03/09/2026
ပန်းတစ်ပွင့်ရဲ့ ရှင်သန်လိုမှုနဲ့
ရှင်သန်ချင်သူပါ ။
တိုတောင်းတဲ့အချိန်လေးမှာ
လှပစွာ ဖူးပွင့်ချင်တယ်...
ကိုယ့်ကိုမြင်လိုက်တာနဲ့
ပျော်ရွှင်စေချင်တယ်...
ချစ်ခြင်းမေတ္တာတွေနဲ့သာ ပြည့်နှက်နေမယ့်
ပန်းခင်းလေးပဲ ဖြစ်ဖြစ်
ပျော်ရွှင်မှုနဲ့တူတဲ့ မွှေးရနံ့လေးတွေနဲ့ပြည့်နေမယ့်
ပန်းလေးတစ်ပွင့်ပဲ ဖြစ်ဖြစ်
ရှင်သန်နေရချိန် ခဏလေးမှာ
အဓိပ္ပာယ်ရှိရှိ ကုန်ဆုံးသွားမယ့်
ပန်းပွင့်လေး အဖြစ် ရှင်သန်သွားလိုတယ်...။
(22.2.25)
#မေပလ်ခင် 🍁