Giving Hands - ပေးသောလက်များ.

Giving Hands - ပေးသောလက်များ. Mental & Social Support for people in need by sayar ma "Htar" and her family.

https://youtu.be/cfWO3FVfw1Q?si=6xoHf4d6mkIuL0Vu
29/03/2026

https://youtu.be/cfWO3FVfw1Q?si=6xoHf4d6mkIuL0Vu

မတ်လ ၂၇ ရက်နေ့ဟာ တပ်မတော်နေ့ မဟုတ်ပဲ ပြည်သူတရပ်လုံးက ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးနေ့သာ ဖြစ်...

"လှည့်စားမှု့   နဲ့   လွတ်မြောက်ခြင်း"          ------------------------------ဟန်ဆောင် မျက်နှာ အဆင်းတန်ဆာအဖြစ်ချိုသာဖော်...
28/03/2026

"လှည့်စားမှု့ နဲ့ လွတ်မြောက်ခြင်း"
------------------------------
ဟန်ဆောင် မျက်နှာ အဆင်းတန်ဆာအဖြစ်

ချိုသာဖော်ရွေ အပြုံးတုတွေနဲ့

ဘောင်ကွပ်ထားရဲ့

လှိုက်လှဲပျူဌာ အမူအယာကို

အတုအစစ် မဆန်းစစ်နိင်သလို

ဦးနှောက်သင်းကွပ်

အဖြစ်အပျက်တို့ လွန်မြောက်ခဲ့လဲ

နာကျင်စရာ သင်ခန်းစာတွေ

တိတ်တဆိတ် ကျက်မှတ်

လေ့လာတတ်မှ

မင်း.... လွတ်မြောက်မှာနော်

သူငယ်ချင်း။
🌷ထား🌷

photo crd;

https://youtu.be/Bs2suKQSmKo?si=XlEu9GPVJ9Cqqoon
15/02/2026

https://youtu.be/Bs2suKQSmKo?si=XlEu9GPVJ9Cqqoon

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၁၁၁ နှစ်မြောက် မွေးနေ့နဲ့ မြန်မာနိုင်ငံ ကလေးများနေ.....

17/01/2026

ဘဝကို သိန်းငှက်လို ကျင့်ပါ
-----------------------=
ကြိုးစားတဲ့ လူတိုင်း မအောင်မြင်ပါဘူး
ဒါပေမယ့် အောင်မြင်နေတဲ့ သူတိုင်းက
ကြိုးစားခဲ့ကြပါတယ်။

လမ်းပျောက်နေလို့ စိတ်ဓာတ်မကျပါနဲ့
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ပဲ ဖောက်ရမှာပါ။

ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ။
ဒါပေမယ့် မုန်တိုင်းတော့ ရှိပါလိမ့်မယ်။

အပင်နိမ့်ရင် အနင်းခံရမယ်
အပင်မြင့်ရင်တော့ လေတိုက်ခံရမယ်။
သင့်ရွေးချယ်မှုပါပဲ။

ဘဝကို ကြက်တူရွေးလို မနေပဲ
သိန်းငှက်လို ကျင့်ကြံပါ။

ကြက်တူရွေးက စကားတတ်ပေမယ့်
အမြင့်မပျံနိုင်ပါဘူး။
သိန်းငှက်က နှုတ်ဆိတ်ပေမယ့်
မိုးထိအောင် ပျံနိုင်တယ်။

လူ့ သက်တမ်းက
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမယ့် သင့်ကြိုးစားမှု ရလာဒ်ကတော့
အကန့်သတ် မရှိပါဘူး။

အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားပဲ။

ပြက္ခဒိန်က ပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး။

ဓားတစ်လက်က ပြောတယ်
မသုံးပဲထားရင် တုံးသွားလိမ့်မယ်တဲ့။

ပိုက်ဆံက ပြောတယ်
များများ သုံးချင်ရင် များများရှာပါတဲ့။

အရမ်းကြိုက်လွန်းလို့
ခဏခဏ ပြန်ဖတ်မိတဲ့ စာလေးတွေပါ။
ဘဝအတွက် မှတ်သားစရာတွေပေါ့........။

with respect - credit
lesson

17/01/2026

ကိုယ်ရှင်သန်နေတဲ့ အခိုက်အတန့်မှာ..
အတတ်နိုင်ဆုံး ဘယ်သူ့ကိုမှ
မထိခိုက်အောင်နေထိုင်ပါ..

အမှားအမှန်ကို ခွဲခြားသိမြင်နိုင်တဲ့
ဥာဏ်ပညာ ရှိပါစေ...

အသိတရားမရှိတဲ့ လူတွေက
ဘယ်လောက်ပဲ့ ချမ်းသာနေပါစေ..

ဘယ်လောက်ပဲ့ ပညာတတ် ဘွဲ့ရဖြစ်ပါစေ
သူတို့က ပတ်ဝန်းကျင်အတွက်အကျိုးမပြုနိုင်ရင်
လူ့အမှိုက်ပဲ့ ဖြစ်တယ်..

၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။

၂။ အကောင်းမြင်စိတ် မွေးပါ။
စိတ်ကောင်းထားပါ။

၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။

၄။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့
မနိုင်းယှဉ်ပါနဲ့။
( အားငယ်စိတ်တွေ ဝင်တတ်သည်)

၅။ မှားခဲ့တဲ့ အမှားတွေကို ခနခနမတွေးပါနဲ့။
( စိတ်ဆင်းရဲတတ်ပါတယ် )

၆။ မှားခဲ့တဲ့ အမှားတွေကို သင်္ခန်းစာယူပါ။

၇။ အရည်မရ အဖတ်မရတဲ့ အတင်းအဖျင်းပြောတာ ရှောင်ပါ။

၈။ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ။
( ကိုယ်ကသာခံဘက်ကချည်းပဲမို့ )

၉။ မှားမှား၊ မှန်မှန်၊ အကျိုးမရှိရင် မငြင်းခုန်ပါနဲ့။
( ပြောနေလဲ ဘာမှမထူးဘူး )

၁၀။ ပိုက်ဆံကို ပစ္စုပ္ပန်မှာပဲအကုန်မသုံးပါနဲ့၊ အနာဂတ်အတွက်လည်း ချန်ထားပါ။
( ကျန်းမားရေးကို မေ့မထားပါနဲ့ )

၁၁။ စီးပွားရေးကို ဖြတ်လမ်းကလိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။
( အကျနာတတ်တယ် )

၁၂။ မအောင်မြင်ချင်နေပါစေ မကျရှုံးပါစေနဲ့။
( စိတ်ဓာတ် )

၁၃။ သူများပြောတိုင်း ယုံတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

၁၄ ။ဆိုဆုံးမလို့ မရတဲ့သူကို အာညောင်းခံပြီး ပြောမနေပါနဲ့။

၁၅။ ရင့်ကျက်တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
( စာများများ ဖတ်ပါ )

၁၆။ မလိုအပ်ပဲ စကားများများပြောခြင်းကို ရှောင်ပါ။

၁၇။ ပျော်ပျော်နေပါ ပေါတောတော မနေပါနဲ့။

၁၈။ အမှတ်ထားပါ၊ အငြိုးအာဃာတ မထားပါနဲ့။

#မေတ္တာဖြင့် Htun-စာပေ

17/01/2026

လူတိုင်းမှာ သူအခက်ခဲနဲ့သူ ရှိပါတယ်

17/01/2026

သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု

၁။ ဂရုမစိုက်နဲ့။

သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။ တချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊
သင့်ကို တန်ဖိုးမထားလေလေပါပဲ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။

၂။ လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ။

တချို့လူတွေက အခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။

၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။

ပညာလို အိုသည်မရှိ ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့
မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူးဆိုပြီး မတွေးပါနဲ့။

၄။ အရမ်းမတွေးပါနဲ့။

အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။
အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။

၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။

ကိုယ်ကျင့်တရားကောင်းတဲ့့သူက
လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။ စိတ်ကောင်းကောင်းထားပါ။

၆။ ထင်ချင်သလို ထင်ကြပါစေ။

လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ
လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။

Noble Buddha မှပြန်လည်မျှဝေသည်

17/01/2026
https://youtu.be/uRiDmkWoEtA?si=VX3r-Wb3kG7TE7aC
17/01/2026

https://youtu.be/uRiDmkWoEtA?si=VX3r-Wb3kG7TE7aC

၂၀၂၆ နှစ်သစ်မှာ စိတ်ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရန် အချက်များ ( "မိမိမှာရှိသော စိတ်ခွန်အားများ"ကို ကြိုးစားဖ....

22/10/2025

ဒီနေ့ စောစောနိုးခဲ့ရင်လေ ...

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Giving Hands - ပေးသောလက်များ.ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์