မြဝတီကမိသာစုများ

(၂၃.၇.၂၀၁၈)ရက်နေ့ ည ၉:၁၀ အချိန်ခန့်ကကရင်ပြည်နယ် မြဝတီမြို့ ကြခတ္တောကျောင်းရှေ့ (သို့)ဘေးနားတွင် BGF တပ်ဖွဲ့ဝင် မောင်းလာသေ...
24/07/2018

(၂၃.၇.၂၀၁၈)ရက်နေ့ ည ၉:၁၀ အချိန်ခန့်က
ကရင်ပြည်နယ် မြဝတီမြို့ ကြခတ္တောကျောင်းရှေ့ (သို့)ဘေးနားတွင် BGF တပ်ဖွဲ့ဝင် မောင်းလာသောကားနှင့် လမ်းဘေးမှ လမ်းလျှောက်သွားနေသောသူအား တိုက်မိ . . .

ကမ္ဘာသစ်တာယာဆိုင်မှအလုပ်သမား ကျားတစ်ဦး
သေဆုံး . . .

မြဝတီမြို့မ စခန်းမှူးမှ ခေါ်ဆောင်သွားကြောင်း သိရ . . .

MWD YG

Valentine's Day ဗယ်လင်တိုင်းနေ့ဗယ်လင်တိုင်းနေ့လို့ အလွယ်ခေါ်ကြတယ်။ အမှန်က Saint Valentine's Day စိန့် ဗယ်လင်တိုင်းနေ့ပါ။ ...
13/02/2018

Valentine's Day ဗယ်လင်တိုင်းနေ့

ဗယ်လင်တိုင်းနေ့လို့ အလွယ်ခေါ်ကြတယ်။ အမှန်က Saint Valentine's Day စိန့် ဗယ်လင်တိုင်းနေ့ပါ။ နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄) ရက်လို့သတ်မှတ်ထားတယ်။ ခရစ်ယန်ဘာသာ အစောပိုင်းက Saint Valentinus စိန့် ဗယ်လင်တီးနပ်စ်က စခဲ့တာပါ။

ခုခေတ်မှာတော့ အချစ်ဆိုတာတခုတည်းလို့မှတ်ယူပြီး မြန်မာတွေကတော့ ချစ်သူများနေ့တဲ့။ Lover's Day ချစ်သူများနေ့ကို သုတေသနလုပ်ထားသူတယောက်က ရေးပါတယ်။ ရည်ညွှန်းထားတာတွေကတော့ မဆုံးနိုင်အောင် များပေမဲ့ မူလအစကို ဘယ်မှာမှရှာလို့မရဘူးတဲ့။ Horse Lover's Day မြင်းချစ်သူများနေ့၊ Cheese Lovers Day ဒိန်ခဲချစ်သူများနေ့၊ Pet Lover's Day အိမ်မွေးတိရစ္တာန်ချစ်သူများနေ့ စတာတွေတော့ရှိပါတယ်တဲ့။

ဖေဖေါ်ဝါရီ (၁၄) ရက်ကို သတ်မှတ်တဲ့ ဗယ်လင်တိုင်းနေ့သမိုင်းဟာ မယုံရင်ပုံပြင်မှတ် အစားထဲကပါ။ ဗယ်လင်တိုင်း ပုံပြင်တွေအားလုံးဟာ တီထွင်ထားတာတွေပါ။ အချစ်နဲ့ဆိုင်တာကတော့ ဒဏ္ဍာရီတွေသာဖြစ်တယ်။ မျက်မမြင်ကို ဆေးကုပေးတဲ့ပုံပြင်က ဆေးပညာနဲ့နီးစပ်လို့ ဘက်လိုက်ပြီးရွေးပါမယ်။

ခရစ်ယန်မှမဟုတ်ရင် လက်မထပ်ခွင့်မရှိဆိုတဲ့ ဘုရင့်အမိန့်အရ လူပျိုဖြစ်နေရတဲ့စစ်သားတွေကိုကူညီခဲ့တဲ့ ဇာတ်လိုက်ဟာ သေဒဏ်ကျခံနေတဲ့ အကျဉ်းသားတယောက်ပါ။ ထောင်ထဲမှာနေရင်း ထောင်အရာရှိ အက်စတားရီးယပ်စ်ရဲ့ သမီးကို ဆေးကုပေးရပါသတဲ့။ ဆေးကုပေးစဉ်မှာ အဲဒီမိန်းကလေးကို မေတ္ကာသက်ဝင် ချစ်ခင်လာပါတော့တယ်။ ဆေးချက်ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ မျက်မမြင်ကလေးမမှာ မျက်စိနှစ်ကွင်းအလင်းပြန်ရပြီး၊ Valentine ဆိုတဲ့စာကို ဖတ်နိုင်လာပါသတဲ့။ ဒါပေမဲ့ ဧကရာဇ် ဒုတိယ ကလောဒီးယပ်စ်ကနေ သေဒဏ်ပေးပါတယ်။ သူအသတ်မခံရခင်လေးမှာ Your Valentine မင့်ရဲ့ဗယ်လင်တိုင်းဆိုတဲ့ နောက်ဆုံးနှုတ်ဆက်စကားလေး ရေးထားခဲ့ပါတယ်။ အချစ်မှာ မျက်စိမပါဘူးလို့ ပြောကြာတာ ဒီကနေလာပုံရတယ်။

တကယ့်အဖြစ်အပျက်ကတော့ ခရစ်ယန်ဘာသာအစောပိုင်းကာလတွေမှာ ဘာသာရေး အာဇာနည်တွေကို အဲလို ဗယ်လင်တိုင်းဘွဲ့ ပေးခဲ့ပါတယ်။ St. Valentine စိန့် ဗယ်လင်တိုင်းဟာ ခရစ်ယန်ဘာသာအတွက် ခေါင်းဖြတ် သတ်တာခံရတယ်။ ဖေဖေါ်ဝါရီ (၁၄) ဆိုတာက အဲဒါကနေလာတာဖြစ်ပါတယ်။ Anglican Communion အင်ဂလီကန် နဲ့ Lutheran Church လူသာရင်ကျောင်းတွေကနေ ကျင်းပကြပါတယ်။ Eastern Orthodox Church အော်သိုဒေါက်စ် ကတော့ ဇူလိုင် ၆ နဲ့ ၃ဝ နေ့တွေမှာ ကျင်းပပါတယ်။

စိန့် ဗယ်လင်တိုင်းဟာ မြားနတ်မောင်ပုံလဲပါတဲ့ Amethyst ကျောက်လက်စွပ်ကို ဝတ်ဆင်ပါတယ်။ ဒါကြောင့် ဖေဖေါ်ဝါရီလရဲ့ ရတနာဟာ Amethyst ခရမ်းရောင်ကျောက်လို့ သတ်မှတ်ကြပါတယ်။ ဖေဖေါ်ဝါရီလဟာ နှလုံးရောဂါ အသိပညာပေးလလည်း ဖြစ်ပါသေးတယ်။ ကပ်ပြားတွေ၊ ပန်းတွေ၊ ချောကလက်တွေ၊ လက်ဆောင်ပစ္စည်းတွေ ပို့ကြတဲ့ဓလေ့က ဗြိတိန်ကနေစတယ်။

နောက်ခံအကြောင်းကိုမသိပဲ ဖေဖေါ်ဝါရီ (၁၄) အတွက် အားခဲထားသူတွေသိဘို့က ဗယ်လင်တိုင်းဆိုတာ ချစ်တာလည်း ပါတယ်။ ဆေးကုတာလည်းပါတယ်။ ခရစ်ယန် ဘာသာရေးအာဇာနည်ဖြစ်တယ်။ ဘုရင့်အမိန့်နဲ့ သေဒဏ်ကျခံရတာလည်း ပါတယ်။ နောက်ဆုံးနှုတ်ဆက်စကားလည်းဖြစ်ပါတယ်ခင်ဗျား။

ရောမပြည်မှ အချစ်အကြောင်းသည် ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစဖြစ်သည်။ ရောမဘုရင်တစ်ပါး လက်ထက်တွင် စစ်တိုက်ထွက်ကြသော စစ်သည်တော်များသည် ချစ်သူရည်းစားနှင့် ဇနီးမယားများကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရှုံးနှိမ့်ခဲ့ကြသည်။ ထိုအကြောင်းကို ဘုရင်ကြီးသိသောအခါ ရောမမြို့တွင် ချစ်သူရည်းစား မထားရ။ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတော်ကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့်ထုတ်ခဲ့သည်။

နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တတ်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine) ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း သည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတတ်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထပ်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း ကို ဂုဏ်ပြုသောအားဖြင့် Valentine's Day (သို့မဟုတ်) ချစ်သူများနေ့ဟု ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။

MYANMAR LIBRARY

ဗယ်လင်တိုင်း နှင့် ချောကလက်1/27/2014  DIM  ဖေဖော်ဝါရီလ ၁၄ ရက် Valentine Day(ခေါ်)ချစ်သူများနေ့ မှာ ချစ်သူစုံတွဲတွေဟာ မိမိ...
13/02/2018

ဗယ်လင်တိုင်း နှင့် ချောကလက်
1/27/2014 DIM
ဖေဖော်ဝါရီလ ၁၄ ရက် Valentine Day(ခေါ်)ချစ်သူများနေ့ မှာ ချစ်သူစုံတွဲတွေဟာ မိမိရဲ့ ချစ်မြတ်နိုး မှုကို ဖော်ညွှန်းတဲ့အနေ နဲ့ ချောကလက်ဝယ်ပြီး လက်ဆောင်ပေးလေ့ရှိကြရာ၊ ကမ္ဘာနှင့်အ၀ှမ်းရှိ ချစ်သူစုံတွဲများက ချောကလက်ဝယ်ဖို့ အတွက် နှစ်စဉ် ဒေါ်လာ သန်းတစ်ထောင်ကျော်လောက် သုံးစွဲနေကြပါတယ်။ Valentine Day မှာ ချစ်သူကိုသာမက၊ မိမိ အလေးအမြတ်ထား ရတဲ့ မိခင်၊ ဖခင်၊ ဆရာ၊ ဆရာမ၊ အရင်းနှီးဆုံး သူငယ်ချင်းများကိုလည်း လက်ဆောင်ပေးလို့ ရပါတယ်။ ဗယ်လင်တိုင်းနေ့  နှင့် ချောကလက် ဆက်နွယ်မှုကိုတော့ အရွယ်ရောက်သူတိုင်း သိနေကြပေမယ့်၊ ဘာကြောင့် ချစ်သူများနေ့ မှာ ချောကလက်ကိုမှ လက်ဆောင်ပေးရတယ် ဆိုတာကိုတော့ သိသူနည်းပါးကြပါတယ်။

>
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းက အမေဇုန်တောမှာ ကိုကိုးပင်များ သဘာဝအတိုင်း ပေါက်ရောက်ခဲ့ကြပြီး၊ အဲဒီခေတ် တွေမှာတော့ ကိုကိုးပင်ရဲ့ အသီးကို အချဉ်ဖောက်၊ နေပူလှန်းပြီး အစေ့ကိုကြိတ်လို့ ရလာတဲ့ ကိုကိုးမှုန့် ကို ဖျော်ရည်အဖြစ် သောက်သုံးခဲ့ခြင်းဖြစ်ပါတယ်။ အက်ဇတက် ဘာသာစကားအရ “chocolate @ ခါးသောကိုကိုးသီးအရည်” လို့  ခေါ်ဆိုခဲ့ ကြပြီး၊ မာယာ နှင့် အက်ဇတက်လူမျိုးတို့ ရဲ့  ယုံကြည်မှုအရ ကိုကိုးမှုန့် အရည်ဟာ မြင့်မြတ်ပြီး ဘုရားသခင်နှင့် ဆက်နွှယ်နေတာမို့  “ချောကလက် နတ်ဘုရားအချိုရည်” လို့ လည်းခေါ်ဆိုခဲ့ကြပါတယ်။ အက်ဇတက်အင်ပါယာကြီး ပြိုကွဲသွားပြီးနောက်မှာတော့၊ ချောကလက်ဖျော်ရည် သောက်သုံးမှုဟာ တဖြည်းဖြည်း ဥရောပနိုင်ငံများအထိ ပျံ့ နှံ့ သွားကာ၊ ၁၈၄၇ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး ဂျိုးဇက်ဖရိုင်း ဆိုသူက ချောကလက်အနှစ်ကို ပုံသွန်းအေးခဲစေရာမှစလို့ ၊ ချောကလက် အခဲ-အတောင့် ပုံစံဖြစ်လာခဲ့ပါတယ်။ နည်းပညာတွေ တိုးတက်လာတဲ့အလျောက်၊ ကိုကိုးသီးရဲ့ သဘာဝခါးသက်သက်အရသာကို ဖျောက်ဖို့  သကြား-နို့ -မလိုင်-သီဟို -မြေပဲ-သစ်ချ-သစ်ကြား-ဒိန်ချဉ် စတဲ့ဖြည့်စွက်စာတွေပေါင်းထဲ့ပြီး ချောကလက်တွေကို အရသာအမျိုးမျိုး၊ ပုံစံအမျိုးမျိုးတွေနှင့် ထုတ်လုပ်လာကြပါတယ်။

>

Valentine Day ဟာ အေဒီ ၄၉၆ လောက်က ရောမမှာစတင်ခဲ့ပြီး၊ သူတော်စင် ဗယ်လင်တိုင်းကို အစွဲပြုလို့ ကျင်းပခဲ့တာ ဖြစ်ပါ တယ်။ ၁၆၁၅ ခုနှစ်မှာ စပိန်ဘုရင်၏ သမီးတော် အန်းန်မင်းသမီးဟာ နာမကျန်းဖြစ်နေတဲ့ သူမ၏ခင်ပွန်းသည်ဖြစ်သူ ပြင်သစ် ဘုရင်လူးဝစ်(၁၃) ကို ချစ်သက်လက်ဆောင်အဖြစ် ချောကလက်ဖျော်ရည်တိုက်ကျွေးခဲ့ရာ၊ ဘုရင်မင်းမြတ်ဟာ ခန္ဓာကိုယ်နုံးချိဝေ ဒနာများ ယူပစ်သလိုပျောက်သွားပြီး ပြန်လည်ကျန်းမာလာခဲ့ပါတယ်။ ဘုရင်မင်းမြတ်ကလည်း သူမကို ကြက်သွေးနီရဲရဲ နှင်းဆီ ပန်းတစ်စည်း လက်ဆောင်ပေးခဲ့ပါတယ်။ ထိုအချိန်မှစ၍ ပြင်သစ်မှူးမတ်အသိုင်းအ၀ိုင်းမှာ ချောကလက်ဖျော်ရည်ဟာ “အဖိုးတန် တဲ့ဆေးရည်” အဖြစ် ရေပန်းစာလာပြီး၊ မင်းစိုးရာဇာပွဲတွေမှာ မပါမဖြစ်တဲ့ဖျော်ရည်အဖြစ် ပွဲလည်တင့်နေပါတယ်။ အန်းန်မင်းသမီး နှင့် လူးဝစ်(၁၃)တို့ ရဲ့  အပြန်အလှန် ချစ်သက်လက်ဆောင်ကို အစွဲပြုလို့ ၊ နောင်လာနောင်သားတွေက ချစ်သူ-ကြင်ဖက် အချင်း ချင်း အမျိုးသမီးက အမျိုးသားကို ချောကလက် လက်ဆောင်ပေးကြသလို၊ အမျိုးသားက အမျိုးသမီးကို နှင်းဆီပန်းနီနီ လက် ဆောင်ပေးကြခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံမှာ ယနေ့ ထက်တိုင် ပါးစပ်ရာဇ၀င် တွင်နေဆဲဖြစ်ပါတယ်။ ၁၈၆၁ ခုနှစ်ရဲ့ ချစ်သူများ နေ့ မှာတော့ ရစ်ချက်ကဒ်ဘာရီဆိုသူက အတွေးကောင်းကောင်းဖြင့် အသည်းနှလုံးပုံချောကလက်ကို စတင်ဖန်တီးခဲ့ပါတယ်။ ဖေ ဖော်ဝါရီ ၁၄ ရောက်တိုင်းမှာချစ်သူတွေဟာသူတို့ ရဲ့ အချစ်နဲ့ ဂရုစိုက်မှုတွေကိုပြသတဲ့အနေနဲ့ အချင်းချင်း ချောကလက်၊ အရုပ်၊ ပန်း၊ ပို့ စကဒ်စတဲ့လက်ဆောင်တွေ အပြန်အလှန်ပေးကြသလို၊ အကျီဆင်တူဝတ်၍ ချစ်သက်သေ ထူနေကြပါတယ်။

>
ချောကလက်ကို အပင်မှပြုလုပ်ရရှိတာကြောင့် ချောကလက်စားသုံးခြင်းဖြင့် ဟင်းသီးဟင်းရွက်နှင့်သက်ဆိုင်သော ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ချောကလက်ရဲ့ သဘာဝအရောင်မှာ အမည်းရောင်ဖြစ်ပါတယ်။ (အချိုအရသာ နှင့် နို့  တွေထဲ့သုံးထားတဲ့ အဖြူရောင်ချောကလက်ထက်၊ အရောင်ရင့်ရင့် ခါးသက်သက်ချောကလက်က ကျန်းမာရေးနှင့် ပိုညီညွတ်စေ ပါတယ်)

(၁) အမဲရောင်ချောကလက်မှာ Phenols(ခေါ်)အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် အရွယ် တင် နုပျိုစေပါတယ်။ ချောကလက်ရဲ့  ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို နှိုင်းယှဉ်ကြည့်ရာမှာ- (က) ချောကလက် ၁-အောင်စခွဲ အရွယ်အတုံးလေးတစ်ခုမှာ ဝိုင်နီ ၅-အောင်စဝင် တစ်ဖန်ခွက်စာလောက် ဓာတ်တိုးပစ္စည်းတွေ ပါဝင်နေပါတယ်။ (ခ) လ္ဘက်စိမ်း ထဲမှာပါရှိတဲ့ ဓာတ်တိုးပစ္စည်းထက် ၄-ဆ ပိုပါတယ်။ (ဂ) အမဲရောင်ဘယ်ရီသီးထဲမှာပါရှိတဲ့ ဓာတ်တိုးပစ္စည်းထက် ၈-ဆခန့် ပိုပါ တယ်။

(၂) ချောကလက်ထဲရှိ အဆီ သုံးပုံတစ်ပုံဟာ Stearic(ခေါ်)ခန္ဓာကိုယ်အကျိုးပြု ကိုလက်စထရောဆီဖြစ်ပြီး၊ ကျန်အဆီ သုံးပုံ နှစ် ပုံကတော့ Oleic acid(ခေါ်)ခန္ဓာကိုယ်အကျိုးပြုတဲ့ မပြည့်ဝဆီဖြစ်ပါတယ်။ ဒါကြောင့် အမဲရောင် ချောကလက်အနည်းငယ်ကို နေ့ စဉ်စားသူ နှင့် ချောကလက် (လုံးဝ)မစားသူတွေကို နှိုင်းယှဉ်ကြည့်ရာမှာ၊ နေ့ စဉ်စားသုံးသူတွေမှာ ခန္ဓာကိုယ်ကို ဆိုး ကျိုးပေးတဲ့ LDL ကိုလက်စထေရောပမာဏ လျော့ကျနေကြောင်း လေ့လာတွေ့ ရှိရပါတယ်။

(၃) အမည်းရောင် ချောကလက်ကိုစားသုံးခြင်းဖြင့် သွေးတိုးကျစေခြင်း၊ ခန္ဓာကိုယ်ထဲရှိ ဟိုမုန်းပမာဏကိုမျှတစေခြင်း၊ ကောင်းတဲ့ HDL ကိုလက်စထရောကိုမြှင့်တင်ပေးခြင်း၊ မကောင်းတဲ့ LDL ကိုလက်စထရောပမာဏကို ၁၀% ထိကျစေခြင်း၊ လိင်စိတ်ဆန္ဒ နိုးကြွခြင်း၊ စိတ်ဖိစီးမှုကိုလျော့နဲစေခြင်း၊ စိတ်ကို လန်းဆန်းတက်ကြွလာစေခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါတယ်။

(၄) အမည်းရောင်ချောကလက်ကို အနဲငယ်မျှနေ့စဉ်ပုံမှန်စားပေးရုံဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း နှင့် လေဖြတ်နိုင် ခြေ ၂၉ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

(၅) ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ Free Radicals တွေကို ဖယ်ရှားပစ်နိုင်တာကြောင့်လည်း၊ အဆစ်အမြစ် ရောင်ရမ်းကိုက် ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အားအင်ချိနဲ့ ကုန်ခမ်းခြင်းတွေကို ထိထိရောက်ရောက် ပျောက်ကင်းသက်သာစေပြီး၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာအကြို ရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
++++++++++++++++++++++++++
ပါးစပ်ထဲမှာ တဖြေးဖြေးချင်း အရည်ပျော်သွားတဲ့ချောကလက်က လူကို ထူးခြားတဲ့ခံစားချက်တွေဖြစ်စေပါတယ်။ "ရိုမန်တစ်ဆန် ခြင်း၊ နုပျိုခြင်း၊ ကျန်းမာခြင်း၊ ဂရုစိုက်ခြင်း၊ ချစ်ခင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ခွန်အားဖြစ်ခြင်း" စတဲ့ ခံစားချက်ကို တပြိုင်နက်တည်း ပေးစွမ်းနိုင်ဖို့ ချစ်သူများနေ့ မှာ မိမိချစ်ရတဲ့သူကိုလက်ဆောင်ပေးရအောင် အမည်းရောင်ချောကလက်လေးတွေ ပြေးဝယ်လိုက် ကြပါစို့ ရှင်။

MYANMAR LIBRARY

09/02/2018

Mayın Aksiyon Filmleri - Film İzle Türkçe Dublaj Tek Parça HD 2017 3

21/11/2017

https://her.is/2zoMiRK

Get directions mylocation → မြဝတီကမိသာစုများ, မြဝတီကမိသာစုများ. All route types - HERE WeGo

ဖေ့ဘွတ်မှာ People You May Know ဆိုတဲ့ဟာကြီးကိုကျနော်တော်တော်အမြင်ကပ်ပါတယ်။ နောက်ပြီး ကိုယ့်ရုပ်က ကြည့်ကောင်းမှန်းမသိ ဘာမ...
28/09/2017

ဖေ့ဘွတ်မှာ People You May Know ဆိုတဲ့ဟာကြီးကိုကျနော်တော်တော်အမြင်ကပ်ပါတယ်။ နောက်ပြီး ကိုယ့်ရုပ်က ကြည့်ကောင်းမှန်းမသိ ဘာမှန်းမသိပဲ ကျော်ကလှလား သမီးလှလားဆိုတာတွေလည်း အမြင်ကပ်ပါတယ်။ အဲ့ဒါတွေ unfollow လုပ်ထားရင်လည်း တချို့သူတို့တင်တဲ့ပိုစ်တွေက ကိုယ်ဖတ်သင့်တဲ့ပိုစ့်တွေဖြစ်နေပြန်ရင်လည်း မမြင်ရပြန်ဘူး။ ဒါကြောင့် အခုပြောမဲ့နည်းလေးကတော့ ကွန်ပြူတာနဲ့ ဖေ့ဘွတ်အသုံးပြုတဲ့လူတွေအတွက် ကိုယ့်ဝေါကို စိတ်တိုင်းကျ နီးပါး ပြင်ဆင်နိုင်မှာပါ။ People You May Know တွေ Hide ထားလို့ရတယ် မမြင်ချင်တဲ့ Photo တွေ Hide ထားလို့ရတယ်။ Chat တွေမှာလည်းစိတ်တိုင်းကျပြုပြင်လို့ရပါတယ်။add-ons လေးကို install လုပ်ထားရုံနဲ့ ဖေ့ဘွတ်မှာ ကိုယ်မမြင်ချင်တာတွေကို hide လုပ်ပေးသွားမှာပါ။ add-ons link ကို တိုက်ရိုက်တင်ပေးတာကို ဖေ့ဘွတ်က Spam ဆိုပြီးဖျက်ချပါတယ်။ ဒါကြောင့် add-ons နာမည်လေးပဲတင်ပေးလိုက်ပါတယ်။ F.B.Purity -Cleans Up Facebook

13/09/2017

မြန်နာတပ်မတော်သားတွေ စစ်ကြောင်း အဆင်သင့်ပြင်ဆင်နေသည်

13/09/2017

တတိယကမ္ဘာစစ်ဖြစ်ရင်ဘေးကင်းမယ့်(၁၀)နိုင်ငံ

13/09/2017

"ကမ္ဘာပေါ်က စစ်အင်အားအကြီးဆုံး (၁၀)နိုင်ငံ"

ที่อยู่

မြဝတီကမိသာစုများ
Bangkok Noi
13051

เบอร์โทรศัพท์

09781992504

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ မြဝတီကမိသာစုများผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง မြဝတီကမိသာစုများ:

แชร์

ประเภท