Budalin Mobile Team-BMT

Budalin Mobile Team-BMT ဘုတလင်ရွေ့လျားစစ်ကြောင်း-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဘုတလင်မြို့နယ်မှသည် ခရိုင်, တိုင်း, နိုင်ငံ့မြို့တော်ဆီသို့)
(2)

06/06/2026

ရဲခဝေးမို့ မြှုပ်ခံရ၊အမိန့်ပြန်ခံရသေး ကျန်တဲ့ စခတွေ ဒီအတိုင်းထားခဲ့တာ ။

ဒီတစ်ခါ ထောက်ပို့လာသူကတော့ အများနဲ့မတူ တမူခြားနားလာပါတယ်ဗျာ။တပ်,တပ် ချင်း၊ တပ်အချင်းချင်း ပြန်လည်ထောက်ပံ့ခံရ၊ထောက်ပို့ခံ...
06/06/2026

ဒီတစ်ခါ ထောက်ပို့လာသူကတော့ အများနဲ့မတူ တမူခြားနားလာပါတယ်ဗျာ။တပ်,တပ် ချင်း၊ တပ်အချင်းချင်း ပြန်လည်ထောက်ပံ့ခံရ၊ထောက်ပို့ခံရတာမို့ ပိုလို့ ဂုဏ်ယူမိပါတယ်။ကျေးဇူးလဲ တင်ပါတယ်

ဗမာပြည်ကာကွယ်ရေးတပ်_USBA ရဲ့ တပ်မှူးကိုယ်တိုင် ကျနော်တို့ဆီ မြေပြင်အရောက်လာခဲ့ဖူးတော့ ရဲဘော်တွေလက်တွေ့အလုပ်လုပ်နေကြတာရယ်၊ကိုယ့်အားကိုသုံး ရုန်းကန်နေကြတာတွေရယ် ၊အခက်အခဲတွေရယ် အထူးသဖြင့်လတ်တလောစစ်ကြောင်းရက်ရှည်မှာ အခက်အခဲတွေကို သိပြီး ကိုယ်တိုင် ထောက်ပံ့သွားခဲ့တာပါ။

ခုလို လာရောက် ထောက်ပို့သွားတဲ့ ဗမာပြည်ကာ‌ကွယ်ရေးတပ်_USBA အား ကျနော်တို့ Budalin Mobile Team-BMT (ဘုတလင်ရွေ့လျားစစ်ကြောင်း)က ရဲဘော်၊ရဲ‌မေ တစ်ဦးချင်းဆီက ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

ဖက်ဒရယ်ဒီမိုရရှိသည်အထိ တော်လှန်ရေးပြီးဆုံးသည်အထိ အဆုံးထိတိုက်ပွဲဝင်သွားပါ့မည်ဟု လေးနက်စွာကတိသစ္စာပြုပါတယ် ခင်ဗျာ။

အတူတကွ တိုက်ပွဲဝင်သွားကြမယ် 👊

#ဘုတလင်ရွေ့လျားစစ်ကြောင်း

03/06/2026

❗ဘုတလင် - နမခ
နမခတပ်စခန်းအတွင်းမှ သံပြားကာကား အခွံ၃စီးသည် မြောက်အရပ်သို့ မောင်းထွက်သွားခဲ့ပြီး ဖန်းခါးကျင်းရွာ မြောက်ဘက် နှင့် အနောက်ဇီးတောရွာရှိ အကြမ်းဖက်စခများကို သွားရောက်ခေါ်ဆောင်ခဲ့ပြီးနောက် နမခတပ်စခန်းအတွင်းသို့ ပြန်လည်မောင်းဝင်သွားခဲ့ရာတွင် သံပြားကာကား ၄စီး ၊ ၆ဘီးကား တစ်စီး နှင့် point-5တင်ဆောင်လာသော ကားတစ်စီး စုစုပေါင်း ၆စီး ပြန်လည်ဝင်ရောက်ခဲ့။

နမခတပ်စခန်းအတွင်းမှ သံပြားကာကား အခွံ၂စီးသည် မြောက်အရပ်သို့ ပြန်လည်မောင်းထွက်လာခဲ့ပြီး ဖန်းခါးကျင်းရွာအတွင်းရှိ အကြမ်းဖက်စခများကို သံပြားကာကား၂စီးအပြည့်တင်ဆောင်ကာ နမခတပ်စခန်းအတွင်းသို့ ပြန်လည်မောင်းဝင်သွားကြောင်း ထပ်မံသိရ။

(ဘုတလင်မြို့နယ် ထနောင်းကုန်းရွာ ၊ အနောက်ဇီးတောရွာ နှင့် စေတနာဆီဆိုင်တို့တွင် အကြမ်းဖက်စစခများ မရှိတော့ကြောင်း သိရ။ ကျန်နေရာများကိုတော့ ဆက်လက်စီစစ်နေဆဲ ဖြစ်ပါတယ်ခင်မျ။)

Jun 3, 9:20PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

03/06/2026

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

03/06/2026

❗ဘုတလင်
ဘုတလင်မြို့အတွင်းမှ တောင်အရပ်သို့ထွက်သွားသော အကြမ်းဖက်စခများသည် ကြောင်ပန်းလမ်းခွဲ ၊ ကြောင်ပန်းလမ်းခွဲတောင်ဘက်ရှိ လျှပ်စစ်ခွဲရုံ ၊ သားရိုးကုန်းရွာ ၊ ကျီးပင်ချောင်ရွာဦးရှိ ကျောက်ဂွေအရောင်းဆိုင်အနီး နှင့် "မိုး"ကိုယ်ပိုင်အထက်တန်းကျောင်း ဝန်းကျင်တို့တွင် အသီးသီးဖြန့်ကျက်နေရာယူကာ ကင်းများဝပ်နေကြောင်း သတင်းရရှိထား။

နမခတပ်စခန်းအတွင်းမှ မြောက်အရပ်သို့ထွက်လာခဲ့သော အကြမ်းဖက်စခများသည် မုံရွာမြို့နယ် ဖန်းခါးကျင်းရွာမြောက်ဘက်မှစ၍ ဘုတလင်မြို့နယ် အနောက်ဇီးတောရွာအထိ လမ်းဘေးဝဲယာတို့တွင် ကင်းများချထားကြောင်းသိရပြီး အနောက်ဇီးတောရွာမြောက်ဘက်တွင်လည်း အကြမ်းဖက်စခများ ကင်းထွက်နေကြောင်း သတင်းရရှိထား။

Jun 3, 3:28PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

30/05/2026

⚠️ ဘုတလင်

ဘုတလင်မြို့အတွင်းမှ တောင်အရပ်သို့ ထွက်ခွာသွားပြီး သားရိုးကုန်းရွာအနီး ရောက်ရှိနေခဲ့သော အင်အား(၂၀၀)ခန့်ပါ အကြမ်းဖက်စခများသည် ညောင်ပင်ကန်ရွာ မြောက်ဘက်ရှိ "မိုး"ကိုယ်ပိုင် ကျောင်းအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိထား။

May 30, 3:40 PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

30/05/2026

❗ဘုတလင်
ဘုတလင်မြို့ ကြောင်ပန်းလမ်းခွဲအနီးသို့ ရောက်ရှိခဲ့သော အကြမ်းဖက်စခအချို့သည် တောင်အရပ်သို့ဦးတည်ထွက်ခွာလာရာ သားရိုးကုန်းရွာအနီးသို့ ရှိနေပြီဖြစ်ကြောင်း သတင်းရရှိထား။

ဘုတလင်မြို့နယ် မြောက်ကျီရွာတွင် ရောက်ရှိနေခဲ့သော အကြမ်းဖက် စခများဟာ ပတ်ဝန်ကျင်အား point -5 ဖြင့် ရမ်းသမ်းပ-စ်ခ-တ်နေ။

May 30, 1:08PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

30/05/2026

❗ဘုတလင်
ဘုတလင်မြို့အတွင်းရှိ အကြမ်းဖက်စခအချို့သည် ကြေးရုပ်မှတဆင့် တောင်အရပ်သို့ဦးတည်ထွက်ခွာနေရာ ကြောင်ပန်းလမ်းခွဲအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိထား။

May 30, 12:32PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

30/05/2026

❗ဘုတလင်မြို့နယ်
သပြေတောရွာမှတဆင့် "စိုး"ဆီဆိုင်အနီးသို့ ကား၂စီးဖြင့် ချသွားခဲ့သော အကြမ်းဖက်စခ (၃၀)ခန့်သည် ယ္ခုအချိန်တွင် ဘုတလင်မြို့နယ် အနောက်ဇီးတောရွာအတွင်းသို့ စတင်ဝင်ရောက်နေပြီး ရေအိုးစဉ်ဂိတ်မှ မြောက်အရပ်သို့လည်း အကြမ်းဖက်စခအင်အားအပြည့်ပါ ကား(၂)စီး ထပ်မံထွက်လာနေကြောင်း သတင်းရရှိထား။

May 30, 12:16PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

Address

Choa Chu Kang
688217

Alerts

Be the first to know and let us send you an email when Budalin Mobile Team-BMT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category