စာပေမြို့တော်

စာပေမြို့တော် စာပေ၊ ကျန်မာရေး၊ အနုပညာ၊ အားကစားသတင်းတွေဖတ်ရှုလို့ရတဲ့နေရာ

"လည်တာ" နဲ့ "လူပါးဝတာ" က အမြဲတမ်း ရောထွေးနေတတ်ကြတာနော်။ တကယ်တော့ သူတို့နှစ်ခုက တခြားစီပါ။"လည်တယ်" ဆိုတာက ပတ်ဝန်းကျင်ကို ...
25/10/2025

"လည်တာ" နဲ့ "လူပါးဝတာ" က အမြဲတမ်း ရောထွေးနေတတ်ကြတာနော်။

တကယ်တော့ သူတို့နှစ်ခုက တခြားစီပါ။

"လည်တယ်" ဆိုတာက ပတ်ဝန်းကျင်ကို လျင်မြန်စွာ သုံးသပ်နိုင်စွမ်းရှိတာ၊ အခြေအနေအရပ်ရပ်ကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်တတ်တာ၊ ပြောဆိုဆက်ဆံရာမှာ ယဉ်ကျေးလိမ္မာပြီး ချောမွေ့တာမျိုးပါ။ ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် လမ်းကြောင်းကို ရှာဖွေနိုင်တာကို ဆိုလိုတာပါ။

"လူပါးဝတယ်" ဆိုတာကတော့ သူတစ်ပါးရဲ့ အခွင့်အရေးကို ယူတာ၊ အားနည်းချက်ကို အမြတ်ထုတ်တာ၊ ကလိမ်ကကျစ်လုပ်တာ၊ ဒါမှမဟုတ် တခြားလူတွေကို ပေါ့ပေါ့တန်တန် သဘောထားပြီး ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုလုပ်ရပ်တွေက ရေရှည်မှာ ဘယ်သူ့ကိုမှ မကောင်းစေပါဘူး။

ဒါကြောင့် ကိုယ်က "လည်တဲ့သူ" ဖြစ်အောင် ကြိုးစားပါ။ ပညာရှိရှိ၊ သတိရှိရှိ၊ အများအကျိုးကို ရှေ့ရှုပြီး လှုပ်ရှားပါ။ ဒါပေမဲ့ "လူပါးဝတဲ့သူ" တော့ ဘယ်တော့မှ မဖြစ်ပါစေနဲ့။ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်ဖို့က လိမ္မာပါးနပ်မှု (လည်ပတ်မှု) နဲ့ စာရိတ္တကောင်းမွန်မှု (လူမှုကျင့်ဝတ်) နှစ်ခုစလုံး လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။

Credit phyuphyulwin

"တွေးပူတတ်တဲ့အကျင့်ကို လျှော့ပါ"ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို နှောင့်နှေးစေနိုင်တဲ့အကျင့်တွေထဲက ထိပ်ဆုံးကပ...
24/10/2025

"တွေးပူတတ်တဲ့အကျင့်ကို လျှော့ပါ"
ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို နှောင့်နှေးစေနိုင်တဲ့အကျင့်တွေထဲက ထိပ်ဆုံးကပါပဲ။ ဘယ်လောက်ပဲ အစွမ်းအစရှိရှိ၊ ကြိုးစားချင်စိတ်ရှိရှိ အဲဒီတွေးပူနေတတ်တဲ့အကျင့်ကြီး ရှိနေရင် ခရီးမတွင်ပါဘူး။
"ငါ လုပ်နိုင်ပါ့မလား"
"အဆင်မပြေရင် ဘယ်လိုလုပ်မလဲ"
"သူများတွေက ဘာပြောကြမလဲ"
"အောင်မြင်နိုင်ရဲ့လား မသိဘူး"
"ရှုံးနိမ့်သွားရင် ဘယ်လိုနေမလဲ"
စတဲ့ အတွေးတွေက တစ်ခုခု စလုပ်ချင်တဲ့စိတ်ကို အားနည်းသွားစေတယ်။
တွေးပူနေတတ်တဲ့သူတွေက မလုပ်ရသေးခင်ကတည်းက ဆင်ခြေတွေ အသင့်ရှာထားတတ်ပါတယ်။ ရှုံးနိမ့်မှုအတွက် အကြောင်းပြချက်တွေ ကြိုပြင်ထားတတ်ပါတယ်။ အရာရာကို အဆိုးဘက်ကနေ တွေးတတ်ပါတယ်။
တကယ်တမ်းကတော့ လုပ်ကြည့်မှသာ ဖြစ်နိုင်၊ မဖြစ်နိုင် သိနိုင်မှာပါ။ စမ်းကြည့်မှသာ အဆင်ပြေ၊ မပြေ သိနိုင်မှာပါ။ ကြိုးစားကြည့်မှသာ အောင်မြင်၊ မအောင်မြင် သိနိုင်မှာပါ။
ဒါပေမယ့် ဘာမှမလုပ်ရသေးခင်ကတည်းက အဆိုးတွေကိုပဲ တွေးနေရင်တော့ ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။
ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ တွေးပူတတ်တဲ့သူတွေဟာ စေ့စပ်သေချာသူတွေ အသေးစိတ်ကျတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ အရာရာကို သေသေချာချာလေ့လာပြီးမှ စနစ်တကျ လုပ်ချင်တဲ့သူတွေပါ။
ဒါပေမယ့် အဲဒီစနစ်တကျ ဖြစ်ချင်တဲ့စိတ်က လွန်ကဲလာတဲ့အခါမှာတော့ အလုပ်နှောင့်နှေးဖို့ရာ အကြောင်းတရားတစ်ခုအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။
တွေးပူတတ်တဲ့အကျင့်ရဲ့ကောင်းကျိုးတွေ
- အသေးစိတ်ကို သတိထားမိတယ်
- အရာရာကို ဂရုတစိုက် လုပ်တတ်တယ်
- အရေးကြီးတဲ့ အချက်တွေကို မမေ့တတ်ဘူး
- လုပ်ငန်းတွေကို စနစ်တကျ စီစဉ်တတ်တယ်
- မလိုလားအပ်တဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်တယ်
တွေးပူတတ်တဲ့အကျင့်ရဲ့ဆိုးကျိုးတွေ
- စိတ်ဖိစီးမှုတွေ များလာတယ်
- ညဘက် အိပ်မပျော် ဖြစ်လာတတ်တယ်
- ဆုံးဖြတ်ချက် မချနိုင်အောင် ဖြစ်တတ်တယ်
- ကိုယ့်ရဲ့အရည်အချင်းကို တွေဝေလာတယ်
- အခွင့်အလမ်းကောင်းတွေကို လက်လွှတ်ဆုံးရှုံးတတ်တယ်
တွေးပူနေတဲ့အခါ ကိုယ့်ရဲ့စွမ်းအားတွေက ထွက်မလာတော့ဘူး။ ကိုယ့်ရဲ့ အရည်အချင်းတွေကို ကိုယ်တိုင်အထင်သေးလာမယ်။ တွေးပူတတ်ခြင်းက ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ကိုယ်တိုင်တောင် မသိတော့အောင် ဖုံးကွယ်ထားတတ်ပါတယ်။
ကိုယ့်မှာ ဒီလိုမျိုးတွေဖြစ်နေမယ်ဆိုရင် တွေးပူနေတတ်တဲ့အကျင့်ကို ပြောင်းလဲဖို့ လေ့ကျင့်ပေးရပါမယ်။
- ကိုယ်တွေးနေတာတွေက ဖြစ်နိုင်ခြေ ရှိရဲ့လား
- တွေးနေရုံနဲ့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး
- တွေးပူနေမယ့်အစား စတင်လုပ်ဆောင်လိုက်ရအောင်
- အဆိုးတွေကိုပဲ တွေးမနေပဲ အကောင်းတွေကိုလည်း တွက်ကြည့်ပါ
- တွေးပူနေတဲ့အချိန်တွေကို လက်တွေ့လုပ်ဆောင်ချိန်အဖြစ် အသုံးချလိုက်ပါ
တစ်ခါတလေ ကိုယ်တွေးသလို မဟုတ်တာတွေ တွေ့ရတတ်ပါတယ်။ ကိုယ်ထင်ထားတာထက် အများကြီး လွယ်ကူနေတတ်ပါတယ်။ လုပ်ကြည့်မှ ဒါက ဒီလောက်တောင် မခက်ဘူးဆိုတာ သိရတတ်ပါတယ်။
ဒါကြောင့် တွေးပူနေမယ့်အစား လက်တွေ့စမ်းကြည့်ပါ။ အဆိုးတွေကိုပဲ တွေးမနေပဲ ဖြစ်လာနိုင်တဲ့ အကောင်းတွေကိုလည်း တွေးကြည့်ပါ။
တွေးပူနေတတ်တဲ့ အကျင့်က ကိုယ့်ကို ဘယ်နေရာမှ မရောက်စေပါဘူး။ စိတ်ဓာတ်ကျစေပြီး ရှေ့ဆက်လို့ မရအောင် ဟန့်တားထားတာ ဖြစ်လို့ တွေးပူတာတွေကို ဖယ်ရှားပြီး လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့ အစားထိုးစေချင်ပါတယ်။

Credit

လူတွေရဲ့ သဘာဝကလိုရင် "ချို" မလိုရင် "ခါး"'ငါ'ဆိုတဲ့ 'ငါ'ကလည်းအများအလို မလိုက်နိုင်တော့တဲ့ အခါအချို မကြိုက်တဲ့ ပျားမိုက်တ...
23/10/2025

လူတွေရဲ့ သဘာဝက
လိုရင် "ချို" မလိုရင် "ခါး"

'ငါ'ဆိုတဲ့ 'ငါ'ကလည်း
အများအလို မလိုက်နိုင်တော့တဲ့ အခါ
အချို မကြိုက်တဲ့ ပျားမိုက်တစ်ကောင်လို။

တစ်ခါတလေ
လူတွေရဲ့ အဝေး
ထွက်ခွာပြေးချင်ပေမယ့်
အမှန်တော့ ဖြစ်နိုင်ပါ့မလား..?

"ငါ"ဆိုတာ
လူသားတွေထဲက လူတစ်ယောက်
ဘယ် ထွက်ပေါက်ရှိနိုင်ပါ့မလဲ။

ထွက်ပေါက်ပိတ်နေတဲ့ လူတွေကြားထဲ
တစ်ခါတလေ သူ့အကြိုက်
တစ်ခါတလေ ကိုယ့်အကြိုက်
တစ်ခါတလေလည်း ရေလိုက် ငါးလိုက်ပေါ့။

"ဘဝဟာ နေတတ်ရင် ကျေနပ်စရာ"တဲ့..
လူတွေအကြောင်း ပိုသိလာလေလေ
ပိုပြီး နေတတ်လာလေပါပဲ။

ကို့ကိုယ်လိုမှသုံးပီး""
မလိုရင် ဂျောင်ထိုးထားတတ်တဲ့
လူ့ပတ်ဝန်းကျင်က လူတချို့ကိုလဲပြုံးပြုံးလေးနဲ့
မသိဟန်ဆောင်တတ်လာတယ် """""

ဒါလဲလူတချို့ သူတို့ကိုယ်တိုင် ပေးခဲ့တဲ့"""
သင်ခန်းစာတွေကြောင့်ပဲလေ။

Credit

၁ ။ သင့်တန်ဖိုးကို သူတို့ရဲ့အပြုအမူနဲ့ မတိုင်းတာပါနဲ့၊ ကိုယ့်တန်ဖိုးနဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်ပါ။၂ ။ သူတို့ကို သက်သေ...
23/10/2025

၁ ။ သင့်တန်ဖိုးကို သူတို့ရဲ့အပြုအမူနဲ့ မတိုင်းတာပါနဲ့၊ ကိုယ့်တန်ဖိုးနဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်ပါ။

၂ ။ သူတို့ကို သက်သေပြဖို့ မကြိုးစားပါနဲ့ ၊ ဒါဟာ သင့်ရဲ့စွမ်းအင်တွေကို ကုန်ခမ်းစေပါတယ်။

၃ ။ သင့်အပေါ် မလေးမစား ပြုမူလာရင် သူတို့နဲ့ စကားပြောဆို ဆက်ဆံတာကို လျော့ချပါ။

၄ ။ သူတို့ဆီကနေ ချီးကျူးမှု၊ အားပေးမှု၊ နားလည်မှုတွေ မျှော်လင့်နေတာကို ရပ်တန့်လိုက်ပါ။

၅ ။ သူတို့ရဲ့ လုပ်ရပ်တွေကိုသာ ကြည့်ပါ၊ စကားကို မယုံပါနဲ့။

၆ ။ သင့်ကို တန်ဖိုးထားတဲ့လူတွေကိုသာ အချိန်ပိုပေးပါ။

Credit

အသက်အရွယ်တစ်ခု ရောက်လာတော့ ကိုယ်ရှိနေကြောင်း ပြရတာမျိုးတွေကို သိပ် မလုပ်ချင်တော့ဘူးမေ့နေတဲ့ သူတွေကိုလည်း မေ့တဲ့အတိုင်းပဲ...
21/10/2025

အသက်အရွယ်တစ်ခု ရောက်လာတော့
ကိုယ်ရှိနေကြောင်း ပြရတာမျိုးတွေကို
သိပ် မလုပ်ချင်တော့ဘူး

မေ့နေတဲ့ သူတွေကိုလည်း မေ့တဲ့အတိုင်းပဲ
ထားလိုက်တယ်... ကိုယ်ကိုယ်တိုင်လည်း
လူတစ်ချို့ကို မေ့နေခဲ့တာပဲ

ကိုယ့်အလုပ်တွေ ကိုယ်လုပ်ပြီး
ဇာတ်မြှုပ်နေရတာမျိုးကိုပဲ
သဘောကျ မိတော့တယ်

ကိုယ်ရှိနေကြောင်း ပြလိုက်မှ
ရလာတဲ့ သတိရမှုမျိုး
ကိုယ်အသံပြုလိုက်မှ
ရောက်လာတဲ့ ဆက်ဆံရေးမျိုး
တွေကိုလည်း မလိုချင်တော့ဘူး

ဆယ်ကျော်သက်လည်း မဟုတ်တော့သလို
ကလေးစိတ်တွေလည်း ကုန်ခဲ့ပြီပဲလေ
ကိုယ်ရှင်သန်ရာ ရပ်ဝန်းမှာ အဆင်ပြေပြေ
လျှောက်နိုင်ဖို့ကိုပဲ အာရုံစိုက်ရတော့တယ်

မတွေ့တာကြာသွားတဲ့ အပေါင်းအသင်း
သူငယ်ချင်းတွေကို ရုတ်တရက် ပြန်တွေ့ရင်
ခဏတာ အံ့ဩပျော်ရွှင်သွားမယ်
နောက်တော့လည်း နေသားကျသွားမယ်

လူတစ်ချို့ကို ပြန်တွေ့ရင်တောင်
မှတ်မိချင်မှ မှတ်မိလိမ့်မယ်
အချိန်ရဲ့ တိုက်စားမှုတွေ၊ သက္ကရာဇ်ရဲ့
ဝါးမျိုမှုတွေကြောင့် အတိတ်တစ်ချို့ကို
မေ့ကောင်း မေ့သွားနိုင်တယ်

လူတစ်ချို့ကို မသိတော့တာမျိုးတွေလည်း
ရှိကောင်းရှိလာနိုင်တယ် ... အသက်တွေ
ကြီးလာပြီပဲ ဦးနှောက်နဲ့ နှလုံးသားမှာ
ထည့်ရတာတွေဟာ များလာခဲ့ပြီလေ
ဒါဟာ ကြီးရင့်လာတဲ့ ဘဝရဲ့ ချို့ယွင်းချက်
တွေလို့လည်း ဆိုကောင်းဆိုနိုင်လိမ့်မယ်

အရင်လောက်လည်း စစ်စစ်မှန်မှန်
မရယ်နိုင်တော့သလို၊ အရင်လောက်လည်း
စိတ်တွေဟာ လတ်ဆတ်မနေတော့ဘူး

သူငယ်ချင်းတစ်ချို့ကို ပြန်တွေ့ချင်တယ်
ဒါပေမယ့် ပြန်တွေ့ရင်လည်း မှတ်မိချင်မှ
မှတ်မိလိမ့်မယ်... ကိုယ့်လမ်းကိုယ်လျှောက်ရင်း
ကိုယ့်ဘဝကိုယ် ကျောင်းနေရတဲ့အခါ
မေ့တာတွေလည်း ရှိမယ်
ပြောင်းလဲသွားတာတွေလည်း ရှိလိမ့်မယ်

ရောက်ရှိရပ်ဝန်းမှာ ပျော်ရွှင်အောင်
နေနေရတာကိုက ဘဝမဟုတ်လား

Credit အလင်းသစ် (သဲကုန်း)

လောကမှာ ပြီးပြည့်စုံတဲ့ လူရယ်လို့ မရှိကြပါဘူး။ ကိုယ်ဆီကိုယ်ငှာ အားနည်းချက်လေးတွေ ရှိကြပါတယ်။ မွေးရာမှာ စကားမပီတဲ့လူ၊ ထော...
20/10/2025

လောကမှာ ပြီးပြည့်စုံတဲ့ လူရယ်လို့ မရှိကြပါဘူး။ ကိုယ်ဆီကိုယ်ငှာ အားနည်းချက်လေးတွေ ရှိကြပါတယ်။ မွေးရာမှာ စကားမပီတဲ့လူ၊ ထော့နဲ့တဲ့လူ၊ မျက်စိဆွေတဲ့လူ စသည်ဖြင့် အားနည်းချက် ကိုယ်ဆီရှိပါတယ်။ ဒါတွေက တကယ်တော့ အားငယ်စရာ စိတ်ပျက်စရာလို့ မရှိပါဘူး။ မွေးရာပါ လောကပေးလိုက်တဲ့ စိတ်ထားလေးလှဖို့ကတာ အဓိကပါ။

တစ်ချို့တွေက ရှိကြတယ်။ ငါ့ရဲ့ ဆိုးတဲ့ရုပ်ကြောင့် လူတွေက ငါ့အနားမကပ်ကြဘူး။ တကယ်တော့ အဲ့လိုမတွေးသင့်ပါဘူး။ ငါ့မှာ မွေးရာပါ လောကကြီးကပေးလိုက်တဲ့ ဖြူစင်တဲ့ စိတ်ထားလေးရှိတယ်၊ ငါဟာ လောကကောင်းကျိုး၊ လူသားတွေကောင်းကျိုးကို အများကြီးသယ်ပိုးနိုင်သေးတယ်၊ ငါ့မှာ ရောဂါအနာကင်းရှင်းနေသေးတယ်၊ ဘယ်လောက် ကံကောင်းလိုက်တဲ့ငါလဲ ထိုကဲ့သို့ တွေးသင့်ပါတယ်။ ဒီနေရာမှာ မိမိဥပမာ တစ်ခု ပေးချင်ပါတယ်။တခါတုန်းက အမျိုးသမီးကြီးတစ်ယောက်ဆီမှာ သူမ ရေခပ်တိုင်း သုံးလေ့ရှိတဲ့အိုးကလေးနှစ်အိုးရှိတယ်တဲ့။

အိုးတစ်အိုးက စင်းလုံးချောကောင်းမွန်လှပပြီးကျန်တစ်အိုးကတော့ အက်ရာလေးနဲ့ အပြစ်အနာအဆာ အနည်းငယ်ရှိသတဲ့။အမျိုးသမီးကြီးက အဲ့ဒီ အိုးနှစ်လုံးကို ဝါးပိုးတဖက်တချက်မှာ ချိတ်ပြီးစမ်းချောင်းမှာ ရေသွားငင်လေ့ရှိတယ်။ အိမ်ရောက်တဲ့အခါ အိုးကောင်းတစ်လုံးကရေအပြည့်ပါပေမဲ့ ကျန်တစ်အိုးကတော့ ရေတွေ စိမ့်ကျကျန်နေခဲ့တာနဲ့ ရေတဝက်ပဲပါတာပေါ့။

အဲ့တော့ ပြည့်စုံကောင်းမွန်တဲ့အိုးလေးက သူ့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ်သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေချိန်မှာ ကျန်တဲ့အိုးကလေးကတော့စိတ်ပျက်အားငယ်နေရှာတယ်။နှစ်အနည်းငယ်ကြာပြီးတဲ့နောက် တနေ့မှာ အမျိုးသမီးကြီးစမ်းချောင်းမှာရေခပ်နေတုံး အနာအဆာရှိတဲ့ အိုးကလေးက သူ့သခင်မကို ပြောသတဲ့ ငါ နင့်အတွက် ဘယ်တော့မှ ရေအပြည့် မသယ်ပေးနိုင်တာကို တွေးမိတိုင်းစိတ်မကောင်းဖြစ်မိသလို ငါ့ကိုယ်ငါလဲ ရှက်မိတယ် လို့ ပြောတော့အမျိုးသမီးက သူ့ကို ပြုံးကြည့်ပြီး ငါတို့ ရေခပ်ရာလမ်းတလျှောက်နင်ရှိတဲ့ လမ်းဘက်ကပဲ ပန်းပင်လေးတွေပေါင်းစုံ ဝေဆာလှပနေတာကိုနင်သတိထားမိလား လို့ ပြန်မေးတယ်။

ပြီးတော့ ဆက်ပြောတယ်။နင့်မှာရှိတဲ့ အဲ့ဒီအားနည်းချက်တစ်ခုကို ငါသတိထားမိလို့ ရေခပ်တဲ့လမ်းတလျှောက် နင့်ဘက်အခြမ်းမှာ ပန်းမျိုးစေ့လေးတွေ ငါကြဲထားခဲ့တယ်။နင်အမြဲ ရေလောင်းခဲ့တဲ့ မျိုးစေ့လေးတွေဟာ အခု အဲ့ဒီလမ်းကပန်းဥယျာဉ်လေးပဲပေါ့။ ငါ့အိမ်က ပန်းအိုးတွေက ပန်းတွေလဲ အဲ့ဒီဥယျာဉ်လေးကပဲ ငါခူးခဲ့တာလေ။ နင့်ကြောင့်သာ မဟုတ်ရင် အဲ့ဒီ လမ်းကပန်းပင်လေးတွေ ဖြစ်လာမှာ မဟုတ်သလို ငါ့အိမ်ကလေးကိုလဲ အခုလိုပန်းပေါင်းစုံ ဝေဝေဆာဆာနဲ့ ဘယ်အလှဆင်နိုင်ပါ့မလဲ တဲ့။

ဒီထဲက ဥပမာလေးအတိုင်းပါပဲ။ လူသားတိုင်းမှာ အားနည်းချက် ကိုယ်ဆီ ရှိတတ်ပါတယ်။ ထိုအားနည်းချက်ကို လူတွေဘယ်လိုကြည့်လဲ လှောင်လဲဆိုတာ စိတ်ထဲမထားပဲ စိတ်ထားဖြူစင်စွာနဲ့ ကိုယ်နိုင်ရာဝန်ကနေ လောကကောင်းကျိုးကို သယ်ပိုးသင့်ပါတယ်။ စိတ်ထားကောင်းမွန်စွာနဲ့ ဘဝမှာ တန်ဖိုးရှိစွာ နေသွားမယ်ဆို အချိန်တန်ရင် မိတ်ဆွေကောင်းတွေပဲ သင့်အနားမှာ ရှိနေမှာဖြစ်ပြီး မိတ်ကောင်းဆွေကောင်း မဟုတ်သူတွေကတော့ သင့်အနားကနေ အလိုလို ဖယ်ခွာသွားပါလိမ့်မယ်။

Credit မူရင်း

ဖြစ်ချင်တဲ့ဆန္ဒဆိုတာ လူတိုင်းမှာရှိ‌‌တယ်။ဒါပေမယ့် ပြင်းပြတဲ့ဆန္ဒဆိုတာကတော့လူတိုင်းမှာမရှိနိုင်ဘူး ဖြစ်ချင်တဲ့ဆန္ဒဆိုတာ.....
20/10/2025

ဖြစ်ချင်တဲ့ဆန္ဒဆိုတာ လူတိုင်းမှာရှိ‌‌တယ်။
ဒါပေမယ့် ပြင်းပြတဲ့ဆန္ဒဆိုတာကတော့
လူတိုင်းမှာမရှိနိုင်ဘူး

ဖြစ်ချင်တဲ့ဆန္ဒဆိုတာ...
စိတ်ထဲမှာပဲရှိတတ်တယ်။
ပြင်းပြတဲ့ဆန္ဒကတော့...
လက်တွေ့လုပ်ရပ်တွေမှာပဲရှိတယ်။

ဝီရိယဆိုတာ ဘယ်သူ့မှာမဆိုရှိလို့ရတယ်။
ဒါပေမယ့် သာမာန်လူတွေက...
ဝီရိယကိုစိတ်ထဲမှာပဲထားတတ်ကြတယ်။
ထိပ်ဆုံးရောက်ချင်သူတွေကတော့
ဝီရီယကို သူတို့လုပ်ရပ်ထဲမှာထားကြတယ်။

ထိပ်ဆုံးရောက်ချင်လား
အားနည်းချက်ကိုပြုပြင်
အားသာချက်ကိုအသုံးချ
တိကျတဲ့ပန်းတိုင်သတ်မှတ်
လက်တွေ့လုပ်ဆောင်

ထိပ်ဆုံးနေရာဆိုတာ
အောက်ခြေမှာမရှိဘူး
ဟိုး..အမြင့်ကြီးမှာပဲရှိတယ်။
ရပ်နေရင်တော့...
မော့ကြည့်နေရင်းဘ၀ဆုံးမှာပဲ
အားကျနေရင်း လူဖြစ်ရှုံးမှာပဲ။

လောကကြီးမှာ
မင်းထက်တော်တဲ့လူဆိုတာမရှိဘူး
မင်းထက်ကြိုးစားနေတဲ့လူတွေပဲရှိတယ်

မင်းလောက် ကျရှုံးနေတဲ့လူဆိုတာမရှိဘူး
မင်းထက် ကျရှုံးဖူးသူတွေပဲရှိတယ်

မင်းတစ်ယောက်ထဲစိတ်ညစ်နေတာမဟုတ်ဘူး
လူတိုင်းမှာစိတ်ညစ်စရာတွေရှိတယ်

မင်းတစ်ယောက်ထဲမျက်ရည်ကျဖူးတာမဟုတ်ဘူး
လူတိုင်းတစ်ချိန်မဟုတ်တစ်ချိန် ငိုခဲ့ကြဖူးတယ်

လိုတိုရှင်းပြောရရင်
အရာအားလုံး မင်းတစ်ယောက်ထဲ
ဖြစ်နေတာမဟုတ်ဘူး

ဘ၀ရဲ့အခက်အခဲတွေကို
ပြုံးပြုံးကြီးကျော်ဖြတ််နိုင်အောင် ကြိုးစားစမ်းပါ။
အဆိုးတရားတွေကို ရဲရဲကြီးရင်ဆိုင်လိုက်စမ်းပါ။
တကယ်အလုပ်လုပ်စမ်းပါ။
ငြီးငြူရင်း အသက်မရှင်စမ်းနဲ့
အရှုံးသံသရာထဲမှာ...
ချာချာလည်နေတာတွေအခုရပ်ပြီး

" ထိပ်ဆုံးဆိုတဲ့နေရာကို ရဲရဲဝံ့ဝံ့ရယူလိုက်စမ်းပါ "

လေးစားစွာဖြင့်…Credit ဟိန်းကိုကို

တစ်ခါက.....နွားတကောင်ဟာလယ်ထွန်ပြီးအိမ်ပြန်လာနားသတဲ့၊ဒါကို မိတ်ဆွေခွေးကသူ့ဆီလာလည်ပါတယ်။နွားကခွေးကို တွေ့တော့..“ဟူး..မိတ်ဆ...
19/10/2025

တစ်ခါက.....
နွားတကောင်ဟာလယ်ထွန်ပြီးအိမ်ပြန်လာနားသတဲ့၊ဒါကို မိတ်ဆွေခွေးကသူ့ဆီလာလည်ပါတယ်။နွားကခွေးကို တွေ့တော့..

“ဟူး..မိတ်ဆွေရေ၊ကျနော်တော့ဒီနေ့တအားမောသွားလို့ မနက်ဖြန်တရက်လောက်အနားယူချင်လိုက်တာဟာ”။

ခွေးကနွားအိမ်ကနေထွက်လာတော့ကြောင်ကိုသွားတိုး တယ်၊ဒါနဲ့ခွေးက“ဟေ့ကောင်၊ခုနငါနွားဆီရောက်တယ်၊ သူပြောတော့သူလယ်ထွန်ရတာတအားမောလို့တရက် လောက်နားချင်တာတဲ့လေ၊ အေးသခင်ကြီးကလည်းသူ့ ကိုအလုပ်ကြမ်းပေးတာများတာကိုးနော့”။

ကြောင်ကလဲဒီသတင်းကိုဆိတ်ဆီသွားပြောပြပြန် သတဲ့“ကိုဆိတ်ရေ၊နွားကတော့သခင်ကအလုပ်ကြမ်းတွေ တအားဖိပေးလို့ဆိုပြီးငြီးငြူ နေတာတဲ့၊သူအလုပ်ခဏ နားပြီးရင်မနက်ဖြန်အလုပ်မလုပ်တော့ဘူးပြောနေတယ်”။

ဆိတ်ကလည်းကြက်ဆီသတင်းပြန်ပြောပြတာပေါ့“ကို ကြက်ရေ...နွားကသခင်ပေးတဲ့အလုပ်တအားကြမ်းလို့ သူမလုပ်တော့ဘူးပြောနေတယ်၊အေးလေ၊နောက်တွေ့မဲ့ သခင်အသစ်သူ့အပေါ်ကောင်းမလားမသိဘူး”။

ကိုကြက်ကလည်းဝက်ကိုသွားပြောပြန်တယ်"နွားကတော့ သခင့်အတွက်အလုပ်မလုပ်ပေးနိုင်တော့ဘူးတဲ့ဗျို့၊ တခြားသခင်ဆီသွားရှာတော့မယ်ပြောတယ်၊ပြောလဲ ပြောစရာဘဲ၊ဒီသခင်ကနွားကိုအလုပ်ကြမ်းပေးလုပ်ခိုင်း ပြီး၊ကြိမ်ပွတ်နဲ့လည်းရိုက်သေးတယ်..”။

ညနေစောင်းမှာတော့... သခင်မကြီးကနေဝက်စာသွားကြွေးတဲ့အခါ၊ ဝက်က“သခင်မကြီး၊သခင်မကြီးကိုတခုပြောပြချင် တယ်၊ကျနော်ကြည့်တာခုတလောကိုနွားကသိပ်မဟန် ဘူး၊သူ့ကိုသေချာပြောပြထားအုံး၊ကျနော်ကြားတာသူ အလုပ်မလုပ်ချင်တော့ဘူးတဲ့၊သခင်ကြီးကသူ့ကို အလုပ်ကြမ်းခိုင်းပြီးရိုက်လို့တဲ့၊မနက်ဖြန်သူတခြားသခင် ဆီသွားလုပ်တော့မယ်တဲ့”ဝက်ရဲ့သတင်းကိုကြားသိလိုက်တဲ့သခင်မက၊

ညနေစာ စားတဲ့စားပွဲဝိုင်းမှာသခင်ကြီးကိုပြန်ပြောပြလိုက် တယ်“အဘိုးကြီး၊ရှင့်နွားကပုန်ကန်ချင်နေပြီနော်၊သခင် ပြောင်းတော့မယ်တဲ့၊ပုန်ကန်တယ်ဆိုတာခွင့်မလွတ်သင့် ဘူး၊တခြားသူတွေကိုလဲနမူနာပြထားပေးမှရမယ်၊ရှင် ဘယ်လိုဒဏ်ခက်ဖို့စီစဉ်ထားလဲ? "

သခင်ကြီးကြားတော့ဒေါသအကြီးကျယ်ထွက်ပြီး၊ "ဒီလို ပုန်ကန်သူတွေကိုသေဒဏ်ကလွဲပြီးတခြားမရှိဘူး"ဆိုပြီး၊ ပြောပြောဆိုဆိုလှံကိုင်ပြီးထွက်သွားသတ်ပစ်လိုက်လေ တော့သတဲ့...။

ချစ်သောမိတ်ဆွေ စကားတခွန်းကြောင့်လူတယောက်ကိုရှင်စေနိုင်သလိုသေ စေနိုင်ပါတယ်၊နွားဟာတဆင့်စကားဖောင်းကြွမှုကြောင့် သေခဲ့ရတယ်။ဒီပုံဥပမာလေးအားဖြင့်…

၁၊တွေ့သမျှလူတိုင်းကိုသွားမငြီးငြူ ပြနေပါနဲ့။

၂၊တွေ့သမျှလူတွေပြောတိုင်းမယုံပါနဲ့၊စဉ်းစားချင့်ချိန်ပါ။

၃၊အရေးကြီးဆုံးကတဆင့်စကားကိုယ့်ဆီရောက်လာ ရင်မဖောင်းကြွပါစေနဲ့။

၄။တဆင့်စကားကိုပိုသေချာစေချင်ရင်ကိုယ်တိုင် ကာယကံရှင်ကိုမေးသင့်ပါတယ်...။

လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်း ဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင် တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကို လည်းရှုံ့တတ်၏...။

Credit

တနေ့မှာတော့ ဘီလျံနာတစ်ဦးဟာ သူ့ရဲ့ နှစ်ပေါင်းများစွာ သစ္စာရှိခဲ့တဲ့ အတွင်းရေးမှူးဟောင်းကြီး အနားယူတော့မယ့် အချိန်မှာ နှုတ...
18/10/2025

တနေ့မှာတော့ ဘီလျံနာတစ်ဦးဟာ
သူ့ရဲ့ နှစ်ပေါင်းများစွာ သစ္စာရှိခဲ့တဲ့
အတွင်းရေးမှူးဟောင်းကြီး
အနားယူတော့မယ့် အချိန်မှာ
နှုတ်ဆက်ပွဲလုပ်ရင်း

နှစ်ရှည်လများ သစ္စာရှိခဲ့တာကို
ကျေးဇူးတင်တဲ့အနေနဲ့
သူမ ပိုက်ဆံအတွက် လုံးဝ စိုးရိမ်ပူပန်
စရာ မလိုတော့အောင်
ဒေါ်လာ သန်းအနည်းငယ် ပေးဖို့
ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့
သူ့အတွင်းရေးမှူးက ငြင်းလိုက်တော့
သူ အံ့အားသင့်သွားတယ်။

အတွင်းရေးမှူးက ပြောတယ်...

သူဌေးရယ်... ဒီလိုလုပ်စရာ လိုလို့လား...
ကျွန်မမှာလည်း ဘီလီယံအနည်းငယ်
ရှိပြီးသားပါ။"...တဲ့

ဒီအခါ
ဘီလျံနာဟာ လုံးဝကို ကြောင်သွားပြီး

ဘယ်လိုလုပ်ပြီးရတာလဲ..
မင်းက တစ်လမှ ဒေါ်လာ ငါးထောင်၊
ခြောက်ထောင်လောက်ပဲ ရတာလေ။

ဒီလောက်များတဲ့ ပိုက်ဆံကို ဘယ်လိုများ
စုဆောင်းနိုင်ခဲ့တာလဲ?"...တဲ့

အတွင်းရေးမှူးက ပြုံးပြပြီးပြောပြတယ်

ဒီနှစ်တွေတလျှောက်လုံး၊
သူဌေးအစည်းအဝေးလုပ်တိုင်း
ကျွန်မ နားထောင်နေခဲ့တယ်။

မြေတွေ၊ စတော့ရှယ်ယာတွေ ဝယ်ဖို့
ဖုန်းပြောနေတဲ့အခါ ကျွန်မလည်း
တိတ်တိတ်လေးပဲ ကျမတတ်နိုင်တဲ့
အတိုင်းအတာနဲ့ လိုက်ဝယ်ခဲ့တယ်။

သူဌေးရဲ့ လှုပ်ရှားမှုတွေကို ကျွန်မ
ကူးချခဲ့တာပေါ့။

ဒါကြောင့် သူဌေး သန်းပေါင်းများစွာ
ရတဲ့အခါ
ကျွန်မလည်း သိန်းပေါင်းများစွာ ရခဲ့တယ်။

သူဌေး ဘီလီယံတွေ ရတဲ့အခါကျတော့
ကျွန်မလည်း
သန်းပေါင်းများစွာ ရခဲ့တာပေါ့။" ...တဲ့

ဘဝအတွက် သင်ခန်းစာယူဖို့က...

ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်သူတွေ
ရှိနေလဲ ဆိုတာ အရမ်း အရေးကြီးပါတယ်။

ကိုယ့်ရဲ့ စွမ်းအင်ကို
စုပ်ယူပြီးသုံးပြစ်တဲ့သူတွေ ရှိသလို...

ကိုယ့်ကို ပိုပြီး မြင့်မားတဲ့နေရာဆီ
ရောက်အောင်
တွန်းတင်ပေးမယ့်သူတွေလည်း ရှိပါတယ်

ပျားတွေဟာ
ကိုယ့်ကို အမြဲတမ်း ပန်းတွေဆီပဲ
ဦးဆောင်သွားပေးပါလိမ့်မယ်

အဆိုးမြင်စိတ် မဟုတ်ဘဲ တိုးတက်ဖို့အတွက်
လှုံ့ဆော်မှုပေးနိုင်တဲ့
သူတွေနဲ့ပဲ ကိုယ့်ပတ်ဝန်းကျင်ကို ထားပါ

ဉာဏ်ပညာရှိသူတွေနဲ့အတူ သွားတဲ့အခါ -
ကိုယ်လည်း
ပိုပြီး ဉာဏ်ပညာ ကြီးလာပါလိမ့်မယ်

ဇွဲရှိပြီး ရည်မှန်းချက်ရှိသူတွေနဲ့အတူ
သွားတဲ့အခါ - ကိုယ်လည်း ပိုပြီး မြင့်တဲ့
ပန်းတိုင်ကို
စတင်ပစ်မှတ်ထားလာပါလိမ့်မယ်

ရည်ရွယ်ချက်ကြီးကြီးထားတတ်သူတွေနဲ့
အတူ သွားတဲ့အခါ -
ကိုယ်လည်း ပိုကြီးတဲ့ ရည်မှန်းချက်တွေ
ထားဖို့ သင်ယူလာပါလိမ့်မယ်

ဒါပေမဲ့ စောဒကတက်တတ်သူတွေ၊
အိပ်မက်မရှိသူတွေ၊ ပန်းတိုင်မရှိသူတွေနဲ့သာ
ကိုယ့်အချိန်ကို ကုန်ဆုံးနေမယ်ဆိုရင်တော့
သူတို့က
ကိုယ့်ကို အောက်ကိုပဲ ဆွဲချနေပါလိမ့်မယ်

ဒါကြောင့် ကိုယ့်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းကို
ပညာရှိရှိ ရွေးချယ်ပါ။

ကိုယ့်ရဲ့ တိုးတက်မှုကို အားဖြည့်ပေးမယ့်
ပတ်ဝန်းကျင်မျိုးကို တည်ဆောက်ပါ

ပြီးတော့
ကိုယ့်ပတ်ဝန်းကျင်ကလူတွေအတွက်လည်း

အဲဒီလို
အပေါင်းလက္ခဏာဆောင်တဲ့ အားတစ်ခု
ဖြစ်ပါစေလို့ တိုက်တွန်းချင်ပါတယ်။

Credit

ပြန်ထဖို့ သတ္တိရှိရင်၊ဘယ်လဲကျမှုကမှမင်းကို မသတ်နိုင်ဘူး။ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင် သိပါ။မင်းရဲ့တိတ်ဆိတ်တဲ့အားထုတ်မှု ...
17/10/2025

ပြန်ထဖို့ သတ္တိရှိရင်၊
ဘယ်လဲကျမှုကမှ
မင်းကို မသတ်နိုင်ဘူး။
ကိုယ့်ရဲ့တန်ဖိုးကို
ကိုယ်တိုင် သိပါ။

မင်းရဲ့တိတ်ဆိတ်တဲ့အားထုတ်မှု ဟာ...

ဆူညံတဲ့ ကတိတွေထက် အမြဲတမ်း ပိုတန်ဖိုးရှိတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ ဘယ်သူ့ရဲ့ ခွင့်ပြုချက်မှ မလိုအပ်ဘူး။

လဲကျခြင်းကို မကြောက်ပါနဲ့။ ပြန်ထဖို့ သတ္တိရှိခြင်းသာ အောင်ပွဲ ဖြစ်တယ်။

စိတ်ဓာတ်မကျခြင်းသည် ရှေ့ဆက်သွားဖို့ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်တယ်။

မနေ့က အမှားတွေကို ဒီနေ့အတွက် ခရီးဆောင်အိတ် အဖြစ် မသယ်ဆောင်ပါနဲ့ ။

Credit

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အလွန်တော်တဲ့ ပန်းပုဆရာတစ်ယောက်ရှိပါသတဲ့။ သူ့ရဲ့ပန်းပုပညာဟာ ဘယ်လောက်လက်ရာမြောက်သလဲဆိုရင်အစစ်န...
17/10/2025

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အလွန်တော်တဲ့ ပန်းပုဆရာတစ်ယောက်ရှိပါသတဲ့။ သူ့ရဲ့ပန်းပုပညာဟာ ဘယ်လောက်လက်ရာမြောက်သလဲဆိုရင်အစစ်နဲ့တောင်ခွဲဖို့ခက်လှပါတယ်။

တစ်ညမှာတော့ ပန်းပုဆရာဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်တယ်။အိပ်မက်ထဲမှာ သေမင်းက နောက်၁၅ရက်အကြာမှာ သူ့ကို လာခေါ်မယ်လို့အသေအချာပြောသွားတာမို့ ပန်းပုဆရာဟာ အရမ်းတုန်လှုပ်သွားခဲ့တယ်။

ဒါနဲ့ သူနဲ့ပုံစံတူ ပန်းပုရုပ် (၉)ရုပ်ကို နေ့မနား ညမနားပြီးမြောက်အောင်ထုလုပ်ပါတော့တယ်။ သေမင်းလာခေါ်မယ့်နေ့မှာတော့ ပန်းပုဆရာဟာ သူ့ပုံစံတူပန်းပု(၉)ရုပ်တွေကြားမှာရောပြီး ဝင်နေလိုက်တယ်။

သေမင်းဟာ ပန်းပုဆရာ(၁၀)ယောက်ကို မြင်လိုက်ရတဲ့အချိန်မှာ ပန်းပုဆရာလား၊ ရုပ်ထုလား၊ ခွဲခြားမရတဲ့အတွက် အတော်အကြပ်ရိုက်သွားတယ်။

ပန်းပုဆရာကိုလဲ စိတ်ဆိုးဆိုးနဲ့ထွက်လာဖို့ ပြောပေမယ့် ပန်းပုဆရာက မလှုပ်မယှက်ဟန်ဆောင်ထားနိုင်တဲ့အတွက် အရာမရောက်ဘူး။

အတန်ကြာစဉ်းစားပြီးတော့မှ သေမင်းက စကားတစ်ခွန်းပြောလိုက်တယ်။

"ပန်းပုဆရာ၊ သင့်ရဲ့ဒီပန်းပုရုပ်တွေဟာ တကယ့်ကိုအစစ်နဲ့မခြားအသက်ဝင်လှပါတယ်။ ဒါပေမယ့် အားနည်းချက်တစ်ခုရှိနေတာကိုတော့ သင်သတိမထားမိခဲ့ဘူး"

ပန်းပုဆရာဟာ သူ့ပညာနဲ့ ကြံဆထုလုပ်မှုအပေါ် ဝေဖန်လိုက်တဲ့ အားနည်းချက်ဆိုတဲ့စကားကို မခံမရပ်နိုင်ဖြစ်သွားတယ်။

ဒါကြောင့် ရုပ်ထုတွေကြားထဲကထွက်ပြီးမေးလိုက်တယ်။

"ကျွန်တော့်အားနည်းချက်ဆိုတာ ဘယ်မှာလဲ ပြပါ"

သေမင်းက သူ့ကိုဖမ်းလိုက်တယ်။ ပြီးတော့ပြောလိုက်တယ်

"ဒီမှာပဲ"

တကယ်တော့ ရုပ်ထုတွေအားလုံးဟာ အားနည်းချက်မရှိအောင် ပြည့်စုံကောင်းမွန်လှပါတယ်။
ပန်းပုဆရာဟာ သူ့ရဲ့ပညာအပေါ်ထားတဲ့ မျက်မာန်ဒေါသကြာင့်ပဲ သေမင်းရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။

သင်ခန်းစာ

အတွေးအခေါ်တွေ၊ ပညာတွေဟာ ပြည်စုံကောင်းမွန်နေခဲ့ရင်တောင် ဒီပညာအပေါ်ထားရှိတဲ့ မာန်မာန၊
ဒေါသတွေကြောင့် ကျရှုံးသွားနိုင်ပါတယ်။

Credit

ဘဝမှာ ကျွန်တော်တို့အားလုံးဟာ အခက်အခဲတွေ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ်တစ်ယောက်တည်း ဖြစ်နေတယ်လို့ ခံစားရတတ်ပါတယ်...
16/10/2025

ဘဝမှာ ကျွန်တော်တို့အားလုံးဟာ အခက်အခဲတွေ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ်တစ်ယောက်တည်း ဖြစ်နေတယ်လို့ ခံစားရတတ်ပါတယ်။

အဲ့ဒီလိုအချိန်မျိုးမှာ ဘယ်သူမှ မကူညီရကောင်းလား၊ ဘယ်သူမှ နားမလည်ရကောင်းလားဆိုပြီး ဒေါသထွက်တတ်ကြပါတယ်။ ဒါပေမဲ့ အမှန်တရားတစ်ခုကို လက်ခံလိုက်ရပါမယ်။

ဘယ်သူကမှ ကိုယ့်ကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။ ဘယ်သူကမှလည်း ကိုယ့်ခံစားချက်တွေကို နားလည်ဖို့အတွက် လူလာဖြစ်နေကြတာ မဟုတ်ပါဘူး။ ဒီအချက်ကို သဘောပေါက်လိုက်တဲ့အခါ စိတ်ထဲက ဒေါသနဲ့ အပြစ်တင်တဲ့စိတ်တွေလည်း လျော့ပါးသွားမှာ ဖြစ်ပါတယ်။

ဘဝလမ်းကို လျှောက်လှမ်းတဲ့အခါ ကိုယ်တစ်ယောက်တည်း အထီးကျန်နေတယ်လို့ ခံစားရတာလည်း ဖြစ်တတ်ပါတယ်။ တကယ်တော့ ကိုယ်လျှောက်နေတဲ့လမ်းမှာ မိသားစုကောင်း ဒါမှမဟုတ် မိတ်ဆွေရင်းလိုမျိုး အဖော်ကောင်းတွေ ပါလာချင်လည်း ပါလာမယ်၊ မပါချင်လည်း မပါဘူး။ လမ်းခုလတ်ကနေ လှည့်ထွက်သွားတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုက ကိုယ်သွားချင်တဲ့လမ်းကို ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲဆိုတာပါပဲ။ ဒီအမှန်တရားကို လက်ခံနိုင်လိုက်ရင် တစ်ယောက်တည်း ရပ်တည်ရဲတဲ့ သတ္တိတွေလည်း ရလာပါလိမ့်မယ်။

တစ်စုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပေးတာ ဒါမှမဟုတ် ချစ်ပေးတာမျိုး ရှိလာရင် လက်ခံလိုက်ပါ။ ဒါပေမဲ့ အဲ့ဒီလိုလူမျိုး မရှိဘူးဆိုရင်လည်း စိတ်မပျက်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ်တိုင် ချစ်တတ်အောင် သင်ယူလိုက်ပါ။

သူတစ်ပါးရဲ့ စိတ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ ကိုယ်တောင်းဆိုလို့ ရတာမဟုတ်ပါဘူး။ တစ်ဖက်လူက ပေးတဲ့ နေရာလေးမှာပဲ ကိုယ်နေထိုင်ရတာပါ။ ဒါတွေအားလုံးဟာ ဘဝမှာ ပုံမှန်ဖြစ်လေ့ရှိတဲ့ ဖြစ်စဉ်တွေပါ။

ထွေထွေထူးထူး ကြေကွဲမနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ်မှ စိတ်ချမ်းသာအောင် မထားနိုင်ရင် ဘယ်သူကမှ ကိုယ့်ကို စိတ်ချမ်းသာအောင် ထားပေးနိုင်မှာမဟုတ်ပါဘူး။

လေးစားစွာဖြင့်Credit

ที่อยู่

Mae Sot

เบอร์โทรศัพท์

+66947085851

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ စာပေမြို့တော်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง စာပေမြို့တော်:

แชร์

ประเภท

အလိမ္မာစာမှာရှိ

Like & Seefirst