01/09/2025
အသစ်အဆန်းလေးတွေမှကြိုက်ပါတယ်ဆိုတဲ့သူတွေကို Spring Postcards Team ကနေဆန်းသစ်ပြီးချစ်စရာကောင်းတဲ့အရာလေးတွေပေးမယ်ဆိုယူမှာလား❓
(အသစ်အဆန်းလေးတွေကြိုက်တတ်လို့ အဟောင်းကိုပြစ်ပြီးအသစ်ရှာသွားတဲ့သူ့ကိုသတိရသွားတာမျက်ရည်နှစ်စက်တောင်ကျသွားပြီ😔 တိုက်ဆိုင်သွားရင်ခိုးမငိုကြေး")
ကဲကဲအရင်တစ်နေ့က new postcards လေးတွေအကြောင်း ဆားလေးဖြူး ၊ နှမ်းလေးဖြူး၊အရိပ်အမြွက်လေးတွေလည်း
သိနှင့်ပြီးကြပြီဆိုတော့💁♀
ဟုတ်ပါတယ်။အပေါ်မှာကြေညာထားသလို
ဒီတခါမှာတော့ Spring Postcards Team ကနေပြီးတော့ ကျောင်းသူ/သားများဆီကို Zodiac sign postcardsအသစ်လေးတွေနဲ့အတူဆန်းသစ်မှုတွေကိုပွေ့ပိုက်ပြီးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ✨
🗣 Zodiac Sign တစ်ခုချင်းစီမှာချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေကို ကိုယ်စားပြုကာ အကောင်လေးများနဲ့ဖန်တီးထားတာဖြစ်ပါတယ်။လူတစ်ယောက် (သို့မဟုတ်) sign တစ်ခုရဲ့ အမူအကျင့်လေးတွေကိုအဓိကထားပြီးရေးဆွဲထားတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့signပါတဲ့ postcardsလေးကရှိကိုရှိနေသင့်တယ်နော်
( ဒါဆိုရှိသင့်တာတော့ဟုတ်ပါပြီ။Postcard အသစ်ထွက်လာပြီဆိုတော့ဈေးကကောတက်သွားမှာလား ⁉️)
မြန်မာနိုင်ငံမှာကုန်ဈေးနှုန်း၊ဆီဈေးနှုန်းရှိသမျှဈေးနှုန်းအကုန်တက်နေတဲ့အချိန်ဈေးမတက်တာဘာရှိလဲဆိုရင် ဟောဒီက Spring Postcardsလေးတွေကိုသာ လက်ညိုးထိုးလိုက်ပါရှင်🫰
အသစ်တွေဘယ်လောက်ထွက်ထွက်သူ့အပေါ်ထားတဲ့အချစ်လိုမပြောင်းလဲတဲ့ဈေးနှုန်းနဲ့ တစ်စောင်လျှင် မြန်မာငွေ တစ်ထောင်ကျပ် (1000MMk) ဖြင့် Zodiac sign postcards လေးတွေကိုလာရောက်ဝယ်ယူအားပေးနိုင်ပါပြီ 💌
ခါတိုင်း postcards တွေလိုသူများဝယ်ပေးတာထိုင်စောင့်နေရတာမျိုးမလိုတဲ့ Zodiac Sign postcards ဖြစ်တာကြောင့် ကိုယ့်အတွက်ကိုယ်ရော ကိုယ်ချစ်နှစ်သက်ရသူများ၊မိတ်ဆွေအပေါင်းအဖော်သူငယ်ချင်းများကိုလည်းအမှတ်တရအနေနှင့်ပေးပို့နိုင်ပါပြီရှင့်😻
☝️တစ်ခုချင်းစီရဲ့အမူအကျင့်လေးတွေကို postcardsလေးတွေမှာဖော်ပြပြီးသားဖြစ်တဲ့အတွက် နမူနာပြထားသော Zodiac signအကြောင်းလေးတွေဖတ်ပြီးတာ
နဲ့ မိမိ၏ K pay or Wave pay လေးထဲစစ်ကာအပြေးလေး
တို့ထံမှာလာဝယ်လိုက်ကြတော့နော်🏃♀
❝ It's NOT just a Postcard, It’s your Sign.Hold your stars in your hands. ✨❞
❝ 12 Signs, 12 Stories , Which One is Yours ? ❞ 🤔💭