12/05/2026
🚀 Confessions of a Lazy DevOps - Live Recording is now up!
"Lazy" ဖြစ်တယ်ဆိုတာ အလုပ်မလုပ်ချင်တာ မဟုတ်ပါဘူး။ အချိန်ကုန်ပြီး တန်ဖိုးမရှိတဲ့ အလုပ်တွေကို AI နဲ့ Automation သုံးပြီး ရှင်းထုတ်လိုက်တာပါ။
Cloud Infrastructure တွေမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို AI Agents တွေသုံးပြီး ဘယ်လို အချိန်တိုအတွင်း ဖြေရှင်းမလဲဆိုတာကို ဒီ Video မှာ အသေးစိတ် ဆွေးနွေးထားပါတယ်။
ဒီ Video မှာ ဘာတွေပါမလဲ?
✅ Chatbot တွေကိုကျော်ပြီး Terminal ထဲမှာတင် အလုပ်လုပ်တဲ့ AI Agents တွေအကြောင်း။
✅ AWS EKS မှာ Node တွေ down သွားတဲ့ ပြဿနာကို AI နဲ့ ၅ မိနစ်အတွင်း ဖြေရှင်းပြထားတဲ့ Case Study။
✅ Microservices 10 ခုကျော်အတွက် Helm နဲ့ YAML Fatigue ကို ဘယ်လိုကျော်ဖြတ်မလဲ။
✅ AI ကို ယုံကြည်ပေမယ့် မျက်စိမှိတ်ပြီး အားမကိုးသင့်တဲ့ AIOps အကြောင်း (Trust, but verify!)
Q&A Session မှာ ပရိသတ်တွေမေးထားတဲ့ မေးခွန်းတွေနဲ့ OCI Registry သုံးပြီး Helm Base Chart ခွဲထုတ်တဲ့ Architecture အကြောင်းတွေလည်း ပါဝင်ပါတယ်။
အောက်က Link မှာ အပြည့်အစုံ ဝင်ကြည့်လို့ရပါပြီ! 👇
What does it mean to be a "Smart Lazy" DevOps Engineer? It means stopping the endless cycle of copy-pasting YAML and digging through massive log files, and i...