွေးမြီတွေ၊ လုပ်အားခမရှင်းပေးတာတွေ၊ ရွေးချယ်ခွင့်ကန့်သတ်ထားတာတွေအပြင် အကြောက်တရားနှင့် ခိုင်းစေတာမျိုးပါ။
အလုပ်သမားတွေက သူတို့မှာကျန်ရှိနေတဲ့အကြွေးတွေကို မပေးချေနိုင်တော့ဘူးလို့ ဖိအားပေးအယုံသွင်းခံရတဲ့အခါမှာ ခေါင်းပုံဖြတ်မှုဟာ လွတ်မြောက်ဖို့ခက်ခဲလာပါတယ်။
ကိုကျော်ထက်ရဲ့ဖြစ်ရပ်ဟာ “အဓမ္မ လုပ်အားစေခိုင်းခြင်း”ဆိုတဲ့ ခေါင်းပုံဖြတ်ခြင်းပုံစံတစ်မျိုးဆိုတာကို အလုပ်သမားများစွာက သဘောမပေါက်ကြပါဘူး။ ဒါက တရားမဝင်ဖြစ်ပြီး တိုင်ကြားလို့ရပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ဒီအခြေအနေတွေ ကြုံနေရလျှင် အကူအညီရယူဖို့ ဆက်သွယ်နိုင်တာတွေရှိပါတယ်။
ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးစင်တာ အစီအစဉ် (MWAC) ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မိမိတို့ဘာသာစကားဖြင့်ပင် အဆက်အသွယ်ပြုလုပ်ကာ အခက်အခဲများကို တိုင်ကြားမှုပြုနိုင်ရန်အတွက် အရေးပေါ်ဖုန်းနံပါတ်တစ်ခုကို စီစဥ်ထားပါတယ်။ ဖုန်းဖြေကြားသူတွေက သင်တို့ရဲ့ ရပိုင်ခွင့်တွေကို ကူညီရှင်းပြပေးနိုင်ပြီး အခြားအကူအညီများလည်း စီစဥ်ပေးနိုင်ပါတယ်။
အလုပ်သမားတိုင်းက ဘေးကင်းလုံခြုံမှုနှင့် ဂုဏ်သိက္ခါရှိတဲ့ အလုပ်ပတ်ဝန်းကျင်မျိုးနှင့် ထိုက်တန်ပါတယ်။
အန္တရာယ်ရှိတယ်လို့ ခံစားရလျှင် အကူအညီတောင်းရန် ဆက်သွယ်ပါ။
*ဒီဆောင်းပါးသည် အသက်ရှင်လွတ်မြောက်သူများမှ မျှဝေထားသော ဖြစ်ရပ်မှန်များနှင့် အတွေ့အကြုံများကို အခြေခံ၍ ပုံဖော်ရေးသားထားသောဆောင်းပါး ဖြစ်ပါသည်။ ဒီဆောင်းပါးသည် မည်သည့် တစ်ဦးတစ်ယောက်ကိုမျှ ကိုယ်စားပြုထားခြင်းမဟုတ်ပဲ လူများစွာ ကြုံတွေ့ရသော အတွေ့အကြုံများကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဒီဆောင်းပါးကို အသိပညာ မြှင့်တင်ရန်၊ နားလည်မှု တိုးမြှင့်စေရန်နှင့် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့်မျှဝေထားခြင်း ဖြစ်ပါသည်။

โพสต์ 5 - https://www.facebook.com/share/r/192U6EUohH/โพสต์ 6 - https://www.facebook.com/share/p/19DLHRngFi/04:09 KeeRaT...
31/07/2026

โพสต์ 5 - https://www.facebook.com/share/r/192U6EUohH/

โพสต์ 6 - https://www.facebook.com/share/p/19DLHRngFi/
04:09 KeeRaTi 🪶🐘🪙🌑🧿 สติกเกอร์

“ကျွန်တော့်နာမည်ကမောင်မောင် ဖြစ်ပါတယ်၊ မြန်မာနိုင်ငံကလာပါတယ်။”

အခြားသော ရွှေ့ပြောင်းလူငယ်တွေလိုပဲ မောင်မောင်က သူ့မိသားစုကို ထောက်ပံ့ဖို့ မျှော်လင့်ချက်နှင့် နယ်စပ်ကိုဖြတ်ကျော်လာခဲ့တာပါ။ အလုပ်လုပ်ဖို့ အသက်မပြည့်သေးပေမဲ့ ပွဲစားတစ်ဦးဆီကတစ်ဆင့် ထိုင်းနိုင်ငံထဲဝင်ခဲ့ပြီး ဂျယ်လီစက်ရုံတစ်ခုမှာ အလုပ်ရခဲ့ ပါတယ်။
“ကျွန်တော် ဂျယ်လီစက်ရုံမှာ အလုပ်ရခဲ့ပါတယ်၊ ဒါကြောင့် အမေ့ကိုပိုက်ဆံပို့နိုင်ပါပြီ။”
အစကတော့ ဒါကအခွင့်အရေးကောင်းတစ်ခုလို့ သူခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အခြေအနေတွေက အလျင်အမြန်ပဲ ကြမ်းတမ်းလာခဲ့ပါတယ်။

“ကျွန်တော်တို့ တစ်နေကုန် မတ်တပ်ရပ်ခဲ့ရတယ်၊ တစ်ခါတလေ ည ၁ နာရီ ၂ နာရီအထိ အလုပ်လုပ်ခဲ့ရပါတယ်။”

အလုပ်က အန္တရာယ်များပြီး ထိခိုက်ဒဏ်ရာတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။
“အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ခဲ့ရပါတယ်၊ ကျွန်တော့်ကိုယ် ကျွန်တော်လည်း အလုပ်က အချွန်အတက်တွေနှင့် ထိုးမိခိုက်မိတာတွေရှိခဲ့ပါတယ်။”
“ကျွန်တော် ၈ လကြာအောင် အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမ ၃ လစာပဲ လုပ်အားခရခဲ့ပါတယ်။”

သူအလုပ်ထွက်ချင်လာတော့ ထွက်လို့မရမှန်း သဘောပေါက်ခဲ့ပါတယ်။
“တံခါးတွေကို သော့ခတ်ထားတယ်။ စက်ရုံဘေးပတ်ပတ်လည်ကိုလည်း နံရံအမြင့်ကြီးတွေနှင့် ဝိုင်းရံထားပါတယ်။”

စာရွက်စာတမ်းတွေ၊ လုပ်အားခတွေနှင့် လွတ်လပ်စွာထွက်ခွာခွင့် မရှိတာကြောင့် အခြေအနေတွေက ပိုပိုပြီး စိုးရိမ်စရာဖြစ်လာပါတယ်။

ဒါက ခေါင်းပုံဖြတ်ခြင်း ပုံစံတစ်မျိုးပါပဲ။ အလုပ်သမားက အသက်မပြည့်တဲ့အခါ၊ စာရွက်စာတမ်းတွေ လက်ထဲမရှိတဲ့အခါ၊ လုပ်အားခတွေမရရှိတဲ့အခါ၊ သွားလာလှုပ်ရှားမှုကို ကန့်သတ်ထိန်းချုပ်ထားတဲ့အခါမှာ ဒါဟာ သာမန် အလုပ်လုပ်ရခက်ခဲတဲ့ အ ခြေအနေမဟုတ်တော့ပါဘူး။ ဒါက အဓမ္မ လုပ်အားစေခိုင်းမှု၊ ကလေးသူငယ် လုပ်အားစေခိုင်းမှုဖြစ်ပါတယ်။ ဒါဟာ တရားမဝင်ဖြစ်ပြီး တိုင်ကြားလို့ရပါတယ်။

ဒီလိုနှင့် တစ်ရက်မှာ ထိုင်းအရာရှိတွေက စက်ရုံထဲဝင် လာခဲ့ပါတယ်။
အစကတော့ မောင်မောင်တစ်ယောက် ကြောက်နေခဲ့ပါတယ်။

“ကျွန်တော့်မှာ စာရွက်စာတမ်းတွေမရှိတဲ့အပြင် အသက်ကလည်း မပြည့်သေးတာကြောင့် ဒုက္ခရောက်တော့မယ်လို့ ထင်ခဲ့ပါတယ်။”

ဒါပေမဲ့ ပြစ်ဒဏ်အစား သူ့အတွက် အကာအကွယ်တွေကိုရရှိခဲ့ပါတယ်။
“သူတို့က နွေးနွေးထွေးထွေးဆက်ဆံပါတယ်။ ကျွန်တော့်ကို အလုပ်ထွက်ချင်လားလို့ သူတို့မေးခဲ့ကြပါတယ်။”

ဒီနေ့မှာတော့ သူဟာ သူ့ရဲ့ဘဝကို ပြန်လည်တည်ဆောက်နေပါပြီ။
“ကျွန်တော် အခု အလုပ်သစ်တစ်ခုရပါပြီ။ တစ်ဖက်မှာ ကျွန်တော့်အမေကိုထောက်ပံ့ရင်း ကိုယ်ပိုင်ဖုန်းနှင့် ဆိုင်ကယ်ဝယ်ဖို့လည်း ပိုက်ဆံစုနိုင်ခဲ့ပါတယ်။”
သူ့ရဲ့အတွေ့အကြုံက ကာကွယ်မှုဆိုတာ တကယ်ရယူနိုင်ကြောင်း ဖော်ပြနေပါတယ်။ မသေချာမှုတွေနှင့် ကြောက်ရွံ့နေရတဲ့ အခြေအနေတွေမှာတောင် အကူအညီဟာ တောင်းခံလို့ရနိုင်ပါတယ်။

ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးစင်တာ အစီအစဉ် (MWAC) ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မိမိတို့ဘာသာစကားဖြင့်ပင် အဆက်အသွယ်ပြုလုပ်ကာ အခက်အခဲများကို တိုင်ကြားမှုပြုနိုင်ရန်အတွက် အရေးပေါ်ဖုန်းနံပါတ်တစ်ခုကို စီစဥ်ထားပါတယ်။ သင်နှင့် အသိမိတ်ဆွေများ ခေါင်းပုံဖြတ်ခြင်းနှင့်ရင်ဆိုင်နေရပါက တိုင်ကြားနိုင်ပါတယ်။

အလုပ်သမားတိုင်းက ဘေးကင်းလုံခြုံမှုနှင့် ဂုဏ်သိက္ခါကို ထိုက်တန်ပါတယ်။
အန္တရာယ်ရှိတယ်လို့ ခံစားရလျှင် အကူအညီတောင်းရန် ဆက်သွယ်ပါ။

08/07/2026

တင်တင်က ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုရရှိဖို့မျှော်လင့်ချက်နှင့် မြန်မာနိုင်ငံကထွက်ခွာပြီး ထိုင်းနိုင်ငံကို လာခဲ့ပါတယ်။ ဖေ့စ်ဘုတ်(Facebook) ပေါ်မှာ အလုပ်ခေါ်ကြော်ငြာကိုတွေ့ပြီး သူမအလုပ်လျှောက်ခဲ့တာပါ။ အလုပ်ရဖို့ကိုလည်း စိတ်လှုပ်ရှားနေခဲ့ပါတယ်။

ပွဲစားက သူမကို စက်ရုံအလုပ်၊ နေစရာနေရာနှင့် သူမရဲ့မိသားစုကိုထောက်ပံ့ဖို့ သင့်တော်တဲ့လစာတို့ကို ကတိပေးခဲ့တာပါ။ အခြားသောရွှေ့ပြောင်းအလုပ်သမားတွေလိုပဲ သူမရဲ့ဘဝကိုတိုးတက်စေမယ်လို့ယုံကြည်ပြီး ဒီကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံကိုရောက်ပြီးနောက်မှာ တကယ့်လက်တွေ့က အတော်လေးကွဲပြားခဲ့ပါတယ်။ အလုပ်တွေကို နားချိန်နည်းနည်းလေးနှင့် လုပ်ခဲ့ရတယ်၊ တစ်ခါတလေ ညပိုင်းအထိလုပ်ခဲ့ရပါတယ်။ အလုပ်သမားတွေက ထမင်းစားနားချိန် ခဏပဲရရှိပြီး လူတွေပြည့်နှပ်နေတဲ့ စက်ရုံအတွင်းထဲမှာပဲ အိပ်ခဲ့ရပါတယ်၊ သူတို့ဟာ အချိန်ပြည့်လည်း စောင့်ကြည့်ခံနေခဲ့ရပါတယ်။

သူမရဲ့ဖုန်းနှင့် မှတ်ပုံတင်စာရွက်စာတမ်းတွေကလည်း ရောက်ရှိပြီး မကြာခင်မှာပဲ အသိမ်းခံလိုက်ရတာပါ။ အလုပ်သမားတွေဟာ အပြင်လူတွေနှင့်စကားမပြောဖို့ ထွက်မပြေးဖို့ကိုလည်း ဖိအားပေးခံခဲ့ရပါတယ်။

စာရွက်စာတမ်းတွေ၊ အဆက်အသွယ်တွေ၊ လွတ်လပ်စွာသွားလာခွင့်တွေမရှိတာကြောင့် အ ခြေအနေတွေက အလုပ်ခန့်အပ်ထားမှုမဟုတ်တော့ပဲ ထိန်းချုပ်ထားမှုအခြေအနေဖြစ်လာခဲ့ပါတယ်။

ဒါက အဓမ္မလုပ်အားစေခိုင်းမှုတွေ ဖြစ်ပေါ်လာတဲ့ပုံစံဖြစ်ပါတယ်။

မျက်စိနှင့်မြင်နိုင်တဲ့ အကြမ်းဖက်မှုက အမြဲတမ်းရှိမနေတတ်ပါဘူး။ လိမ်ညာလှည့်ဖြားခြင်း၊ ပြင်ပလောကနှင့်အဆက်အသွယ်ဖြတ်တောက်ခြင်း၊ စာရွက်စာတမ်းများသိမ်းဆည်းထားခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကြွေးမြီများနှင့် အကြောက်တရားများမှ တစ်ဆင့်လည်းဖြစ်ပေါ်ပါတယ်။

အလုပ်သမားများ လွတ်လပ်စွာ ထွက်ခွာခွင့်မရတဲ့အခါမှာ ခေါင်းပုံဖြတ်မှုက လွတ်မြောက်ဖို့ ခဲယဥ်းပါတယ်။

ဒါက တင်တင့်ဇာတ်လမ်းရဲ့ အဆုံးသတ် တော့မဟုတ်သေးပါဘူး။ ထိုင်းအာဏာပိုင်တွေက ဒီကိစ္စကို ဝင်ရောက် ဖြေရှင်းခဲ့ပြီး အလုပ်သမားတွေကို ကယ်တင်ခဲ့ပါတယ်။ သူမကို ခိုလှုံဖို့ဂေဟာတစ်ခုဆီခေါ်သွားပေးခဲ့ပြီး ပံ့ပိုးမှုတွေလည်း ပေးခဲ့ပါတယ်။ ပိုမိုလုံခြုံတဲ့ အလုပ်တစ်ခုဆီမပြောင်းရွှေ့ခင်မှာလည်း သူမရဲ့ စာရွက်စာတမ်းတွေနှင့် ရသင့်ရထိုက်တဲ့လုပ်အားခတွေကိုလည်း ပြန်လည်ရရှိခဲ့ပါတယ်။ တင်တင်က အခြားသော ခေါင်းပုံဖြတ်ခံနေရတဲ့ အလုပ်သမားတွေကိုလည်း “အစိုးရအာဏာပိုင်တွေဆီက အကူအညီတောင်းဖို့ သတ္တိရှိကြပါ။” လို့ အားပေးစကားပြောလိုက်ပါတယ်။

ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးစင်တာ အစီအစဉ် (MWAC) ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မိမိတို့ဘာသာစကားဖြင့်ပင် အဆက်အသွယ်ပြုလုပ်ကာ အခက်အခဲများကို တိုင်ကြားမှုပြုနိုင်ရန်အတွက် အရေးပေါ်ဖုန်းနံပါတ်တစ်ခုကို စီစဥ်ထားပါတယ်။ ဖုန်းဖြေကြားသူတွေက သင်တို့ရဲ့ ရပိုင်ခွင့်တွေကို ကူညီရှင်းပြပေးနိုင်ပြီး အခြားအကူအညီများလည်း စီစဥ်ပေးနိုင်ပါတယ်။

သူမရဲ့အတွေ့အကြုံက ဒေသတစ်လျှောက်က အကာအကွယ်မဲ့နေတဲ့ အလုပ်သမားတွေကြုံနေရတဲ့ လက်တွေ့အဖြစ်အပျက်တွေကို ထင်ဟပ်နေပါတယ်။ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းရဲ့ သတိပေးလက္ခဏာများကို သတိပြုနားလည်ခြင်းက ဥပဒေရေးရာကာကွယ်မှုုနှင့် ပံ့ပိုးမှုရရှိရေးအတွက် အရေးကြီးတဲ့ပထမခြေလှမ်းဖြစ်ပါတယ်။

အလုပ်သမားတိုင်းက ဘေးကင်းလုံခြုံမှုနှင့် ဂုဏ်သိက္ခါရှိတဲ့ အလုပ်ပတ်ဝန်းကျင်မျိုးနှင့် ထိုက်တန်ပါတယ်။

အန္တရာယ်ရှိတယ်လို့ ခံစားရလျှင် အကူအညီတောင်းရန် ဆက်သွယ်ပါ။

မဲဆောက်ခရိုင်ရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်ပါမစ်ဓာတ်ပုံများရိုက်ကူးသည့်နေရာ။
02/04/2026

မဲဆောက်ခရိုင်ရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်ပါမစ်ဓာတ်ပုံများရိုက်ကူးသည့်နေရာ။

Find local businesses, view maps and get driving directions in Google Maps.

ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးဌာန ၃၀ ခုလုံး၏ ဖုန်းနံပါတ်များ။
01/04/2026

ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးဌာန ၃၀ ခုလုံး၏ ဖုန်းနံပါတ်များ။

ที่อยู่

-
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tak Migrant Workers Assistance Centerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์