Federation of the Establishing Federal Democratic Union

Federation of the Establishing Federal Democratic Union ပြည်မဒေသအင်အားစုများအားတစ်စုတစည်း?

ဗဟိုအလုပ်အမှုဆောင်ကော်မတီပြန်လည်ဖွဲ့စည်း ‌တာ၀န်‌ပေးအပ်ခြင်း=======================တော်လှန်ရေးအတွက်အသက်ပေးလှူသွားသူ နှင့်...
15/06/2022

ဗဟိုအလုပ်အမှုဆောင်ကော်မတီပြန်လည်ဖွဲ့စည်း ‌တာ၀န်‌ပေးအပ်ခြင်း
=======================

တော်လှန်ရေးအတွက်အသက်ပေးလှူသွားသူ နှင့် ကျန်းမာရေးအရ အနားပေးလိုက်ရသော ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င်များရှိပါသဖြင့် အောက်ပါအတိုင်းပြန်လည်ဖွဲ့စည်းလိုက်သည်။

ပူးတွဲလက်ခံ -

Department of Information - DRPA နှင့်တပ်ခွဲများ

ဗဟိုအလုပ်အမှုဆောင်ကော်မတီပြန်လည်ဖွဲ့စည်း ‌တာ၀န်‌ပေးအပ်ခြင်း=======================
28/02/2022

ဗဟိုအလုပ်အမှုဆောင်ကော်မတီပြန်လည်ဖွဲ့စည်း ‌တာ၀န်‌ပေးအပ်ခြင်း
=======================

ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ခြင်းဒီဇင်ဘာ၊ ၄ဗကသများအဖွဲ့ ဗဟိုကော်မတီဝင်၊ တိုင်းရင်းသားရေးရာတာဝန်ခံ (၂၀၁၆) ရွေးကောက်ခံတ...
04/12/2021

ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ခြင်း

ဒီဇင်ဘာ၊ ၄

ဗကသများအဖွဲ့ ဗဟိုကော်မတီဝင်၊ တိုင်းရင်းသားရေးရာတာဝန်ခံ (၂၀၁၆) ရွေးကောက်ခံတစ်ဦးလည်းဖြစ်၍ ပြည်သူ့လွတ်မြောက်ရေး
တပ်မတော်(PLA)၏ စစ်ကိုင်းစစ်ဒေသကော်မတီဝင်နှင့် ဒေသနိုင်ငံ
ရေးမှူးလည်းဖြစ်သော ရဲဘော် နှင်းအောင် (ခ) အောင်ဘညိုသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့၊ နံနက် (၁၀)နာရီခန့်တွင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ လက်ပါးစေ ဖက်ဆစ်စစ်တပ်နှင့် ပျူစောထီးတို့၏လက်ချက်ဖြင့် ကျဆုံးခဲ့ရကြောင်းကြားသိ
ရသည့်အတွက် ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်
ထောင်ရေးအဖွဲ့ချုပ်(FEFDU)မှ အထူးပင်ကြေကွဲဝမ်းနည်းရပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။


တပ်မဟာ (၁)နယ်မြေရှိ Guerrilla Camp မှ ပြောက်ကျားစစ်သည်တော်များ၏ လေ့ကျင့်မှုမှတ်တမ်းအား ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်...
03/12/2021

တပ်မဟာ (၁)နယ်မြေရှိ Guerrilla Camp မှ ပြောက်ကျားစစ်သည်တော်များ၏ လေ့ကျင့်မှုမှတ်တမ်းအား ဖက်ဒရယ်ဒီမိုကရက်တစ်
ပြည်ထောင်စုတည်ထောင်ရေးအဖွဲ့ချုပ်(FEFDU)၏ စစ်ရေးကြီး ကြပ်မှုလုပ်ငန်းကော်မတီ(ဗဟို)က အတည်ပြုထုတ်ပြန်

ဘဏ္ဍာရှာဖွေရေးမိတ်ဖက်အဖွဲ့အစည်း၏ နိုဝင်ဘာလဝက် ဘဏ္ဍာရရှိသုံးစွဲစာရှင်းတမ်းထုတ်ပြန်
30/11/2021

ဘဏ္ဍာရှာဖွေရေးမိတ်ဖက်အဖွဲ့အစည်း၏ နိုဝင်ဘာလဝက် ဘဏ္ဍာရရှိသုံးစွဲစာရှင်းတမ်းထုတ်ပြန်

24/11/2021

တိုင်းရင်းသားလက်နက်ကိုင်တွေ သူတို့တည်ဆောက်ထားတာက
၁ ကိုယ်ပိုင် နယ်မြေ
၂ ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ်
၃ ကိုယ်ပိုင် ကာကွယ်ရေး စစ်တပ်
၄ ကိုယ်ပိုင် ဒေသန္တရ ကာကွယ်ရေး ရဲ
၅ ကိုယ်ပိုင် တရားစီရင်ရေးစနစ်
၆ ကိုယ်ပိုင် အကျဥ်းထောင်နှင့်အချုပ်
၇ ကိုယ်ပိုင် ကျန်းမာရေးစနစ်
၈ ကိုယ်ပိုင် ပညာရေးစနစ်
အစရှိသဖြင့် သေချာ စနစ်တကျနဲ့ နှစ်ရှည်လများ လူထုနဲ့တသားတည်းနေပြီး တိုက်ခိုက် တည်ဆောတ်နေကြတာကိုတွေ့ရတယ်။

ဘာ့ကြောင့်အဲ့လိုဖြစ်အောင် တည်ဆောက်နေကြသလည်း ဆိုတာကို အရှိတိုင်းမြင်ဖို့လိုတယ်။ ဒါဟာအရေးကြီးတယ်။

ဟုတ်ပြီ ဖက်ဆစ်စစ်တပ်ကတော့ သူဟာ တစ်နိုင်ငံလုံးအတွက် ဆိုပြီး အကုန်မောင်ပိုင်စီးတယ် လက်ဝါးကြီးအုပ်ထားတယ်။

ဒါ့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ စစ်ပွဲတွေနဲ့ သေကြ အိုးမဲ့အိမ်မဲ့ဖြစ်ကြ တိုင်းပြည်လည်း ခုထိ သူတောင်းစား အဆင့်ကမတက်နိုင်တာပါပဲ။

၂၀၀၈ ခွေးတိုးပေါက် ဖွဲ့စည်းပုံနဲ့ ဖတ်ဆစ်စစ်တပ်က ဒီမိုကရေစီအရည်ခြုံတယ် အရပ်သားအစိုးရဆိုပြီး အသွင်ပြောင်းတယ်။

၂၀၁၀ တက်လာတဲ့ခွေးတိုးပေါက်အစိုးရကလည်း မသိရင် တစ်နိုင်ငံလုံး သူတို့အုပ်ချုပ်နေသယောင် စစ်တပ်နဲ့ လက်ဝါးခြင်းရိုက် မောင်ပိုင်စီးတယ်။

၂၀၁၅ လည်း ခွေးတိုးပေါက် ဖွဲ့စည်းပုံနဲ့တက်လာတဲ့ ခွေးတိုးပေါက် အစိုးရကလည်း တစ်နိုင်ငံလုံးသူတို့အုပ်ချုပ်နေသယောင် စစ်တပ်နဲ့လက်ဝါးခြင်းရိုက် မောင်ပိုင်စီးပြန်တယ်။

ထင်ရှားတာက ဘယ်တိုင်းရင်းသား လက်နက်ကိုင်ကမှ ကြိုက်တဲ့ ခွေးတိုးပေါက်အစိုးရတက်ပါစေ သူတို့တည်ဆောက်ထားတာကို အပျက်စီးမခံဘူး ပိုတိုးပြီးသာ တိုက်ခိုက် တည်ဆောက်ကြမှာသာဖြစ်တယ်။

၂၀၂၀ လည်းခွေးတိုးပေါက်ဖွဲ့စည်းပုံကနေတဆင့် ဖြစ်လာတဲ့ ပြည်ပြေးခွေးတိုးပေါက်အစိုးရနဲ့ ဖတ်ဆစ်စစ်တပ်ကြားက တစ်နိုင်ငံလုံး သူတို့ပဲ မောင်ပိုင်စီးခြင်တဲ့ပြဿနာ ( လက်ဝါးခြင်းရိုက်မရတော့တဲ့ပြဿနာ )

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မူဝါဒ ရည်မှန်းချက် ရပ်တည်ချက်တွေကိုအပြည့်အဝအကောင်ထည်ဖော်နေခြင်းအပေါ် ကူညီပံ့ပိုးပေးနိုင်တဲ့ တန်းတူရည်တူ ခိုင်မာတဲ့နိုင်ငံရေးဆွေးနွေးမူများမှတဆင့် ပေါ်ပေါက်လာမယ့်အစိုးရတစ်ရပ်

အဲ့အစိုးရတစ်ရပ်က စနစ်တကျ ပြန်လည်တည်ဆောက်ထားသည့် စစ်တပ်ဆိုတာဖြစ်ပေါ်လာဖို့လိုအပ်နေတယ်။

ယခုကာလအခြေနေတွေမှာ အဲ့ဒီလို ခိုင်မာတိကျတဲ့မူဝါဒများမရှိပဲ ငါသာလျင်အစိုးရဆိုပြီး မောင်ပိုင်စီးချင်နေကြခြင်းတွေမှတဆင့်ဖြစ်ပေါ်လာမည့် မည်သည့်စစ်ပွဲမဆို ဒီနိုင်ငံကို ဘယ်လိုသောအကြောင်း တရားနဲ့မှ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုကို မတည်ဆောတ်နိုင်ဘူးဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေက ဘဝနဲ့ရင်းပြီးသိကြတယ်။

အခွင့်ရေးသာ တစ်ကြိမ်လောက်ရကြည့် သူတို့သည် ကိုယ်ပိုင် နိုင်ငံတွေအဖြစ် ကြေညာကြလိမ့်မယ်။ ဒါဟာ ရှေ့အလားလာကို ကြိုမြင်ထားတာ။

ဘာကြောင့်လည်းဆို သူတို့တည်ဆောက်ထားတာကိုကြည့်ရင် သိနိုင် မြင်နိုင်တယ်။

ကျနော်တို့အနေနဲ့ ဘယ်လိုသော မူဝါဒတွေ စနစ်သစ်တွေနဲ့ ဒီနိုင်ငံကြီးထဲကပြည်သူ လူထုတွေ အေးချမ်းတည်ငြိမ်ပြီး စစ်မီးတွေငြိမ်းအောင် အာဏာရှင်စနစ်ဆိုးတွေ အမြစ်ပျက်အောင် လုပ်ကြမလည်း ဆိုတဲ့အဖြေအတွက် ယခုလို တတိယအင်အားစုကြီးတစ်ရပ်အနေနဲ့ ဖက်ဒ ရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ထောင်ရေးအဖွဲ့ချုပ် ( FEFD -U )ကိုတည်ထောင်ဖွဲ့စည်းရခြင်းဖြစ်သလို

( FEFDU )ရဲ့ လက်နက်ကိုင်တပ်မတော်ဖြစ်တဲ့ အာဏာရှင်တော် လှန်ရေးပြည်သူ့တပ်မတော် ( DRPA )ကိုလည်း တိုက်ရင်းတည် ဆောက်၊ တည်ဆောက်ရင်းတိုက် ဆိုတဲ့အတိုင်း ဖွဲ့စည်းတည်ဆောက်နေခြင်းလည်းဖြစ်ပါကြောင်း တင်ပြချင်ပါတယ်။

# U K L #
24•11•2021

FEFDU ၏ DRPA တပ်မတော် နှင့် ​ဒေသခံပြောက်ကျားရဲဘော်များပူးပေါင်းအဖွဲ့နှင့် စကစ၏လက်ပါးစေဖက်ဆစ်စစ်တပ်တို့အကြား တိုက်ပွဲပြင်...
22/11/2021

FEFDU ၏ DRPA တပ်မတော် နှင့် ​ဒေသခံပြောက်ကျားရဲဘော်များပူးပေါင်းအဖွဲ့နှင့် စကစ၏လက်ပါးစေဖက်ဆစ်စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေ

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ စဖိုကြီးကျေးရွာ၊ မဲဒင်ကျေးရွာနဲ့ သစ်ခက်ကျေးရွာတို့အနီး၌ ယနေ့ညနေပိုင်းမှာ အာဏာရှင်တော်လှန်
ရေးပြည်သူ့တပ်မတော်(DRPA)နှင့်ဒေသခံပြောက်ကျားရဲဘော်များ
ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏လက်ပါးစေ
ဖက်ဆစ်စစ်တပ်တို့အကြား ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲအတွင်း ဖက်ဆစ်စစ်တပ်မှ အကျအဆုံးများ၍ (အရေအတွက်
မသိရသေး)စစ်ကူခေါ်ခဲ့ရာ ရေယာဥ်နှစ်စင်းစစ်ကူရောက်ရှိလာကြောင်း၊ စစ်ကူရေယာဥ်များအား အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)မှ လက်နက်ကြီးပစ်ကူအသုံးပြုတိုက်ခိုက်ခဲ့ရာ
ရေယာဥ်တစ်စီးထိမှန်မီးလောင်ခဲ့ကြောင်း၊ အဆိုပါစစ်ကူရေယာဥ်နှစ်
စင်းပြန်လည်ဆုတ်ခွာသွားပြီးနောက် ယခုအထိ ဖက်ဆစ်စစ်တပ်နှင့်
တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

"တိုက်ပွဲအခြေအနေကတော့ အခုညနေ၅နာရီလောက်ကစဖြစ်တာဗျ။
စစ်ခွေးတွေကကျေးရွာတွေကိုထိုးစစ်ဆင်လာတာ။ ဒေသခံပြောက်
ကျားရဲဘော်တွေနဲ့ ကျနော်တို့ DRPA စစ်ကိုင်းတပ်ရင်းကပူးပေါင်းပီ
ခုခံကာကွယ်စစ်ဆင်နွှဲနေတာပါ။ လက်ရှိမြေပြင်အခြေအနေကတော့
စစ်ခွေးတွေဘက်ကအကျအဆုံးများတယ်ဗျ။ အခုထိတိုက်နေတုန်း
ဆိုတော့အရေအတွက်တော့အတိအကျမသိရသေးဘူး။ ပီးတော့ဒီ
ကောင်တွေအကျအဆုံးများလို့စစ်ကူခေါ်တာနဲ့တူတယ်။​ ရေယာဥ်နှစ်စင်းစစ်ကူရောက်လာတယ်ဗျ။ ဒါကိုလည်း ကျနော်တို့ DRPA က လက်နက်ကြီးပစ်ကူသုံးပီတိုက်ခိုက်နိုင်ခဲ့တယ်။ ဒီအတွက်ရေယာဥ်တစ်စီးထိမှန်ပျက်စီးတယ်ဗျ။ အခုထိတော့ကျနော်တို့ပူးပေါင်းအဖွဲ့ဘက်က ကျဆုံးသူမရှိသေးဘူးခင်ဗျ"ဟု မြေပြင်မှ DRPA ရဲဘော်တစ်ဦးကသတင်းပေးပို့လာကြောင်း စစ်ရေးကြီးကြပ်မှုလုပ်ငန်းကော်မတီ(ဗဟို) ဒုတိယဥက္ကဌကပြောကြားသည်။

ယခုအချိန်အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ခွေးများကို ပူးပေါင်းအဖွဲ့က
ဝိုင်းညှပ်ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲအရှိန်ပြင်းထန်နေကြောင်း
စစ်ခွေးအင်အားခန့်မှန်းငါးဆယ်ခန့်သာကျန်တော့ကြောင်း သတင်းရရှိပါသည်။

#သတင်းနှင့်ပြန်ကြားရေး

22/11/2021

တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ဆယ်စုနှစ်နဲ့ချီပြီး တောထဲနေပြီး တောထဲကနေစားစရာတွေရှာစားပြီးနေလာကြတာ ကလေးဘဝကတည်းကပုံမှန်လူပ်ရှားမူတစ်ခုဖြစ်နေပြီ။

နွေဦးတော်လှန်ရေးကာလ စစ်သင်တန်းတက်ကြသူတွေ နိုင်ငံရေးခိုလူံ
ခွင့်နဲ့ နေကြသူ လူငယ် လူလတ် လူကြီးအများစုက တောထဲရောက်တော့ မတူညီတဲ့ဝန်းကျင်တစ်ခုမှာနေကြရတော့ ကြီးမားတဲ့အခက်ခဲတွေကြုံကြရတယ်။

ချီးကျူးစရာတစ်ခုက ခုထိကြံ့ကြံ့ခံပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက်သင်ယူနေကြတယ်။ အဲ့နေရာမှာလိုအပ်လာတာက လိုအပ်တဲ့ထောက်ကူပြုပစ္စည်းအပြင် စနစ်တကျဦးဆောင်နိုင်တဲ့ နိုင်ငံရေးဦးဆောင်မူအခန်းကဏ္ဍဖြစ်ပါတယ်။

ပြည်ပထောက်ခံမူကလိုအပ်သလို ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ယုံကြည်မူကိုရယူနိုင်ဖို့နဲ့ မတူညီပြန့်ကျဲနေတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ယုံကြည်မူကိုရယူနိုင်ဖို့လည်းလိုအပ်ပါတယ်။

အဲ့ဒီလို နိုင်ငံရေးအရဦးဆောင်နိုင်တဲ့အဖွဲ့စည်းကြီးတစ်ခုရဲ့ ဦးဆောင်မူအောက်ကနေ စစ်ရေးကိုစနစ်တကျ မဟာဗျူဟာ နည်းဗျူဟာကျကျ လူပ်ရှားနိုင်မှသာလျှင် ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေး စစ်ရေး နိုင်ငံရေးကို စနစ်တကျတည်ဆောက်ထားတဲ့ ဖက်ဆစ်စစ်တပ်ကို စိန်ခေါ်နိုင်ပါလိမ့်မယ်။

ယခင်ကနေ ယခုချိန်ထိ နိုင်ငံ​​ရေးအင်အားစုအတော်များများက အဖွဲ့စည်းတစ်ခု လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ဦးဆောင်မူအနောက်သာလိုက်ခဲ့ကြတာများတယ် ပြောရမယ်ဆို ပဒေသရာဇ်အကျင့်မင်းလောင်းမျှော်သမားများပါတယ်။

ပဒေသရာဇ်အကျင့်ဆိုးတွေကို ခုထိလက်ခံခြင်သူတွေကများတယ် ဗမာလူမျိုးကြီးဝါဒအလိုမရှိ အော်နေသူတွေကိုယ်တိုင်က အဲ့လူမျိုးကြီးဝါဒကို အတွင်းထဲမှာ လက္ခံနေကြတာရှိတယ်။

ဒါ့ကြောင့်ကျနော်တို့ လမ်းကြောင်းအသစ်တစ်ခုအနေနဲ့ ပြည်မနိုင်ငံရေးအင်အားစုကြီး တစ်ရပ်ကို ပွင့်လင်းရိုးသားစွာနဲ့ ဖွဲ့စည်းပြီး
ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ထောင်ရေးအဖွဲ့ချုပ်(FE FDU)ရဲ့ နိုင်ငံရေးဦးဆောင်မူကနေတဆင့် လက်နက်ကိုင်လမ်းစဥ်နဲ့အတူ EAOS များနဲ့ ခိုင်မာတဲ့မူဘောင်တွေနဲ့အတူ ရိုးသားစွာနဲ့ တွေ့ဆုံဆွေးနွေးပြီး လျောက်လှမ်းမယ်ဆို ဒီအာဏာရှင်စနစ် နဲ့အတူ ဖက်ဆစ်စစ်တပ်ကို စိန်ခေါ်ပြီး မြန်မာ့မြေကနေအပြီးတိုင် မောင်းထုတ်နိုင်ပါ
လိမ့်မယ်။

ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုကြီးလည်းတည်ထောင်နိုင်လိမ့်မယ်လို့ ကျနော်တို့အနေနဲ့အခိုင်အမာကို ယုံကြည်ထားတယ်။

# U K L #
22•11•2021

...........တန်ဆောင်မုန်းလပြည့် - သာမညဖလအခါတော်နေ့........................................ဆုမွန်တောင်းလွှာ..................
18/11/2021

...........တန်ဆောင်မုန်းလပြည့် - သာမညဖလအခါတော်နေ့........................................ဆုမွန်တောင်းလွှာ..................................

နိုဝင်ဘာလ၊ ၁၈

ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)မှစ၍ ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ မိဘပြည်သူလူထုအပေါင်း
ရှင်ကွဲခွဲရခြင်းဒုက္ခ၊ သေကွဲခွဲရခြင်းဒုက္ခ၊ ငတ်မွတ်ခေါင်းပါးဘေးဒုက္ခ၊
မင်းဆိုးမင်းညစ်တို့၏ရန်စွယ်ဘေးအန္တရာယ်တို့မှ အမြန်ဆုံးကင်းလွတ်
ကြပါစေကြောင်း ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု တည်ထောင်ရေးအဖွဲ့ချုပ်(FEFDU)မှ ဦးစွာပထမ ဆုတောင်းပဌနာပြုအပ်ပါသည်။

ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာကိုး
ကွယ်ယုံကြည်မှုအမျိုးမျိုးဖြင့် အတူယှဥ်တွဲနေထိုင်ကြသောနိုင်ငံဖြစ်
ပါသည်။ ယနေ့၌ ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ ပြည်သူလူထုအပေါင်း
သည် ကုသိုလ်ကောင်းမှုများပြုကျင့်လျက်ရှိသည်ကို ကြားသိရသဖြင့်
မိမိတို့အဖွဲ့ချုပ်အနေဖြင့် လွန်စွာပီတိဖြစ်ရပါသည်။

သို့သော် ယနေ့လိုနေ့ထူးနေ့မြတ်ကာလ၌ မိစ္ဆာဒိဌိ အကြမ်းဖက်အာဏာ သိမ်းစစ်ကောင်စီ၏လက်ပါးစေများသည် နိုင်ငံအနှံ့အပြား၌ ထိုးစစ်ဆင်ခြင်းကြောင့် ပြည်သူလူထုအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ မတရားမှုကိုလက်မခံ ဆန့်ကျင်တော်လှန်နေသော မျိုးဆက်သစ်လူငယ်များအား မတရားဖမ်းဆီးခံနေရကြောင်း ကြားသိရသည့်အတွက် မိမိတို့အဖွဲ့ချုပ်အနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း နှင့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏လက်နက်ကိုင်အကြမ်းဖက်ဖြေရှင်းမှု၊ ဥပဒေများအားလိုသလိုအသုံးချဖိနှိပ်မှု၊ အပြစ်မဲ့ပြည်သူများကိုအကြမ်းဖက်သတ်ဖြတ်မှုများစသည့် မိစ္ဆာဒိဌိလုပ်ရပ်များကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချအပ်ပါသည်။

ပြည်ထောင်စုဖွားမိဘပြည်သူတိုင်းရင်းသားညီအကိုမောင်နှမများနှင့်
မိစ္ဆာဒိဌိအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏လက်ပါးစေများကို
သုတ်သင်ရှင်းလင်းရန်တိုက်ပွဲဝင်နေသော တော်လှန်ရေးရဲဘော်များအ
အနေဖြင့် မိစ္ဆာနှင်ထုတ်မည့် ဤတော်လှန်ရေးခရီးကြမ်းတွင် မပေါ့ဆအပ်သောလုံခြုံရေးသတိ မြဲမြံကပ်ကြရန်၊ မိစ္ဆာတို့၏ခြေလှမ်းတိုင်းကို အမြဲမပြတ်ဝီရိယထား၍လေ့လာကြရန်နှင့် အသက်သွေးချွေးဘဝများ
ပေးဆပ်ရင်းနှီးထားသော မြန်မာ့နွေဦးတော်လှန်ရေး၏အောင်မြင်မှုပန်း
တိုင်ဆီ ညီညီညွတ်ညွတ်ဖြင့် လျှောက်လှမ်းအောင်ပန်းဆင်နိုင်ကြပါစေ
ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ထောင်ရေးအဖွဲ့ချုပ်

#သာမညဖလအခါတော်နေ့ဆုမွန်တောင်းလွှာ

Fundraising Team မှ Oct 21 မှ Nov 15 အထိ ရသုံးငွေစာရင်းရှင်းတမ်းထုတ်ပြန်နိုဝင်ဘာ ၁၅ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ထောင...
15/11/2021

Fundraising Team မှ Oct 21 မှ Nov 15 အထိ ရသုံးငွေစာရင်းရှင်းတမ်းထုတ်ပြန်

နိုဝင်ဘာ ၁၅

ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ထောင်ရေးအဖွဲ့ချုပ်(FE
FDU)၏ Fundraising Team ဖြစ်သော ပြည်မတော်လှန်ရေး
အင်အားစုများအထောက်အကူပြုမှုအဖွဲ့ (MRSG)၏ အောက်တိုဘာ
လ (၂၁)ရက်နေ့မှ နိုဝင်ဘာလ (၁၅)ရက်နေ့အထိ ရန်ပုံငွေရရှိငွေနဲ့ ထောက်ပံ့သုံးစွဲထားရှိမှု ငွေစာရင်းကို ယနေ့ထုတ်ပြန်လိုက်ကြောင်း
သိရသည်။

အောက်တိုဘာလ (၂၁)ရက်နေ့ မှ အောက်တိုဘာလ (၃၁)ရက်နေ့အထိ
စုစုပေါင်း ရန်ပုံငွေကောက်ခံရရှိမှုသည် ၄,၁၇၂,၀၀၀ ကျပ် (လေးဆယ့်
တစ်သိန်းခုနစ်သောင်းနှစ်ထောင်ကျပ်)တိတိရရှိခဲ့ပြီး နိုဝင်ဘာလ (၁)
ရက်နေ့ မှ နိုဝင်ဘာလ (၁၅)ရက်နေ့အထိ စုစုပေါင်း ရန်ပုံငွေကောက်ခံ
ရရှိမှုသည် ၈,၉၈၅,၃၃၀ ကျပ် (ရှစ်ဆယ့်ကိုးသိန်းရှစ်သောင်းငါးထောင်
သုံးရာသုံးဆယ်ကျပ်)တိတိရရှိခဲ့ရာ စုစုပေါင်း ရန်ပုံငွေကောက်ခံရရှိမှု
သည် ၁၃,၁၅၇,၃၃၀ ကျပ် (တစ်ရာ့သုံးဆယ့်တစ်သိန်းငါးသောင်းခုနစ်
ထောင်သုံးရာ့သုံးဆယ်ကျပ်)တိတိဖြစ်ကြောင်း သိရှိရသည်။

ရရှိသော ရန်ပုံငွေများကို ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်
ထောင်ရေးအဖွဲ့ချုပ်(FEFDU)ရဲ့ လက်နက်ကိုင်တပ်မတော်ဖြစ်သော
အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)၏ စစ်ကိုင်း တိုင်း DRPA ဌာနခွဲသို့ (၄၆)ရာခိုင်နှုန်း၊ မန္တလေးတိုင်း DRPA ဌာနခွဲသို့ (၂၂)ရာခိုင်နှုန်း၊ ရန်ကုန်တိုင်း DRPA UG ဌာနခွဲသို့ (၉)ရာခိုင်
နှုန်း၊ DRPA ၏ မဟာမိတ်များထံသို့ (၁၁)ရာခိုင်နှုန်း နှင့် ပြည်ပဆက်ဆံရေးရုံးအသုံးစရိတ်၊ ကုန်ပစ္စည်းပို့ဆောင်ခအသုံးစရိတ်စသည့်
အထွေထွေအသုံးစရိတ်များအတွက် (၁၁)ရာခိုင်းနှုန်း ထောက်ပို့ပေးနိုင်
ခဲ့ကြောင်းသိရသည်။

ပြည်မတော်လှန်ရေးအင်အားစုများအထောက်အကူပြုမှုအဖွဲ့(MRS G)သည် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ထောင်ရေးအဖွဲ့
ချုပ်(FEFDU)၏ Fundraising Team တစ်ဖွဲ့ဖြစ်ပြီး အဓိက
ထောက်ကူပေးနေသော အဖွဲ့လည်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကြိုးပမ်းရှာ
ဖွေထောက်ကူပေးနေသော ပြည်မတော်လှန်ရေးအင်အားစုများအထောက်အကူပြုမှုအဖွဲ့(MRSG)မှရဲဘော်များ၊ ၎င်းတို့၏မိတ်ဖက်
အဖွဲ့အစည်းများနှင့် ပါဝင်လှူဒါန်းပေးကြပါသော ပြည်သူတစ်ဦးစီတိုင်း
ကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ ဖက်ဒရယ်ဒီမိုကရက်
တစ်ပြည်ထောင်စုတည်ထောင်ရေးအဖွဲ့ချုပ်(FEFDU)နှင့် အာဏာ ရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)တို့သည် တော်လှန်ရေးကို ယခုထက်ပိုမိုကျယ်ပြန့်၍ ခိုင်မာအားကောင်းစွာ အောင်ပွဲဆင်နိုင်
ရေးကို မမှိတ်မသုန်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း FEFDU ဗဟိုအမှုဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးလင်းသန့်က ပြောကြားကြောင်းသတင်းရရှိပါသည်။

#သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ

ဥပဒေပြုရေးလုပ်ငန်းကော်မတီ(ဗဟို)အဖွဲ့ဝင်သစ်များခန့်အပ်ခြင်းနိုဝင်ဘာ၊ ၁၂ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ထောင်ရေးအဖွဲ့ချုပ...
12/11/2021

ဥပဒေပြုရေးလုပ်ငန်းကော်မတီ(ဗဟို)အဖွဲ့ဝင်သစ်များခန့်အပ်ခြင်း

နိုဝင်ဘာ၊ ၁၂

ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ထောင်ရေးအဖွဲ့ချုပ်(FE
FDU)၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းတာဝန်များကိုဆောင်ရွက်မည့်
ဥပဒေပြုရေးလုပ်ငန်းကော်မတီ(ဗဟို)အဖွဲ့ဝင်များခန့်အပ်ခြင်းကိုကြေ
ညာချက်အမှတ် (၁၂/၂၀၂၁)ဖြင့် ဗဟိုအမှုဆောင်ကော်မတီ၏အ တည်ပြုဆုံးဖြတ်ချက်အရ ထုတ်ပြန်ကြေညာလိုက်သည်။

#ဗဟိုအမှုဆောင်ကော်မတီ

ที่อยู่

Mae Sot

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Federation of the Establishing Federal Democratic Unionผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์