MSICC ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก MSICC, องค์กรทางการเมือง, Bangkok Noi.

MSICC is a coordination body among the Mon political party, elected MPs, ethnic CSOs, and women and youth organizations from 2021 pro-movement with a purpose to participate the political movement for a future federal democracy In Mon State.

“ အသိပေးကြေညာခြင်း ”၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်စနစ် အပါအဝင် အ...
23/04/2023

“ အသိပေးကြေညာခြင်း ”

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်ဟူသမျှကို တိုက်ဖျက်သွားရန်အတွက် မွန်ပြည်နယ်နှင့် မွန်လူမျိုးများကို ကိုယ်စားပြုသော မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Mon State Interim Coordination Committee – MSICC ) ကို တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ တော်လှန်ရေးအင်အားစုများဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိပြောင်းလဲနေသော တော်လှန်ရေးအခြေအနေ၊ နိုင်ငံရေး အခြေအနေများကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁၅) ရက်နေ့တွင် ကျင်းပခဲ့သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ပထမအကြိမ် ညီလာခံတွင် (MSICC) ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (Mon State Federal Council – MSFC) အဖြစ် တိုးချဲ့ဖွဲ့စည်း အတည်ပြုခဲ့ပြီး Mon State Federal Council – MSFC အမည်ဖြင့် Page တခုကိုလည်း တရားဝင်ဖွင့်လှစ် ထားရှိပြီး ဖြစ်သည်။ ထို့ကြောင့် ဆက်လက်၍ MSFC နှင့် ပတ်သက်သည့် ကိစ္စအဝဝကို MSFC ၏ တရားဝင် လူမှုကွန်ရက် ဖြစ်သော Mon State Federal Council – MSFC Page တွင်သာ ဆက်လက်ဖော်ပြပေး သွားမည် ဖြစ်ကြောင်း လူမှုကွန်ရက်သုံးစွဲသူ ပြည်သူလူထုအပေါင်းကို အသိပေးကြေညာအပ်ပါသည်။

#နည်းပညာအထောက်အကူပြုအဖွဲ့
Mon State Federal Council - MSFC

(၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်၁။ ဟံသာဝတီပြည် စတင်တည်ထ...
05/02/2023

(၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာ

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်

၁။ ဟံသာဝတီပြည် စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့် ကျော်(၁) ရက်အား အစွဲပြုကာ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ် မှတ်ရန် ခရစ်သက္ကရာဇ် ၁၉၄၆ ခုနှစ်တွင် ကျင်းပခဲ့သော ပထမအကြိမ် မွန်အမျိုးသားညီလာခံတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ကျင်းပခဲ့သည်မှာ ယခုအချိန်တွင် (၇၆) ကြိမ်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါသည်။

၂။ အဆိုပါညီလာခံတွင် မွန်အမျိုးသားနေ့ကို သတ်မှတ်ခဲ့ရုံသာမက မွန်တိုင်းရင်းသားတို့၏ အမျိုး သားရေးလက္ခဏာများ အရှည်တည်တံ့ရေးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေး တို့အတွက်လည်း မွန်တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ညီညွတ်မှုဖြင့် သမိုင်းဝင်ဆုံးဖြတ်ချက် များ ချမှတ်နိုင်ခဲ့သည်မှာလည်း ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။

၃။ မွန်တိုင်းရင်းသားတို့ (၇၆) နှစ်တိုင်တိုင် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးသန္နိဋ္ဌာန်သည် ကာလရှည်ကြာ မြန်မာ့နိုင်ငံရေးပြဿနာအား အဖြေရှာရေး အဓိက လိုအပ်ချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် လွန်စွာ အရေး ကြီးသည့် အခြေခံအုတ်မြစ်လည်း ဖြစ်နေပါသည်။

၄။ ထိုအခြေခံအုတ်မြစ်ဖြင့် တည်ဆောက်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးသည် စစ် အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ မချုပ်ငြိမ်းသရွေ့ ထူထောင်နိုင်မည် မဟုတ်သလို ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစစ်အမှန်သည်လည်း ရရှိနိုင်မည်မဟုတ်ကြောင်း နှစ်(၇၀) ကျော်ကြာ နိုင်ငံရေးပြသာနာများက မီးမောင်းထိုးပြလျက် ရှိပါသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ပြည်သူလူထုတစ်ရပ်လုံးလက်တွဲလျက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အဆုံးသတ်စေရန် နည်းလမ်းမျိုးစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ ထိုသို့ တော်လှန် တိုက်ပွဲဝင်ကြရာတွင် မွန်တိုင်းရင်းသားများ၊ မွန်ပါတီများအပါအဝင် မွန်တော်လှန်ရေး အင် အားစုများ၏ အသက်သွေးချွေးစွန့်လွှတ်ကာ တိုက်ပွဲဝင်နေကြသည်မှာ မျက်မှောက်ခေတ်သမိုင်းတွင် အထင်အရှားပင်ဖြစ်ပါသည်။

၅။ သို့ဖြစ်ရာ ယခုမွန်အမျိုးသားနေ့ (၇၆) ကြိမ်မြောက်အခါသမယတွင် မွန်တိုင်းရင်းသားတို့ အပါ အဝင် ပြည်သူတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး အခြေခံအုတ်မြစ် ဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးအတွက် ကျွန်ုပ်တို့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အနေဖြင့် မွန်တိုင်းရင်းသားများနှင့်အတူ တွဲလက်မြဲမြံစွာ တော်လှန် တိုက်ပွဲဝင်သွားမည်ဟု အလေးအနက်ကတိသစ္စာပြုအပ်ပါကြောင်း သဝဏ်လွှာပေးပို့ပါသည်။

တော်လှန်ရေးသစ္စာဖြင့်
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)

https://m.facebook.com/story.php?story_fbid=127960550189254&id=100089259296954&mibextid=Nif5oz


(၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာ

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်

၁။ ဟံသာဝတီပြည် စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့် ကျော်(၁) ရက်အား အစွဲပြုကာ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ် မှတ်ရန် ခရစ်သက္ကရာဇ် ၁၉၄၆ ခုနှစ်တွင် ကျင်းပခဲ့သော ပထမအကြိမ် မွန်အမျိုးသားညီလာခံတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ကျင်းပခဲ့သည်မှာ ယခုအချိန်တွင် (၇၆) ကြိမ်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါသည်။

၂။ အဆိုပါညီလာခံတွင် မွန်အမျိုးသားနေ့ကို သတ်မှတ်ခဲ့ရုံသာမက မွန်တိုင်းရင်းသားတို့၏ အမျိုး သားရေးလက္ခဏာများ အရှည်တည်တံ့ရေးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေး တို့အတွက်လည်း မွန်တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ညီညွတ်မှုဖြင့် သမိုင်းဝင်ဆုံးဖြတ်ချက် များ ချမှတ်နိုင်ခဲ့သည်မှာလည်း ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။

၃။ မွန်တိုင်းရင်းသားတို့ (၇၆) နှစ်တိုင်တိုင် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးသန္နိဋ္ဌာန်သည် ကာလရှည်ကြာ မြန်မာ့နိုင်ငံရေးပြဿနာအား အဖြေရှာရေး အဓိက လိုအပ်ချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် လွန်စွာ အရေး ကြီးသည့် အခြေခံအုတ်မြစ်လည်း ဖြစ်နေပါသည်။

၄။ ထိုအခြေခံအုတ်မြစ်ဖြင့် တည်ဆောက်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးသည် စစ် အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ မချုပ်ငြိမ်းသရွေ့ ထူထောင်နိုင်မည် မဟုတ်သလို ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစစ်အမှန်သည်လည်း ရရှိနိုင်မည်မဟုတ်ကြောင်း နှစ်(၇၀) ကျော်ကြာ နိုင်ငံရေးပြသာနာများက မီးမောင်းထိုးပြလျက် ရှိပါသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ပြည်သူလူထုတစ်ရပ်လုံးလက်တွဲလျက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အဆုံးသတ်စေရန် နည်းလမ်းမျိုးစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ ထိုသို့ တော်လှန် တိုက်ပွဲဝင်ကြရာတွင် မွန်တိုင်းရင်းသားများ၊ မွန်ပါတီများအပါအဝင် မွန်တော်လှန်ရေး အင် အားစုများ၏ အသက်သွေးချွေးစွန့်လွှတ်ကာ တိုက်ပွဲဝင်နေကြသည်မှာ မျက်မှောက်ခေတ်သမိုင်းတွင် အထင်အရှားပင်ဖြစ်ပါသည်။

၅။ သို့ဖြစ်ရာ ယခုမွန်အမျိုးသားနေ့ (၇၆) ကြိမ်မြောက်အခါသမယတွင် မွန်တိုင်းရင်းသားတို့ အပါ အဝင် ပြည်သူတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး အခြေခံအုတ်မြစ် ဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးအတွက် ကျွန်ုပ်တို့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အနေဖြင့် မွန်တိုင်းရင်းသားများနှင့်အတူ တွဲလက်မြဲမြံစွာ တော်လှန် တိုက်ပွဲဝင်သွားမည်ဟု အလေးအနက်ကတိသစ္စာပြုအပ်ပါကြောင်း သဝဏ်လွှာပေးပို့ပါသည်။

တော်လှန်ရေးသစ္စာဖြင့်
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)


 #(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့  #အမျိုးသားညီညွတ်ရေးအစိုးရမှပေးပို့သည့် သဝဏ်လွှာ   https://...
05/02/2023

#(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ #အမျိုးသားညီညွတ်ရေးအစိုးရမှ
ပေးပို့သည့် သဝဏ်လွှာ





https://www.facebook.com/100089259296954/posts/127953620189947/?mibextid=Nif5oz

04/02/2023
Mon State Federal Council (MSFC)1st Conference StatementDate – 22.1.2023After the 2021 coup by the Burmese military, the...
24/01/2023

Mon State Federal Council (MSFC)
1st Conference Statement

Date – 22.1.2023

After the 2021 coup by the Burmese military, the Mon State Interim Coordination Committee (MSICC), which represents Mon State and the Mon people, was formed to fight against any dictatorship in Myanmar, including the current military dictatorship. It has been almost two years since we, the MSICC, began fighting together with other ethnic, democratic, and revolutionary forces. Due to the current political situation, there is a need for a strong state-based federal unit to represents people from Mon State. On January 15, 2023, the MSICC agreed to become the Mon State Federal Council (MSFC), which is a state-based Mon Federal Unit. The first conference of the MSFC was held on January 22, 2023, attended by a total of 86 representatives of political parties, ethnic revolutionary organizations, civil society organizations, women's organizations, youth organizations, Mons from Thailand and overseas, and Pa-O people from Mon State. At the first MSFC conference, the members approved an interim constitution, which calls the separation of decision making power. The MSFC has formed a state-based unit for the establishment of a federal democratic union during the revolutionary period. At the meeting, the MSFC achieved the following:

1) Approved an interim constitution, identified its political goals, developed a political road map for the revolutionary period, and made plans for integrating all the anti-dictatorship forces in the Mon region.

2) Established a representative body that divides decision making authority among three separate powers — administrative, legislative, and judicial —during the revolution/interim period and involves all revolutionary forces in the Mon region in their fight against the dictatorship

3) Successfully formed the Mon State Federal Council, consisting of 25 members, to support the state's self-determination.
The MSFC urges the people of Mon State and Mon people in other areas to join in the struggle against military dictatorship and all other forms of dictatorship, for the right for self-determination, and to build a federal union. The Mon State Federal Council will work together with the other ethnic, democratic, and revolutionary for the establishment of a federal democratic union.

Contacts –
- Mi Suta Jo (Signal No. + 95 9 784 726971)
- Nai Htaw Rot (Signal No. +95 9 782 236322)


မွန်ပြည်ဖက်ဒရယ်ကောင်စီ ပထမအကြိမ် ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး မ...
24/01/2023

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပထမအကြိမ် ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စား
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး မှ ပြောကြားသည့်မိန့်ခွန်း

ဒီနေ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကနေ ပထမဆုံးအကြိမ် ကျင်းပတဲ့ ညီလာခံမှာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကိုယ်စား ဒီအစည်းအဝေးကို တက်ရောက်ခွင့် ပေးတဲ့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကို ကျွန်တော့်အနေနဲ့ အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပထမဦးစွာ ပြောကြားပါရစေ။ ဒီနေ့ ပထမအကြိမ် ညီလာခံကို တက်ရောက်နေကြတဲ့ ဖိတ်ကြားထားတဲ့ ခေါင်းဆောင်အသီးသီးရော ဒီမွန်ပြည်ဖက်ဒရယ်ကောင်စီမှာ ခေါင်းဆောင်ကြီးများအားလုံးကိုလည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသားကြပါစေလို့ ကျွန်တော့်အနေနဲ့ ဆုတောင်းပါတယ်။ ဒီနေ့ အခမ်းအနားမှာ တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်ပြုတ်ကျရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး ဘုံရည်မှန်းချက်ကို ထားရှိတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ညီလာခံကို အခုလို တက်ရောက်ပြီးတော့ စကားပြောကြားခွင့်ရတဲ့အတွက် ဒီလိုသမိုင်းဝင် နေ့တနေ့မှာ ပါဝင်ရတဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်မြောက်တဲ့အကြောင်းလဲ ပြောကြားလိုပါတယ်။

ကျွန်တော်တို့ ဒီအချိန်ဒီကာလဟာ မြန်မာနိုင်ငံအတွက် သိပ်ကိုအရေးကြီးတဲ့အချိန် သိပ်ကိုအရေးကြီးတဲ့ကာလလို့ မြင်မိပါတယ်။ ဒီနေ့ ဒီအချိန် ဒီကာလမှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပါဝင်ရှိနေတဲ့သူ တစ်ဦးချင်း တစ်ယောက်ချင် တစ်ဖွဲ့ချင်း တစ်စုချင်းစီရဲ့ ပါဝင်မှုနဲ့ ဒီတော်လှန်ရေး အချိန်ကာလကို ဆုံးဖြတ်ပေးနိုင်တဲ့ လူတစ်ဦးချင်းစီရဲ့ ပါဝင်မှုက သိပ်ကိုအရေးကြီးတဲ့ အချိန်ကာလဖြစ်ပါတယ်၊ ဒါကြောင့် ဒီနေ့ဆောင်ရွက်နေတဲ့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီကနေ မွန်ပြည်ဖက်ဒရယ်ကောင်စီအဖြစ် ဖွဲ့စည်းတဲ့ အမည်ပြောင်းလဲခြင်းဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှု တော်လှန်ရေးအတွက် သိပ်ကိုအရေးကြီးတဲ့ ပြောင်းလဲမှုတစ်ခုလို့ မြင်တယ်။

ဒါကြောင့်မို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကျွန်တော့်ကို ဒီအခမ်းအနားကိုတက်ရောက်ဖို့ တာဝန်ပေးတဲ့အခါမှာ အတော်လည်း ဝမ်းသာမိသလို တာဝန်သိပ်ကြီးတယ်လို့လဲ ယူဆပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တို့တတွေရဲ့ ဒီနေ့ တော်လှန်ရေးမှာ တစ်ဦးနဲ့တစ်ဦး အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု ပူးပေါင်းခြင်း ညီညွတ်ခြင်း စုစည်းခြင်းဟာ သိပ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍပါ ဒီလို ပူးပေါင်းခြင်း ညီညွတ်ခြင်း နားလည်မှု ရရှိခြင်းဟာ သိပ်အရေးကြီးနေတဲ့အချိန်မှာ အာရုံစိုက်ပြီးဆောင်ရွက်နေတဲ့အချိန်မှာ အဲလိုမျိုး ပူးပေါင်းမှု ညီညွတ်မှုကို ထိခိုက်သွားစေမယ့် အဖြစ်အပျက်မျိုး လုံးဝဖြစ်လို့မရဘူးဆိုတာကို ကျွန်တော်သဘောပေါက်နေလို့ ဖြစ်တယ်၊ အဲလိုမျိုးဖြစ်သွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ တော်လှန်ရေး အားလုံးဖြစ်ချင်တဲ့ သွားချင်နေတဲ့ အာဏာရှင်ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ မနှောင့်အယှက်ဖြစ်သွားမှာကိုပဲ ကျွန်တော့်အနေနဲ့ သိပ်ကို စိုးရိမ် ဒါကို ကျွန်တော်ရင်မှာပိုက်ပြီးတော့ ဒီအစည်းအဝေးကို လာပြီးတက်ရောက်ခြင်းဖြစ်ပါတယ်၊ ဆိုတော့ ဒါဟာ ကျွန်တော့်တစ်ယောက်တည်းရဲ့ဆန္ဒဖြစ်မယ်မထင်ပါဘူး။

ကျွန်တော်တို့ နိုင်ငံတနိုင်ငံလုံးမှာရှိနေတဲ့ ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်မယ်လို့လဲ ယုံကြည်ပါတယ် ပြည်သူတွေဟာ အခုလိုမျိုး ပေါင်းစည်းမှု စုစည်းမှုကို ရင်ထဲမှာရှိနေကြတဲ့အတွက် ဒီပေါင်းစည်းမှု စုစည်းမှုရဲ့အားနဲ့ ကျွန်တော်တို့ ဒီနေ့တော်လှန်ရေးကို အောင်မြင်အောင် တစ်ယောက်ချင်း တစ်ဦးချင်းစီအတွက် လေးနက်တဲ့ခံယူချက်တွေအနေနဲ့ ရှိနေတာဖြစ်ပါတယ်၊ ဒါဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရမှာ ရှိနေတဲ့ ပါဝင်နေတဲ့ တစ်ဦးချင်း တစ်ယောက်ချင်းစီ ပြည်သူအားလုံးရဲ့ ခံစားချက်လဲဖြစ်ပါတယ် ဒါကြောင့် အားလုံး ဒီဟာကို သိမြင်နေတဲ့အတိုင်းပဲ ပြည်သူများဟာ ဒီနေ့တော်လှန်ရေးမှာ အဖွဲ့အစည်းတစ်ခု ပုဂ္ဂိုလ်တစ်ဦး ပါဝင်လာတိုင်း ပါဝင်လာတိုင်း အရမ်းကို ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုယ်စားရော ကျွန်တော့်အနေနဲ့ရော ပြောကြားလိုတာက အခုလို မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ ဒီနေ့တော်လှန်ရေးထဲမှာ အခုလို ခံယူချက် အပြည့်အဝအနေနဲ့ စောစောကပြောသွားတဲ့ ဘုံရည်မှန်းချက်အတူပဲ လက်တွဲလာတာ မဖော်ပြနိုင်အောင် ကျွန်တော်တို့ ဝမ်းသာပါတယ်၊ ပြည်သူတွေ ဝမ်းသာခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ စတင်ဖွဲ့စည်းစဥ်ကတည်းက ဒီတော်လှန်ရေးအတွင်းမှာ ဒါ ပြည်သူက ဦးဆောင်ခဲ့တာဖြစ်တယ်၊ ပြည်သူက အခုလို မွန်ပြည်ကနေပြီးတော့ ပါဝင်တဲ့အချိန်မှာ လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြတာဖြစ်တယ်၊ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်း အခုလိုမျိုးပေါ့နော်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ပါဝင်လာတိုင်း ပါဝင်လာတိုင်း ပြည်သူဟာ အတိုင်းမသိ ဝမ်းသာကြတာ ဖြစ်ပါတယ်၊ အခုလိုမျိုး မွန်ပြည်မှာ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဒီတော်လှန်ရေးမှာ ပါဝင်လာတယ်ဆိုတာဟာ ကျွန်တော်တို့ ပြည်သူတွေအတွက်ကော တော်လှန်ရေးအတွက်ကော အင်အား အကြီးမားဆုံးကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ် ဒါကြောင့် ဒီနေ့ ဒီမွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ညီလာခံဟာ ကျွန်တော်တို့တော်လှန်ရေးကို စောစောကပြောတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ထောင်မှာကို အားဖြစ်စေမှာ သေချာပေါက်ဖြစ်ပါတယ်၊ ပြည်သူကို အားတက်စေမှာ သေချာပေါက်ဖြစ်ပါတယ်။

ဒီမှာ အလျဥ်းသင့်လို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တော်လှန်ရေးအင်အားစု အားလုံး သဘောတူညီထားတဲ့ ဒီတော်လှန်ရေးဟာ ၂၀၂၃ မှာ အဆုံးအဖြတ်နှစ်အနေနဲ့ သွားနေတဲ့ မဟာဗျူဟာမိတ်တွေထဲမှာ ဒါဟာ အရေးကြီးတဲ့ မဟာဗျူဟာတစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိရှိပြီး ဖြစ်မှာပါ။ ဒီလိုမျိုး မဟာဗျူဟာမြောက် ကျွန်တော်တို့တတွေရဲ့ မဟာမိတ်များ ပါဝင်မှု ဒီတော်လှန်ရေးမှာ ပါဝင်လာနိုင်မှု စုစည်းနိုင်မှုဟာ အရေးအကြီးဆုံးမဟာဗျူဟာဖြစ်ပါတယ်၊ ဒါ ပြည်သူလူထုပါဝင်မှုရဲ့ မဟာဗျူဟာနဲ့လည်း ကိုက်ညီတာဖြစ်ပါတယ်၊ ဒီမဟာဗျူဟာ ၂ ခုနဲ့ ကိုက်ညီတဲ့ ကျွန်တော်တို့ ဒီမွန်ပြည်ဖက်ဒရယ် ကောင်စီ ဖွဲ့စည်းခြင်း တည်ဆောက်ခြင်းဟာ ဒီနေ့တော်လှန်ရေး အောင်မြင်ခြင်း ဖြစ်ပါတယ်၊ ဒီနေ့တော်လှန်ရေး အောင်မြင်ခြင်းဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စောစောက ခေါင်းဆောင် အသီးသီး တင်ပြသွားသလို လွတ်လပ်ရေးရပြီးကတည်းက မရရှိသေးတဲ့ ဘုံဆန္ဒ ဘုံရည်မှန်းချက်ကို ရရှိဖို့ရာအကြောင်းအရင်းပဲဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အားလုံး ခုနက ကျွန်တော်ပြောခဲ့သလိုပဲ ၂၀၂၃ မှာ ကျွန်တော်တို့ စုစည်းညီညွတ်မှုအားတွေ မြန်မြန်ရနိုင်လေ ကျွန်တော်တို့တော်လှန်ရေးဟာ မြန်မြန်အောင်မြင်လေပဲ ဖြစ်ပါတယ်၊ မြန်မြန်ဆိုတဲ့ စကားလုံးသုံးရခြင်းဟာ ဒီအချိန်မှာ ရက်စက်ကြမ်းကြုပ်မှုတွေနဲ့ ပြည်သူကို အခုလို ဆန့်ကျင်ဘက်အင်အားစု အားလုံးကို တိုက်ခိုက်နေတာ အားလုံးအသိပဲဖြစ်ပါတယ်၊ နေ့စဥ် နေ့တိုင်း ဗုံးကြဲနေတာ ဖြစ်ပါတယ်၊ ဗုံးကြဲတဲ့နေရာမှာ နေရာမရွေး ဆန့်ကျင်ဘက်တွေအားလုံးကို အကြမ်းဖက်ပြီးတော့ ဖက်စစ်စစ်တပ်အသွင်နဲ့ ထားရှိရမယ့် ကျင့်ဝတ်သိက္ခာတွေ မထားရှိတော့ပဲ ယခုလို ဗုံးကြဲတိုက်ခိုက်နေတာဟာ အချိန်အရ နေ့စဥ်နေ့တိုင်း ကျွန်တော်တို့ ပြည်သူတွေ နေ့တိုင်း အသက်ပေးနေရတာဖြစ်ပါတယ် ဒီလို အသက်ပေးနေရတဲ့ ပြည်သူတွေအတွက် အခုလိုမျိုး ပူးပေါင်းပါဝင်ခြင်း စောလျင်စွာနဲ့ အင်အားရှိစွာ ကျွန်တော်တို့တတွေ စုစည်းနိုင်လေ ပေါင်းစည်းနိုင်လေ ဒီတော်လှန်ရေးဟာ ပြီးဆုံးဖို့ ပိုမိုနီးစပ်လာပြီးဖြစ်ပါတယ်၊ ဒီလို မြန်မြန်ပြီးပါမှ ကျွန်တော်တို့တတွေရဲ့ ပေးဆပ်နေရတဲ့ ဘဝတွေ အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့တော့ ဒီမွန်ပြည်ဖက်ဒရယ်ကောင်စီကို အခုလို စုစည်း ပေါင်းစည်းပြီးတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ စောလျင်စွာ ပါဝင်ပြီးတော့ လှုပ်ရှားတဲ့အတွက် အခုလိုမျိုး စုစည်းနိုင်တဲ့အတွက် စုစည်းဖို့ ပေါင်းစည်းဖို့ အားရှိဖို့အတွက် စီစဥ်နိုင်တဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်လို့ ပြည်သူလူထုကိုယ်စား ကျွန်တော်ပြောလိုပါတယ် NUG အစိုးရကိုယ်စားလဲ ပြောလိုပါတယ်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နမူနာကိုယူပြီး ကျန်တဲ့ မြန်မာပြည်အနှံ့ နေရာအနှံ့မှာလည်းပဲ ကျွန်တော်တို့ စုစည်း ပေါင်းစည်းနိုင်ပါစေလို့ ဆုတောင်းရင်းနဲ့ ဒီနေ့တော်လှန်ရေးမှာ အခုလို ပါဝင်လာတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီကို စစ်အာဏာရှင်ပြုတ်ကျရေး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးကို ပူးပေါင်းလက်တွဲပြီး ပြည်သူများနဲ့အတူ ပါဝင်နိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းရင်းနဲ့ ဒီနေ့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ပထမအကြိမ်ညီလာခံကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုစကားကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုယ်စား ပြောကြားလိုက်ပါတယ်။ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။


မွန်ပြည်ဖက်ဒရယ်ကောင်စီ ပထမအကြိမ် ညီလာခံတွင် NUCC ကောင်စီဝင် ဦးမိုးသူ မှ ပြောကြားသည့် မိန့်ခွန်းဒီနေ့ မွန်ပြည်ဖက်ဒရယ်ကောင...
24/01/2023

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပထမအကြိမ် ညီလာခံတွင်
NUCC ကောင်စီဝင် ဦးမိုးသူ မှ ပြောကြားသည့် မိန့်ခွန်း

ဒီနေ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ရဲ့ ပထမအကြိမ်ညီလာခံမှာ အခုလို အဖွင့်အမှာစကားပြောကြားခွင့် ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီနေ့ MSFC ပထမအကြိမ်ညီလာခံမှာ တက်ရောက်လာကြတဲ့ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေ၊ MSFC က တာဝန်ရှိတဲ့သူတွေ၊ အမျိုးသားညီညွတ်ရေးကောင်စီ NUCC ရဲ့ တာဝန်ရှိတဲ့သူတွေ၊ ပြီးတော့ ကျွန်တော်တို့ ပြည်နယ်နဲ့ လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီက တက်ရောက် လာကြတဲ့ တာဝန်ရှိသူတွေနဲ့ ရဲဘော်ရဲဖက်တွေအားလုံးကို ပထမဦးဆုံးအနေနဲ့ နှုတ်ခွန်းဆက်သချင်ပါတယ်၊ မငေးရအောင်-မင်္ဂလာပါခင်ဗျာ။

ဒီနေ့ အဖွင့်အမှာစကားမှာ ကျွန်တော့်ရဲ့ယူဆချက်အပေါ်မှာ အခြေခံတဲ့အကြောင်းအရာ(၂)ခုကို ပြောကြားချင် ပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့ ဒီနေ့ကာလမှာ Spring Revolution လို့ခေါ်တဲ့ နွေဦးတော်လှန်ရေး ဖြစ်စဥ်တစ်ခုကို ကျွန်တော်တို့ ဖြတ်သန်းနေရတာဖြစ်ပါတယ်၊ အဲတော့ ဒီလိုမျိုးဖြတ်သန်းနေရတဲ့အခါမှာ ဒီနွေဦးတော်လှန်ရေးက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်တဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ သီးသန့်တော်လှန်ရေးတစ်ခုလို့ ကျွန်တော်တို့က မယူဆမိဖို့လိုတယ်ဆိုတဲ့အချက်က အရင်ဆုံး ဆွေးနွေး ပြောကြားချင်ပါတယ်၊ ဆိုတော့ ဘာဖြစ်လို့ ဒါဟာ အရေးကြီးလဲဆိုလို့ရှိရင် ဒါကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းသိမှလည်း ကျွန်တော်တို့ အခုဖြတ်သန်းနေတဲ့ တော်လှန်ရေးက ဘယ်လောက်အထိ ဘယ်ပန်းတိုင်သွားရမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်မှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။

ဆိုတော့ ကျွန်တော်တို့ အခု မြန်မာနိုင်ငံလို့ ခေါ်ဆိုနေကြတဲ့ နိုင်ငံနယ်နိမိတ်ထဲမှ နေထိုင်နေကြတဲ့ လူမျိုးတွေအားလုံးက ကိုယ်ပိုင်ဘာသာစကားတွေ ကိုယ်ပိုင်ယဥ်ကျေးမှုတွေ ကိုယ်ပိုင်သမိုင်းနောက်ခံတွေနဲ့ သီးသန့်နိုင်ငံ ထူထောင်ပြီးတော့ နေမယ်ဆိုရင်လည်း နေလို့ရတဲ့ အရည်အချင်းရှိတဲ့ လူမျိုးတွေပဲ အားလုံးဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၈၂ ခုနှစ် လွတ်လပ်ရေးမယူခင်မှာ နယ်ချဲ့အင်္ဂလိပ်ဆီကနေပြီးတော့မှ လွတ်လပ်ရေးယူရင် အားလုံးအတူတကွ ပေါင်းစည်းပြီးတော့မှ ယူကြမယ်၊ ပြီးရင် ပေါင်းစည်းပြီးတော့မှ နေကြမယ်ဆိုတဲ့ စိတ်ကူးအနေနဲ့ ပင်လုံစာချုပ် ကတိပြုပြီးတော့မှ လွတ်လပ်ရေးယူခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ ပူးပေါင်းပြီး နေထိုင်ကြမယ်ဆိုလည်း ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ လူမျိုးတမျိုးချင်းစီက ပူးပေါင်းနေထိုင်ကြတာ ဖြစ်တဲ့အတွက် တန်းတူညီမျှမှုရှိဖို့ အရေးကြီးသလို လူမျိုးတမျိုးစီရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိဖို့လည်း အရေးကြီးတဲ့အတွက် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထင်ဟပ်စေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ကြမယ်ဆိုပြီးတော့ အားလုံးက ရည်မှန်းပြီးတော့ ကြိုးစားခဲ့ကြတာပါ။

ဒါပေမယ့် အားလုံးလဲ သိကြတဲ့အတိုင်းပေါ့နော် လွတ်လပ်ရေးရပြီး ၁၀ နှစ်ခန့်ကြာတဲ့အထိကို အဲဒီမျှော်မှန်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေးစီပြည်ထောင်စုကြီးက ဖြစ်မလာတဲ့အတွက်ကြောင့်မို့လို့ လွတ်လပ်ရေးရပြီးကတည်းက ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေး ဆက်တိုက် တော်လှန်ရေးကြီးက ဖြစ်ပေါ်လာခဲ့တယ်။ အဲတော့ အခု နွေဦးတော်လှန်ရေးကြီးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလို့ ပေါ်ပေါက်ခြင်းဆိုသည်မှာ ချက်ချင်းဖြစ်ပေါ်စေတဲ့ အကြောင်းအရာဖြစ်ပြီးတော့ တကယ့်အမှန်တရားကတော့ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးကြီးရဲ့ ဖြစ်စဥ်အသစ်တခု အခြေအနေအသစ်တစ်ခုဆိုတာကို ကျွန်တော်တို့အနေနဲ့က သတိချပ်ပြီးတော့ မမေ့မလျော့ရှိဖို့ လိုမယ်ထင်တယ်လို့ ကျွန်တော့်ယူဆချက်ကို ပြောကြားချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ ယခုတော်လှန်ရေးမှာ တိုက်ပွဲဝင်နေရခြင်းပန်းတိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာမသိမ်းခင်အခြေအနေကို ရောက်ရှိယုံတင်မဟုတ်ပဲနဲ့ ကျွန်တော်တို့အားလုံး မျှော်မှန်းခဲ့ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးဆီကို ရောက်တဲ့အထိ သွားဖို့ဆိုတာကို ရှင်းရှင်းလင်းလင်း ရှိမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ယူဆချက်ကို ပထမအချက်အနေနဲ့ ပြောကြားချင်ပါတယ်။

ဒုတိယတစ်ချက်ကတော့ ကျွန်တော်တို့ ဘယ်အထိသွားရမလဲဆိုတဲ့ ပန်းတိုင်ကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ရှိပြီးဆိုရင် ဒီပန်းတိုင်ကို ကျွန်တော်တို့ ဘယ်လိုသွားမလဲ သွားဖို့အတွက် ဘာတွေလိုအပ်မလဲဆိုတာကို ပြန်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။ အဲလိုပြန်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ပန်းတိုင်ကို မရောက်စေမယ့် ကျွန်တော်တို့ မျှော်မှန်းချက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ပျက်ပြားစေတဲ့ အကြောင်းအရင်းကို သေသေချာချာခွဲချမ်းစိတ်ဖြာဖို့လိုမယ်လို့ ကျွန်တော့်ရဲ့ ယူဆချက်ကို ဒုတိယအချက်အနေနဲ့ ပြောကြားချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ ဒါကို သေသေချာချာ ဖယ်ရှားနိုင်မှ ကျွန်တော်တို့ပန်းတိုင်ကို ရောက်မယ်လို့ ယူဆမိလို့ပါ။

ဒုတိယအချက်မှာတော့ ဘာအကြောင်းကြောင်းတွေကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို မတည်ဆောက်နိုင်တာလဲလို့ပြောမယ်ဆိုရင် ကျွန်တော့်အနေနဲ့ (၂) ချက် တွေ့မိပါတယ်။ ပထမအချက်အနေနဲ့က စစ်အာဏာရှင်စနစ်ပေါ့နော်။ စစ်အာဏာရှင်စနစ်ကြောင့် ကျွန်တော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို မရောက်နိုင်ဖြစ်နေကြတယ်၊ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့လိုတယ် ဆိုတာကို ခုန ကျွန်တော်တို့ရဲ့ ရဲဘော်၊ ခေါင်းဆောင် ဆရာမ ပြောသွားတဲ့ အထဲမှာလည်းပါပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားလိုက်တာနဲ့ ကျွန်တော်တို့ မျှော်မှန်းတဲ့ပန်းတိုင်ကို ရောက်မယ်လို့တော့ တထစ်ချယုံကြည်လို့တော့ မရနိုင်သေးပါဘူး။

အဲဒီအတွက် ဒုတိယအဆင့်အနေနဲ့ ကျွန်တော်တို့ ရည်မှန်းချက်ကို ပျက်ပြားစေမယ့်သူ ဒုတိယအကြောင်းအရင်း တရပ်ဖြစ်တဲ့ မဟာဗမာလူမျိုးကြီးဝါဒကို ဆက်လက်တိုက်ဖျက်သွားဖို့ လိုတယ် ဆိုတာလေးကို ကျွန်တော်ဒီကနေ အလေးထားပြီးတော့ ပြောချင်တာဖြစ်တယ်။ ဒီနေရာမှာ ငြင်းချက် ထွက်နိုင်ပါတယ်။ စစ်အာဏာရှင်စနစ်ကြောင့်ပဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အိမ်မက်ကြီးကို ပျက်ပြားစေတယ် ဆိုပေမယ့် တကယ့်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်အာဏာရှင်စနစ်က ၁၉၆၂ ကျမှ ပေါ်ပေါက်လာတယ်ဆိုတာ အားလုံးလဲ လက်ခံကြတယ် သမိုင်းမှာလဲ အထင်အရှားရှိပါတယ်၊ ဒါပေမယ့် စစ်အာဏာရှင်စနစ် မပေါ်ပေါက်ခင် ၁၉၆၂ မတိုင်ခင်ကတည်းက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတဲ့ ကျွန်တော်တို့ရည်မှန်းချက်ကို မရောက်နိုင်တဲ့ အခြေအနေဖြစ်ခဲ့တယ်၊ ဒါကြောင့် ကျွန်တော်တို့က မဟာဗမာလူမျိုးကြီးဝါဒနဲ့ ပတ်သက်ရင် ထည့်သွင်းစဥ်းစားဖို့ လိုမယ်ဆိုတဲ့အချက်ကို ပြောကြားခြင်းပါ။

ဆိုတော့ အဲဒီနေရာမှာ ပြောရလို့ရှိရင် ကျွန်တော်က ဗမာလူမျိုး တစ်ယောက်ဖြစ်တယ်၊ အားလုံး စိတ်ထဲတွေးမိတာက မဟာဗမာလူမျိုးကြီးဝါဒလို့ ပြောတဲ့အခါမှာ ဗမာလူမျိုးတွေ အနေနဲ့ ဒါကို ပြောလိုက်ရင် ဆိုတော့ ဒီနေရာမှာ တစ်ခါတည်းပဲ အခွင့်ကြုံတဲ့အတွက် အခြားသော ညီအကိုမောင်နှမတွေလည်း သိအောင်လို့ ကျွန်တော်ပြောကြားခြင်းဖြစ်တယ်၊ တကယ်တော့ မဟာဗမာ လူမျိုးကြီးဝါဒဆိုတာ ဘယ်လူမျိုးကို အခြေခံပြီး နာမည်ပေးထားတဲ့ လူမျိုးကြီးဝါဒဆိုတာကို ပြောကြတာပေါ့ အဲတော့ ဗမာလူမျိုးအခြေခံအပေါ်မှာ အခြေခံ တည်ဆောက်ထားရင်တော့ ဗမာလူမျိုးကြီးဝါဒပေါ့။ ဆိုကြပါစို့ မွန်လူမျိုးအပေါ်မှာ အခြေခံ တည်ဆောက်ထားရင်တော့ မွန်လူမျိုးကြီးဝါဒ၊ ရှမ်းလူမျိုးကြီးဝါဒ စသဖြင့် ခေါ်ကြတာပေါ့ ကမ္ဘာပေါ်မှာ လူမျိုးကြီးဝါဒလို့ ပြောလိုက်ခြင်းက အဲမဟာဗမာလူမျိုးကြီးဝါဒဆိုတဲ့ ယူဆချက် သဘောထားတွေ ရှိနေတဲ့လူတွေကို ရည်ညွှန်းပြောဆိုခြင်းလို့ ကျွန်တော်နားလည်တယ်။

ကျွန်တော်လည်း ဒီအသုံးအနှုန်းကို စတင်ကြားခဲ့စဥ်က စိတ်ထဲမှာ နာကျည်းမှုဖြစ်ခဲ့တယ်၊ ဒါပေမယ် တဖြည်းဖြည်းနဲ့ နားလည်လာတဲ့အခါမှာတော့ ဒီမဟာဗမာလူမျိုးကြီးဆိုတဲ့ တွေးခေါ်ချက်၊ ယူဆချက် သဘောထား ရှိနေတဲ့သူတွေကို ရည်ညွှန်းခြင်းဖြစ်တဲ့အတွက် ကျွန်တော်သည် အဲဒီလိုမျိုးသဘောထား ရည်ညွှန်းချက် စဥ်းစားချက်မရှိဘူး ဆိုလို့ရှိရင် ကျွန်တော့်အနေနဲ့ နာစရာအကြောင်းမရှိတော့ပါဘူး။ အဲလိုပဲ ကျွန်တော်ရဲ့ ညီအကိုမောင်နှမ အခြားသောဗမာလူမျိုးတွေမှာလဲ သူတို့အနေနဲ့ ဒီနာမည်ကို ကြားတဲ့အချိန်မှာ စိတ်ထဲမှာ ခံစားချက်ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ စဥ်းစားရမှာက သဘောထား ယူဆချက်တွေ ကျွန်တော်တို့မှာ မရှိအောင်လုပ်ဖို့က ပိုပြီး အဓိကကျပါတယ်။

မဟာဗမာလူမျိုးကြီးဆိုတဲ့ စဥ်းစားချက် တွေးခေါ်ချက်တွေ သဘောထားတွေက ကျွန်တော်တို့မှာ မရှိဘူးဆိုရင် လူမျိုးကြီးဝါဒလို့ပြောရင် ကျွန်တော်တို့နဲ့ မဆိုင်ဘူးဆိုတာ ကျွန်တော်တို့ ရဲရဲတင်းတင်းရပ်တည်လို့ရသွားတယ်။ လူမျိုးကြီးဝါဒက ကူးစက်ရောဂါတစ်ခုပါပဲ ဆိုတော့ မဟာဗမာလူမျိုးကြီးဝါဒပေါ့ ဗမာမှာပဲ ကူးစက်တတ်တာ မဟုတ်ပါဘူး လူမျိုးတိုင်းကို ကူးစက်တတ်ပါတယ်။ အဲအတွက် ကျွန်တော်တို့ သတိထားဖို့ လိုပါတယ်၊ တခါတလေကျရင် မဟာဗမာလူမျိုးကြီးဝါဒကို အခြေခံပြီးတော့ တည်ဆောက်ထားတဲ့ ဖိနှိပ်ရေးယန္တယား တစ်ခုတည်းမှာ ကိုယ့်လူမျိုးတွေ ပါနေတဲ့အခါမှာ ကိုယ်က သက်သက်ညှာညှာနဲ့ ဖော့ပြီး စဥ်းစားတက်တာမျိုး ဖြစ်သွားတတ်ပါတယ်။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီရောဂါ ကူးစက်နေရင် ဒီရောဂါကူးစက်နေတယ်ဆိုတာ ပြတ်ပြတ်သားသားစဥ်းစားဖို့ လိုမယ်လို့ ထင်ပါတယ်။ ဥပမာပေးရရင် အခုဆိုရင် အကြမ်းဖက်စစ်အုပ်စုရဲ့ မင်းအောင်လှိုင် အမြဲပြောနေတာ ရှိပါတယ်။ သူတို့စစ်တပ်ထဲမှာ ဗမာတွေပဲ မဟုတ်ပါဘူး ရှမ်းတွေရော၊ မွန်တွေရော၊ ရခိုင်တွေရော ရှိတယ်ဆိုပြီး အမြဲပြောတယ်၊ ဒါပေမယ့် ကျွန်တော်တို့ နားလည်ရမှာက စစ်အာဏာရှင်စနစ်သည် လူမျိုးကြီးဝါဒလိုပဲ ကူးစက်ရောဂါတစ်ခုပါပဲ၊ စစ်တပ်ထဲမှာ ရှမ်းတွေ မွန်တွေ ထားဝယ်တွေ ရှိကောင်းရှိနိုင်မယ်။ ဒါပေမယ့် သူတို့တွေသည် စစ်အာဏာရှင်ရောဂါ ကူးစက်ခံထားတဲ့ သူတွေဖြစ်တဲ့အတွက် သူတို့နဲ့ ပတ်သက်ရင် ကျွန်တော်တို့ ပြတ်ပြတ်သားသား စဥ်စားဖို့တော့ လိုလိမ့်မယ်လို့ ထင်တယ်။

ချုပ်ရရင် နွေဦးတော်လှန်ရေးသည် လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပေါ်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးရဲ့ နောက်ဆက်တွဲ အခြေအနေအသစ်တစ်ခု အဆင့်တစ်ခုဖြစ်တယ်၊ အဲလိုယူဆမှ ကျွန်တော်တို့ရဲ့ပန်းတိုင်သည် တည်ဆောက်ရေးအထိ သွားရမယ်ဆိုတာ ကျွန်တော်တို့ရဲ့ အချက် တွေရယ်၊ ဒုတိယအချက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မသွားခင်မှာ စစ်အာဏာရှင် စနစ်ကြီးပဲ မဟုတ်ပဲနဲ့ မဟာလူမျိုးကြီးဝါဒကိုပါ တိုက်ဖျက်ဖို့ လိုတယ်ဆိုတဲ့အချက်ကို အဓိကထားပြီး ဆွေးနွေးချင်တာပါ။ ဝမ်းမြောက်ဖို့ကောင်းတာက အဲဒီအချက် ၂ ခုလုံးကို အခု ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး ကောင်စီ NUCC ရဲ့ ရေးဆွဲထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာထဲမှာ အဲဒီအချက် ၂ ချက်လုံး နားလည်လက်ခံ ပြီးတော့မှ ထည့်သွင်းရေးဆွဲထားပြီးသား ဖြစ်ပါတယ်။

မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) အနေနဲ့က စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် နောက်ဆုံးအနေနဲ့ ဆန္ဒပြုချင်တာက (MSICC) ကနေ ပြီးတော့မှ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ မွန်ပြည်ဖက်ဒရယ် ကောင်စီ အနေနဲ့ ကျွန်တော်တို့ NUCC အတွင်းမှာရော NUCC ထဲကို မရောက်ရှိနိုင်သေးသော်လည်း NUCC ပြင်ပမှာရှိနေသေးသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး အင်အားစုတွေ အားလုံးနဲ့ လက်တွဲပြီးတော့မှ အကြမ်းဖက်စစ်အုပ်စု အပါအဝင် အကြမ်းဖက်အုပ်စုရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အင်အားစုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်သွားရင်းနဲ့ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထင်ဟပ်စေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်တဲ့အထိ မလွဲမသွေ မုချ ကျွန်တော်တို့နဲ့အတူ ချီတက်အောင်မြင်ပါစေလို့ ဆန္ဒပြုရင်း ကျွန်တော့်အဖွင့်အမှာစကားကို ဒီနေရာမှာပဲ နိဂုံးချုပ်မှာဖြစ်ပါတယ်၊ ကျေးဇူးတင်ပါတယ်။


မွန်ပြည်ဖက်ဒရယ်ကောင်စီ ပထမအကြိမ် ညီလာခံတွင် သဘာပတိ မိစမ္ပာနန် ပြောကြားသည့် မိန့်ခွန်းမှ…ယနေ့နိုင်ငံရေးထဲမှာ အားလုံးမပါဝင...
24/01/2023

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပထမအကြိမ် ညီလာခံတွင် သဘာပတိ မိစမ္ပာနန် ပြောကြားသည့် မိန့်ခွန်းမှ…

ယနေ့နိုင်ငံရေးထဲမှာ အားလုံးမပါဝင်လာနိုင်သေးဘူးဆိုပေမယ့် ဆက်လက်ပါဝင်သွားနိုင်ဖို့အတွက် ကျမတို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆက်လက်ကြိုးပမ်းသွားပါ့မယ်ဆိုတာကိုလည်း ပြောကြားချင်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ကျမတို့ လှမ်းချီနေကြတဲ့ ကနေ့ တိုက်ပွဲမှာ ကျမတို့အနေနဲ့ အခြားတိုင်းရင်းသား လူမျိုးစုအားလုံးနဲ့ လက်တွဲချည်ပြီးတော့မှ တိုက်ပွဲဝင်သွားဖို့ ကျမတို့ ဆန္ဒရှိပါတယ်။ ကျမတို့ လှမ်းချီနေတဲ့ ဒီတော်လှန်ရေးမှာလည်း ကျမတို့ရောက်ချင်တဲ့ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိအောင် အင်နဲ့အားနဲ့ ကြိုးပမ်း သွားကြဖို့လည်း လိုပါတယ်။ ထိုသို့ ကြိုးပမ်းဖို့အတွက်ဆိုလို့ရှိရင် ဘက်ပေါင်းစုံကနေ ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ဖို့အတွက် လိုပါတယ် ဆိုတာကို နောက်ထပ်ပြောချင်ပါတယ်။

ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ အချိန်မှာ ကျမတို့တိုင်းရင်းသား အခွင့်အရေးအတွက်ကိုလည်း တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။ တိုက်ပွဲဝင်တဲ့နေရာမှာ အမြင်ရော အတွေ့အကြုံရော မတူညီကြတဲ့အတွက် တချို့အမြင်၊ တချို့ဆွေးနွေးချက် တွေကို ကျော်ဖြတ် လုပ်ဆောင်သွားဖို့ ကလည်း အများကြီးရှိနေတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲကနေ ရင်ဆိုင်တွေ့ကြုံနေရတာတွေကို ဘယ်လိုကျော်ဖြတ်ရမလဲ၊ ပြီးတော့ အခက်အခဲ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့နဲ့က မတူညီကြဘူး။ ဒီမတူညီတဲ့အပေါ်မှာ ဘယ်လိုမျိုး အဖြေရှာပြီးတော့ ဖြတ်ကျော်သွားရမလဲဆိုတာကို ကျမတို့အားလုံး ညီညီညွတ်ညွတ်နဲ့ ဆွေးနွေးကြပြီး ဒီတော်လှန်ရေးကြီး မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်ဖို့ ဆက်လက် ကြိုးပမ်းသွားကြဖို့ တိုက်တွန်းရင်း ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။


မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ပထမအကြိမ်ညီလာခံသို့ လူမျိုးအခြေပြု အစုအဖွဲ့ကိုယ်စား ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ...
23/01/2023

မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ပထမအကြိမ်ညီလာခံသို့ လူမျိုးအခြေပြု အစုအဖွဲ့ကိုယ်စား ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းမှ ပြောကြားသည့် မိန့်ခွန်း

ယနေ့ကျင်းပတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ပထမအကြိမ် ညီလာခံမှာ ဖိတ်ကြားပြီး မိန့်ခွန်းပြောကြားခွင့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကနေ့ ညီလာခံတက်ရောက်လာကြတဲ့ ခေါင်းဆောင်များ၊ ပြည်ထောင်စု သွေးချင်းများနဲ့ မွန်ပြည်သူများအပါအဝင် ပြည်ထောင်စုတဝန်းလုံးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ မိဘမောင်နှမညီအကိုများ အားလုံး အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေကြောင်း ပအိုဝ့် အမျိုးသားဖက်ဒရယ်ကောင်စီအနေနဲ့ ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အားလုံးရဲ့ တိုက်ပွဲအလံဟာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့ တိုက်ပွဲအလံဖြစ်ပါတယ်။ ထိုတိုက်ပွဲအလံနှင့်အတူ ကျွန်တော်တို့ ကိုင်စွဲထားတာက ကျွန်တော်တို့ရဲ့ အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးအလံကိုလည်း ကိုင်မြှောက်ထားတာ ဖြစ်ပါတယ်။

ယနေ့ဖြစ်နေတဲ့ ပဋိပက္ခသည် ဗမာအချင်းချင်း ဖြစ်နေတဲ့ ပဋိပက္ခမဟုတ်ပါဘူး။ ထို့နည်းတူ ဗမာနှင့် ဗမာမဟုတ်တဲ့ တိုင်းရင်းသားများကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခလည်း မဟုတ်ပါဘူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်တပ်ကြား ဖြစ်နေတဲ့ ပဋိပက္ခလည်း မဟုတ်ပါဘူး၊ ဒါဟာ စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ကျင့်သုံးနေတဲ့ စစ်အာဏာရှင်နဲ့ ထိုစစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံနိုင်တော့တဲ့ ပြည်ထောင်စုတဝန်းလုံးမှာ ရှိတဲ့ မွန်ပြည်သူများအပါအဝင် ပြည်ထောင်စုတဝန်းလုံးမှာ ရှိတဲ့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံးရဲ့ ပဋိပက္ခဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါ ကျွန်တော်တို့အားလုံး ကိုင်စွဲထားတဲ့ တိုက်ပွဲအလံဟာ စစ်အာဏာရှင် စနစ်ကို ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပါတယ်။ ထိုတိုက်ပွဲအလံကို ကိုင်ဆောင် ထားတာဟာ တောင်ပေါ်သက်သက်၊ မြေပြန့်သက်သက် မဟုတ်တော့ပါဘူး။ တောင်ပေါ်က လက်နက်ကိုင်စွဲသလို မြေပြန့်မှာလည်း လက်နက်ကိုင်စွဲပြီး ဗမာများလည်း ကိုင်စွဲသလို ဗမာမဟုတ်တဲ့ တိုင်းရင်းသားပြည်သူများလည်း ကိုင်စွဲထားကြပါတယ်။ ဒီနေ့အခြေအနေဟာ အရင်ခေတ်ကာလနဲ့မတူဘဲ လွတ်လပ်ရေးရရှိပြီး ၇၅ နှစ်တာ ကာလမှာ ပြည်သူတွေဟာ တသားတည်း ညီညွတ်နေကြပြီဖြစ်ပါတယ်။ ခေါင်းဆောင်များညှိကြဖို့ လိုပါတယ်။ တသားတည်း ညီနေကြတဲ့ ပြည်သူတွေထဲမှာ မွန်ပြည်သူတွေလည်း ပါဝင်ပါတယ်။

ယနေ့ မွန်ပြည်ဖက်ဒရယ် ကောင်စီကို ဖွဲ့စည်းတယ်ဆိုတာဟာ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းခြင်းနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ကျန်တဲ့ ညီနောင်တိုင်းရင်းသားများနှင့်အတူ ပါဝင်ဖို့ စုဖွဲ့တာလို့ နားလည်ထားပါတယ်။ စစ်အာဏာသိမ်းမှုနဲ့အတူ ဒီမိုကရေစီဆိတ်သုဉ်းသွားတဲ့အခါမှာ မွန်ပြည်သူတွေဟာ နောက်မကျခဲ့ပါဘူး။ MSICC ကို စုဖွဲ့ပြီး မွန်ပြည်ကြားကာလပူးပေါင်းရေးကော်မတီ(MSICC)ကို ရတဲ့နည်းနဲ့ စုဖွဲ့ပြီးတော့ နွေဦးတော်လှန်ရေး ကြီးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီအနေဖြင့် အားလုံးဟာ စစ်အာဏာ ဖျက်သိမ်းပြီးတော့ ကျွန်တော်တို့ဟာ တိုက်ပွဲအတွင်းမှာ စည်းရုံးခဲ့ကြတာဖြစ်ပြီး ဒီ့ထက် ပိုကောင်းအောင် ပြင်ဆင်ပြီး တခြားသော အဖွဲ့အစည်းများလည်း ပါဝင်လာအောင် စည်းရုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကနေ့ MSICC အခြေအနေမှ ပိုကျစ်လစ်ပြီး ပိုမိုကျယ်ပြန့်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းနိုင်ခဲ့တဲ့ အပေါ်မှာလည်း ကျနော်တို့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ ဒီနေ့စုဖွဲ့မှုဟာ လက်ရှိတော်လှန်ရေးထဲမှာ အောင်မြင်ရာ၊ အောင်မြင်ကြောင်းကို ဆောင်ရွက်ဖို့ စုဖွဲ့သလိုပဲ အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စုမှာ ဖက်ဒရယ်ယူနစ်တွေ အားကောင်းဖို့လိုအပ်တယ်ဆိုတာ အဓိကကျတဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ တိုက်ပွဲထဲမှာ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ထိထိရောက်ရောက် ပါဝင်ဖို့ ပြင်ဆင်စုဖွဲ့သလိုပဲ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့ အခါမှာလည်းပဲ ဖက်ဒရယ်ယူနစ် တရပ်အနေနဲ့ ပိုပြီးအားကောင်းအောင် ကြိုတင်ပြင်ဆင်တာလို့ ကျနော်တို့မြင်ပါတယ်။ မွန်ပြည်သူများနှင့် ပအိုဝ်းပြည်သူများဟာ လွတ်လပ်ရေးရပြီးစ အချိန်ကတည်းက အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးတွေကို ဆင်နွှဲခဲ့ကြတယ်။ ကျနော်တို့တိုင်းပြည်မှာ အစောဆုံးသော အမျိုးသားလွတ်မြောက်မှု တော်လှန်ရေး တွေကို အတူတူဆင်နွှဲခဲ့ကြတဲ့ လူမျိုးတွေလည်း ဖြစ်ပါတယ်၊ မျက်မှောက်ခေတ်သစ်သမိုင်းမှာ အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေမှာ မွန်နဲ့ပအိုဝ်းတွေဟာ မကွာခြားခဲ့ကြပါဘူး။

အမျိုးသား လွတ်မြောက်မှု တော်လှန်ရေးကို ဆင်နွှဲခဲ့ကြခြင်း၊ လက်နက်နဲ့ ဒီမိုကရေစီလဲလှယ်ရေးမှာလည်း ကျနော်တို့တွေ အလိမ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေမှာလည်း အတူတူခံစားခဲ့ကြတာ ဖြစ်ပါတယ်။ ထို့အတူပဲ ကျနော်တို့တွေ အရင်းရှင်ကို တိုက်ရင်း အရင်းရှင်ဖြစ်သွားကြတာတွေ၊ မဟာကိုတိုက်ရင်း မဟာဖြစ်ခဲ့ကြတာတွေ၊ အာဏာရှင်ကိုတိုက်ရင်း အာဏာရှင်တွေ ဖြစ်ခဲ့ကြတဲ့ အဲ့ဒီသမိုင်းကြောင်းတွေထဲမှာ ကျနော်တို့တွေ ဖြတ်သန်းခဲ့ကြရတာ မွန်နဲ့ ကျနော်တို့ကြား မကွာခဲ့ကြသလို တော်လှန်ရေးခံစားချက်တွေကလည်း တူညီကြပါတယ်။ ခါးသီးတဲ့ ခံစားချက်တွေလည်း အများကြီး ရှိခဲ့ကြပါတယ်။ အဲ့ဒီခံစားချက်တွေ ဘယ်လိုပဲရှိရှိ ကျနော်တို့တတွေ ကိုင်စွဲထားတဲ့ အလံက (၂)လက်ဖြစ်ပါတယ်။

မွန်ပြည်သူများလည်း ကျနော်တို့ ပအိုဝ်းပြည်သူများနှင့် တထပ်တည်း တူညီတယ်လို့ ယုံကြည်ပါတယ်။ ပထမအလံက ကျနော်တို့ အမျိုးသားလွတ်မြောက်မှုတိုက်ပွဲအလံဖြစ်ပါတယ်။ နောက်တခု ကတော့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီးတော့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်မှု အလံဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲ အလံ ၂ ခုကို လွှင့်ထူပြီးတော့ ကျနော်တို့တွေ အတူတူစုဖွဲ့ခဲ့တာလို့ ယုံကြည်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော် မွန်နဲ့ပအိုဝ့် အပါအဝင် တိုင်းရင်းသားတော်လှန်ရေးများရဲ့ ရလဒ်၊ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်နဲ့ CDM လူထု အရေးတော်ပုံကနေ စခဲ့တဲ့ လူထုရဲ့ နွေဦးတော်လှန်ရေးရလဒ်၊ ဒီရလဒ်တွေကို စုပေါင်းပြီး လုပ်ဆောင်လာနိုင်ခဲ့တဲ့ အတွက် ဒီကနေ့ တော်လှန်ရေးဟာ ပြည်တွင်းမှာရော၊ ပြည်ပ၊ နိုင်ငံတကာမှာကော အသိအမှတ်ပြုမှု တွေဟာ အဆင့်မြင့်မြင့်ကို ရရှိထားပြီးဆိုတဲ့ အချက်ကလည်း ကျနော်တို့ ရှေ့ဆက်နိုင်မယ့် အင်အားလည်း ဖြစ်ပါတယ်။

ဒီကနေ့ ကျတော်တို့အနေနဲ့ တင်ပြချင်တာက ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းတဲ့အခါမှာ ခံယူထားတာကတော့ ပြည်ထောင်စုကြီးတခုလုံးရဲ့အရေးဟာ ပအိုဝ့်တွေရဲ့ အရေးဖြစ်တယ်၊ ပအိုဝ့်တွေရဲ့ အရေးဟာလည်း ပြည်ထောင်စုကြီးရဲ့ အရေးဖြစ်တယ်၊ ပအိုဝ့်အမျိုးသားရေးမူကတော့ ဘာတွေ ချမှတ်ခဲ့လဲဆိုရင် မတရားသော စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းတဲ့နေရာမှာ ပအိုဝ့်လူမျိုးတွေဟာ အင်အားစုတရပ်အနေနဲ့ ပါဝင်သွားဖို့ဟာ ပအိုဝ့်အမျိုးသားရေးမူဖြစ်ပါတယ်၊ ပအိုဝ်းတွေဟာ ပဒေသရာဇ် စနစ်အောက်မှာ နေခဲ့ရတယ်၊ ပဒေသရာဇ်စနစ်ဆိုးကို ဆန့်ကျင်ခဲ့ကြသလိုပဲ တိုင်းပြည်မှာ အဲ့ဒီလိုစနစ်ဆိုးတွေ ပေါ်ပေါက်လာရင် ပအိုဝ့်တွေဟာ အင်အားစုတရပ်အနေနဲ့ ပါဝင်သွားရမယ်လို့ ခံယူထားတဲ့ အမျိုးသားရေးမူနဲ့အညီ ပအိုဝ့်အမျိုးသားဖက်ဒရယ် ကောင်စီကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့် ဒီကနေ့ မွန်ပြည်ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းတဲ့နေရာမှာ လည်းပဲ ပြည်ထောင်စုအရေးဟာ မွန်ပြည်သူများရဲ့ အရေးဖြစ်သလို မွန်ပြည်သူအားလုံးရဲ့ အရေးဟာလည်းပဲ ပြည်ထောင်စုရဲ့ အရေးပဲ ဖြစ်တယ်လို့ ဒီလိုခံယူသတ်မှတ်ပြီးတော့ ဖွဲ့စည်းခဲ့ကြတာလို့ ယုံကြည်ပါတယ်၊ ဒါကြောင့် ဒီကနေ့ တော်လှန်ရေးအောင်မြင်နိုင်အောင် ပြည်ထောင်စုကြီးတခုလုံးရဲ့ အရေးဟာ တိုင်းရင်းသားလူမျိုး အသီးသီးရဲ့ အရေးဖြစ်သလို တိုင်းရင်းသားလူမျိုး အသီးသီးရဲ့ အရေးဟာလည်း ပြည်ထောင်စုရဲ့ အရေးဖြစ်တယ်လို့ သတ်မှတ်ခံယူပြီးတော့ အားလုံး စုပေါင်းပါဝင်သွားကြဖို့ လိုပါတယ်။

အခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများဟာ စုစုစည်းစည်း ညီညီညွတ်ညွတ် ပါဝင်မှုဟာလည်း အဓိကကျတဲ့ အချက်တရပ် ဖြစ်ပါတယ်၊ အခု ကျနော်တို့ ညီနောင်မဟာမိတ်(၃)ခုက နှစ်သစ်ကူးကြေညာချက် ထုတ်ပြန်တဲ့အထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ပစ်ရမယ်၊ ဒါ ကျနော်တို့အားလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ အဲ့ဒီတော့ မိမိတို့အခြေအနေအရ ရပ်တည်ရတဲ့ ကွာခြားမှုအပေါ်မှာ ဆောင်ရွက်ပြုမူမှုတွေပအပေါ်မှာ ကွာခြားပေမယ့် လက်တွေ့ကျနော်တို့ ပြန်ကြည့်ရင် စစ်အာဏာရှင်စနစ်နဲ့ မူချင်းတူတဲ့အဖွဲ့အစည်းဆိုလို့ ကျနော်တို့မှာ မရှိပါဘူး၊ ဘယ်တိုင်းရင်းသားလူမျိုးကိုမေးမေး စစ်အာဏာရှင်စနစ်ကို မထောက်ခံပါဘူး။ စစ်အာဏာရှင်စနစ်ကို ဖော်ဆောင်လို့မရဘူး၊ မိမိတို့ရဲ့ အမျိုးသား လွတ်မြောက်မှုတော်လှန်ရေး အပါအဝင် မိမိတို့လူမျိုး လွတ်လပ်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရမယ် ဆိုတဲ့အမြင်ဟာ တိုင်းရင်းသားအားလုံးမှာ တူတူပဲဖြစ်ပါတယ်။ မူအရ အားလုံးလည်း တူတူပဲဖြစ်တဲ့အတွက် မွန်ပြည်သူများ အပါအဝင် ကျနော်တို့တိုင်းရင်းသားပြည်သူများ စုစည်းပါဝင်ပြီးတော့ တောင်ပေါ်မြေပြန့်မခွဲပဲနဲ့ ဒီကနေ့ အရှိန်အဟုန်မြင့်နေတဲ့ နွေဦးတော်လှန်ရေးကို မြင့်သထက်မြင့်အောင် အရှိန်အဟုန်နဲ့ အင်နှင့်အားနှင့် ပူးပေါင်းဆောင်ရွက်ကြဖို့ ပန်ကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။


ที่อยู่

Bangkok Noi

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MSICCผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง MSICC:

แชร์