PDF မြန်မာပြည်သတင်းစုံ

AA ရဲ့ အရာရှိ လေ့ကျင့်ရေးသင်တန်းကျောင်းကနေ ပထမဆုံး အယောက် ၃၀၀ကျော် သင်တန်းဆင်းမေ ၂၄၊ ၂၀၂၄ရခိုင်ပြည်နယ်မှာ ပထမဆုံးအကြိမ်အ...
24/05/2024

AA ရဲ့ အရာရှိ လေ့ကျင့်ရေးသင်တန်းကျောင်းကနေ ပထမဆုံး အယောက် ၃၀၀ကျော် သင်တန်းဆင်း

မေ ၂၄၊ ၂၀၂၄

ရခိုင်ပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြစ် အာရက္ခတပ်တော် AA က အရာရှိ လေ့ကျင့်ရေးသင်တန်းပို့ချခဲ့ပြီး အရာရှိ ၃၂၆ ယောက်ကို မွေးထုတ်ပေးလိုက်ပြီဖြစ်ကြောင်း ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်ပါတယ်။

AA က အရာရှိနဲ့ အခြေခံပညာစစ်သင်တန်းတွေကို ရခိုင်ပြည်နယ်မှာ ဆက်တိုက် ဖွင့်လှစ်သွားဖို့ အစီအစဉ်တွေလည်းရှိတယ်လို့ သိရပါတယ်။

စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ စီစဉ်ပြုလုပ်တဲ့ အာရက္ခတပ်တော် (AA) ၊ စစ်ရုံးချုပ်ရဲ့ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် ၃ သင်တန်းဆင်းပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်အတွင်း မေလ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာပါ။

အာရက္ခတပ်တော်ရဲ့ ၁နှစ်နဲ့ ၇လနီးပါးကြာမြင့်ခဲ့တဲ့ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် ၃ ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး သင်တန်းသူ/ သား ၃၂၆ ယောက် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

24/05/2024

တိုက်ဆိုင်မူ ရှိတိုင်းသတိရနေမှာပါ ကိုဝိုင်းကျော်ရေ
အရေးတော်ပုံ အောင်ရမည်
💔🫡😢

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ PDFผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง PDF:

แชร์