ဆာကဆောတပ်မ ကော်သူးလေတပ်မတော် KTLA

ဆာကဆောတပ်မ
ကော်သူးလေတပ်မတော်
KTLA ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ဆာကဆောတပ်မ
ကော်သူးလေတပ်မတော်
KTLA, กองกำลังติดอาวุธ, Kanchanaburi.

"တိုက်ပွဲသတင်းထုတ်ပြန်ချက်"ဆာကပေါတပ်ရင်းကော်သူးလေတပ်တော်KTLA    #တပ်ရင်း_၂   #သတင်းနှင့်ပြန်ကြားရေး  #ထားဝယ်  #အရှေ့တောန...
28/02/2024

"တိုက်ပွဲသတင်းထုတ်ပြန်ချက်"

ဆာကပေါတပ်ရင်း
ကော်သူးလေတပ်တော်
KTLA

#တပ်ရင်း_၂ #သတင်းနှင့်ပြန်ကြားရေး #ထားဝယ် #အရှေ့တောနယ် #ဝကုန်းကျေးရွာ #ကျောက်မဲတောင်ကျေးရွာ
#ကြယ်လင်းရောင်တပ်ရင်း

ကြယ်လင်းရောင်တပ်ရင်း ရဲဘော်များ အားကစားပွဲလှုပ်ရှားမှု မှတ်တမ်းပုံရိပ်အချို့။ #ကြယ်လင်းရောင်_ဆာကပေါတပ်ရင်း
17/02/2024

ကြယ်လင်းရောင်တပ်ရင်း ရဲဘော်များ အားကစားပွဲလှုပ်ရှားမှု မှတ်တမ်းပုံရိပ်အချို့။

#ကြယ်လင်းရောင်_ဆာကပေါတပ်ရင်း

17/02/2024

ဤ page အား ကော်သူးလေတပ်တော်၊ ဆာကဆောတပ်မ၏ _ဆာကပေါ(ကြယ်လင်းရောင်)တပ်ရင်း_"Star Light Battalion"၏ သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ရန် ဆက်လက်သုံးစွဲသွားမည်ဖြစ်ပြီး "ကော်သူးလေတပ်တော်၊ ဆာကဆောတပ်မ"၏ သတင်းနှင့်ထုတ်ပြန်ချက်များတိုက်ရိုက်သိရှိနိုင်ရန်အတွက်အား အောက်ပါ Link မှ Page တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက Page messenger တွင်ဖြစ်စေ၊ First comment တွင် ပေးထားသော အကောင့်တွင်ဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
ဆာကပေါတပ်ရင်း
ဆာကဆောတပ်မ
ကော်သူးလေတပ်တော်_KTLA

#သတင်းနှင့်ပြန်ကြားရေးဌာန


https://www.facebook.com/profile.php?id=61555791278560&mibextid=kFxxJD

01/02/2024

ကော်သူးလေတပ်တော်_ Kaw Thoo Lei Army-KTLA စစ်ဦးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြ ၏ ၇၅နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်း

-KTLA #သတင်းနှင့်ပြန်ကြားရေးဌာန

10/01/2024

ချစ်ခင်လေးစားအပ်ပါသော ကရင် သွေးချင်းညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတကာတွင် ရောက်ရှိနေသော ကရင်သွေးချင်းများအားလုံး ကရင့်နှစ်သစ်အခါသာမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။
ဆာကဆောတပ်မ၊ ကော်သူးလေတပ်တော် ကိုယ်စား နှုတ်ခွန်းဆက်သခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်။
စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့ကြရတဲ့ ကရင့်အာဇာနည် သူရဲကောင်းများနှင့် ၄င်းတို့၏ကျန်ရစ်သူမိသားစု၀င်များ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများ၊ မတရားဖမ်းဆီးထိန်းသိမ်းခံရပြီး ညဉ်းပန်း နှိပ်စက်ခံကြရသူများ၊ ကရင်လူမျိုးလွတ်လပ်ရေးအတွက် ပြင်းပြသောစိတ်ဆန္ဒနှင့် နည်းလမ်းပေါင်းစုံသုံးပြီး စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ ကရင့်မျိုးဆက်လူငယ်လူရွယ်များ၊ ကရင်ပြည်သူပြည်သားများ အားလုံးကို ဒီနေရာကနေ ဦးညွှတ်အလေးပြုပါတယ်။

လူမျိုးကြီးဝါဒကြီးစိုးမှုနှင့် ဖိနှိပ်ချုပ်ခြယ်မှုများစွာကို စစ်အာဏာရှင်အဆက်ဆက်က ကျူးလွန်ခဲ့ကြပါတယ်။

ဒါကြောင့် ထိုအခြေအနေဆိုးများကို လုံးဝလက်မခံနိုင်ကြတဲ့ ကရင်လူမျိုးများအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများဟာ လူမျိုး ဘာသာမရွေး လူတန်းစားမရွေး အသက်အရွယ်မရွေး အာဏာရှင်စနစ်ကို တော်လှန် ခဲ့ကြပါတယ်။

ယင်းကဲ့သို့တော်လှန်နေစဥ်ကာလအတွင်း ကရင်လူမျိုးများအကြား သွေးခွဲသပ်လျှိုမှုများခံရသောကြောင့် ကရင်အဖွဲ့အစည်းအများအပြားဖြစ်ပေါ်ခဲ့ရတာလည်း ယနေ့ပကတိမြင်ကွင်းအခြေအနေပဲ ဖြစ်ပါတယ်။

ကရင် ပြည်သူ ပြည်သား သွေးချင်းညီကိုမောင်နှမများခင်ဗျား….

အခုအချိန်အခါဟာ စစ်အာဏာရှင် အမြစ်ပြတ် ကွယ်ပျောက်စေဖို့ တိုက်ပွဲဝင်ရန် အကောင်းဆုံး အချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကော်သူးလေ အနေနဲ့လည်း ပြည်သူများနှင့်အတူ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူများအနေနှင့်လည်း စိတ်ဝမ်းကွဲမှုမရှိဘဲ၊ နိုင်ကိုနိုင်ရမယ် ဆိုတဲ့ အောင်စိတ်ကို မွေးပြီး ရဲရဲဝံ့ဝံ့ ဆက်လက် တိုက်ပွဲဝင်ပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားလိုပါ တယ်။

ဒါကြောင့် ကရင့်နှစ်သစ်ကူးအခါသမယမှာ ပေါ်ပေါက်လာတဲ့ ကော်သူးလေအစိုးရသစ် ကို တစ်ခဲနက် ထောက်ခံပြီး အစိုးရသစ်နှင့်အတူ ကရင့်တော်လှန်ရေးကို အောင်ပွဲရသည်အထိ ညီညီညွတ်ညွတ်နဲ့ ဆက်လက်ပြီး တိုက်ပွဲဝင်ပေးကြပါရန်ပြောကြားလိုပါတယ်။

ကော်သူးလေ အစိုးရအဖွဲ့မှာ ပြည်သူလူထု၏ ထောက်ခံမှုကိုရရှိထားသော နိုင်ငံခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထောက်ခံမှုရရှိထားသူများ၊ တတ်သိကျွမ်းကျင်ပညာရှင်များ၊ အမျိုးသမီးများ၊ လူငယ်များနဲ့ ဖွဲ့စည်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။
ကော်သူးလေ အစိုးရအဖွဲ့အနေနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များ အပါအဝင် လုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပြည်တွင်းပြည်ပ ကရင့်အဖွဲ့အစည်းများ နှင့် တိုင်ပင် ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ကော်သူးလေအစိုးရအဖွဲ့ဟာ လကရှိ ကရင့်နိုင်ငံရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။
ကော်သူးလေအစိုးရနှင့်ပတ်သက်၍ ပြည်နယ်ဥသျှောင် ဗိုလ်ချုပ်စောနယ်ဒါးမြအနေဖြင့်လည်း ကရင်ပြည်သူသို့ အစီရင်ခံတင်ပြပြီး ဖြစ်ပါတယ်။

ကရင် သွေးချင်းညီကိုမောင်နှမများခင်ဗျား….
အခုအချိန်ဟာ စစ်အာဏာရှင်နဲ့ ၎င်းတို့ရဲ့ လက်ပါးစေများက နည်းမျိုးစုံနဲ့ နေ့စဉ်ရက်ဆက် အကြမ်းဖက်မှုများကို ဥပဒေမဲ့ဆောင်ရွက်နေသည့်အတွက် ပြည်သူများရဲ့ အသက်အိုးအိမ်များမှာ လုံခြုံမှုမရှိတော့ဘဲ ကျီးလန့်စာစား နေထိုင်ရတဲ့ အခြေအနေမျိုးဖြစ်နေရပါတယ်။ ဒီလို အခြေအနေဆိုး တွေကနေ လွန်မြောက်နိုင်စေဖို့ ကျွန်တော်တို့ ကော်သူးလေ အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များအတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်း များ အပါအဝင် အဖွဲ့အစည်းပေါင်းစုံနှင့်ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် အမြစ်ပြတ် ပြုတ်ကျရေးအတွက်လည်းကောင်း၊ စစ်အာဏာရှင်တို့၏ တရားမဲ့ပြုကျင့်မှုများကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ ပြည်သူများအတွက်လည်းကောင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်သဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော CDM ဝန်ထမ်းများအတွက်လည်းကောင်း၊ စစ်အာဏာရှင်တို့မှ တိုင်းရင်းသား ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ထွက်ပြေးတိမ်းရှောင်နေရသော တိုင်းရင်းသားပြည်သူများအတွက်လည်းကောင်း အကူအညီများရရှိရန် ပြည်တွင်းပြည်ပရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံအစိုးရများနှင့် ဆက်သွယ်၍ ကြိုးစားဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
စစ်အာဏာရှင်တို့ကို အထောက်အပံ့ ဖြစ်စေမယ့် လုပ်ငန်းများ၊ အရင်းအမြစ်များကို လျော့ပါး ချိနဲ့၊ ထိန်းချုပ်နိုင်ရန်အတွက်လည်း ပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုကို ဥပဒေမဲ့ သတ်ဖြတ်၊ ဖမ်းဆီး၊ ညှင်းဆဲနေမှုများကို ကျူးလွန်ခဲ့ကြတဲ့ စစ်ကောင်စီဝင်များနဲ့ လက်ပါးစေများကို ခြွင်းချက်မရှိ အရေးယူအပြစ်ပေးနိုင်ရန်အတွက်လည်း နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း အသီးသီးနှင့် ဆောင်ရွက်သွားမှာ ဖြစ်သလို၊ ဆောင်ရွက်နေဆဲလည်း ဖြစ်ပါတယ်။

ဒါကြောင့် ကရင့်နှစ်သစ်ကူးအခါသမယမှာ ပေါ်ပေါက်လာတဲ့ ကော်သူးလေ အစိုးရသစ် ကို တစ်ခဲနက် ထောက်ခံပြီး အစိုးရသစ်နှင့်အတူ ကရင့်တော်လှန်ရေးကို အောင်ပွဲရသည်အထိ ညီညီညွတ်ညွတ်နဲ့ ဆက်လက်ပြီး တိုက်ပွဲဝင်ပေးကြပါရန်နှင့် ပြည်သူအားလုံး လိုလားတဲ့ အောင်မြင်မှု ဟာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

အရေးတော်ပုံအောင်ရမည်

"ရဲဘော်ကိုချမ်း မှ ဆာကဆောတပ်မ၊ ကော်သူးလေတပ်တော် ကိုယ်စား ၂၇၆၃ခုနှစ် ကရင်နှစ်သစ်ကူးအမှာစကား ပြောကြးခြင်း"
"Karen nation new year"


-KTLA

10/01/2024

"KTLA စစ်ဦးစီးချုပ် ၂၇၆၃ခုနှစ် ကရင်နှစ်သစ်ကူးအမှာစကား" အား ရဲဘော်ကိုချမ်းမှ ဖတ်ကြားခြင်း
"Karen nation new year"


-KTLA

"KTLA စစ်ဦးစီးချုပ် ၂၇၆၃ခုနှစ် ကရင်နှစ်သစ်ကူးအမှာစကား""Karen nation new year"             -KTLA
10/01/2024

"KTLA စစ်ဦးစီးချုပ် ၂၇၆၃ခုနှစ် ကရင်နှစ်သစ်ကူးအမှာစကား"
"Karen nation new year"


-KTLA

"Karen nation new year"             -KTLA
10/01/2024

"Karen nation new year"


-KTLA

"ကော်သူးလေတပ်တော်၊ ဆာကဆောတပ်မ၏ တပ်ဖွဲ့ဝင်များအားလုံးသိရှိလိုက်နာရန်"    #ဆာကဆောတပ်မ  #ကော်သူးလေတပ်တော်      #သတင်းနှင့်ပ...
05/01/2024

"ကော်သူးလေတပ်တော်၊ ဆာကဆောတပ်မ၏ တပ်ဖွဲ့ဝင်များအားလုံးသိရှိလိုက်နာရန်"

#ဆာကဆောတပ်မ #ကော်သူးလေတပ်တော် #သတင်းနှင့်ပြန်ကြားရေးဌာန #ထုတ်ပြန်ချက်

31/12/2023

"ကော်သူးလေတပ်တော်မှ ရဲဘော်အချို့၏ နှစ်သစ်ကူး ဆုတောင်းစကားသံများ"

#ဆာကဆောတပ်မ #ကော်သူးလေတပ်တော်
#နှစ်သစ်ဆုတောင်း

"နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်းသဝဏ်လွှာ" #ဆာကဆောတပ်မ  #ကော်သူးလေတပ်တော် #နှစ်သစ်ဆုတောင်း
31/12/2023

"နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်းသဝဏ်လွှာ"

#ဆာကဆောတပ်မ #ကော်သူးလေတပ်တော်
#နှစ်သစ်ဆုတောင်း

ที่อยู่

Kanchanaburi

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဆာကဆောတပ်မ ကော်သူးလေတပ်မတော် KTLAผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง ဆာကဆောတပ်မ ကော်သူးလေတပ်မတော် KTLA:

แชร์