စောင်းကောက် - စာအုပ်စင်

စောင်းကောက် - စာအုပ်စင် ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก စောင်းကောက် - စာအုပ်စင်, ห้องสมุด, Plum Condo Park Rangsit, Khlong Luang.

05/11/2023
ပန်းချီအနုလက်ရာတွေကိုတော့ ရိုးရာပန်းချီ လူငယ်ပညာရှင် ကောင်းမင်းဝေ၊ သရုပ်ဖော်ရေးဆွဲမှုအနုပညာရှင်နဲ့ ဒီဇိုင်နာအာထက်၊ ပန်းခ...
07/08/2023

ပန်းချီအနုလက်ရာတွေကိုတော့ ရိုးရာပန်းချီ လူငယ်ပညာရှင် ကောင်းမင်းဝေ၊ သရုပ်ဖော်ရေးဆွဲမှုအနုပညာရှင်နဲ့ ဒီဇိုင်နာအာထက်၊ ပန်းချီဆရာမအေးသန္တာလှိုင်တို့က သင်တန်းနည်းပြတွေကို လက်ဆောင်ပေးထားတာဖြစ်ပြီး အားလုံးကြည့်ရှုခံစားနိုင်အောင် စောင်းကောက် - စာအုပ်စင် မှာ ပြသထားပါတယ်။

ဒါတွေအပြင် တိုကျိုအနုပညာတက္ကသိုလ်ကနေ ယူလာခဲ့တဲ့ Musicology ဆိုင်ရာ လက်ကမ်းစာစောင်များ၊ CD အခွေများနဲ့ အခြားအနုပညာပစ္စည်းအချို့ကိုလည်း ကြည့်ရှုနိုင်ပါသေးတယ်။

နောက်ပိုင်းမှာ သင်တန်းနည်းပြထိုက်ရဲ့ Tokyo University of the Arts, Geidai ကို အလည်နဲ့လေ့လာရေးခရီးသွားရောက်ခဲ့တဲ့ မှတ်တမ်းစာစောင်ကိုလည်း စောင်းကောက် - စာအုပ်စင်မှာ လေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

#ပန်းချီအနုပညာ
#ယဉ်ကျေးမှုအနုပညာစာအုပ်များ
#နေ့စဉ်မှတ်တမ်း
#ဂီတဗဒေ
#တိုကျိုအနုပညာတက္ကသိုလ်
#စောင်းကောက်စာအုပ်စင်



မဟာဂီတပေါင်းချုပ် -
27/07/2023

မဟာဂီတပေါင်းချုပ် -

စောင်းကောက်စာအုပ်စင်ရဲ့စာအုပ်အညွှန်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ဒီတပတ်မှာတော့ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း၊ သဘာဝပတ်ဝန်း...
10/07/2023

စောင်းကောက်စာအုပ်စင်ရဲ့စာအုပ်အညွှန်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတပတ်မှာတော့ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ချိတ်ဆက်နေတဲ့သဘောကို ဖတ်ရှုနိုင်တဲ့ “အမြဲစိမ်း” သဘာဝဝန်းကျင်ရေးရာ သတင်းဂျာနယ်လေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

ဒီဂျာနယ်လေးမှာတော့ ဓနု၊ ပအို့၊ ကယန်းဒေသ လူထုအခြေပြုခရီးသွားလုပ်ငန်းများအကြောင်း၊ မြန်မာနိုင်ငံရဲ့ ယုတ်လျော့ပျက်ဆီးလာတဲ့
သဘာဝပတ်ဝန်းကျင်အကြောင်း၊ ၂၀၁၉ ခုနှစ်က ကြိုးစားခဲ့ကြတဲ့ လူထုအခြေပြုခရီးသွားလုပ်ငန်းများအကြောင်း၊ သစ်ပင်သစ်တောများအကြောင်း စတာတွေ ပါဝင်ပါတယ်။

စောင်းကောက် စာအုပ်စင်မှာ အမြဲစိမ်းဂျာနယ် အတွဲ (၄)၊ အမှတ် (၁)၊ အမှတ် (၃)၊ အမှတ် (၁၀) သုံးစောင်ရှိပြီး ဒီဂျာနယ်လေးတွေကို မိုးရာသီမကုန်ခင်အထိ အခမဲ့ ငှားရမ်းဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

စောင်းကောက်စာအုပ်စင်မှာ အဖွဲ့ဝင်လျှောက်ထားပြီး ယဉ်ကျေးမှုအနုပညာစာအုပ်များ၊ သမိုင်း (အင်္ဂလိပ်၊ မြန်မာ) စာအုပ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်များ၊ ရသစာအုပ်များကို လစဉ်ကြေး (၁,၀၀၀) ကျပ်ဖြင့် လာရောက်ငှားရမ်းဖတ်ရှုနိုင်သလို သင်တန်းချိန်အတွင်း စောင်းကောက်ဂီတသင်တန်းမှာလည်း လာရောက်ဖတ်ရှုနိုင်ပါတယ်။

စာအုပ်စင်တည်နေရာ - စောင်းကောက်ဂီတသင်တန်း၊ အမှတ် (င)/၂၇၄၊ ခွာညိုလမ်း၊ (င)ရပ်ကွက်၊ ရပ်ကွက်ကြီး (၁၀)၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်မြို့၊ ကားကြီးကွင်းအနီး။

သင်တန်းဖုန်းသို့ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းပါ။
09979829248

#အမြဲစိမ်း
#သဘာ၀၀န်းကျင်ရေးရာဂျာနယ်
#စောင်းကောက်စာအုပ်စင်
#စောင်းကောက်ဂီတသင်တန်း

MMS Books
30/05/2023

MMS Books

စာအုပ်စင်တည်ရှိရာ မေမြို့သင်တန်းမှာ လာရောက်ဖတ်မယ်ဆိုရင် အခမဲ့ဖတ်ရှုနိုင်ပါပြီ။  #စောင်းကောက်စာအုပ်စင်
18/04/2023

စာအုပ်စင်တည်ရှိရာ မေမြို့သင်တန်းမှာ
လာရောက်ဖတ်မယ်ဆိုရင် အခမဲ့ဖတ်ရှုနိုင်ပါပြီ။

#စောင်းကောက်စာအုပ်စင်

မြန်မာ့ဂီတချစ်မြတ်နိုးသူ၊ နားထောင်သူ ပရိသတ်များအနေဖြင့် ရှေးမြန်မာ့ဂီတပညာရှိကြီးတွေ
မျှဝေရေးသားခဲ့တဲ့ မြန်မာ့ဂီတ၊
မြန်မာ့အနုပညာများရဲ့ အခြေခံအသိပညာတွေ၊ အနုပညာတန်ဖိုးတွေကို လေ့လာဖတ်ရှုကြပါလို့ စောင်းကောက်စာအုပ်စင် အဖွဲ့က တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

စောင်းကောက် - စာအုပ်စင်

#ဦးခင်မောင်ဒွေး #မန္တလေး #၀တ်လုံ #မဟာဂီတအသင်း၀င် #မြန်မာ့မဟာဂီတ #လူထုဒေါ်အမာ

ဖြစ်ရပ်မှန်တဲ့ ...စာအုပ်အမည်လေးက "မအိမ်ကံ"မအိမ်ကံ ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဝိဉာဉ် ဟာ ဒီစာအုပ်မှာ ကပ်ငြိနေသလိုပဲ...။စာ...
18/04/2023

ဖြစ်ရပ်မှန်တဲ့ ...

စာအုပ်အမည်လေးက "မအိမ်ကံ"
မအိမ်ကံ ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဝိဉာဉ် ဟာ ဒီစာအုပ်မှာ ကပ်ငြိနေသလိုပဲ...။

စာအုပ်ကို ဖတ်လို့ပြီးတဲ့အခါမှာ သက်ပြင်းအခါခါ ချမိတယ်၊ ပါးစပ်ကမရေရွတ်ပေမဲ့ အတွေးထဲမှာ တစ်ခုတည်းရှိနေခဲ့တဲ့ မေးခွန်းက မအိမ်ကံဟာ အနိုင်ယူခဲ့တာလား၊ အရှုံးပေးခဲ့တာလား...။

မအိမ်ကံဟာ ချောတယ်၊ လှတယ်၊ ချမ်းသာတယ်၊ အကျင့်စာရိတ္တကောင်းတယ် ။
လူချစ်၊ လူခင်‌ပေါ‌တယ်။ မအိမ်ကံရဲ့ဘ၀ဟာ အပေါ်ယံကြည့်ရင် မိန်းကလေးတိုင်း အားကျစရာ ဘ၀မျိုး။

မအိမ်ကံဘဝမှာ ပထမဆုံးလိုချင်တက်မက်ခဲ့တာက
ကွမ်းတောင်ကိုင်ခေါ် ဖက်စိမ်းကွမ်းတောင် ကိုင်ရတဲ့သူပါပဲ။ ဖက်စိမ်းကွန်းတောင်ကိုင်မဲ့သူဟာ အပျိုစင်စစ်ဖြစ်ရမယ်။

ဒါ့အပြင် အဲ့ဒီ အပျိုဟာ
- လှပသော မိန်းကလေး ဖြစ်ရမယ်။
- ပစ္စည်းဥစ္စာ အသင့်အတင့်ရှိသော မိဘနှစ်ပါးမှ မွေးဖွားလာသူ ဖြစ်ရမယ်။
- ထိုမိဘနှစ်ပါးသည်လည်း အပျို၊ လူပျိုမှစ၍ ပေါင်းဖက်လာခဲ့သော ငယ်လင်၊ ငယ်မယား
ဖြစ်ရမယ်။
- မိန်းမပျို ကိုယ်တိုင်သည် ရည်းစားပင်မထားဖူး၊ နာမည်ပျက် လုံးဝမရှိသော အပျိုစင်ဖြစ်ရမယ်။
- ကိုယ်လက်အင်္ဂါ ချွို့ယွင်းသူ မဖြစ်ရ။
- ဝလွန်းသူ ပိန်လွန်းသူ မဖြစ်စေရ
ဆိုတဲ့ အချက်တွေနဲ့လည်း ပြည့်စုံရမှာ ဖြစ်ပါတယ်။

မအိမ်ကံလေးသည် ဖခင်ဖြစ်သူ "ကိုသာထန်" ၏ ဒုတိယအိမ်ထောင် "မပန်းရုံ" နဲ့ရခဲ့တဲ့ သားသမီးဖြစ်တာကြောင့်ငယ်စဥ်ထဲက ကွမ်း‌တောင်ကိုင် ဖြစ်ချင်သော်လည်း ဖြစ်ခွင့်မရှိခဲ့ပေ။

ဓလေ့ထုံးတမ်းဆိုတဲ့ ရိုးရာအစွဲအောက်မှာ ကွမ်းတောင်ကိုင်ဖြစ်ဖို့ ရည်ရွယ်ချက် ပြင်းပြခဲ့တဲ့
မအိမ်ကံ ။

"နိုင်ငံကချမ်းသာတယ် ပြည်သူတွေက ဆင်းရဲတယ်"
နိုင်ငံရေးက ဘာမဟုတ်တဲ့ တောရွာက အမျိုးသမီးလေးကို မထိခိုက်နိုင်ဘူး ထင်ရပေမယ့်
မအိမ်ကံမှ ကံဆိုးလေသည်။

ဘဝဆိုတာ ထင်ထားတာတွေ ဖြစ်မလာတတ်သလို၊ ထင်မထားတာတွေကလည်း ဖြစ်လာတတ်ပါသေးတယ်။

"မအိမ်ကံ" ဝတ္ထုကလေးပြီးသွားတဲ့အခါမှာ ကျွန်တော်ကတော့ ... ငှက်ဆိုးတစ်ကောင်ရဲ့ အော်သံဟာ အဘယ်သို့သော မအိမ်ကံလို လူမျိုးတွေကို ဒုက္ခပေးဦး မှာလဲလို့ တွေးနေမိလေရော ...

- အဲမင်းကို -

#မအိမ်ကံ #ခင်ခင်ထူး
#စောင်းကောက်စာအုပ်စင်
#စာအုပ်ငှားပါ

ဒေါ်စောမြဧကြည် (ဘီ-အေ) ခေါ် ခင်စိန်ကြည်သည် မြန်မာမှုဂီတကို အလွန်နှံ့စပ်သော ဂီတမိခင်ကြီး ဖြစ်လေသည်။ဒေါ်စောမြဧကြည် ရေးသားခ...
02/04/2023

ဒေါ်စောမြဧကြည် (ဘီ-အေ) ခေါ် ခင်စိန်ကြည်သည်
မြန်မာမှုဂီတကို အလွန်နှံ့စပ်သော ဂီတမိခင်ကြီး ဖြစ်လေသည်။

ဒေါ်စောမြဧကြည် ရေးသားခဲ့သော (ဂီတနှင့်အက) စာအုပ်တွင်
၁။ သီပေါဟောနန်း၏ အနုသဘင် ပညာရှင်များအကြောင်း
၂။ မြန်မာသီချင်း အမျိုးမျိူး၏ သဘော
၃။ အတီးကင်းသော အဆိုပညာရပ်များ အပြင်
၄။ တူရိယာ (၅)မျိုးဖြစ်သော (ကြေး၊ကြိုး၊
သားရေ ၊လေ၊ လက်ခုပ်) တို့ကို နက်ရှိုင်းစွာ
ဖော်ပြထားပြီး
၅။ အရေးနှင့်အတီး ဂီတပညာရှင်များအကြောင်း
၆။ အဆိုအက ပညာရပ်များဖြစ်သော -
(က) မြန်မာ အက
(ခ) မြန်မာသဘင်အမျိုးမျိုး
(ဂ) နန်းတွင်းဇာတ်များ
(ဃ) ဇာတ်ပွဲများ
(င) မြန်မာရုပ်သေး
(စ) အငြိမ့်စသော မြန်မာ့အနုပညာများကို
ဖော်ပြထားသည်ဖြစ်၍ မြန်မာ “ဂီတနှင့်အက” နှစ်ခြိုက်လိုလားသူများ ဖတ်ရှုသင့်သော
စာအုပ်ပင်ဖြစ်ပါသည်။

စာအုပ်အညွှန်းရေးသားသူ - အဲမင်းကို
ဓာတ်ပုံ - အဲမင်းကို

#ဂီတနှင့်အက
#ဒေါ်စောမြဧကြည်
#စောင်းကောက်စာအုပ်စင်

(၁၅) ကြိမ်မြောက် ဝိဇ္ဇာပညာရပ်ဆိုင်ရာဆုဓမ္မပူဇာတေးသီချင်းများလေ့လာချက်ဒေါက်တာယဉ်မာအေး PST Foundation #စောင်းကောက်စာအုပ်စင...
26/03/2023

(၁၅) ကြိမ်မြောက် ဝိဇ္ဇာပညာရပ်ဆိုင်ရာဆု
ဓမ္မပူဇာတေးသီချင်းများလေ့လာချက်
ဒေါက်တာယဉ်မာအေး
PST Foundation

#စောင်းကောက်စာအုပ်စင်

မင်္ဂလာပါ၊ကျွန်တော်ကတော့ အဲမင်းကိုပါ။ စောင်းကောက်စာအုပ်စင်အတွက် အထွေထွေ လက်ထောက်အဖြစ်နဲ့ လေးလကြာ ကူညီဆောင်ရွက်ပေးသွားပါမ...
24/03/2023

မင်္ဂလာပါ၊

ကျွန်တော်ကတော့ အဲမင်းကိုပါ။
စောင်းကောက်စာအုပ်စင်အတွက် အထွေထွေ လက်ထောက်အဖြစ်နဲ့ လေးလကြာ ကူညီဆောင်ရွက်ပေးသွားပါမယ်။ စာအုပ်ဖတ်ရတာသဘောကျပြီး အထူးသဖြင့် ၀တ္ထုစာအုပ်တွေအများဆုံးဖတ်ဖြစ်ပါတယ်။ စောင်းတူရိယာ
တီးခတ်ရတာကိုလည်း သင်ယူလိုတာကြောင့် စောင်းကောက်ဂီတသင်တန်းမှာလည်း အထွေထွေလက်ထောက်ပညာသင်ဆုနဲ့ တက်ရောက်
သင်ယူနေပါတယ်။

အခုကစပြီး စာအုပ်စင်မှာရှိတဲ့ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာတွေကော၊ ရသစာပေ၊
၀တ္ထုတွေအကြောင်းကိုပါ အားလုံးဆီကို
မျှဝေပေးသွားပါမယ်။
ကျေးဇူးတင်ပါတယ်။



စာအုပ်ရှိုးကေ့စ်ထဲမှာ ‌ရွေးချယ်ပြသထားတဲ့ စာအုပ်များ  #စောင်းကောက်စာအုပ်စင်
24/03/2023

စာအုပ်ရှိုးကေ့စ်ထဲမှာ ‌
ရွေးချယ်ပြသထားတဲ့
စာအုပ်များ

#စောင်းကောက်စာအုပ်စင်

ที่อยู่

Plum Condo Park Rangsit
Khlong Luang
12120

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ စောင်းကောက် - စာအုပ်စင်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท