10/08/2026
10.8.2026မှာ ကျရောက်သော J. Juliana ( The Netherlands) မှ မွေးနေ့ကုသိုလ်အဖြစ် ကျနော်တို့ ရွေ့လျားစစ်ကြောင်းကို (၅)သိန်းကျပ် လာရောက် ထောက်ပို့ကူညီလှူဒါန်းပါသည်။ မွေးနေ့ရှင်အား ကျနော်တို့ ရဲဘော်တစ်ဦးတစ်ယောက်ချင်းဆီက ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။🙏🙏🙏
ယနေ့ကျရောက်သော မွေးနေ့မှ စ၍ အလှူရှင်,မွေးနေ့ရှင်သည် အကျိူးအကြောင်း အဆိုးအကောင်း ဝေဖန်သုံးသပ် ဆင်ခြင်နိုင်သော ၊သိစိတ် မသိစိတ် လွန်ဆွဲသည့် အချန်ကာလတွေ ကြုံရတိုင်းမှာ သိစိတ်ကသာ အနိုင်ယူနိုင်သော၊ဖြတ်သန်းရမည့် ဘဝတစ်လျှောက်လုံးမှာ သက်ရှည်၊ကျန်းမာ ၊ချမ်းသာ ၊လန်းဖြာစွာဖြင့် ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်သော နိုင်ငံနှင့်လူမျိုးအကျိုးသယ်ပိုးဆောင်ရွက်နိုင်သော ပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ😍
ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ အသက်ရှင်သ၍ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ကျနော်တို့ Budalin Mobile Team မှ ရဲဘော်တစ်ဦးတစ်ယောက်ချင်းစီက လေးနက်စွာ ကတိသစ္စာပြုပါတယ်ခင်ဗျာ။
#ဘုတလင်ရွေ့လျားစစ်ကြောင်း