Young Empower support to young and empowerment

Book of the week ဒီအစီအစဉ်လေးကို စိတ်ကူးထားတာကြာပါပြီ။ အနောတို့ရဲ့ library လေးမှာ စာအုပ်တွေလည်း အတိုင်းအတာတစ်ခုအထိ စုံလင...
31/01/2023

Book of the week

ဒီအစီအစဉ်လေးကို စိတ်ကူးထားတာကြာပါပြီ။
အနောတို့ရဲ့ library လေးမှာ စာအုပ်တွေလည်း အတိုင်းအတာတစ်ခုအထိ စုံလင်သလောက်ဖြစ်နေပါပြီ။ support ပေးကြတဲ့ အနောရဲ့ မိတ်ဆွေတွေ၊ team က လူငယ်တွေ၊ organisation တွေကိုလည်း အများကြီး ကျေးဇူးတင်ရပါတယ်။

ဆိုတော့..အနောတို့စာကြည့်တိုက်လေးမှာ စာအုပ်လာဖတ်ကြ၊ ငှါးကြတဲ့ သူရဲကောင်းတွေရဲ့ စာအုပ်အပေါ်မှာ ထားရှိတဲ့ အတွေးအမြင်တွေ၊ ခံစားမှုတွေ၊ အကြောင်းအရာတွေကို ရှားရှားပါးပါးမြင်တွေ့ရမယ့် အစီအစဉ်လေးပါ။ ဒီအစီအစဉ်လေးဟာ အပတ်စဉ်တိုင်းရှိချင်မှ ရှိမှာပါ။ ဒါပေမယ့်လည်း သူရဲကောင်းတွေရဲ့ အချိန်တစ်ခုအပေါ်မူတည်ပြီး စီစဉ်ပေးဖို့တော့ ကြိုးစားထားပါတယ်။

တကယ်တော့ ဒီထပ်ပိုပြီး public ကို တင်ပြချင်ခဲ့တာပါ။ အခြေအနေအရပ်ရပ်ကြောင့် လိုအပ်သလောက်ပဲ တင်ပြပြီး အားလုံးနဲ့အချိတ်အဆက်မိမိနဲ့ အဆက်အသွယ်မပြတ်ရှိစေဖို့ ရည်ရွယ်ပါတယ်လို့။


12/01/2023

အဆင့်တွေကတော့ တက်လာပါပြီ

သူရဲကောင်းတွေဟာ အရှုံးမပေးပါဘူး

ရတဲ့အချိန်ကို အလကားအဖြစ်မခံပဲ capacity ဖြည့်တင်းနေပါတယ်။ 🥰🥰🥰

Library Day Again 📚အနောတို့ ဒီတစ်ပတ်အတွက် Support လုပ်ထားတဲ့ Team မှ ကျန်ရှိစာအုပ်များ ထပ်မံရရှိခဲ့ပါတယ်။ သူရဲကောင်းတွေအ...
06/01/2023

Library Day Again 📚

အနောတို့ ဒီတစ်ပတ်အတွက် Support လုပ်ထားတဲ့ Team မှ ကျန်ရှိစာအုပ်များ ထပ်မံရရှိခဲ့ပါတယ်။

သူရဲကောင်းတွေအတွက် စာအုပ်များစွာလည်း အသီးသီးလက်ခံရရှိခဲ့ပြီး အချို့ စာအုပ်ပို့ထားသူများဆီကလည်း လမ်းကြောင်းကောင်းတာနဲ့ ဆက်လက် ရယူဖို့ ဆောင်ရွက်ပါမယ်။

အနောတို့ အဓိက ဆက်လက်လုပ်ဆောင်သွားမှာကတော့ သူရဲကောင်းတွေအတွက် E-Library နဲ့ Learning Session ဖြစ်တဲ့ ထိုင်းဘာသာစကားသင်ယူမှု၊ ကွန်ပြူတာ အခြေခံ၊ Email & Internet၊ Social Media Knowledge စတဲ့ အစီအစဉ်တွေကို နောက်ထပ် ၂လ ထပ်မံတိုးပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် အနောတို့ကို Support လုပ်မယ့် Team များ၊ အဖွဲ့အစည်းများအားလုံးလည်း ဖော်ပြပါအစီအစဉ်များမှာ ဆင်လက် support နိုင်ပါတယ်လို့။




05/01/2023

ညနေအတွက် Ready ပဲလား ဘော်ဒါတို့!!!

အိမ်စာတွေရော ပြီးပြီလား 😁




အားထည့်ရင်း သင်ယူရင်း အခုအဆင့်ထိ ရောက်လာကြပြီ 🥰 ပိုလည်း ခက်လာတော့ လျှာတွေလည်း ခလုတ်တိုက်ကြပါရဲ့။ ရောက်ရာနေရာမှ မလျော့တဲ့...
03/01/2023

အားထည့်ရင်း သင်ယူရင်း အခုအဆင့်ထိ ရောက်လာကြပြီ 🥰 ပိုလည်း ခက်လာတော့ လျှာတွေလည်း ခလုတ်တိုက်ကြပါရဲ့။

ရောက်ရာနေရာမှ မလျော့တဲ့ ဇွဲနဲ့ ပစ်တိုင်းထောင်တွေလို အမြဲရပ်တည်နေဖို့ ကြိုးစားရုန်းကန်နေကြတဲ့ သူရဲကောင်းတွေပါ။

13/12/2022

သေနတ်ကိုလက်တစ်ဖက်က ကိုင်ထားရင်
နောက်လက်တစ်ဖက်က စာအုပ်ကိုကိုင်ဗျ
ခင်ဗျားတို့ သေနတ်ကြီးကိုင်ပြီး စာမဖတ်ရင် အကုန် ဓားပြတွေဖြစ်ကုန်လိမ့်မယ်
အေးစာချည်း ဖတ်နေရင်လဲ အကုန်လူပျော့တွေဖြစ်ကုန်လိမ့်မယ်

#ပဒိုစောသမိန်ထွန်း

ပထမလ ၃ပတ်မြောက် အခြေအနေဒီနေ့ဆို အနောတို့ရဲ့ သူရဲကောင်းတွေ ဘာသာစကားသင်ယူခဲ့ကြတာ ပထမလ ၃ပတ်မြောက်တဲ့နေ့ဖြစ်ပါတယ်။ သင်ယူလေ့လ...
10/12/2022

ပထမလ ၃ပတ်မြောက် အခြေအနေ

ဒီနေ့ဆို အနောတို့ရဲ့ သူရဲကောင်းတွေ ဘာသာစကားသင်ယူခဲ့ကြတာ ပထမလ ၃ပတ်မြောက်တဲ့နေ့ဖြစ်ပါတယ်။

သင်ယူလေ့လာခြင်းအစမှာ အခက်အခဲများစွာရှိလိမ့်မယ်လို့ အနောတို့ ထင်ထားပေမယ့်လည်း တကယ့်တကယ်မှာတော့ သူရဲကောင်းတွေရဲ့ ကြိုးစားအားထုတ်မှုကတော့ အတိုင်းထက်အလွန်ပါပဲ။

ညဘက်အိပ်ချိန်မှ စာခိုးကျက်တဲ့သူ.. တိုးတိုးတိတ်တိတ် ကျိတ်ပြီး အိမ်စာတွေ လုပ်တဲ့သူ.. စာမရဘူး စာမရဘူးဆိုပြီး ဆရာမ စာသင်တဲ့အခါကျ ထိပ်ဆုံးက အော်တဲ့သူ.. စာသင်ပြီးရင်တောင် ချစ်သူနဲ့ video call ပြောရင်း စာပြန်နွှေးတဲ့သူ.. အမျိုးမျိုးပါပဲ။ ပျော်လည်း ပျော်စရာကောင်းတယ်။ ဆရာမကလည်း စာသင်တိုင်း သူရဲကောင်းတွေနဲ့ ဂိမ်းလေးတွေကစားပေးတော့ မသိရင် ကလေးလေးတွေကို စာသင်သလိုမျိုး ခံစားမှုမျိုး ရပါတယ်။

ဘာပဲဖြစ်ဖြစ်..
ကျန်းမာရေးအရ သူရဲကောင်းတွေ ခဏတာ အနားယူနေရချိန်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ပြီး လိုအပ်တဲ့ ဖြည့်ဆည်းမှုတွေ၊ ပံ့ပိုးမှုတွေကို ပိုပြီး ပြုလုပ်နိုင်စေဖို့အတွက် အနောတို့ရဲ့ Page လေးဖြစ်တဲ့ Young Empower ကို ဆက်သွယ်နိုင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်း ထပ်လောင်းပြောကြားလိုပါတယ်။ 🌱



Thank you Hebron!!!ဒီနေ့မှာတော့ အနောတို့ စာကြည့်တိုက်လေးအတွက် Hebron Youth Directions မှ ခရစ်ယာန်ဘာသာယုံကြည်သူ သူရဲကောင်...
03/12/2022

Thank you Hebron!!!

ဒီနေ့မှာတော့ အနောတို့ စာကြည့်တိုက်လေးအတွက် Hebron Youth Directions မှ ခရစ်ယာန်ဘာသာယုံကြည်သူ သူရဲကောင်းများအတွက် ခရစ်ယာန်ဘာသာတရားရဲ့အဆုံးအမတွေ၊ လမ်းစဉ်တွေ၊ ဝတ္ထုတွေကို လေ့လာဖတ်ရှုနိုင်ဖို့ ခရစ်ယာန်စာပေစာအုပ်ပေါင်း အုပ်(၁၀၀) support ပေးထားပါတယ်။ အခုလို တဖက်တလမ်းကနေ ပါဝင် support ပေးတဲ့ Hebron ကိုလည်း ကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။

အနောတို့အနေနဲ့ တကယ့်လက်တွေ့ဘဝကိုလည်း ဘာသာတရားရဲ့လမ်းပြမှုနဲ့အတူ ကျော်ဖြတ်ဖို့ (Mental Support ဖြစ်ဖို့)လည်း လိုအပ်တယ်မဟုတ်လား။

သူရဲကောင်းတို့ရဲ့ စာကြည့်တိုက်အတွက် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးအစုံအလင် ဖတ်ရှုထားရှိဖို့ရည်ရွယ်ထားတာမို့ မိမိတို့မှာ ရှိပြီးသားစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ၊ သင်ကြားဖို့လိုအပ်ချက်များကိုလည်း တတ်နိုင်တဲ့ဘက်ကနေ Support ပေးနိုင်ပါတယ်။

ပြီးတော့ အနောတို့ အခု Thai Language Class လေးလည်း စတင်ထားပြီမို့ ရှေ့ဆက်ပြီး သင်တန်းလေးနဲ့ ပက်သက်ပြီး အောင်မြင်ပြီးမြောက်တဲ့ အခြေအနေလေးတွေကိုလည်း ဆက်လက်ကြည့်ရှု့ပေးကြပါဦးလို့ ထပ်လောင်းပြောလိုပါတယ်။



Sawadee to Happy !!!ဒီနေ့တော့ ပီတိဖြစ်စရာလေးတစ်ခုကို ကျွန်တော် Sharing လုပ်ပါမယ်။22 Nov, 2022. (အင်္ဂါနေ့)ဒီနေ့လေးမှာ ကျ...
27/11/2022

Sawadee to Happy !!!

ဒီနေ့တော့ ပီတိဖြစ်စရာလေးတစ်ခုကို ကျွန်တော် Sharing လုပ်ပါမယ်။

22 Nov, 2022. (အင်္ဂါနေ့)
ဒီနေ့လေးမှာ ကျွန်တော်တို့ချစ်တဲ့ သူရဲကောင်း ညီအစ်ကိုမောင်နှမတွေအတွက် ထိုင်းဘာသာစကား သင်တန်းလေး စတင်ဖြစ်တဲ့အကြောင်းပေါ့။

ပထမတော့ စိုးရိမ်စိတ်လေး ၀င်မိသေးတယ်။
ကျွန်တော်တို့ Library Team ကနေ စဥ်းစားတွေးတော စီစဥ်မိခဲ့တာမို့ ကိုယ့်ရဲဘော်ညီအစ်ကိုတွေ စာလိုက်နိုင်ပါ့မလား.. အချိန်ကြာကြာထိုင်နိုင်ပါ့မလား.. သင်ယူတဲ့အခါမှာရော စိတ်တိုင်းကျပါ့မလား.. အဆင်ပြေပါ့မလား စသဖြင့် စိတ်ပူပမ်မိတယ်။
တကယ်လည်း သင်တန်းလေးလည်း စ သင်ရော.. တကယ့်ကို ချစ်စရာကောင်းခဲ့တယ်။
ဆရာနဲ့ဆရာမကလည်း ကျွန်တော်တို့သူရဲကောင်းတွေ အချင်းချင်းပိုပြီး ရင်းနှီးအောင် ပျော်ရွှင်အောင် ပျော်စရာဂိမ်းကလေးတွေနဲ့ စတင်ခဲ့တယ်။
အားလုံးဟာ တစ်သွေးတည်း၊ တစ်သားတည်း သင်ယူလိုစိတ်၊ တတ်မြောက်လိုစိတ် ၁၀၀ရာခိုင်နှုန်း အပြည့်ရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့ တွေ့မြင်ခဲ့ရတယ်။


ကျွန်တော်တို့ သူရဲကောင်းတွေ ခဏတာနေထိုင်ရတဲ့ နေရာဒေသမှာ ဘာသာစကားရဲ့ အရေးပါပုံကလည်း အဓိက ကျပါတယ်။
တကယ်အရေးကြုံလာတဲ့အခါ ဘာသာစကားတတ်မြောက်ထားတဲ့သူက နယ်ပယ်အတော်များများမှာ အထောက်အကူအများကြီးပေးနိုင်တာကြောင့် အစီအစဥ်လေးကို တွန်းတွန်းတိုက်တိုက်နဲ့ အမြန်စီစဥ်ရတာဖြစ်ပါတယ်။
ဒီသင်တန်းလေးဟာ (ထိုင်း) ဘာသာစကားတစ်ခုပဲ သင်တာမျိုးမဟုတ်ဘဲ ဒီနိုင်ငံရဲ့ ယဥ်ကျေးမှု၊ ဒီနိုင်ငံရဲ့ နေထိုင်မှုပုံစံ၊ ဒီနိုင်ငံရဲ့ ဖြစ်တည်မှုတွေကိုပါ ဆရာ/ဆရာမတို့က တဆက်တည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။
ဘာသာစကားတစ်ခုဟာ အစမှ အစစအရာရာ ခက်ခဲပါတယ်။
ထို့တူပဲ ဘာသာစကားကစတင်လို့ လူမျိုးတစ်ခုရဲ့ ယဥ်ကျေးမှုဟာလည်း အရေးကြီးပါတယ်။
ယဥ်ကျေးမှုအဆင့်အတန်းမြင့်မားလာတာနဲ့အမျှ.. နိုင်ငံတစ်နိင်ငံရဲ့ ဖွံ့ဖြိုးမှု၊ တိုးတက်မှု နဲ့အတူ ပြည်သူတွေရဲ့ နိုင်ငံအပေါ် လေးစားမှု၊ လိုက်နာမှု၊ နားလည်မှု စံနှုန်းတွေဟာ ဒီမိုကရေစီ ဖြစ်တည်မှုအတွက် အခြေခံအကျဆုံးအချက်ဖြစ်လာပါတယ်။

ဆိုတော့.. ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံရဲ့ဒီမိုကရေစီအရသာကို ခံစားဖို့အတွက် အခြားနိုင်ငံတစ်ခုရဲ့ ဘာသာ၊ စာ၊ ယဥ်ကျေးမှုတွေကို လေ့လာခြင်းနဲ့အစပြုလို့ ကိုယ့်နိုင်ငံအတွက်လည်း ဘယ်လို အခြေခံအုတ်မြစ်နဲ့ ပြန်လည်စတင်ရမလဲဆိုတဲ့ အတွေးအခေါ်ကိုပါ မြင်ရလာစေတာမို့ ဒီသင်တန်းလေးဟာ တကယ်ကို အကျိုးရှိစေမှာပါ။



အခုလို ဘာသာစကားသင်တန်းလေးဖြစ်မြောက်ဖို့ တဖက်တလမ်းကနေ ပံ့ပိုးကူညီပေးတဲ့ အလင်းရောင်လူငယ်များ - Light Of Youth Myanmar … ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
သင်တန်းကို မေတ္တာ၊ စေတနာအရင်းခံပြီး လာရောက်သင်ကြားပေးတဲ့ ဆရာနဲ့ဆရာမကိုလည်း ကျေးဇူးတင်ပါတယ်။
အခုလို ဖြစ်မြောက်အောင် တွန်းအားပေးတဲ့ အစ်မ Anaw Nay Chi Nay Chilinကိုလည်း ကျေးဇူးတင်ပါတယ်။
အထူး ကျေးဇူးတင်မိတာကတော့ ကျွန်တော်တို့ရဲ့သူရဲကောင်းရဲဘော် ညီအစ်ကိုမောင်နှမတွေကိုပါ။
အားလုံးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ လိုလိုလားလား လက်ခံသင်ယူပေးတဲ့အတွက် တကယ့်ကို ပီတိဖြစ်ရပြီး မျက်ရည်တောင်ဝဲရပါတယ်လို့။

ထို့အတူပဲ.. ရှေ့ဆက်ပြီး ကျွန်တော်တို့ Library ကနေ လုပ်ဆောင်သွားမယ့်အရာရာတိုင်းအတွက်လည်း ပံ့ပိုးကူညီဖို့ ဆက်သွယ်လာတဲ့ အစ်ကို၊အစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့။

အခုလို ပျော်ရွှင်စရာ၊ ပီတိဖြစ်စရာလေးကို ဝေငှခွင့်ရတဲ့အတွက်လည်း ကျေးဇူးပါ။ 🌿



*E-Learning/ E-Library အတွက် အစပျိုးလျက်ရှိပြီ*ကျန်းမာရေးအရ အနားယူနေရသော ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေအတွက် အသိပညာ၊ အထွ...
24/11/2022

*E-Learning/ E-Library အတွက် အစပျိုးလျက်ရှိပြီ*

ကျန်းမာရေးအရ အနားယူနေရသော ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေအတွက် အသိပညာ၊ အထွေထွေဗဟုသုတနဲ့ self motivation ရနိုင်အောင် တစ်ဖက်တလမ်းကနေ ကူညီထောက်ပံ့ဖို့ E-Library ခေါ် E-Learning Project လေး စတင်လျက်ရှိပါပြီ။

E-Learning မှာ e-library, online class တွေအပြင် computer အခြေခံ၊ ရုံးသုံး/လုပ်ငန်းသုံး၊ လက်တွေ့အသုံးချ design ပညာ၊ ပြီးတော့ Social Media နဲ့ပက်သက်ပြီး rules & regulations တွေ၊ Ethics တွေ၊ Digital Media Segment တွေကိုပါ တဆင့်ချင်းထည့်သွင်း သင်ကြားသွားမှာပါ။

လက်ရှိမှာ သင်ထောက်ကူအတွက် အလင်းရောင်လူငယ်များ - Light Of Youth Myanmar communityမှ Laptop အသစ် (၁)လုံး၊ သင်ထောက်ကူအတွက်အသုံးပြုဖို့ Used Laptop (၁)လုံး support ထားပါတယ်။

***အကယ်၍ သင်ကြားရေးအတွက် support လိုပါက (သို့မဟုတ်) သင်တို့မှာ အသုံးမလိုတော့တဲ့ laptop (used) လေးများရှိရင်လည်း message box က တဆင့် ဆက်သွယ်နိုင်ပါတယ်။

E-learning နဲ့ သင်ကြားရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ဆက်ဖော်ပြပေးသွားပါမယ်။

🌿



“ကိုယ်ဖတ်ပြီးသားစာအုပ်တစ်အုပ်ဟာ အခြားသူတစ်ဦးအတွက်တော့ စာအုပ်အသစ်တစ်အုပ်ပါပဲ။”…ပထမဆုံး adminKP ရဲ့ ချစ်သူငယ်ချင်းတစ်ဦးဆီမ...
10/11/2022

“ကိုယ်ဖတ်ပြီးသားစာအုပ်တစ်အုပ်ဟာ အခြားသူတစ်ဦးအတွက်တော့ စာအုပ်အသစ်တစ်အုပ်ပါပဲ။”



ပထမဆုံး adminKP ရဲ့ ချစ်သူငယ်ချင်းတစ်ဦးဆီမှ ဘာသာပြန်နဲ့ ဘဝတိုးတတ်ရေး၊ အတွေးအခေါ်စာအုပ်များ လက်ခံရရှိပါတယ်။

သူပေးချင်တဲ့ သူရဲကောင်းလေးတွေအတွက်ရော.. ဒီမှာရှိတဲ့ သူရဲကောင်းတွေအတွက်ရော.. စာအုပ်ထည့်ပေးလိုက်တာတယ်။

နောက်ထပ် စာအုပ်တွေ Share ပေးချင်တဲ့ မိတ်ဆွေတွေလည်းပဲ ကျနော်တို့ Page က တဆင့် ဆက်သွယ်ပြီး ပေးပို့နိုင်ပါတယ်။

Digital Library စနစ်ကိုလည်း စတင်အကောင်အထည်ဖော်နေတာမို့ လိုအပ်နေတဲ့ အချို့အရာလေးတွေကို တက်နိုင်သမျှ ပံ့ပိုးကူညီပေးနိုင်ပါတယ်လို့။

Digital Library & Learning Class
- Projector (အသုံးပြုပြီးသား ဆိုလည်းရပါတယ်)
- Computer/Laptop (အသစ်ဖြစ်စရာမလိုပါ)
- Printer/Copier (အသုံးမလိုရင် ပေးပါ)
- Learning Project အတွက် သင်ထောက်ကူနဲ့ သင်ကြားရေးဆရာ/ဆရာမ ငှါးရမ်းနိုင်ရေးအတွက်လည်း support ပေးနိုင်ပါတယ်။

ကျေးဇူးတင်စွာဖြင့်



📚🫰🏻

Nov. 1နိုဝင်ဘာ (၁)ရက်နေ့မှာ ကျနော်တို့ရဲ့ mobile library လေး စတင်ဖွင့်လှစ်ပါတယ်။ အခမ်းအနားနဲ့  ဖဲကြိုးဖြတ် ဖွင့်လှစ်တာမျ...
05/11/2022

Nov. 1

နိုဝင်ဘာ (၁)ရက်နေ့မှာ ကျနော်တို့ရဲ့ mobile library လေး စတင်ဖွင့်လှစ်ပါတယ်။ အခမ်းအနားနဲ့ ဖဲကြိုးဖြတ် ဖွင့်လှစ်တာမျိုး မဟုတ်ပေမယ့် စာကြည့်တိုက်ဖွင့်ချိန်လေးမှာတော့ လူစည်စည်ကားကားနဲ့ ပျော်ပျော်ရွှင်ရွှင်လေး ဖြစ်ခဲ့ပါတယ်။

ဖွင့်ပွဲအနေနဲ့ စာအုပ်ငှါးရင် ကော်ဖီချိုချဉ်လေးတစ်လုံး လက်ဆောင်ပေးပါတယ်။ 🥰

စာကြည့်တိုက်ကို စာကြည့်တိုက်ပုံစံနဲ့အညီ ဖြစ်စေဖို့ စာအုပ်မျိုးစုံထားရှိဖို့လည်း ကျနော်တို့ ကြိုးစားဆက်သွယ်ချိတ်ဆက်နေပါတယ်။

လက်ရှိမှာ US base ဖြစ်တဲ့ အလင်းရောင်လူငယ်များ - Light Of Youth Myanmar communityနဲ့ ချိတ်ဆက်ဆောင်ရွက် အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။

ဆက်လက်ပြီးတော့.. ကျနော်တို့ community မှာရှိနေတဲ့ သူရဲကောင်းတွေ၊ ဒဏ်ရာရလူငယ်တွေ၊ ထူးခြားသန်စွမ်း(မသန်စွမ်း)လူငယ်တွေအားလုံးအတွက် Language Class လေးတစ်ခု ပြင်ဆင်နေပါတယ်။

အဓိကအားဖြင့် လက်ရှိနေထိုင်နေရတဲ့ နိုင်ငံရဲ့ ထိုင်းဘာသာစကားကို စတင်သင်ကြားပေးပါမယ်။ (အခုတော့ ထိုင်းဘာသာ သင်ကြားပေးမယ့်ဆရာ/ဆရာမကို ရှာဖွေနေဆဲဖြစ်ပါတယ်)

အဲဒီနောက်မှာတော့.. English 4 Skills သင်ကြားပေးဖို့၊ အစားအစာနဲ့ပက်သက်တဲ့ သင်တန်းလေးတိုလေးတွေ၊ လူငယ့်အသံ-လူငယ့်အားမာန် စကားဝိုင်းလေးတွေနဲ့ တက်တက်ကြွကြွ စုံစုံလင်လင်လေး စီစဉ်သွားဖို့ Plan နေပါပြီလို့။

ဒီနေ့မှာတော့ ကျနော်တို့စာကြည့်တိုက်​လေးရဲ့ ပထမဆုံး ချစ်စရာပုံလေးတွေကို ကြည့်ရှုပေးရင်း အတူတူ လက်တွဲ ကူညီပံ့ပိုးကြစို့နော်။

Team kp.

ที่อยู่

In Mae Sot
Mae Sot
63110

เบอร์โทรศัพท์

+66618541154

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Young Empowerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง Young Empower:

แชร์

ประเภท