Echoes Of Era ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Echoes Of Era, องค์กรทางการเมือง, Mae Sot.

(၈၈ မျိုးဆက်)တွေရဲ့ အသံနဲ့သဘောထားကိုတစုံတရာ သိစေဖို့အတွက်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ် အရင်းခံစေတနာနဲ့ တော်လှန်ရေးကိုတဖက်တလမ်းက ပံပိုးကူညီဖို့ ရည်ရွယ်ပြီး၊ကိုယ့်အားကိုယ်ကိုးစိတ်ဆန္ဒအရင်းခံလျှက် ကိုယ်ပိုင်အတွေးအမြင်အခြေခံဖြင့် ဤပေ့ချ်အားဖန်တီးပါခဲ့ပါတယ်။

“ငါတို့ခေတ်” တော်လှန်စာစဉ် အင်တာဗျုး..
08/06/2026

“ငါတို့ခေတ်” တော်လှန်စာစဉ် အင်တာဗျုး..

22/05/2026
28/03/2026

" နိုင်ငံရေးမျိုးဆက်များရဲ့ နိုင်ငံရေးဆက်ထုံးစကားဝိုင်း "

၂၈ မတ်လ ၂၀၂၆

ယခု တစ်ပါတ်မှာတော့ ၈၈ မျိုးဆက်၊ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် (၈၈၈၈)လူထုအရေးတော်ပုံကျောင်းသားခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ဆရာဦးဇာနည်နဲ့ တွေ့ဆုံခဲ့ပြီး သူဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို မေးမြန်းခဲ့ပါသည်။ နွေဦးတော်လှန်ရေးနှင့် တပ်ပေါင်းစုပြဿနာများအတွက် ဆရာဦးဇာနည်ရဲ့ အတွေ့အကြုံ အတွေးအမြင် သုံးသပ်ချက်များကို ဒီအစီအစဉ်မှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

“”မတ်လ (၂၇)ရက်နေ့ ဖက်ဆစ်တော်လှန်ရေး(၈၁)နှစ်မြောက်နေ့နှင့် မတ်လ(၂၈)ရက်ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး(၇၈)နှစ်မြောက်နေ့””****...
28/03/2026

“”မတ်လ (၂၇)ရက်နေ့ ဖက်ဆစ်တော်လှန်ရေး(၈၁)နှစ်မြောက်နေ့နှင့် မတ်လ(၂၈)ရက်ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး(၇၈)နှစ်မြောက်နေ့””

**********************************

မြန်မာပြည်သမိုင်းမှာ အရေးကြီးတဲ့ သမိုင်းဝင်နေ့ရက်နှစ်ရက်ရှိပါတယ်။ (၁၉၄၅) မတ်လ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့နဲ့ (၁၉၄၈) မတ်လ၂၈ ရက် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးနေ့တို့ဖြစ်ပါတယ်။

(၁၉၄၅) မတ်လ ၂၇ ဖက်ဆစ်တော်လှန်ရေးကို “ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူလွတ်လပ်ရေးအဖွဲ့ချုပ်” (ဖဆပလ) တပ်ပေါင်းစုအနေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ (နောင် ဆိုရှစ်လစ်ပါတီ)နဲ့ မြန်မာ့တပ်မတော်တို့ကဦးဆောင်ဖွဲ့စည်းခဲ့ပြီး။ နိုင်ငံရေးခေါင်းဆောင် သခင်စိုး၊စစ်ရေးခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၊မဟာမိတ်ဆက်သွယ်ရေးတာဝန်ခံ သခင်သန်းထွန်း တို့ကအဓိကဦးဆောင်ခဲ့တာပါ။ သခင်စိုးနဲ့သခင်သန်းထွန်းတို့ဟာ ထိုစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေဖြစ်ခဲ့ကြပြီး ၊ဗိုလ်ချုပ်အောင်ဆန်းကတော့ ဗမာပြည်ကွန်မြူနစ်ပါတီဖေါင်ဒါနဲ့မြန်မာတပ်မတော်ခေါင်းဆောင်အနေနဲ့ဖြစ်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးပြီးနောက် နေသူရိန်အစည်းအဝေးက (ဖဆပလ)အဖွဲ့ချုပ်ကြီးရဲ့ ဥက္ကဌ ဗိုလိချုပ်အော
င်ဆန်းနဲ့အထွေထွေအတွင်းရေးမူးက သခင်သန်းထွန်းတို့ကိုတင်မြောက်ခဲ့ပါတယ်။ (ဖဆပလ)ထဲက ဗမာပြည်ကွန်မြူနစ်ပါတီကိုထုတ်ခံခဲ့ရပြီးနောက် (ဖဆပလ)အထွေထွေအတွင်းရေးမူးက ဦးကျော်ငြိမ်းဖြစ်လာခဲ့ပါတယ်။ (ဖဆပလ)ထဲက ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပစ်ဖို့အဆိုတင်သွင်းသူတွေကတော့ သခင်နု ၊ဦးဘဖေနဲ့ဦးကျော်ငြိမ်းဖြစ်ပါတယ်။

(၁၉၄၈) မတ်လ ၂၈ ရက်နေ့ကတော့ နောက်ခံသမိုင်းအကျဉ်းလေးတွေထဲ့ပြောမှ ပြည့်စုံမယ်ထင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့လုပ်ကြံခံရပြီးနောက် (ဖဆပလ) ရဲ့ဥက္ကဌသခင်နု ဖြစ်လာခဲ့ပြီး၊ မူလ ပြည်သူ့အရေးတော်ပုံပါတီတဖြစ်လဲဆိုရှယ်လစ်ပါတီက ဦးဗဆွေနဲ့ဦးကျော်ငြိမ်းတို့က အရေးပါတဲ့ခေါင်းဆောင်တွေဖြစ်လာခဲ့ပါတယ်။

(၁၉-၇-၁၉၄၇) ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့ နေ့မှာ (ဖဆပလ)ထဲက ကွန်မြူနစ်ပါတီကိုထုတ်ပစ်ဖို့ အဆိုတင်ခဲ့တဲ့ (ဖဆပလ) ဒုဥက္ကသခင်နုလည်းအစည်းဝေးမတက်ခဲ့သလို ကက်ဘိနက်အဖွဲ့ထဲက ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းကလည်း အဂ်လန်ကိုရောက်နေခဲ့ပါတယ်။ လုပ်ကြံမခံရခင် ရက်ပိုင်းကာလတွေမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ လက်ဝဲညီညွတ်ရေးနဲ့ဗမာပြည်ကွန်မြူနစ်ပါတီကို (ဖဆပလ)ထဲ ပြန်လည်ပါဝင်ရေးအတွက်ကျိုးပမ်းဆောင်ရွက်နေခဲ့ပါတယ်။ (၁၉-၇-၁၉၄၇) လုပ်ကြံခံရတဲ့နေ့ မနက်ပိုင်း ဝန်ကြီးဦးအောင်ဇံဝေတင်ပြတဲ့ ကုန်လမ်းပို့ဆောင်ရေးနဲ့ဆိုင်တဲ့အစည်းဝေးပြီးတဲ့နောက် ထိုနေ့ နေ့လည်(၁)နာရီမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ (ဖဆပလ)ကိုယ်စားလှယ်တွေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ်တွေ အတွင်းဝန်ရုံးမှာဘဲ လက်ဝဲညီညွတ်ရေးအစည်းဝေးလုပ်ကြဖို့အစီအစဉ်ရှိပါတယ်။ ထို လက်ဝဲညီညွတ်ရေးအစီအစဉ်တွေကို (ဖဆပလ)အဖွဲ့တွင်းမှာ အဓိကကန့်ကွက်ခဲ့ကြသူတွေကလည်း သခင်နုနဲ့ဦးကျော်ငြိမ်းတို့ဖြစ်ပါတယ်။

(၄-၁-၁၉၄၈) နေ့မှာ လွတ်လပ်ရေးရခဲ့ပြီးနောက် သခင်နုက ဝန်ကြီးချုပ်အဖြစ်လာခဲ့ပြီး၊(ဖဆပလ)အစိုးရရဲ့ပြည်ထဲရေးဝန်ကြီးကလဲ ဦးကျော်ငြိမ်းဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး တလအကြာ ဖေဖဝါရီလထဲမှာ ပြည်ထဲရေးဝန်ကြီးဌါအထူးအစည်းဝေးမှာ ပြည်ထဲရေးအောက်က အတွင်းဝန်တွေနဲ့ ရဲဌါနလက်အောက်က ပုလိပ်မင်းကြီးအပါအဝင်တနိုင်ငံလုံးရှိ ခရိုင်အဆင့်အရေးပိုင်တွေကို ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းက ဗမာပြည်ကွန်မြူနစ်ပါတီဌါချုပ်ရုံးနဲ့မြို့နယ်ရုံးတွေကို (၂၄)နာရီစောင့်ကြည့်အစီရင်ခံဖို့နဲ့ လျိုဝှက်ဖမ်းဆီးမိန့်သက်ေတ #( 303-BUR HOME) ဆိုတဲ့ (Code) ကိုပေးထားခဲ့ပါတယ်။ ထို ကုဒ်ကို ပြည်ထဲရေးဝန်ကြီးဌါနက ချပေးတဲ့နေ့မှာ ကွန်မြူနစ်ပါတီရုံးတွေအားလုံးကို လက်ဦးမူ့ယူဝင်စီးပြီးဖမ်းဆီးဖို့ဖြစ်ပါတယ်။

(၂၇-၃-၁၉၄၈) နေ့ ပြည်ထဲရေးဌါနအထူးအစည်းဝေးမှာ ဝန်ကြီးဦးကျော်ငြိမ်းဟာ “ကွန်မြူပါတီရုံးတွေမှာ လက်နက်တွေဝှက်ထားတယ်..ဗားဂရာလမ်းက ပါတီဌါနချုက်မှာ တပ်ရင်းတရင်းရှိနေ့ပြီး အာဏာသိမ်းဖို့စီစဉ်နေကြတယ်..”ဆိုတဲ့အကြောင်းပြချက်နဲ့ ညသန်ခေါင်ကျော်အချိန်မှာ ကွန်မြူနစ်ပါတီရုံးတွေကိုဝင်ရောက်စီးနင်းဖမ်းဆီးဖို့အတွက် ကုဒ် # (303-BUR HOME) ကိုပုလိပ်မင်းကြီးတွေကိုချပေးခဲ့ပြီးညွန်ကြားချက်ပေးခဲ့ပါတယ်။ ထို့နေ့အစည်းဝေးကိုတက်ခဲ့တဲ့ ဗိုလ်မူးချုပ်စောကြာဒိုးက ဗိုလ်သက်ထွန်း (ဗကပဗဟိုကော်မတီ)ကိုခေါ်ပြီး “မင်းတို့ ကွန်မြူနစ်ပါတီရုံးတွေကို ဝင်ရောက်စီးနင်းဖို့ ပြည်ထဲရေးဝန်ကြီးကညွန်ကြားထားပြီးပြီ..” လို့အသိပေးခဲ့လို့ ဗိုလ်သက်ထွန်းက သခင်သန်းထွန်းထံသတင်းပို့ခဲ့တာကြောင့် ကွန်မြူနစ်ပါတီထိပ်
တန်းခေါင်းဆောင်တွေအားလုံးနီးပါး ထိုနေ့ကအဖမ်းမခံရဘဲလွတ်မြောက်ခဲ့ရခြင်းဖြစ်ပါတယ်။ စမ်းချောင်းမြို့နယ် ဗားဂရာလမ်း(ဃခု စန်းချောင်းမြို့နယ်မီးသတ်ဌါနရုံးနေရာ) အဆောက်အဦးကို ထိုညမှာဝင်စီးခဲ့သော်လည်း ကွန်မြူပါတီဌာနချုပ်ရှိလူအကုန်လွတ်မြောက်ခဲ့ပါတယ်။ (ဖဆပလ)ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းရဲ့စွပ်စွဲမူ့ဟာ ဘယ်လောက်ထိယုတ္တိ ယုတ္တမတန်သလဲဆိုလျှင် ၊ထိုစဉ်က အပေါင်ဆိုင်တခုအပေါ်ထပ်မှာဖွင့်ထားတဲ့ ကွန်မြူနစ်ပါတီဌာနချုပ်ရုံးခန်းကျဉ်းကျဉ်းလေးမှာ ဘယ်လိုလုပ် ကွန်မြူတွေတပ်ရင်းတရင်းခိုအောင်းနေနိုင်မလဲဆိုတာကိုသာ စဉ်းစားကြည့်လျှင်ပင်သိနိုင်ပါတယ်။

မူလက (၂၈-၃-၁၉၄၈)နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးအတွက်အစီအစဉ်မရှိခဲ့သော်လည်း (ဖဆပလ)အစိုးရရဲ့လက်ဦးမူ့ယူပြီး ဖမ်းဆီးမိန့်ကြောင့်၊ ဒီမိုကရေစီဆိတ်သုဉ်းပြီး ဥပဒေဘောင်တွင်းရပ်တည်လို့မရတော့တဲ့အခြေအနေမှာ
မလွှဲသာမရှောင်သာ လက်နက်ကိုင်လမ်းစဉ်ကိုရွေးခြယ်ခဲ့ရခြင်းဖြစ်ပါတယ်။

(၂၈-၃-၁၉၄၈) နေ့ဟာ ဗမာပြည်ကွန်မြူပါတီရဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးနေ့ဖြစ်ခဲ့ရပြီး။ ဗမာပြည်ရဲ့ပြည်တွင်းစစ်ရဲ့အစနေ့လည်းဖြစ်ခဲ့ပါတယ်။ဒါကြောင့် ပြည်တွင်းစစ်ရဲ့တရားခံအစစ်ဟာ ထိုစဉ်က နယ်ချဲ့လက်ဝေခံ (ဖဆပလ)အစိုးရနဲ့ တာဝန်အရှိဆုံး ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းတို့သာလျှင်ဖြစ်တယ်လို့သမိုင်းမှတ်တမ်းတင်ရမှာဖြစ်ပါတယ်။

Google images.

█ ပျားရည်သောက်ဆင်းတဲ့မြစ် ...█@ လ ကြီး    တံခါးကိုဖြတ်ပြီး    ငါ့ရင်ဘတ်ကို  ၀င်ဆောင့်    ဆေးမှင်ကြောင်ရုပ်တောင်    နံရို...
27/03/2026

█ ပျားရည်သောက်ဆင်းတဲ့မြစ် ...█

@ လ ကြီး
တံခါးကိုဖြတ်ပြီး
ငါ့ရင်ဘတ်ကို ၀င်ဆောင့်
ဆေးမှင်ကြောင်ရုပ်တောင်
နံရိုးတွေ ကျိုးတယ်

@ ည လဲ
ငါ့ခြေထောက်အောက်က ဖြတ်ပြေး
ကျနော့်ဆေးလိပ်မီးခိုးငွေ့တွေက
ခင်ဗျားနောက်
တောက်လျှောက်လိုက်တယ်

@ ကြယ်တစင်း
နှင်းတစပြင်ထဲ ၀င်တိုး
ကျုပ်အတောင်တွေ ကျိုးလဲ
ကျုပ် မျိုးဆက်က ဆက်ခတ်နေအုံးမယ်

@ အုတ်ရိုး
အစိုးရတယ်ရယ်လို့ မရှိ
ငါ့အရိပ်နဲ့လာငြိသမျှ ငါက
ဖောက်ထွက်တတ်တယ်

@ စိတ်ကူး
ဘယ်အရူးမှ ထူး၀င်ခတ်လို့ မရ
လွတ်လပ်ခြင်းလို့ မည်တယ်

@ တိမ်တိုက်
ငါ့ကို ခေါ်အုံးမလား မင်းအတွက်
ကော်ဖီတခွက် ဖျော်ထားတယ် █. █

လူလူလက်ျာ
ပူတာအိုအကျဉ်းစခန်း ( ၂၀၁၁ )

“”မှိုင်းမသိ သမိုင်းမသိ””(၂၃-၃-၂၀၂၆) နေ့က ကျနော့်အနေဖြင့် ဘုရားလို (ဘုရားနဲ့တဂိုဏ်းတည်း) ကြည်ညိုလေးစားကိုးကွယ်ရသော “မဟာမ...
26/03/2026

“”မှိုင်းမသိ သမိုင်းမသိ””

(၂၃-၃-၂၀၂၆) နေ့က ကျနော့်အနေဖြင့် ဘုရားလို (ဘုရားနဲ့တဂိုဏ်းတည်း) ကြည်ညိုလေးစားကိုးကွယ်ရသော “မဟာမှိုင်း” (စာပေ ၊လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း) ရဲ့ အနှစ်(၁၅၀) ပြည့်မွေးနေ့နှင့် (၂၃-၃-၁၉၇၆) “မှိုင်းရာပြည့်ကျောင်းသားအရေးတော်ပုံ” အနှစ်(၅၀)ပြည့်ရွှေရတုအထိမ်းအမှတ်နေ့မှာကျနော်ရေးခဲ့တဲ့ ပို့စ်လေးတခုကိုဖတ်ပြီး ကျနော်ချစ်ခင်လေးစားရသော “မှိုင်းရာပြည့်”အရေးတော်ပုံကျောင်းသားခေါင်းဆောင် နောင်တော် စီနီယာရဲ​ဘော်ကြီးတဦးက သူ့ဆီမှာရှိတဲ့ “မှိုင်းရာပြည့်”အရေးတော်ပုံတုံးက ဗိုလ်နေဝင်း (မဆလ)စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်ထောင်ချခံခဲ့ရတဲ့ကျောင်းသားတွေရဲ့စာရင်းတခုပို့ပေးခဲ့ပါတယ်။ (ထို စာရင်းထက်ပိုမိုပြည့်စုံသော ဖမ်းဆီးနှိပ်စက်ထောင်ချခံ (၇၄-၇၅-၇၆ မျိုးဆက်ကျောင်းသား )များရဲ့စာရင်းတွေပြုစုနေကြောင်းသိရသဖြင့်လည်းဝမ်းသာခဲ့ရပါသည်။)

“ဘုရား..ဘုရား..ဘုရား..” (Oh my God!)
သူတို့စာရင်းတွေနဲ့အတူ သူတို့တက်ခဲ့တဲ့ကျောင်းတွေကိုကြည့်ပြီး ကျနော်ဘုရားတခဲ့မိပါသည်။

လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်က နေဝင်း/စန်းယု စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထောင်ချခဲ့တဲ့ ကျနော်တို့နောင်တော် စီနီယာကျောင်းသားတွေအားလုံးဟာ၊ကျနော်တို့မြန်မာပြည်ရဲ့ တကယ့်ပညာတတ် ထိပ်တန်းတက္ကသိုလ်ကြီးတွေ (ဆေးတက္ကသိုလ် ၊စက်မူ့တက္ကသိုလ်၊စီးပွါးရေတက္ကသိုလ်၊ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်) စတဲ့ ထိုအချိန်က အရှေ့တောင်အာရှမှာအကောင်းတကာ့အကောင်းဆုံးတက္ကသိုလ်ကြီးတွေက တကယ့်အတော်ဆုံး အထူးချွန်ဆုံး တိုင်းပြည်ရဲ့အညွန့်အဖူး သားကောင်းရတနာ ပညာတတ်ကျောင်းသားတွေချည်းပါကလား…။

တကယ်တော့ လွန်ခဲ့တဲ့အနှစ်ငါးဆယ် မှိုင်းရာပြည့်” ကျောင်းသားအရေးတော်ပုံပေါ်ပေါက်ခဲ့တဲ့ (၁၉၇၆) မှာ ကျနော်ဟာ အလယ်တန်းကျောင်းသားဘဝနဲ့နိုင်ငံရေးစာပေတွေကို စတင်လေ့လာစ၊ ဖတ်စအရွယ်ဘဲရှိပါသေးတယ်။ “မှိုင်းရာပြည့်”ကျောင်းသားအရေးတော်ပုံဟာ ကျနော်ကိုယ်ထဲကိုနိုင်ငံရေးပိုး (သွေး)တွေသွပ်သွင်းလှုပ်ဆော်ပေးခဲ့တဲ့ အရေးအခင်းကြီးတခုလည်းဖြစ်ခဲ့ပါတယ်။

ကျနော်တို့နိုင်ငံရဲ့ တဦးတည်းသော”စာပေ၊လွတ်လပ်ရေးနဲ့ငြိမ်းချမ်းရေးဖခင်ကြီး “ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အနှစ်တရာပြည့်မွေးနေ့ကိုရည်ရွယ်ပြီး၊ကျနော်တို့နိုင်ငံ နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်တော်လှန်ရေးနဲ့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတလျှောက်မှာပါခဲ့တဲ့ သခင်၊သခင်မကြီးတွေ၊ လွတ်လပ်ပြီးခေတ် နိုင်ငံရေးနဲ့စာပေအနုပညာလောကက အထင်ကရပုဂိုလ်ကြီးတွေက “မဟာမှိုင်း”(ဆရာကြီးသခင်ကိုယ်တော်မှိုင်း)ရဲ့ကျေးဇူးတွေကိုရည်စူးပြီး ရာပြည့်အထိမ်းအမှတ်အခမ်းအနားတွေကိုပြုလုပ်ကြဖို့၊ ဗိုလ်နေဝင်း (မဆလ)အစိုးရကို တောင်းဆိုခဲ့ပေမဲ့ “မှိုင်းမသိ သမိုင်းမသိ” ဗိုလ်နေဝင်းက ခွင့်မပြုဘဲတားဆီးပိတ်ပင်ခဲ့မူ့ကို (၇၄-၇၅-၇၆ ကျောင်းသား) တွေက ဆန့်ကျင်ဖီဆန်ပြီး၊ဖေါ်ထုတ်ဖွင့်လှစ်ပြခဲ့ကြတာဘဲဖြစ်ပါတယ်။ (ဗိုလ်နေဝင်းဟာ လွတ်လပ်ရေးကျိုးပမ်းမူ့ကာလက အများစုဖြစ်ခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ “တို့ဗမာအစည်းအရုံး”နဲ့ဆန့်ကျင်ဘက် လူနည်းစု “သခင်ဗစိန်၊သခင်ထွန်းအုပ်”တို့ရဲ့ ဂိုဏ်းသားဖြစ်ခဲ့ပါတယ်)။

မှတ်မှတ်ရရ ရန်ကုန်မြို့မှာကျောင်းသားတွေ စည်းကမ်းတကျ စီတန်းလှည့်လည်ဆန္ဒပြတဲ့(၂၃-၃-၁၉၇၆) နေ့ညနေမှာဘဲ ရန်ကုန်-ပြည်အမြန်ရထားနဲ့ “ဆရာဗန်းမော်တင်အောင်”နဲ့”ကျုံမငေးသခင်တင်မောင်” တို့ ကျနော်တို့အိမ်ကိုရောက်လာကြပါတယ်။ နောက်တနေ့မှာ “ဆရာကြီးသခင်ကိုယ်တော်မှိုင်းရာပြည့်”အထိမ်းမှတ်ဟောပြောပွဲကို ပေါင်းတည်မြီု့မှာတပွဲနဲ့ဆရာကြီးသခင်ကိုယ်တော်မှိုင်းမွေးရပ်မြေ ရွှေတောင်မြို့ “ဝါးလည်”(ဝလယ်)ရွာမှာတပွဲပြုလုပ်ကြဖို့ပါ။ ဒါပေမဲ့ ထိုစဉ်က (မဆလ) မြို့နယ်ပါတီယူနစ်နဲ့ပြည်သူ့ကောင်စီအဖွဲ့က ကျနော်တို့အိမ်ကိုလာပြီး အခမ်းအနားမပြုလုပ်ဖို့တားမြစ်ပိတ်ပင်ခံခဲ့ရပြီး ။ထိုစဉ်က ပြည်သူ့ကောင်စီအတွင်းရေးမူးဆိုသူက “သခင်ကိုယ်တော်မှိုင်း ဆိုတာဘာမှမဟုတ်ပါဘူးဗျာ” လို့ စော်ကားပြောခဲ့လို့ ဆရာဗန်းမော်တင်အောင်၊ကျုံမငေးသခင်တင်မောင်၊ ကျနော့်ဖခင်တို့နဲ့အပြန်အလှန်စကားများပြီး အခြေအနေ​တွေတင်းတင်းမာမာဖြစ်ခဲ့တာကို ကျနော်ဘဝမှာမေ့ဖျောက်လို့မရခဲ့ပါဘူး။အဲ့ဒီခေတ်ကတည်းက (မဆလ)မြို့နယ်ပါတီယူနစ်နဲ့ပြည်သူ့ကောင်စီဆိုတဲ့သူတွေဟာ အဲ့လို “မှိုင်းမသိ သမိုင်းမသိ” လူစားမျိုးတွေဖြစ်ပါတယ်။

အဲ့ဒီအချိန်ကာလကို ပြန်ကြည့်တော့လည်း၊ (၃-၁-၁၉၇၄) နေ့မှာ နေဝင်း/စန်းယု စစ်အုပ်စုဟာ သူတို့ရဲ့ ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအတည်ပြုခဲ့ပြီး။ နောက်ခြောက်လအကြား (၆-၆-၁၉၇၄) နေ့မှာ အဖိနှိပ်အလုပ်သမားတွေရဲ့ ဆန့်ကျင့်သပိတ်မှောက်မူ့ (၁၉၇၄ အလုပ်သမားအရေးတော်ပုံသပိတ်ကြီး)ပေါ်ပေါက်ခဲ့ပါတယ်။

နောက် ခြောက်လအကြာ (၅-၁၂-၁၉၇၄) နေ့မှာ မြန်မာပြည်ရဲ့ဂုဏ်ဆောင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမူးချုပ်ဦးသန့်စျာပနအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ပါတယ်။

နောက် ခြောက်လအကြာ (၆-၆-၁၉၇၅) မှာ (၁၉၇၄) ဇွန်အလုပ်သမားအရေးတော်ပုံသပိတ်နှစ်ပတ်လည် ကျောင်းသားအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ပြန်တယ်။

နောက် ကိုးလအကြာ (၂၃-၃-၁၉၇၆) မှာ “မှိုင်းရာပြည့်” ကျောင်းသားအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ပါတယ်။

ဒါတွေဟာ ဘာကိုဖေါ်ပြနေသလဲဆိုတော့ ဗိုလ်နေ
ဝင်းရဲ့(မဆလ)အမည်ခံစစ်အာဏာရှင်စနစ်ကို အဖိနှိပ်ခံပြည်သူတွေ အဖိနှိပ်ခံအလုပ်သမားတွေနဲ့ပညာတတ်ကျောင်းသားတွေက လုံးဝလက်မခံဆန့်ကျင်ခဲ့ကြတယ်ဆိုတဲ့ အပေါ်ယံရွှေမှုန်ကျဲ စစ်အာဏာရှင်၊စစ်အုပ်စု၊ စစ်ဗြူရိုကရေစီယန္တယားကို မျက်နှာဖုံးကိုခွါချပြခဲ့ပြီး ၊စစ်အာဏာရှင်စနစ်ရဲ့အတွင်းသရုပ်ကိုဖေါ်ထုတ်ပြသခဲ့တဲ့ သမိုင်းဝင်အခန်းဆက်
တော်လှန်ရေးတွေဘဲဖြစ်ပါတယ်။

ထိုအချိန်က မြန်မာပြည်သမိုင်းမှာစစ်
အာဏာရှင်စနစ်ကို မျိုးစေ့ချထူထောင်ခဲ့တဲ့ ဗိုလ်နေဝင်းဟာ သူ့ရဲ့မင်းသားခေါင်းဆောင်းထားတဲ့ ဘလူးသဘက် စစ်အာဏာရှင်အတွင်းသရုပ်ကိုခွါချပြခံခဲ့ရလို့ မဟာအရှက်တော်ဖြန်းဖြန်ကွဲခဲ့ရပြီး၊ သူ့ရဲ့ အတုအယောင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ဆိုတာဟာလဲ သန္ဓေတည်စမှာဘဲ သားလျှောပျက်ဆီးခဲ့ရပါတယ်။

ဒါကြောင့်လည်း အရှက်ရအမျက်ဒေါသထွက်နေတဲ့အာဏာရှင်ဗိုလ်နေဝင်းဟာ ထိုအချိန်ကပေါ်ပေါက်ခဲ့တဲ့ အလုပ်သမားနဲ့ကျောင်းသားပြည်သူတွေရဲ့အုံကြွဆန့်ကျင်မူ့တွေကို ယမ်းပုံမီးကျပေါက်ကွဲပြီး လူမဆန်စွာ အပြင်းထန်ဆုံးအရက်စက်ဆုံးနည်းလမ်းတွေနဲ့ဖြိုခွင်းသတ်ဖြတ်ခဲ့တယ်။ ဖမ်းဆီးနှိပ်စက်ထောင်ချခဲ့တယ်။( ၁၉၇၆ မှိုင်းရာပြည့်ကျောင်းသားအရေးတော်ပုံအပြီးမှာ ကျောင်းသားခေါင်းဆောင် ကိုဆလိုင်းတင်မောင်ဦးနဲ့ ဗိုလ်နေဝင်းကိုလုပ်ကြံဖို့ကြိုးပမ်းခဲ့တဲ့ ဗကအုန်းကျော်မြင့်တို့ကိုရက်ရက်စက်စက်ကြိုးပေးကွပ်မျက်ခဲ့ပါတယ်)။
ကျနော်တို့ရဲ့ညီအကိုတော် စီနီယာနောင်တော်ကျောင်းသားတွေရဲ့ဘဝတွေ အသက်တွေအမြောက်အများပေးဆပ်ခဲ့ရပါတယ်။ ကျနော်တို့ (၈၈ မျိုးဆက်ကျောင်းသား)တွေဟာ သူတို့ရဲ့ ဘဝတွေ အသက်တွေပေးပြီးခင်းခဲ့ရတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့ကြရတာပါ။ တနည်းအားဖြင့်
သူတို့တတွေရဲ့မပြီးဆုံးသေးတဲ့ စစ်အာဏာရှစ်
စနစ်ဆန့်ကျင်ရေးသမိုင်းအခန်းဆက်တွေကိုကျနော်တို့ခေတ် ကျနော်တို့ကာလမှာ သမိုင်းတာဝန်တရပ်အနေနဲ့ဆက်ရေးခဲ့ကြရတာဖြစ်ပါတယ်။

ယခုအချိန်မှာ သူတို့(၇၄-၇၅-၇၆ ကျောင်းသားမျိုးဆက်)တွေဟာ အသက် (၇၀)ကျော်တန်းတွေဖြစ်နေခဲ့ကြပါပြီ။ ဆုံးပါးကွယ်လွန်သွားကြသူတွေလဲ ကွယ်လွန်သွားခဲ့ကြပါပြီ။ သို့ပေမဲ့လည်း သူတို့ရေးခဲ့တဲ့သမိုင်းတွေဟာမပျောက်မပျက်တည်ရှိနေခဲ့ပြီး သူတို့ခင်းခဲ့တဲ့လမ်းကြောင်းပေါ်မှာ ကျနော်တို့အပါအဝင် ဒီကနေ့နွေဦးတော်လှန်ရေးမျိုးဆက်တွေဟာ သူတို့ကိုင်ဆွဲခဲ့တဲ့အလံတွေကိုလက်ဆင့်ကမ်းကိုင်ဆွဲလျှက် ဆက်လက်လျှောက်လှမ်းချီတက်နေဆဲဖြစ်ပါတယ်။

ကျနော်တို့တွေအားလုံးရဲ့တခုတည်းသောတူညီတဲ့ယုံကြည်ချက်ကတော့ အဆုံးတနေ့မှာ “စစ်အာဏာရှင်စနစ်ဟာ မြန်မာပြည်မြေပေါ် ကအဆုံးသတ်ချုပ်ငြိမ်းကွယ်ပျောက်စေရမယ်” ဆိုတာပါဘဲ။

ညီအကိုနောင်တော် “မှိုင်းရာပြည့်အရေးတော်ပုံ” စီနီယာကျောင်းသားကြီးများအားအလေးနီဖြင့်…

ဇာနည်။ (၈၈ မျိုးဆက် ဗကသ)

သူ့ကို သိတဲ့သူတော့ခပ်ရှားရှားဟုထင်ပါသည်။ သူကား ကျနော်တို့အတွက်တော့ တကယ့်ရဲဘော်ရဲဘက်စစ်စစ်တယောက်ဟုပြောရမည်။ ကချင်ပြည်ဟုပြ...
24/03/2026

သူ့ကို သိတဲ့သူတော့ခပ်ရှားရှားဟုထင်ပါသည်။ သူကား ကျနော်တို့အတွက်တော့ တကယ့်ရဲဘော်ရဲဘက်စစ်စစ်တယောက်ဟုပြောရမည်။

ကချင်ပြည်ဟုပြောပြော၊ ကချင်တိုင်းရင်းသားဟုဆိုဆို၊ “ကချင်လူမျိုး” တွေနဲ့ပတ်သက်၍ပြောကြဆိုကြတဲ့အခါတိုင်း သူ့မျက်နှာကို ကျနော်တို့အရင်ဆုံးပြေးမြင်ခဲ့ရသည့်ရဲဘော် (သို့မဟုတ်) ပုဂိုလ်တဦးလည်းဖြစ်ပါသည်။

သူနှင့်ကျနော်တို့ဆုံခဲ့ရတဲ့နေရာဌာနကား လူသားတွေမရောက်ရပ် မနေအပ်သောနေရာဌာနဖြစ်သည့် “ထောင်” ဆိုသော စစ်အာဏာရှင်ဆိုသူများရဲ့ အာဏာတည်မြဲရေးယန္တားတခုထဲတွင်ဖြစ်သည်။ ထိုနေရာဌာနကား ကျနော်တို့က “ကန္တရနရသိန်”ဟု အမည်ပေးထားသော “မြင်းခြံထောင်”ဖြစ်ပါသည်။

ထိုအချိန် (၁၉၉၀ ပြည့်လွန်) ကာလက ထိုဒေသသည် ကန္တာရဆန်သော အညာဒေသ၏၊ ဆိုးဝါးပြင်းထန်သော နေ့အခါတွင်အလွန်ပူ ညအခါတွင်အလွန်အေးသော ရာသီဥတုသဘောမျိုးရှိသည်။ ဒုတိယကမ္ဘာစစ်ကာလက အရှေ့တောင်အာရှ မဟာမိတ်များတပ်ပေါင်းစု၏ စစ်သေနာပတိ ချုပ်” လော့မောင်ဘက်တန်(မြန်မာပြည်)”ရေးခဲ့သော “မြန်မာပြည်စစ်မျက်နှာအစီရင်ခံစာ” ထဲတွင် ရာသီဥတုဆိုးရွားပုံနှင့် ထိုဒေသရှိ”ပြောင်းပြာချောင်း”မှ ပေါက်ဖွားသော “ခြင်”များမှ ဆင်ခြေထောက်ရောဂါပိုးများဖြစ်ပွါးသည်ဟုမှတ်တမ်းရေခဲ့ဘူးလေသည်။ ထို့ကဲ့သို့သော အရပ်ဒေသဖြစ်လေသည်။

ကျနော်တို့က အမည်ပေးထားသော ထို”ကန္တာရနရသိန်”တွင် သူ “ကိုဇော်ဆိုင်း”နှင့်ကျနော်တို့ဆုံတွေ့ခဲ့ရခြင်းဖြစ်လေသည်။ ထိုအချိန်ကသူသည် (မဆလ)စစ်အစိုးရ၏သေဒဏ်ကျခံနေရသောအကျဉ်းသားတဦးဖြစ်သည်။ သူ့ရဲ့ရုပ်ပုံလွှာကိုပြောရရင် သူပုန်တော်လှန်ရေးသမားဟုမည်သူကမှထင်လိမ့်မည်မဟုတ်ပါ။သူသည် မင်းသားတဦးလို ဖြူနုသောရုပ်ရည်နှင့်သူ့မျက်နှာမှာဘယ်အချိန်ကြည့်ကြည့်ပြုံးချိုနေလေသည်။ ကြွက်သားအဖုအထစ်များဖြင့်ခန္ဓာကိုယ်အချိုးစားမှာလည်းတောင့်တင်းခိုင်မာသည်။ နောက်မှသိရသည်ကား သူသည် ကရာတေးဘလက်ပတ်၊ကွန်ဖူးဘလက်ပတ်အထိ တတ်ကျွမ်းသူတယောက်ဖြစ်ကြောင်းသိခဲ့ရလေသည်။

သူသည် ထောင်ထဲ၌မည်သည့်အရေးအခင်းဖြစ်ဖြစ် ကျနော်တို့ပြည်မကကျောင်းသားလူငယ်နိုင်ငံရေးအကျဉ်းသားများနှင့် တသွေးတသားတည်းရပ်တည်ခဲ့သူတဦးဖြစ်သည်။ ထောင်အာဏာပိုင်များကလည်းသူ့ကို ကြောက်လန့်ပုံရကြသည့်။ထို့ကြောင့်သူ့ကို ကျနော်တို့နိုင်ငံရေးအကျဉ်းသားများကိုထားသော မြင်းခြံထောင်သီးသန့်တိုက်၏ အခန်းနံပါတ်(၁) တိုက်ရုံးခန်းအနီးမှတိုက်ခန်းတွင်ထားခဲ့သည်။ သူ့ကို ခြောက်လက်မသံထောက်အတိုလေးနှင့်သံခြေကျဉ်းအမြဲခပ်ထားလေသည်။ သူကား ထိုသံခြေကျဉ်းထောက်တိုလေးဖြင့် ထောင်ထဲတွင် (၂၇)နှစ်နေခဲ့ရသူတဦးဖြစ်ပါသည်။ တောင်အာဖရိကမှ ကမ္ဘာကျော် လူမဲနိုင်ငံရေးခေါင်းဆောင် “မင်ဒရဲလား”ပင်ထောင်ထဲတွင် (၂၈)နှစ်နေခဲ့ရသော်လည်း သူ့လိုခြောက်လက်မထောက်တိုဖြင့်နေခဲ့ရမည်မဟုတ်ဟုထင်ပါသည်။

(နဝတ/နအဖ) စစ်အာဏာရှင်များ၏မြန်မာပြည်ထောင်သမိုင်းတွင် မြင်းခြံထောင်သည် ဆယ်စုတခေတ် (၁၀ နှစ်) ခန့် ဆိုးဝါးပြင်းထန်လှသောလူမဆန်စွာရက်စက်ကြမ်းကြုတ်သော ညှင်းပမ်းနှိပ်စက်မူ့ နာမည်ဆိုးများဖြင့်ကျော်ကြားခဲ့သည့်ထောင်တခုဖြစ်ခဲ့ပြီး၊ထိုထောင်တွင် ထိုအချိန် ထိုကာလတလျှောက်လုံးသူနှင့်ကျနော်တို့အတူတကွနေထိုင်ဖြတ်သန်းခဲ့ကြရဖူးလေသည်။

ထို့ကြောင့် “ကချင်ပြည် ကချင်လူမျိုး”အကြောင်းပြောလျှင် ကျနော်တို့သည် “ကိုဇော်ဆိုင်း”မျက်နှာကို အရင်ဆုံးပြေးမြင်ခဲ့ကြလေသည်။ သူသည် ယခုအခါသာမန်ပြည်သူတဦးအနေဖြင့် သူ့ဒေသ သူ့လူမျိုး သူ့တိုင်းပြည်အတွက်သူတတ်နိုင်သည့်ဖက်မှကူညီပံပိုးပေးနေလေ။ သူသည် ယခုကချင်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နှင့်သက်တူရွယ်တူဖြစ်ပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော်
နှင့်ကချင့်တော်လှန်ရေးကို (၁၉၈၃) ခုနှစ်လောက်ကတည်းကပါဝင်ခဲ့သူတဦးဖြစ်၍ ဗိုလ်ချုပ်ဂွမ်မော်ထက်ပင် ပို၍ဝါရင့်သောသူတဦးဖြစ်ခဲ့ပါသည်။

“ကိုဇော်ဆိုင်း”ကား တိုင်းရင်းသားတော်လှန်ရေးသမားများစွာထဲက ကျနော်တို့နှင့် ညီရင်းအကိုပမာ ချစ်ခင်ရင်းနှီးသူတဦးဖြစ်ခဲ့ပြီး၊ကျနော်တို့ (မြင်းခြံထောင်ကျောင်းဆင်း)များထဲမှ ကျနော်တို့အလေးစားရသောဆုံးတိုင်းရင်းသားတော်လှန်ရေးသမားတယောက်လည်းဖြစ်ခဲ့ပါသည်။

“ရဲဘော်ကြီးကိုဇော်ဆိုင်းသက်ရှည်ကျန်းမာစွာ ကချင်လူမျိုးများအရေး ဖက်ဒရယ်ပြည်ထောင်စုအရေးများကိုအသက်ထက်ဆုံးသယ်ပိုးထမ်းဆောင်နိုင်ပါစေဗျား..”

( သူ့ကိုမသိသူများအတွက် အောက်တွင် သူအကြောင်းရေးထားသောဆောင်းပါးစာစုလေးကိုကူးယူဖေါ်ပြလိုက်ပါသည်။)

“KIA ကွန်မန်ဒို လဖိုင်ဇော်ဆိုင်း”
********************************

၁၉၈၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေကား ကချင်လူမျိုး ကိုလဖိုင်ဇော်ဆိုင်းအတွက်

ဘယ်သောအခါမှ မမေ့နိုင်သည့်နေ့ဖြစ်သည်။ထိုနေ့တွင်ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ တာဝန်
ပေးချက်အရ (မဆလ) အစိုးရစစ်တပ်မှတိုင်းမှုး အယ်လ်ခွန်ဖန် အား ကချင်ပြည်နယ် မြစ်ကြီးနား မြို. မိုင်ဒေးကွင်းနားတွင် အောင်မြင်စွာပစ်ခတ်လုပ်ကြံခဲ့သည်။

ကေအိုင်အေ၏အထူးပျောက်ကျားကွန်မန်ဒိုတပ်
ဖွဲကိုအသက် ၂၂ အရွယ်တွင်ဦးစီးတာဝန်ယူထားသော ကိုဇော်ဆိုင်းနှင်အခြား ကေအိုင်အေ ၃ ဦးတို့တိုင်းမှုးအယ်ခွန်ဖန်အားလုပ်ကြံအပြီး သတ်မှတ်ဆုံမှတ်သို.ပြန်လာချိန်တွင် တစ်ဦးမှာ ကျန်ရစ်ခဲသဖြင် ကိုဇော်ဆိုင်းကလာလမ်းအတိုင်းပြန်နောက်ဆုတ်၍ ရှာဖွေရာချိန်တွင် သူဖမ်းဆီးခံခဲရလေသည်။ သူ၏ ကျန်ကွန်မန်ဒိုရဲဘော်များမှမူလွတ်မြောက်ခဲကြသည်။

ကိုဇော်ဆိုင်းသည် သေဒဏ် နှင့်ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခံခဲရပြီး ရှစ်လေးလုံးအရေးတော်ပုံ အပြီး သေဒဏ်ပျက်ပြယ်၍ နောက်တိုး ထောင်ဒဏ် ၃ နှင်ဖြင့် ထောင်သက် ၂ရ နှစ်နီးပါး ကို မြစ်ကြီးနားထောင်၊ မန္တလေးထောင်နှင့်မြင်းခြံထောင်
တို့တွင် မနေ့ကနေ့လည်ခင်းအချိန်ထိ အကျဉ်းကျခဲသည်။

ခုတော ကိုဇော်ဆိုင်းသည် အစိုးရကြေငြာသောပြစ် ဒဏ်လျှော ပေါ့လွှတ်ပေးမှုကြောင်လွတ်မြောက်
လာပြီး ရန်ကုန်မြို့သို့ရောက်ရှိနေပြီဖြစ်သည်။ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနီးတူ မွေးရပ်ဇာတိ သိုမဟုတ် မိဘဆွေးမျိုးများရှိရာကချင်ပြည်နယ်သို့မပြန်နိုင်ရှာ။ အကြောင်းကား လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ကကဲ့သို့ကချင်မြေတွင် အစိုးရစစ်တပ်နှင့်ကေအိုင်အေတို. အပြင်းအထန်တိုက်ပွဲများ
ပြန်ဖြစ်နေပြီး စစ်မီးတဟုန်းဟုန်းလောင်မြိုက်နေခြင်းကြောင့်ဖြစ်သည်။

“ရှေ့လ ၁၆ ရက်ဆို ကျနော်ထောင်သက် (၂ရ )နှစ်ပြည်ပါပြီ။ ဒါ.ကြောင်.လွှတ်ပေးလို့ကျေးဇူးတင်ရမယ်ဆိုတာလဲတစ်မျိုးဘဲ။ ကျနော်ခုရန်ကုန်ကိုဆင်းလာတယ်ဆိုတာလဲ စစ်မတိုက်ချင်လို.၊ ငြိမ်းချမ်းရေးအဖြေရှာ
ချင်လို့ သိန်းနဲ့ချီတဲ့ ကချင်ဒုက္ခသည်တွေအတွက် တစ်ခုခုကြိုးစားချင်လို့ပါ” ဟုသူကဆိုသည်။

သူထောင်သက် (၂ရ )နှစ်အတွင်း ကေအိုင်အေ နှင့်အစိုးရတို့ကြား (၁၇) နှစ်ကြာ (၁၉၉၄ မှ ၂၀၁၁ ဇွန်လထိ ) အပစ်
အခပ်ရပ်ဆဲခဲ့သည်။ သို့သော် ယခုကိုဇော်ဆိုင်းမြင်တွေရသော ကချင်ပြည်နယ်ကား သူမြင်
တွေ့ခဲ့သည့် (၁၉၈၉) ကျော်ကစစ်ပွဲကာလများကဲ့သို့ပြန်ဖြစ်နေသည်။

(၁၉၈၅ ) ခုနှစ်တွင် ဦးနေဝင်းခေါင်းဆောင်သောမြန်မာအစိုးရတပ်နှင့်ကေအိုင်အေတို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း ကိုဇော်ဆိုင်းကဆိုသည်။ ထိုကာလများတွင် ကချင်ရွာ များမီးရှိူ.ခံရခြင်း၊ ထောင်ပေါင်းများစွာသော ကချင်လူမျိုးတို့ စစ်ပြေးဒုက္ခသည်ဖြစ်ခဲ့ခြင်းတို့သည်။ ကချင်လူမျိုးပင်ဖြစ်သော တိုင်းမှူးအယ်လ်ခွန်ဖန်ကိုလုပ်ကြံရန် အကြောင်းဖန်လာခြင်းဖြစ်ကြောင်း သူကဆိုသည်။ အယ်လခွန်ဖန်မှာ နာမည်ကျော်အဆိုတော် အယ်လခွန်းရီ ၏ ဖခင်ဖြစ်သည်။

“ကေအိုင်အေခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးဘရန်ဆိုင်း နဲ့ဦးဇော်မိုင် တို့ကတာဝန်ပေးတဲ့အတွက်ကြောင့် လုပ်ကြံမှုကိုလုပ်ခဲ့တာပါ။ ခုကေအိုင်အေ စစ်ဖက်ဆိုင်ရာ အကြီးအကဲ လုပ်နေတဲ. ဗိုလ်ချုပ်ကြီးလဘန်လ ကော၊ ခု ကေအိုင်အိုခေါင်းဆောင်တာဝန်ယူထားတဲ့ ဦးဇောင်းခရာတို့လည်း ကျနော်တာဝန်ယူ
တဲ့ကိစ္စကိုသိပါတယ်” ဟု ကိုဇော်ဆိုင်းက ဆိုသည်။

ကိုဇော်ဆိုင်းကိုလွှတ်ပေးလိုက်မှုသည် ကေအိုင်အေအတွက်တော့ ထူးခြားမှုတစ်ရပ်လို့မှတ်ယူစရာရှိသည်။ အကြောင်းမှာ ယခု ကေအိုင်အေမျိုးဆက်သစ်လူငယ်ခေါင်းဆောင်များထဲမှအချို့သည် ကိုဇော်ဆိုင်းနှင်သက်တူရွယ်တူ ခေတ်ကာလတစ်ခုတည်းလုပ်ကိုင်ခဲ့သူများဖြစ်ကြောင်းသိရသည်။

ယခုတော့ အသက် ၄၉ နှစ်ရှိပြီဖြစ်သော ကိုဇော်ဆိုင်းတစ်ယောက် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် သူတတ်နိုင်သမျှကြိုးပမ်းမည်

ဖြစ်ကြောင်း၊ ထောင်သက် (၂၇) နှစ်ကာလအတွင်း တွေ့ခဲ့ရသော များမြောင်လှ
သည့် သူ့မိတ်ဆွေ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင်. အဆင်ပြေပါက အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်
ဒေါ်အောင်ဆန်းစုကြည် ကိုပါတွေ့ဆုံရန် ရှိသည်ဟုသူကဆိုသည်။

လက်ရှိဖြစ်နေသော ကေအိုင်အေနှင့် အစိုးရတိုက်ပွဲများအပေါ် သူမှတ်ချက်ပေးရန်ငြင်းဆန်သော်လည်း အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်များ နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းရေးစီမံကိန်းဟာ ဖြစ်နိုင်စ
ရာအကြောင်းမရှိဟု သူကမှတ်ချက်ပြုသည်။

ထို့အပြင် မြင်းခြံထောင်ထဲတွင် မတရားညှင်းပန်းနှိပ်စက်မှုကြောင့် (KNU ) နှင့်ပတ်သက်ပြီးအကျဉ်းချခံခဲ့ရသူ (၆၀ ) ကျော် ၁၉၉၂၊ ၁၉၉၃ ကာလများတွင် သေဆုံးခဲ့မူ့နှင့် ထောင် ထဲတွင်လူအခွင့်အရေးချိုးဖောက်မှု
များကိုလည်း သူက ထုတ်ဖော်ပြောဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျနော်ကိုယ်တိုင် သံခြေကျင်းဒေါက်ခတ်ပြီး ၄ နှစ်နေခဲ.ရတယ်၊ နှိပ်စက်ခံခဲ.ရတယ်၊ အစာရေစာငတ်မွတ်ခဲ့တယ်၊ ဘုရားသခင်ရဲ.ကျေးဇူးတော်ကြောင့် ကျနော်ဒါတွေကျော်လွှားနိုင်ခဲ့သည်။ ကျနော် ငြိမ်းချမ်းရေးအတွက် ကြိုးစားသွားမယ်" ဟု ကိုဇော်ဆိုင်းကဆိုသည်။

သေချာသည်ကတော့ ကိုဇော်ဆိုင်းသည်မငြိမ်းသေးသော မြန်မာပြည် ပြည်တွင်းစစ်၏ သားကောင်ဖြစ်ခဲ့ရ
ကာ၊ ယခုလက်ငင်း စစ်၏အခြေအနေကြောင်. အသက်ရှစ်ဆယ်ကျော်မိခင်ကြီးရှိရာ ကချင်ပြည်နယ် အင်း
တော်ကြီးသို. မပြန်နိုင်ဘဲ ဆက်လက်၍ စစ်၏ သားကောင်ဖြစ်နေလေသည်။

23/03/2026

" နိုင်ငံရေးမျိုးဆက်များရဲ့ နိုင်ငံရေးဆက်ထုံးစကားဝိုင်း "

၂၃ မတ်လ ၂၀၂၆

ယခု တစ်ပါတ်မှာတော့ ၈၈ မျိုးဆက်၊ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသား ၈၈၈၈ လူထုအရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့တဲ့ ဆရာဦးဇာနည်နဲ့ တွေ့ဆုံခဲ့ပြီး သူဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို မေးမြန်းခဲ့ပါသည်။ နွေဦးတော်လှန်ရေးနှင့် တပ်ပေါင်းစုပြဿနာများအတွက် ဆရာဦးဇာနည်ရဲ့ အတွေ့အကြုံ အတွေးအမြင် သုံးသပ်ချက်များကို ဒီအစီအစဉ်မှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အပြည့်အစုံကြည့်ရှုရန် - https://youtu.be/EnPsiwSvcis

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Echoes Of Eraผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์