Cobra Column တပ်ခွဲ - ၃

Cobra Column တပ်ခွဲ - ၃ "အောင်မြင်ဖို့ စစ်တိုက်နေတာမဟုတ်..
လွတ်မြောက်ဖို့စစ်တိုက်နေတာ "

ဗိုလ်ဒါဘော

ဒီနေ့ဟာ ကော်ဘရာစစ်ကြောင်း(၁)၊တပ်ခွဲ(၃) ရဲ့ ယခင်တပ်ခွဲမှူးဖြစ်တဲ့“မန်းထူးဘောအသက် - ၃၆ နှစ် (၁၉၈၈ - ၂၀၂၄)”၂.၅.၂၀၂၄ အာရှလမ်...
02/05/2025

ဒီနေ့ဟာ ကော်ဘရာစစ်ကြောင်း(၁)၊
တပ်ခွဲ(၃) ရဲ့ ယခင်တပ်ခွဲမှူးဖြစ်တဲ့
“မန်းထူးဘော
အသက် - ၃၆ နှစ် (၁၉၈၈ - ၂၀၂၄)”

၂.၅.၂၀၂၄ အာရှလမ်းမ တိုက်ပွဲမှာ တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ခြင်း (၁) နှစ်ပြည့်တဲ့ နေ့ ဖြစ်ပါတယ်။

ကျန်ရှိနေသော တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်မြောက်ရေးအတွက် ကျန်ရှိသော သင်၏ ရဲဘော်ရဲဘက်များက ဆက်လက် တာဝန်ထမ်းဆောင်သွားမည်ဟု ကတိသစ္စာပြုပါသည်။ 🫡

၂၀၂၄ မတ်လတိုက်ပွဲများတွင်ကော်ဘရာစစ်ကြောင်း(၁)၊ တပ်ခွဲ(၃)မှကျဆုံးသွားခဲ့သောမန်းဂျွန်နေဇာ (၇.၃.၂၀၂၄)ကိုကျော်ကျော်ဝင်း (၈.၃...
07/03/2025

၂၀၂၄ မတ်လတိုက်ပွဲများတွင်
ကော်ဘရာစစ်ကြောင်း(၁)၊ တပ်ခွဲ(၃)မှ
ကျဆုံးသွားခဲ့သော
မန်းဂျွန်နေဇာ (၇.၃.၂၀၂၄)
ကိုကျော်ကျော်ဝင်း (၈.၃.၂၀၂၄)
ကိုဖြိုးသန့်ကျော် (၂၄.၃.၂၀၂၄) တို့အား
အမှူးထားရည်စူး၍
ဆွမ်း၊ သင်္ကန်း၊ ဝတ္ထု ကပ်လှူခြင်း၊
တပ်ခွဲရှိ ရဲဘော်များအတွက် အသားဟင်းချက်ပြုတ် ကျွေးမွေးခြင်း တို့အား ပြုလုပ်ခဲ့ပါသည်။
ကျဆုံးလေပြီးသော သူရဲကောင်းညီအကိုများ
ရောက်ရာအရပ်မှ သာဓုခေါ်ဆိုနိုင်ကြပါစေ။

မပြီးသေးသော တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ကျန်ရှိသော သင်တို့၏ ရဲဘော်ရဲဘက်များက အဆုံးထိ ဆက်လက်ကြိုးစားသွားမည်ဟု ကတိပြုပါသည်။

ဗိုလ်ချုပ်မွေးနေ့လို့ ကြားလိုက်တာနဲ့ကျွန်တော်တို့အားလုံးမှာသူ့ကို သတိရလိုက်မိတဲ့ ပုံရိပ်တွေ မျိုးစုံရှိကြမှာပါ။မြန်မာနို...
13/02/2025

ဗိုလ်ချုပ်မွေးနေ့လို့ ကြားလိုက်တာနဲ့
ကျွန်တော်တို့အားလုံးမှာ
သူ့ကို သတိရလိုက်မိတဲ့ ပုံရိပ်တွေ မျိုးစုံရှိကြမှာပါ။

မြန်မာနိုင်ငံ သူ့ကျွန်ဘဝကနေ လွတ်မြောက်အောင်
ဦးဆောင်တော်လှန်ခဲ့တဲ့ လူငယ်တစ်ယောက်။
ဗမာ့လွတ်မြောက်ရေးတပ်မတော်(BIA) ရဲ့ ခေါင်းဆောင်တစ်ယောက်။
ကိုယ့်နိုင်ငံအောက်ကျနောက်ကျ မဖြစ်ဖို့အတွက် ဘယ်သူ့မျက်နှာမှမထောက် ပြောသင့်တာကို ပြောရဲသူတစ်ယောက်။
နိုင်ငံကောင်းကျိုးအတွက် ကြိုးပမ်းနေချိန်မှာ လုပ်ကြံခံခဲ့ရတဲ့ အာဇာနည်တစ်ဦး။
စသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်တွေကတော့ စုံပါတယ်။

ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စဉ်းစားမိတာ တစ်ခုတော့ ဒီတော်လှန်ရေးမှာ ပိုတိုးလာခဲ့တယ်။
အကျင့်ပျက်ခြစား လက်နက်အားကိုးတဲ့ အကြမ်းဖက်စစ်ကောင်စီကလည်း ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုကြသလို
ကျွန်တော်တို့ တော်လှန်ရေးဘက်တော်သား အများစုကလည်း အလေးပြုကြတဲ့ ကိစ္စပေါ့။

BIA ကနေ စကစ အဖြစ် ကူးပြောင်းလာတဲ့ စစ်တပ်က
ဗိုလ်ချုပ်ဟာ သူတို့ရဲ့ ဦးစီးဦးဆောင် ပထမဆုံးသော ခေါင်းဆောင် ဆိုတဲ့အမြင်နဲ့ အလေးပြုကြတာပေါ့။
ဒါပေမယ့် သူတို့ရဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေ နိမ့်ပါးလို့ပဲ ဗိုလ်ချုပ်ကို အလေးပြုသော်ငြား ဗိုလ်ချုပ်လို စိတ်မမွေးနိုင်ကြတဲ့အတွက် မြန်မာ့တပ်မတော်ဟာ တနေ့တခြား ပျက်စီးရာလမ်းကို ဖြောင့်ဖြူးစွာ ဆက်သွားနေတာလို့ ပြောလို့ရပါတယ်။

ကျွန်တော်တို့ကတော့ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ စစ်တပ်ကို ချေမှုန်းရင်း
ဗိုလ်ချုပ်ရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ စွန့်လွှတ်အနစ်နာခံမှု တွေကို သူရဲကောင်း တစ်ဦးအဖြစ် လေးစားတဲ့အတွက် အလေးပြုကြပါတယ်။
ကျွန်တော်တို့ တစ်ဦးချင်းစီမှာလည်း အများအကျိုးအတွက် စွန့်လွှတ်နစ်နာခံခြင်း ဆိုတဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ပိုမိုကိန်းဝပ်နိုင်ဖို့ အကောင်းဆုံး ဆက်လက်ကြိုးစားနေကြပါဦးမယ်။

6.2.2025 တွင် ကော်ဘရာတပ်ခွဲ(၃)  နှင့် မဟာမိတ်တပ်ဖွဲ့များ ရန်သူ့ရှေ့တန်းနေရာ တစ်ချို့အား ဝင်ရောက်ရာတွင် သိမ်းဆည်းရမိသော ပ...
06/02/2025

6.2.2025 တွင် ကော်ဘရာတပ်ခွဲ(၃) နှင့် မဟာမိတ်တပ်ဖွဲ့များ ရန်သူ့ရှေ့တန်းနေရာ တစ်ချို့အား ဝင်ရောက်ရာတွင် သိမ်းဆည်းရမိသော ပစ္စည်းများ

KNUတပ်မဟာ(၆)လုံခြုံရေးစစ်ကြောင်းမှူး/ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောအားသူရဘွဲ့တံဆိပ် ချီးမြှင့်ကေအဲန်ယူ-ကရင်အမျိုးသား...
01/02/2025

KNUတပ်မဟာ(၆)လုံခြုံရေးစစ်ကြောင်းမှူး/
ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောအား
သူရဘွဲ့တံဆိပ် ချီးမြှင့်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သည်
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးအနီး နေရာတစ်နေရာ၌ ဇန်နဝါရီလ (၃၁) ရက်နေ့ ကျရောက်သည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားအား ကျင်းပခဲ့သည်။

အစီအစဉ်အရ အခမ်းအနားမှူး ဒုဗိုလ် စောဒိုဝါး၊ သဘာပတိ ဗိုလ်မှူးကြီး စောနယ်ဒါးထူးမှ အခမ်းအနားအစီအစဉ်အား ဖတ်ကြားပြီး ကရင်အမျိုးသားအလံတော်နှင့် တော်လှန်ရေးလုပ်ဆောင်ကြသူများအား အလေးပြုခြင်းဖြင့် အခမ်းအနားစတင်ခဲ့သည်။

တပ်မဟာ(၆)လုံခြုံရေးစစ်ကြောင်းမှူး ဗိုလ်မှူးဒါဘောအား
အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ့်၊ ဖျက်စီးနိုင်ခြင်းဖြင့် ရဲစွမ်းသတ္တိအပြည့်နှင့် ခေါင်းဆောင်မှုအရည်အချင်းပြည့်မှီသော ဗိုလ်မှူးတစ်ယောက်ဖြစ်သည့်အတွက်
သူရဘွဲ့တံဆိပ်ကို KNLA- (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် ဂုဏ်ပြုချီးမြင့်ခဲ့သည်။

၂၀၂၄ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိတော်လှန်ရေးအင်အားစုရဲ့ နိုင်ငံလုံးဆိုင်ရာ ထိန်းချုပ်နယ်မြေတွေပါ။
30/01/2025

၂၀၂၄ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ
တော်လှန်ရေးအင်အားစုရဲ့ နိုင်ငံလုံးဆိုင်ရာ ထိန်းချုပ်နယ်မြေတွေပါ။

တော်လှန်ထုတ်ကုန် ဖြစ်တဲ့“ဆက်လျှောက်” ခြေအိတ် အစုံ(၁၀၀) လှူဒါန်းပေးပါသောဦးဝင်းလှိုင်+ဒေါ်ချယ်ရီဦး မိသားစုကို ကျေးဇူးအထူးတ...
26/01/2025

တော်လှန်ထုတ်ကုန် ဖြစ်တဲ့
“ဆက်လျှောက်” ခြေအိတ် အစုံ(၁၀၀) လှူဒါန်းပေးပါသော
ဦးဝင်းလှိုင်+ဒေါ်ချယ်ရီဦး မိသားစုကို ကျေးဇူးအထူးတင်ပါတယ်။

ရဲဘော်တွေကို ဆောင်းတွင်းမှာ အနွေးဓာတ်ပေးမယ့် ခြေအိတ်တွေလှူဒါန်းပေးတဲ့ အတွက်
နွေးထွေးကြင်နာရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ရပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျ။

National Unity Government (NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော၂၀၂၄ ခုနှစ်ကုန် နိုင်ငံလုံးဆိုင်ရာ စစ်ရေးအခြေအနေပြ  ...
23/01/2025

National Unity Government (NUG)
ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော
၂၀၂၄ ခုနှစ်ကုန် နိုင်ငံလုံးဆိုင်ရာ စစ်ရေးအခြေအနေပြ သရုပ်ဖော်ပုံများ

ဒီနေ့ (၂၁.၁.၂၀၂၄) မှာတော့အသားဟင်းတစ်နပ်စာ အလှူရှင်ရှိတဲ့အတွက်ဝက်သားအချိုချက်ကို တရုတ်နံနံ အုပ်ပြီးတော့ ချက်ပါတယ်။ဝက်သားမ...
21/01/2025

ဒီနေ့ (၂၁.၁.၂၀၂၄) မှာတော့
အသားဟင်းတစ်နပ်စာ အလှူရှင်ရှိတဲ့အတွက်
ဝက်သားအချိုချက်ကို တရုတ်နံနံ အုပ်ပြီးတော့ ချက်ပါတယ်။
ဝက်သားမစားတဲ့ ညီကိုတို့အတွက်တော့ ဘဲကောင်လုံးကြော် (ဘဲဥကြော်) စီစဉ်ထားပါတယ်။

မွေးနေ့ရှင် မသဇင်လွင် အား
စိတ်ချမ်းသာကိုယ်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ရပါစေကြောင်း
ကော်ဘရာ တပ်ခွဲ(၃) မှ ဆုတောင်းပေးပါတယ် ခင်ဗျ။

အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေးအတွက် ယခုလို ပါဝင် အားဖြည့်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

ပျော်ရွှင်သော မွေးနေ့ရက်မြတ်လေး ဖြစ်ပါစေ။

ဉာဏ်မြေမှာလည်း ကတုတ်လိုသလို စစ်မြေမှာလည်း ကတုတ်ကျွင်း အရေးကြီးပါတယ်။အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ရေးအတွက်ကြုံတွေ့ရမယ့် အခက်ခ...
18/01/2025

ဉာဏ်မြေမှာလည်း ကတုတ်လိုသလို
စစ်မြေမှာလည်း ကတုတ်ကျွင်း အရေးကြီးပါတယ်။
အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ရေးအတွက်
ကြုံတွေ့ရမယ့် အခက်ခဲ အကြမ်းအတမ်းတွေကို
ကျွန်တော်တို့ ရင်ဆိုင်ရဲပါတယ်။

photo- Red Sheep (Cobra တပ်ခွဲ ၃)

16/01/2025

၂၃.၁၂.၂၀၂၄ မှာအောင်ဇေယျစစ်ကြောင်းက စစ်ကောင်စီတပ်သား ၄ဦး လက်နက်နဲ့ အလင်းဝင်ဖို့ ဆက်သွယ်လာခဲ့ပါတယ်။ဒီ video ကတော့ ကော်ဘရာ တပ်ခွဲ(၃) မှ ရဲဘော်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တို့ အလင်းဝင်လာသူတွေကို သွားရောက်ရှာဖွေ ခဲ့တဲ့ video မှတ်တမ်းဖြစ်ပါတယ်။

ที่อยู่

Bang Khen

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cobra Column တပ်ခွဲ - ၃ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์