Myanmar Club (Singapore)

Myanmar Club (Singapore) Myanmar Club (Singapore) was founded in 2002.

Our main objective is to promote the welfare, education and advancement of all Myanmar nationals and former nationals or residents who are now resident or are visitors to Singapore.

SG60 Active Ageing ကို အားပေးဖော်ညွှန်းတဲ့...Gold Charity Walk မှာ...Blossom Seeds  ရဲ့ ဖိတ်ကြားချက်အရ...Myanmar Club (S...
21/09/2025

SG60 Active Ageing ကို အားပေးဖော်ညွှန်းတဲ့...
Gold Charity Walk မှာ...
Blossom Seeds ရဲ့ ဖိတ်ကြားချက်အရ...
Myanmar Club (Singapore) အဖွဲ့သားများ လမ်း‌လျှောက်ပွဲပါဝင်ဆင်နွှဲခဲ့ပါတယ်...
ပါဝင်ဆင်နွှဲကြသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်...
နောက်နောင်ကျင်းပမယ့်ပွဲတွေမှာလည်း ဆုံတွေ့ကျပါဦးမယ်...

၂ ကီလိုမီတာခန့် လမ်းလျှောက်ခြင်း သက်သက်မဟုတ်ပဲ...နေရာဒေသအစုံမှာရှိနေတဲ့ သက်ကြီးပုဂ္ဂိုလ်များအားလုံးကို....အသိုက်အဝန်း အလ...
15/09/2025

၂ ကီလိုမီတာခန့် လမ်းလျှောက်ခြင်း သက်သက်မဟုတ်ပဲ...နေရာဒေသအစုံမှာရှိနေတဲ့ သက်ကြီးပုဂ္ဂိုလ်များအားလုံးကို....
အသိုက်အဝန်း အလွှာစုံက လူမှုပတ်ဝန်းကျင် တစုတည်းအဖြစ် အားပေး ရင်း...
ဘဝ, ကျန်းမာရေး, လူမှုအသိုင်းအဝိုင်းတို့ကို စွမ်းအားမြှင့် ဂုဏ်ပြုပွဲ တခုလည်းဖြစ်ပါတယ်...
ဂုဏ်သိက္ခာရှိရှိ အသက်အရွယ် အိုမင်းခြင်း၊ အထီးကျန်ဆန်မှု ကင်းဝေးစေခြင်း နှင့် ဘဝရည်ညွှန်းချက် ပြည့်ဝစေခြင်းစသည်တို့ကို ဖော်ဆောင်နိုင်ရန်အတွက်...
စင်္ကာပူ၏ အမျိုးသားရေးလှုပ်ရှားမှုတွင် ကျွန်ုပ်တို့ပါဝင်ကြပါရန် Blossom Seeds မှ ဖိတ်ကြားလိုက်ပါသည်...
ရက်စွဲ - ၂၁/၀၉/၂၀၂၅ (တနင်္ဂနွေ)
အချိန် - နံနက် ၈နာရီမှ နေ့လည် ၁၂ နာရီ
စုရပ် - Marina Bay Sands Event Plaza
အထက်ပါ သက်ကြီးရွယ်အိုများ ကျန်မာသန်စွမ်းမှု မြှင့်တင်ရေး ဂုဏ်ပြုလမ်းလျှောက်ပွဲကို မြန်မာကလပ်နှင့်အတူ ပူးပေါင်းပါဝင်လိုပါက...
အောက်ပါ Google link တွင် ၂၀ ရက်နေ့နောက်ဆုံးထား စာရင်းပေးသွင်းကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်...
https://docs.google.com/forms/d/e/1FAIpQLScrPp0vcCXiNBzwhlQdudtVZAC3K2p6p6_LtKZ5wSd4egkSoQ/viewform?usp=header

10/05/2025

မြန်မာကလပ် (စင်ကာပူ) ၏ ၂၁ ကြိမ်မြောက် နှစ်ပတ်လည်အသင်း အစည်းအ‌ဝေး နှင့် အမှုဆောင်ရွေးကောက်ပွဲအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပဆောင်ရွက်မည်ဖြစ်ရာ...
အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသားဟောင်းများနှင့် အသင်းသားသစ်အဖြစ် ပါဝင်လိုသူများ တက်ရောက်နိုင်ပါရန် အသိပေးဖိတ်ကြားအပ်ပါသည်။

🗓️ ၂၀၂၅ မေလ (၁၂)ရက် (တနင်္လာနေ့)
🕑 နေ့လည် ၂ နာရီမှ ၄ နာရီ
🏠 #11-06, Orchard Towers (Front Tower)
400, Orchard Road, Singapore 238875

လူအများတက်ရောက်နိုင်ရန်အတွက် Public holiday အလုပ်ပိတ်ရက်အမီ ဆောင်ရွက်ရသည်ဖြစ်ရာ လစ်ဟာမှုများရှိပါက နားလည်ခွင့်လွှတ်ပေးကြပါရန်လည်း မေတ္တာရပ်ခံပါသည်။
သိရှိမေးမြန်းလိုသည်များရှိပါက [email protected] သို့ Email ပို့၍ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
(အသင်းဝင်များ အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများ ကောက်ခံမည်ဖြစ်ရာ ပေးသွင်းနိုင်ရန်လည်း နှိုးဆော်အပ်ပါသည်)

Address

111 North Bridge Road #05-42 Peninsula Plaza
Singapore
179098

Opening Hours

Saturday 13:00 - 19:00
Sunday 13:00 - 19:00

Telephone

+6563343811

Alerts

Be the first to know and let us send you an email when Myanmar Club (Singapore) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Club (Singapore):

Share