လမ်းပြ

လမ်းပြ ❝ တိကျမှန်ကန်သောဝန်ဆောင်မှုများဖြင့် | သင်နှင့်အတူရှိမယ့် လမ်းပြ ❞

☎️ ဆက်သွယ်ရန် ☎️
📞 𝟬𝟲𝟮 𝟳𝟲𝟮 𝟰𝟴𝟰𝟯
📞 𝟬𝟲𝟮 𝟲𝟲𝟯 𝟵𝟱𝟳𝟵

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ လက်ရှိအသုံးပြုနေသော ရိုးရိုး Passport များကို အစားထိုးကာ QR Code နှင့် Electro...
18/02/2026

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ လက်ရှိအသုံးပြုနေသော ရိုးရိုး Passport များကို အစားထိုးကာ QR Code နှင့် Electronic Chip ပါဝင်သည့် e-Passport (Electronic Passport) စနစ်သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဓိကသိထားသင့်သော အချက်အလက်များမှာ -
၁။ စတင်မည့်ကာလ- ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစတင်ကာ e-Passport စနစ်ဖြင့်သာ ထုတ်ပေးမည်ဖြစ်သည်။
၂။ စနစ်သစ်၏ ထူးခြားချက်- စာအုပ်အတွင်း၌ အချက်အလက်များ သိမ်းဆည်းထားသည့် Electronic Chip ပါဝင်လာသည့်အပြင် လုံခြုံရေးအတွက် QR Code စနစ်ကိုပါ အဆင့်မြှင့်တင်ထားသဖြင့် စာအုပ်အတုပြုလုပ်ခြင်းမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
၃။ လက်ရှိကိုင်ဆောင်သူများ- မိမိတို့လက်ရှိ ကိုင်ဆောင်ထားသော Passport အဟောင်းများသည် သက်တမ်းကုန်ဆုံးသည့်တိုင်အောင် တရားဝင် ဆက်လက်အသုံးပြုနိုင်ပါသည်။ သက်တမ်းကုန်ဆုံး၍ အသစ်လဲလှယ်ချိန်မှသာ e-Passport အသစ်ကို လျှောက်ထားရမည်ဖြစ်သည်။
၄။ လျှောက်ထားမှုပုံစံ- ယခင်အတိုင်း Online Booking စနစ်ဖြင့် ရက်ချိန်းယူ၍ လျှောက်ထားရမည်ဖြစ်သည်။

ဤသို့ပြောင်းလဲရခြင်းမှာ ICAO (International Civil Aviation Organization) ၏ နိုင်ငံတကာစံနှုန်းများနှင့်အညီ လေဆိပ်များတွင် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုများ ပိုမိုလျင်မြန်ချောမွေ့စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

#လမ်းပြ #လမ်းပြဘန်ကောက် #လမ်းပြဘန်ကောက်လမ်းညွှန် ှင်းလင်းချက် #မြန်မာပြည် #နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း #သတင်းမှန် #ဗဟုသုတ

ထိုင်းနိုင်ငံရဲ့ ဗီဇာမူဝါဒ အသစ်အရ အပြောင်းအလဲကြီး ၃ ခု ဖြစ်ပေါ်ခဲ့ပါတယ်။ (၁) နိုင်ငံပေါင်း ၉၃ နိုင်ငံအတွက် Visa-free ent...
18/02/2026

ထိုင်းနိုင်ငံရဲ့ ဗီဇာမူဝါဒ အသစ်အရ အပြောင်းအလဲကြီး ၃ ခု ဖြစ်ပေါ်ခဲ့ပါတယ်။ (၁) နိုင်ငံပေါင်း ၉၃ နိုင်ငံအတွက် Visa-free entry ကို ရက်ပေါင်း ၆၀ အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ (၂) လူကြိုက်များနေတဲ့ DTV (Destination Thailand Visa) ကလည်း ပုံမှန်အတိုင်း ဆက်ရှိနေမှာဖြစ်ပါတယ်။ (၃) အထူးခြားဆုံးအချက်ကတော့ Non-ED Plus ဗီဇာ အမျိုးအစားသစ် ဖြစ်ပါတယ်။ ဒီဗီဇာနဲ့ဆိုရင် ကျောင်းသားတွေအနေနဲ့ ပညာသင်ကြားနေစဉ်မှာတင် ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

ဒီဗီဇာအမျိုးအစားတွေအကြောင်း အသေးစိတ် သိရှိလိုပါက အခုပဲ မေးမြန်းနိုင်ပါပြီ။

❝ တိကျမှန်ကန်သောဝန်ဆောင်မှုများဖြင့် | သင်နှင့်အတူရှိမယ့် လမ်းပြ ❞

#လမ်းပြ #လမ်းပြဘန်ကောက် #လမ်းပြဘန်ကောက်လမ်းညွှန် #ထိုင်းဗီဇာ #ထိုင်းနိုင်ငံပညာရေး

Feb 12 ရက်နေ့ကနေ 17 ရက်နေ့အထိ ဘန်ကောက်မြန်မာသံရုံး ပိတ်မှာဖြစ်တဲ့အတွက် Visa သက်တမ်း ကုန်ခါနီး မိတ်ဆွေများအတွက် အချက်ပေးခ...
08/02/2026

Feb 12 ရက်နေ့ကနေ 17 ရက်နေ့အထိ ဘန်ကောက်မြန်မာသံရုံး ပိတ်မှာဖြစ်တဲ့အတွက် Visa သက်တမ်း ကုန်ခါနီး မိတ်ဆွေများအတွက် အချက်ပေးခေါင်းလောင်းလေး တီးလိုက်ပါရစေ။

အထူးသဖြင့် ထောက်ခံစာ (Endorsement Letter) လိုအပ်သူများအနေဖြင့် ရုံးပြန်ဖွင့်မှ လုပ်မယ်ဆိုပါက ရက်ကျော်သွားနိုင်သည့် အန္တရာယ်ရှိပါသည်။ Overstay ဒဏ်ကြေးများနှင့် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားနိုင်ရန် ဒီရက်ပိုင်းအတွင်း အပြီးအစီး ဆောင်ရွက်ထားမှ စိတ်ချရပါမယ်။

❝ တိကျမှန်ကန်သောဝန်ဆောင်မှုများဖြင့် | သင်နှင့်အတူရှိမယ့် လမ်းပြ ❞

#လမ်းပြ #လမ်းပြဘန်ကောက် #လမ်းပြဘန်ကောက်လမ်းညွှန် #သံရုံးပိတ်ရက် #ဗီဇာအသိပေးချက် #မြန်မာပြည်သားများအတွက် #အရေးကြီးသတင်း #ဗီဇာဝန်ဆောင်မှု #သတိပေးချက် #ဘန်ကောက်ရောက်မြန်မာများ #ထောက်ခံစာဝန်ဆောင်မှု

ထိုင်းနိုင်ငံအတွင်းမှာ ခရီးသွားမယ်၊ ဟိုတယ်တည်းမယ်ဆိုတိုင်း နိုင်ငံကူးလက်မှတ် (Passport) ကြီးကို အိတ်ထဲထည့်ပြီး သတိထားသိမ...
05/02/2026

ထိုင်းနိုင်ငံအတွင်းမှာ ခရီးသွားမယ်၊ ဟိုတယ်တည်းမယ်ဆိုတိုင်း နိုင်ငံကူးလက်မှတ် (Passport) ကြီးကို အိတ်ထဲထည့်ပြီး သတိထားသိမ်းဆည်းနေရတာ အဆင်မပြေဖြစ်နေပါသလား?

ဒါဆိုရင်တော့ သက်တမ်း (၂) နှစ်အထိ အသုံးပြုနိုင်မယ့် ထိုင်းယာဉ်မောင်းလိုင်စင် (Smart Card) ဟာ အကောင်းဆုံးအဖြေပါပဲ။

✅ Flight Ticket ဝယ်မလား၊ Check-in ဝင်မလား?
✅ Hotels တွေမှာ တည်းခိုမလား?

Passport မလိုဘဲ ဒီကဒ်လေးပြရုံနဲ့ အရာရာအဆင်ပြေစေသလို၊ ကားနဲ့ဆိုင်ကယ်ပါ တရားဝင်မောင်းနှင်ခွင့်ရရှိမှာဖြစ်လို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။ အချိန် (၁) ရက်တည်းနဲ့ အပြီးဆောင်ရွက်လိုပါက လမ်းပြ သို့ ဆက်သွယ်လိုက်ပါ။

သိရှိလိုသမျှ အသေးစိတ်ကို 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကို စာပို့၍လည်း စုံစမ်းနိုင်ပါတယ်။

❝ တိကျမှန်ကန်သောဝန်ဆောင်မှုများဖြင့် | သင်နှင့်အတူရှိမယ့် လမ်းပြ ❞

#လမ်းပြ #လမ်းပြဘန်ကောက် #လမ်းပြဘန်ကောက်လမ်းညွှန် #ထိုင်းယာဉ်မောင်းလိုင်စင် #ယာဉ်မောင်းလိုင်စင် #ထိုင်းရောက်မြန်မာများ #ကားလိုင်စင် #ဆိုင်ကယ်လိုင်စင်

📌 ထိုင်းနိုင်ငံမှာ Long Term နေထိုင်မယ့်သူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ 90 Days Report အကြောင်းထိုင်းနိုင်ငံမှာ Non-B, No...
03/02/2026

📌 ထိုင်းနိုင်ငံမှာ Long Term နေထိုင်မယ့်သူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ 90 Days Report အကြောင်း

ထိုင်းနိုင်ငံမှာ Non-B, Non-O, Non-LA, ED Visa နဲ့ DTV Visa ကိုင်ဆောင်ထားပြီး ရေရှည်နေထိုင်နေကြတဲ့ မိတ်ဆွေတို့အနေနဲ့ ရက်ပေါင်း ၉၀ ပြည့်တိုင်း လူဝင်မှုကြီးကြပ်ရေးဌာန (Immigration) ကို မပျက်မကွက် သတင်းပို့ဖို့ လိုအပ်ပါတယ်။ ဒါကို 90 Days Report လို့ခေါ်ပါတယ်။

🕒 ဘယ်အချိန်တင်ရမလဲ?

ဗီဇာရပြီး ရက် ၉၀ မပြည့်ခင် (၁၄) ရက်အလိုကနေ စတင်ပြီး Report တင်လို့ရပါပြီ။ သက်တမ်းကုန်ဆုံးရက် အရမ်းကပ်မှတင်ရင် Reject ဖြစ်နိုင်လို့ စောစီးစွာ ပြင်ဆင်တာ အကောင်းဆုံးပါပဲ။

⚠️ သတိပြုရန်

သတ်မှတ်ရက်ထက် ကျော်လွန်သွားပါက ဒဏ်ကြေး ၂,၀၀၀ ဘတ်နှင့်အထက် ပေးဆောင်ရနိုင်ပါတယ်။

📝 ဘယ်လိုတင်ရမလဲ?

(၁) ပထမဆုံးအကြိမ် - မိမိကိုယ်တိုင် Immigration ရုံးသို့ သွားရောက်တင်ရပါမယ်။
(၂) ဒုတိယအကြိမ်မှစ၍ - Online မှတဆင့် အလွယ်တကူ တင်နိုင်ပါတယ်။

လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ Passport, TM 30 နဲ့ TM 47 Form တို့ဖြစ်ပါတယ်။

90 Days Report တင်ဖို့ အခက်အခဲရှိနေရင် စိတ်ညစ်မခံပါနဲ့။ လမ်းပြ ထံ ဆက်သွယ်ပြီး ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှု ရယူနိုင်ပါတယ်။

❝ တိကျမှန်ကန်သောဝန်ဆောင်မှုများဖြင့် | သင်နှင့်အတူရှိမယ့် လမ်းပြ ❞

#လမ်းပြ #လမ်းပြဘန်ကောက် #လမ်းပြဘန်ကောက်လမ်းညွှန် #ထိုင်းဗီဇာ #၉၀ရက်သတင်းပို့ #ထိုင်းရောက်မြန်မာများ #ဗီဇာဝန်ဆောင်မှု

✈️ ထိုင်းလေဆိပ်ကို စိတ်အေးလက်အေး ဖြတ်သန်းချင်ပါသလား?ထိုင်းနိုင်ငံသို့ အလည်အပတ်လာရောက်သူများအတွက် အကြီးမားဆုံးသော စိတ်ဖိစ...
03/02/2026

✈️ ထိုင်းလေဆိပ်ကို စိတ်အေးလက်အေး ဖြတ်သန်းချင်ပါသလား?

ထိုင်းနိုင်ငံသို့ အလည်အပတ်လာရောက်သူများအတွက် အကြီးမားဆုံးသော စိတ်ဖိစီးမှုကတော့ လေဆိပ် Immigration အဝင်ပါပဲ။ ဒါပေမဲ့ လမ်းပြ ရဲ့ Airport Assistant ဝန်ဆောင်မှုရှိနေရင်တော့ ဘာမှစိတ်ပူစရာမလိုတော့ပါဘူး။

ပုံမှန်လိုအပ်ချက်တွေဖြစ်တဲ့ -
❌ အပြန်လေယာဉ်လက်မှတ် ပြစရာမလို
❌ Hotel Booking ကြိုတင်လုပ်ထားစရာမလို
❌ Show Money (ငွေသား) ပြသစရာမလိုဘဲ

လူကြီးမင်းကို လေဆိပ်အရာရှိများ၏ မေးခွန်းများမှ ကင်းဝေးစေပြီး VIP လမ်းကြောင်းမှတဆင့် အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်အောင် စီစဉ်ပေးနေပါပြီ။

သိရှိလိုသမျှ အသေးစိတ်ကို 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကို စာပို့၍လည်း စုံစမ်းနိုင်ပါတယ်။

❝ တိကျမှန်ကန်သောဝန်ဆောင်မှုများဖြင့် | သင်နှင့်အတူရှိမယ့် လမ်းပြ ❞

#လမ်းပြ #လမ်းပြဘန်ကောက် #လမ်းပြဘန်ကောက်လမ်းညွှန် #ထိုင်းယာဉ်မောင်းလိုင်စင် #ယာဉ်မောင်းလိုင်စင် #ထိုင်းအဝင် #မြန်မာပြည်သားများအတွက် #ခရီးသွားဝန်ဆောင်မှု #ထိုင်းလဝက

ที่อยู่

368 Phetchaburi Road, Thung Phaya Thai, Ratchathewi
Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ လမ်းပြผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์