08/05/2026
📢 အဝေးရောက်ဧရာဝတီအသင်း (OIA) ၏ Safe House များတွင် နေထိုင်ရန် လျှောက်လွှာခေါ်ယူခြင်း
━━━━━━━━━━━━━━━━━━
OIA - မေလ (၈)ရက်၊ ၂၀၂၆ ခုနှစ်
📌 Safe House လျှောက်လွှာ မဖြည့်စွက်မီ အောက်ပါအချက်များကို သေချာဖတ်ရှုပါရန် မေတ္တာရပ်ခံအပ်ပါသည်။
• အောက်ဖော်ပြပါ လျှောက်လွှာဖောင်သည် OIA ၏ Safe House များတွင် နေထိုင်ရန်အတွက် ခေါ်ယူခြင်း ဖြစ်ပါသည်။
• ဤလျှောက်လွှာကို (၂၀၂၁) ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသူများ ဝင်ရောက်လျှောက်ထားနိုင်ပါသည်။
🏠 OIA Safe House တွင် ယခင်က နေထိုင်ဖူးသူများအနေဖြင့် ထပ်မံလျှောက်ထားရန် မလိုအပ်ပါ။
• အခြားအဖွဲ့အစည်းများ၏ Safe House တွင် နေထိုင်ဖူးသူများကို ဒုတိယဦးစားပေးအနေဖြင့်သာ စဉ်းစားသွားမည် ဖြစ်ပါသည်။
✍️ လျှောက်ထားသူများအနေဖြင့် မိသားစုတစ်စုလျှင် လျှောက်လွှာတစ်စောင်သာ တင်သွင်းရန် လိုအပ်ပါသည်။
(မိသားစုဝင်မဟုတ်သော သူငယ်ချင်း၊ မိတ်ဆွေများ ဖြစ်ပါက တစ်ဦးလျှင် တစ်စောင်စီ လျှောက်ထားရမည် ဖြစ်ပါသည်)
🙎♂️ ထောက်ခံပေးမည့် လူပုဂ္ဂိုလ်၏ အမည်နှင့် ဖုန်းနံပါတ်နေရာတွင် —
• မိသားစုဝင်အချင်းချင်း၏ အချက်အလက်များ
(သို့မဟုတ်)
• OIA ရုံးဝန်ထမ်းများ၏ အမည်နှင့် ဖုန်းနံပါတ်များ
ဖြည့်သွင်းထားသူများကို ထည့်သွင်းစဉ်းစားပေးမည် မဟုတ်ပါ။
📞 မိမိဖြည့်စွက်ထားသော ဖုန်းနံပါတ်သည် အမှန်တကယ် ဆက်သွယ်၍ရသော ဖုန်းနံပါတ် ဖြစ်ရမည်။
အကယ်၍ ဆက်သွယ်၍ မရပါက ဤအစီအစဉ်တွင် ထည့်သွင်းစဉ်းစားပေးမည် မဟုတ်ပါ။
☎️ Safe House နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက —
OIA ရုံးဖုန်းနံပါတ် - 094 874 6897
https://forms.office.com/Pages/ResponsePage.aspx?id=8KVuLYE3g0SOeoLwEqwmWB8dAfM68W9Kg3-xKtm7LP5UMUYyMENQU05CNzAyRVBLV0paRVJBUU40UCQlQCN0PWcu&fbclid=IwdGRjcARqcOJleHRuA2FlbQIxMQBzcnRjBmFwcF9pZAo2NjI4NTY4Mzc5AAEeirsNb6NrFcHxBzIz2xAQFWG1ZKed6m2-137dwyZ7mvhkKkVs-GyGNTiMhwU_aem_sEBPkemiTQJpWC5w7MeZeQ