မောင်းမွူးခံ့

မောင်းမွူးခံ့ The Golden Gong
မောင်းမွူးခံ့

09/09/2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံဖြိုးတိုးတက်နေမှုများ's photo.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံဖြိုးတိုးတက်နေမှုများ

မပြောမပြီးမတီးမမြည်
ပုဂံပြည့်ရှင်အနော်ရထာမင်း၏ ပိဋကတ်၃ပုံ အကြောင်းပြ စစ်သည်ဗိုလ်ပါများအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ပအိုဝ်းတို့၏ရွှေပြည်ကြီးဖြစ်သော သုဝဏ္ဏဘူမိတိုင်းနေပြည်တော်ပျက်စီးခဲ့သည့်နောက်ပိုင်း ပအိုဝ်းတို့အနေဖြင့် နေထိုင်ရာတိုင်းပြည် ဌာနအနေဖြင့် အတည်တကျ အမည်နာမတတပ်ခေါ်စရာမရှိဖြစ်ခဲ့သည်မှာ သက္ကရာဇ်၂၀၀၈အထိပင်ဖြစ်သည်။
ထို့ကြောင့်ပင် ပအိုဝ်းတို့၏ဌာနေ ဟု အမည်တပ်ခေါ် နေထိုင်ရန် အတည်တကျနေရာတစ်နေရာရရှိရန် လက်နက်ကိုင်ဆောင်တော်လှန်ခြင်းဖြင့်တနည်း၊ နိုင်ငံရေးနည်းလမ်းဖြင့်တစ်ဖုံအမျိုးမျိုးကြိုးစား တောင်းဆိုခဲ့ကြပြီး ခေါင်းဆောင်များနှင့်တကွ နောက်လိုက်ဗိုလ်ပါများ၏ အသက်သွေးချွေးများစွာကို ရင်းနှီးစတေးခဲ့ကြရသည်။ ထိုသို့အသက်သွေးချွေးများရင်းကာ ကံ၊ ညဏ်၊ ဝီရိယ လုံ့လမပျက်ကြိုးစားခဲ့ခြင်းကြောင့် နောက်ဆုံး၂၀၀၈ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းလိုက်ချိန်တွင် ပအိုဝ်းတို့အတွက် မဟာအခွင့်အရေးတရပ်ဖြစ်သော `ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ´ ဟူသည့် မြို့နယ်(၃)နယ်ဖြင့်(ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း)ဖွဲ့စည်းထားသည့် ကိုယ်ပိုင်အရပ်ဌာနေကိုရရှိခဲ့ပြီဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲမှစတင်ကာ မိမိတို့ကိုယ်ပိုင်ဒေသကို မိမိတို့ကိုယ်တိုင် အုပ်ချုပ်စီမံလာနိုင်ခဲ့သည်မှာ ၅နှစ်ပင်ပြည့်မြောက်တော့မည်ဖြစ်သည်။
သို့ဖြစ်၍ ပအိုဝ်းတို့၏ကိုယ်ပိုင်နယ်မြေ အတည်တကျရရှိအောင်လုပ်ဆောင်ပေးခဲ့သည့် ပအိုဝ်းခေါင်းဆောင်များအနေဖြင့် တာဝန်ကျေပွန်ခဲ့ကြပြီဖြစ်သည်။ ထိုသို့ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုကြောင့်ရရှိခဲ့သော အခွင့်အရေးကို ရေရှည်တည်တံ့အောင်၊ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ရန်မှာ ပအိုဝ်းမျိုးဆက်သစ်တို့၏တာဝန်တစ်ရပ်ဖြစ်လာပါသည်။ ထိုကြောင့်လူငယ်များအနေဖြင့် လက်ရှိခေါင်းဆောင်များနေရာကို မျိုးဆက်ပျက်မသွားပဲ အစဉ်အဆက်ဝင်ရောက်နေရာယူ တာဝန်လွဲပြောင်းထမ်းဆောင်နိုင်ရန်ကြိုးစားသင့်ပေသည်။
စာရေးသူအနေဖြင့်အားမရသည့်အချက်မှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟု နိုင်ငံတော်မှသတ်မှတ်ပေးထားသည့် မြိုနယ်၃မြို့နယ်တွင် အစိုးရဌာနပေါင်း ၂၇ ခုရှိပြီး ဝန်ထမ်းအင်အား ၅၀၀၀ ကျော်ခန့်ရှိရာတွင် ပအိုဝ်းဝန်ထမ်းအရေအတွက်အနေဖြင့် ၁၀၀ဦးခန့်ပင်အနိုင်နိုင်ဖြစ်သည်။ ထို့ကြောင့်ပင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟူသည် အမည်နာမအားဖြင့်တည်ရှိနေပြီးဖြစ်သော်လည်း အနှစ်သာရအားဖြင့်မူ ပြည့်စုံရန်အားနည်းချက်အနေဖြင့်ရှိနေသေးသည်ကို စိုးရိမ်ဖွယ်ရာတွေ့ရှိရပါသည်။ ပအိုဝ်းတို့သည်အစိုးရလုပ်ငန်းများကို စိတ်ဝင်စားမှုနည်းကြသည်။ ကင်းကင်းရှင်းရှင်းနေလိုကြသည်။ ထို့ကြောင့်ပင်ယခုအခြေအနေကိုဖြစ်ပေါ်နေစေသည်။ သို့သော်အနာဂတ်ကာလတွင် ယခုကဲ့သို့ အစိုးရလုပ်ငန်းကို စိတ်မဝင်စားပဲ ကင်းကင်းရှင်းရှင်းနေထိုင်သွားလို့မရတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ပအိုဝ်းခေါင်းဆောင်အဆက်ဆက်ကြိုးပမ်းအားထုတ်မှုကြောင့် `ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ´ ဟူသောနယ်မြေနှင့် စီမံပိုင်ခွင့်အားနိုင်ငံတော်မှသတ်မှတ်ပေးခဲ့ပြီဖြစ်ပြီးဖြစ်ကြောင့် ထိုအခွင့်အရေးကို အပြည့်အဝရရှိရန်နှင့် ရေရှည်ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဟူသည့် အနှစ်သာရ ပြည့်ဝရန်မှာ ဒေသတွင်းရှိ အစိုးရဌာနများတွင် ပအိုဝ်းတို့အများစုဖြစ်နေသင့်သောကြောင့်ဖြစ်သည်။ ထို့ပြင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များမှာလဲ ပအိုဝ်းများသာဖြစ်သင့်ပေသည်။
ထိုသို့ဖြစ်လာရန်အတွက် ယနေ့လူငယ်များမှာများစွာတာဝန်ရှိလာပေသည်။ ရရှိပြီးသောအခွင့်အရေးကိုဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် အပြည့်အဝအသုံးချနိုင်ရန် ပအိုဝ်းလူငယ်တို့အနေဖြင့် အစိုးရဌာနဆိုင်ရာများတွင် ဝင်ရောက်လုပ်ကိုင်ကြရန်လိုအပ်လာပြီဖြစ်သည်။ ဝင်ရောက်ထမ်းဆောင်ကြမှသာ မိမိတို့မိဘပြည်သူများ၏အကျိုးစီးပွားကို အပြည့်အဝဖန်တီးပေးလာနိုင်ပြီး မိမိတို့၏ ကံကြမ္မာကိုမိမိတို့ကိုယ်တိုင်ဖန်တီးလာနိုင်မည်ဖြစ်သည်။
ယနေလူငယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့ပင် လူငယ်များအနေဖြင့် နောင်တစ်ချိန်တွင် ယနေ့ခေါင်းဆောင်ကြီးများနေရာတွင် မဖြစ်မနေဝင်ရောက်ပုခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြရမှာမလွဲမသွေပင်ဖြစ်သည်။ ထို့ကြောင့်ပင် တာဝန်များကိုထမ်းဆောင်နိုင်ရန် အရည်အချင်းပြည့်မီနေရန်ကြိုးစားကာ သိသင့်သိထိုက် တတ်သင့်တတ်ထိုက်သည်များကို တတ်သိနေစေရန် ကြိုးစားအား ထုတ်သင့်ပြီဖြစ်သည်။ အလည်အပတ်များ၊ ဖုန်းများ၊ ချက်တင်များ၊ ဖေ့ဘုတ်များ၊ ဂိမ်းများ၊ အလှအပများ နှင့်သာ အချိန်ကုန်မနေသင့်တော့ပေ။ မိဘတို့၏ ငွေနှင့် မိမိတို့၏အချိန်များကိုထိုင်ဖြုန်းမနေသင့်တော့ပေ။ ခေါင်းဆောင်အဆက်ဆက် အသက်သွေးချွေးပေါင်းများစွာရင်းကာ ဖန်တီးရယူခဲ့သော အခွင့်အရေးကြီးကို မိမိတို့လက်ရောက်မျ ပြန်လည်ပျောက်ကွယ်မသွားအောင် လူငယ်များအနေဖြင့် ဝိုင်းဝန်းကြိုးစားအားထုတ်ကြရန် အချိန်တန်ပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

27/08/2015

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်တွင်းသတင်းသမားတွေအနေနဲ့ မိမိတို့ သတင်းယူမယ့် မြို့နယ်အတွက် ကြိုတင်လျှောက်ထားရမှာဖြစ်ပြီး ကိုယ်တိုင် ဝန်ခံချက် ရေးသားတင်ပြရ မှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာအဖွဲ့အစည်းတွေထံ ဒီနေ့ အကြောင်း ကြားလိုက်ပါတယ်။

မြို့နယ်တစ်မြို့နယ်မှာ ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းတစ်ခုက သတင်းသမား အများဆုံး ၃ဦး သတင်းယူခွင့် ရှိပြီး အဲဒီအတွက် ခံဝန်လက်မှတ်ထိုးရမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ရေး အဖွဲ့မှူး ဦးသိန်းဦးက ပြောပါတယ်။

"တစ်မြို့နယ်မှာ ၃ ယောက်မတတ်နိုင်ရင် ၁ ယောက်ထားလိုက်ပေါ့၊ ဒီနေရာမှာ တစ်ယောက်သွား၊ ဟိုတစ်မြို့ နယ်မှာ တစ်ယောက်သွား၊ အဲ့လိုလုပ်လိုက်ပေါ့"

လာမယ့် နိုဝင်ဘာလ ၅ရက်နေ့ နောက်ဆုံးထားပြီး မိမိတို့သတင်းယူမယ့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲအသီးသီး မှာ လျှောက်ထားရမှာဖြစ်ပါတယ်။ လက်ရှိ ထုတ်ပြန် ချက်ဟာ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ထား သလို ဖြစ်နေတာကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အနေနဲ့ ရွေးကောက်ပွဲကော်မရှင် နဲ့ တွေ့ဆုံဖို့ တောင်းဆို ထားတယ်လို့ စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဌ သတင်းစာဆရာဖိုးသောကြာ က ပြောပါတယ်။

"လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်မဖြစ်၊ ပြည်သူလူထုကိုယ်စား စောင့်ကြည့်သတင်းယူရမည့် သတင်းမီဒီယာများ၏ သတင်းလွတ်လပ်စွာရယူခွင့်ကို ကန့်သတ်သကဲ့သို့ဖြစ်မသွားစေရန် အလို့ငှာ အဘတို့ ကပြန်တောင်းဆိုရမှာပေါ့နော်၊ ဘာလို့လည်းဆိုတော့ သူစာထဲမှာတချို့စာသားတွေက မရှင်းလင်းတာတွေ ကိုတော့ ကော်မရှင်ကိုသေချာမေးရမယ်၊ ဘာလို့လည်းဆိုတော့လွတ်လပ်စွာသတင်းရယူ နိုင်ရေးမရှိဘဲ နဲ့ ရွေးကောက်ပွဲဟာ တရားမျှတလွတ်လပ်ခြင်းရှိမရှိ၊ ဘယ်လိုပြောမလဲ၊ ရွေးကောက်ပွဲကော်မရှင်ဘက်က လွတ်လပ်မျှတစွာလုပ်ခြင်းမလုပ်ခြင်းကို အဘတို့ကကန့်သတ်ချက်တွေကြား ထဲကနေ စောင့်ကြည့်ရမယ် ဆိုရင်တော့ သိပ်မဟုတ်သေးဘူး"

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့မှာ အဲဒီလိုဝန်ခံချက် ရေးထိုးရခြင်း မရှိပါဘူး။ အဲဒီညွှန်ကြားချက်ဟာ ပြည်တွင်းသတင်း မီဒီယာအဖွဲ့အစည်းတွေနဲ့သာ အကျုံးဝင်ပြီး ပြည်ပသတင်းဌာနတွေ အနေနဲ့ ရွေးကောက်ပွဲမှာ သတင်းရယူ ဖို့က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင် ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

22/08/2015

Khun KQ and Khunsitjar Auningpwe shared Artist Minthurein Ltn's photo.
Artist Minthurein Ltn's photo.
Artist Minthurein Ltn

အိမ်ကထွက်ပြေးလာတဲ့၉နှစ် ၁၀နှစ်အရွယ်ခလေး ၃ယောက်

ညကအိမ်အပြန် ၁၀နာရီကျော်လောက်၅၀ကွေ့ (မြောက်ဒဂုံ)အရောက် ကားဂိတ်နားအထုပ်ဆွဲလာတဲ့ခလေး၃ယောက် နောက်ကလိုက်တားနေတဲ့လူရွယ်၃ယောက်လောက်တွေ့ ကျနော်လည်းဆိုင်ကယ်ရပ်ပြီးဘာဖြစ်တာလဲဆိုတော့
ညကြီးဆူးလေလမ်းလျှောက်သွားမယ်ဆိုပြီးသွားနေကြတာအန္တရာယ်များလို့ တားလို့မရဘူးဗျာတဲ့ လိုက်ခေါ်သူတေက ၅၀ကွေ့နားက ကယ်ရီသမား ဆိုက္ကားဆရာတွေ ဒါနဲ့ခလေးတွေကိုမေးကြည့်တော့ အိမ်ဖော်လုပ်နေရတာမနေချင်လို့ အိမ်ရှင်ကရိုက်လို့ထွက်ပြေးလာတာတဲ့။ဒါနဲ့ အနားကရွှေကောင်ကြွယ်လဘက်ရည်ဆိုင်ကိုဖြောင်းဖျခေါ် အအေးတိုက်မသောက်ရဲကြ ထမင်းစားပီးပီပဲပြော။သူတို့ကို ဒီညအန္တရာယ်ကင်းကင်းနဲ့ဘလိုထားမလဲတိုင်ပင်ကြတော့ ၁ရပ်ကွက် ဒဂုံအရှေ့ အုပ်ချုပ်ရေးမှူးကိုသွားပြောပြီး သူဘာလုပ်ပေးနိုင်မလဲသွားမေးမယ်ဆိုပြီး ကျနော်နဲ့သိတဲ့တယောက်သွားကြ လမ်းမှာပဲခပ်ထွေထွေဖြစ်နေတဲ့ ၁ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူနဲ့တွေ့ သူကတာဝန်မယူနိုင်ဘူးတဲ့ တစ်စုံတစ်ခုဆိုရင်သူ့အမှုပတ်မှာကြောက်တဲ့အတွက် ရပ်ကွက်ရဲကင်းကိုအပ်ပါတဲ့ မနက်မှသူတို့သွားချင်တဲ့နေရာလိုက်ပို့ပေးကြပေါ့တဲ့ ခင်ဗျားအိမ်မာထားရင်ဖြစ်လာတဲ့ပြဿနာခင်ဗျားခေါင်းပဲတဲ့ သူနဲ့အတူရှိနေတဲ့ကိုမြင့်သိန်းဆိုသူက ကျနော်လိုက်ခဲ့ပေးမယ်တဲ့ အုပ်ချုပ်ရေးမှူးကတော့ကျန်ခဲ့တယ် ဒါနဲ့လဘက်ရည်ဆိုင်ရောက်တော့ ခလေးတေကို ပြန်မေးရတယ် ဘယ်ကလာလဲ ရှမ်းပြည်ဘက်တဲ့ စာသင်ဖို့ဆိုပြီးအိမ်က ဘုန်းကြီးကို ပိုက်ဆံပေးပြီးထည့်ပေးလိုက်တာတဲ့ ဒီရောက်တော့ ကျောင်းမာနေရင်း လာခေါ်တဲ့လူနဲ့လိုက် အိမ်ဖော်လုပ်ရတယ်တဲ့ကျောင်းထားပေးတယ်လည်းပြောပါတယ်။လည်လည်ဝယ်ဝယ်ခလေးတယောက်ဖြေတာ ကျန်တဲ့ခလေးတွေက ဘာမှမသိယောင်အအနဲ့အကြောက်ပြေတော့မှနေတဲ့နေရာ ရွာတေကိုဖြေတယ်။အဲ့ပြီးတော့ ရပ်ကွက်ရုံးကိုမြင့်သိန်းဆိုသူက ရပ်ကွက်ရုံးကိုပဲခေါ်သိပ်မယ်ပြောတယ် လူအများရှေ့မှာဆိုတော့အားလုံးကသူနဲ့ထည့်ပေးဖို့သဘောတူ ရဲလက်အပ်ရင်ရဲကင်းမာတညလုံးခလေးတေဒုက္ခရောက်မယ်။ရပ်ကွက်ရုံးကိုရောက် ခလေးတေကိုသူတို့လုပ်ခဲ့တဲ့အိမ်မေးတော့ ပြန်ပို့မာစိုးပြီး မဖြေဘူး နောက်ချော့မေးပြန်မပို့ဘူးပြောမှဖြေ။အုပ်ချုပ်ရေးမှူးရောက်လာတော့ ဦးကြီးတို့နားကပြောတယ် ဖန်ခွက်စိန်အိမ်တဲ့။သူတို့ကို ခေါ်ထားတာ ဒေါ်သီရိဒုံတဲ့။အိမ်မှာ ရိုက်နှက်ခံရကြောင်းလည်းပြောတယ်။မနေချင်တော့ဘူးတဲ့ ၃ယောက်စလုံးက။အုပ်ချုပ်ရေးမှူးမျက်နှာကတော့ တမျိုးဖြစ်နေတယ်။ကျနော်သူ့ကိုသိပ်မယုံ။ခလေးတေကို ပြန်ပို့ဖို့များတယ်လို့။မတတ်နိုင်တဲ့အဆုံး အချက်အလက်တေမှတ် ဖုန်းကဘက်ထရီဒေါင်းနေတော့ ဓာတ်ပုံရိုက်မရဖုန်းဆက်မရ။အပြန်မိတ်ဆွေတယောက် လိုက်ပို့တဲ့ထဲကသူလည်းဓာတ်ပုံရိုက်တယ်။သူ့ဖုန်းပေးပြီးမနက်လာကြဖို့တိုင်ပင်ကြတယ်။နောက်ရုံးကကိုမြင့်သိန်းဖုန်းနံပတ်ယူပြီွးက်လာ။
မနက်အိမ်ရာကနိုးချင်း မိတ်ဆွေဆီဆက်တော့ သူမရောက်သေးကြောင်း ကျနော့်အလာစောင့်နေကြာင်းပြော။ကျနော်လည်း ရပ်ကွက်ရုံးကိုမြင့်သိန်းဆီဆက်တော့ ခလေးတွေကိုအုပ်ချုပ်ရေးမှူးက သီရိဒုံလက်ပြန်အပ်လိုက်ကြောင်း ခလေးတေကနောက်ထွက်မပြေးတော့ပါဘူးကြောက်ကြောက်နဲ့ကတိပေးပြန်လိုက်သွားကြောင်းသိရပါတယ်။
ဆိုတော့ ကျနော်တို့ဒီအတိုင်းသူတို့ကိုလွှတ်ပေးကြရတော့မှာလား။ခလေးတွေရဲ့ဆန္ဒကိုဘလိုပန်ဖြည့်ဆည်းပေးနိုင်မလဲ။ခလေးတေကတော့ခုချိန်ရိုပ်ခံ ကြောက်အောင်နည်းအမျိုးမျိုးနဲ့ ခြိမ်းချောက်ခံနေရတော့မှာ။တခုက ဖန်ခွက်စိန်အိမ်နဲ့သူ့သမီးသီရိဒုံဟာ ခုလိုကိစ္စတွေနဲ့ အလျင်ကတည်းကရှုအ်ရှုပ်ရှိတယ်လို့ မိတ်ဆွေကသတင်းကြားကြောင်းပြောပါတယ်။
ခလေးတွေနဲ့ဆက်စပ်စ်းစား ကူညီနိုင်မယ့်အချက်အလက်အချို့
မရွှေရည်ဦး အသက် ၁၀နှစ် ဘ ဦးသက်စန်း မိ ဒေါ်မနီ
မနန်းရွယ် ၉နှစ် အဖအမည်မသိ မိ ဒေါ်နန်းကျွဲ တောင်ကြီး ကွန်းခလို့ရွာ
မခင်လေး ၉နှစ် ဖ ဦးစောပိ မိ ဒေါ်နန်းခမ်းထွန်း တောင်ကြီး ကွန်းခလို့ရွာ
ခလေးတေကစကားဝဲတော့နာမည်အနည်းငယ်မှားနိုင်ပါတယ်။
သူတို့နေခဲ့တဲ့ဘုန်းကြီးကျောင်း ကံဦးကျောင်းတိုက် တောင်ဥက္ကလာ ၅၀ိုင်းနား
ခလေးတွေကို အိမ်ရှင်တွေလက်ထည့်ပေးတဲ့ဦးဇင်းနာမည် ဦးဝေပုလ် နဲ့ဦးက၀ိ နောက်ဦးနိမ္မာလ ဆိုတဲ့ဘုန်းကြီးနာမည်လည်းပါ မရွှေရည်ဦးပြောပြချက်အရ
အချက်လက်ပါအတိုင်းစုံစမ်းကူညီနိုင်
၁ရပ်ကွက် ဒဂုံအရှေ့ပိုင်း အုပ်ချုပ်ရေးမှူးရုံး ကိုမြင့်သိန်းဆီဆက်ပြီး သီရိဒုံတို့နေအိမ် နဲ့ ညကသူတို့တွေနဲ့တွေ့ဆုံပုံတချို့ကိုမေးမြန်း အကူအညီပေးနိုင်ပါတယ်ဗျာ။ ခလေးတွေကို နိုင်ထပ်ကလူပြု နည်းအမျိုးမျိုးနဲ့ထိမ်းချုပ် ဥပဒေမဲ့ပြုမူတာတွေကို ကျနော်တို့နိုင်တဲ့ဘက်က ၀ိုင်းပေးကြပါ

22/08/2015

ပအိုဝ်းတို့ရဲ့ ကောင်းကင်'s photo.
ပအိုဝ်းတို့ရဲ့ ကောင်းကင်

သမိုင်းထဲက ပအိုဝ်းများ (၂)

(မြန်မာ) ဟူသော အဓိပ္ပါယ်ကို အထက်ပါ (အပိုင်း-၁) ဖော်ပြချက်အနေနဲ့ အကျဉ်းအားဖြင့် သိသာနိုင်ပြီဖြစ်ရာ (ပျူ) ဟူသော ဝေါဟာရ၏ ဆိုလိုရင်း အဓိပ္ပါယ်ကိုလည်း သိမှတ်ဖို့ရာ လိုပေသေးသည်။ ပျူ ဟုဆိုလိုက်သည်နှင့် ရှေးဦး မြန်မာလူမျိုးတို့၏ အမည်ကို ခေါ်ဝေါ်ကြောင်း အကြမ်းအားဖြင့် သိနားလည်ပြီး ဖြစ်ပေလိမ့်မည်။ သို့သော် မည်သည့်အဓိပ္ပါယ် ရှိကြောင်း၊ ပျူဟူသော ဝေါဟာရနှင့် ဆပ်စပ်ရှင်းလင်း ဖော်ပြခြင်းမျိုးကား ရှားပါးလှပေသည်။

ပျူဟူသော ဝေါဟာရ၌ (ပ)ဗျည်းနှင့် (အူ) သရကို တွဲစပ်ထားသော (ပအူ) ဟူသည့် စကားရပ်ကို သဒ္ဒါ ဗေဒနည်းအရ ဧက၀ဏ္ဏဖွဲ့ပါက အသံတစ်သံတည်း ထွက်အောင်ဆိုပါက (ပျူ) ဟူ၍ ဖြစ်လာပါသည်။ (ပအူ) သည် ပျူစကားဖြစ်သည်။ (ပ) ဆိုသည်မှာ ပေါ်ပေါက်ခြင်း၊ (အူ) (သို့မဟုတ်) (ဦ) ဆိုသည်မှာ ဦးစွာဖြစ်ခြင်း သဘောကို ဆိုလိုသည်။ ထို့ကြောင့် (ပအူ) (သို့မဟုတ်) (ပဦ) မှာ မြန်မာလို ဦးစွာပေါ်ပေါက်သော ဦးစွာ ပေါက်ဖွားသော လူမျိုး၊ ပေါ်ဦးလူမျိုးဟု အဓိပ္ပါယ်ရလေသည်။

ပအိုဝ်း ဟူသော ဝေါဟာရနှင့် ပအူ၊ ပဦ၊ ပျူ ဟူသော ဝေါဟာရတို့သည် စကားအရွေ့ အလျော နည်းပါးစွာဖြင့် အဓိပ္ပါယ်တူမျှစွာ ဖြစ်သော အသုံးအနှုန်း၊ အခေါ်အဝေါ်သာ ဖြစ်ပေသည်။ မြန်မာ့သမိုင်းဦး ခေတ်တွင် ကြီးကျယ်ထင်ရှားခဲ့သော ပျူလူမျိုးများသည် တိမ်မြှုပ်၊ ပျောက်ကွယ်သွားသည် ဆိုသောအဆိုမှာ မှားယွင်းနေပါသည်။ မြန်မာအဖြစ်လည်းကောင်း၊ ပအိုဝ်း အဖြစ်လည်းကောင်း ဆက်လက်ရှင်သန် လာခဲ့ခြင်းသာ ဖြစ်လေသည်။

မြန်မာ စကားဝေါဟာရ အသုံးအနှုန်းများစွာတွင် (ပျူ) ပအိုဝ်းတို့၏ ဝေါဟာရ စကားလုံးတို့ကို ခွဲထုတ်၍ ပြသနိုင်ကြောင်း လေ့လာနိုင်ပါသည်။ ယောကျာ်းဟူသော စကားကို (အမျိုးသား)၊ မိန်းမဟူသော စကားကို (အမျီုးသမီး)၊ အဖိုး/ဖိုးဖိုး၊ အဖွား/ဖွားဖွား၊ ဘခင်/ဖခင်(ဖေဖေ)၊ မိခင်/မေမေ၊ သား၊ သမီး စသည်တို့သည် ပျူစကားဖြစ်သည်။ ထိုသို့သော ဝေါဟာရ တစ်လုံးချင်းစီ၏ အဓိပ္ပါယ်ကို ယနေ့မြန်မာစကား အသုံးအနှုန်းအဖြစ် တိုက်ရိုက်အဓိပ္ပါယ် ပြန်၍မရနိုင်ပေ။ ထို့အတူ မြန်မာနှင့် ဝေါဟာရတွဲရသော အသုံးအနှုန်းများကိုလည်း လေ့လာနိုင်ပေသည်။ ဥပမာ- အဖျားအနာ၊ အနာအဆာ၊ အပိုအလို၊ စသော စကားရပ်များတွင် မြန်မာ(အဖျား)ကို ပျူလို(အနာ)၊ မြန်မာလို(အနာ)၊ ပျူလို(အဆာ)၊ မြန်မာလို(အပို)၊ ပျူလို(အလို) စသည့်ဖြင့် စကားလုံးများ အဓိပ္ပါယ်တူရာ တွဲစပ်သုံးနှုန်းလာခဲ့ရာမှ နှောင်တွင် ပျူစကားဟူ၍ သီးခြားအမှတ်မထား မခွဲခြားနိုင်တော့ပဲ မြန်မာစကားလုံးများ အဖြစ် လက်ခံနားလည် နိုင်ကြတော့သည်။

ရှေးမြန်မာလူမျိုးများ ဖြစ်သည့် (သကျ၊ သာကီဝင်) သူသော လူမျိုးအသုံးအနှုန်းသည် ရှေးမြန်မာစကား ဖြစ်သည့် ပျူစကားလုံး ဝေါဟာရများပင် ဖြစ်ပါသည်။ သကျ- စိတ်ဓါတ်ရဲရင့်သူ၊ သာကီဝင်- သူတကာထက် မြင့်မြတ်သောဟု အနက်ရသည်။ တကောင်း၊ ဟန်လင်း၊ ပင်းယ၊ ပင်လယ်၊ ပုဂံ၊ ပိဿနိုး၊ သရေခေတ္တရာ (သိသိတ်) မှော်ဇာ၊ သုဝဏ္ဏသထုံ အစရှိသော ရှေးဟောင်း ပျူမြို့ကြီးများ၏ အခေါ်အဝေါ်များသည် ပျူဘာသာစကား အသုံးဝေါဟာရများနှင့် ပါဠိသက် စကာလုံးများ ဖြစ်ကြလေသည်။ (ပါဠိ) ဆိုသော ဝေါဟာရသည်ပင် သာကီနွယ်ဝင် ရှေးမြန်မာပျူ လူမျိုးများ၏ အသုံးအနှုန်း ဝေါဟာရပင် ဖြစ်သည်။ (ပါ)ဟူသော ဧက၀ဏ္ဏ စကားလုံးအား ဗျည်းသရ ခွဲထုတ်ကြည့်ပါက (ပ)ဗျည်းနှင့် (အာ)သရ ပေါင်းစပ်ထားကြောင်း တွေ့ရမည်။ ပေါပေါ်က်ခြင်း အနက်ရသော (ပ)နှင့် များပြားခြင်း အနက်ရသော (အာ) သရတို့သည် ပေါင်းဖွဲ့ထားသဖြင့် (အများအတွက် ပေါ်ပေါက်လာရခြင်း) အဓိပ္ပါယ်ရှိမည် ဖြစ်သည်။ (ဠိ)မှာ ပျူဘာသာ အလိုအားဖြင့် (စာပေစကား) ကို ဆိုလိုသည်ဖြစ်ရာ (အများအတွက် ပေါ်ပေါက်သောစာ) (သို့မဟုတ်) အများသုံးစကား၊ စာပေ ဟုဆိုလျှင် မမှားပေ။

ဗုဒ္ဓမြတ်စွာဘုရားသည် သုံးလောက၏ အထွတ်အထိပ် ဖြစ်သဖြင့် ဗုဒ္ဓမြတ်စွာသုံးနှုန်းသော စာ၊ စကားသည် အများနားလည် အသုံးပြုသော စာပေစကားဖြစ်ကြောင်း၊ ထင်ရှားသည်။ ဥပမာ- မနုဿကို အင်္ဂလိပ်ဘာသာဖြင့် ရေးပါက (Manuta) (လူ) ဟု ဆိုလိုရာ၊ အနောက်တိုင်း ဘာသာ အသုံးအနှုန်း၌ လူကို (Man) ဟုလည်းကောင်း၊ ဆိတ်ကို ပါဠိဘာသာအားဖြင့် ဂုတ္တ၊ ၄င်းကို အင်္ဂလိပ်ဝေါဟာရဖြင့် ရေးသားပါက (Gupta)၊ ထိမှ အင်္ဂလိပ်အသုံး (Goat) ဖြစ်သည်။ မိခင်ကို ပါဠိဘာသာအားဖြင့် မာတာ (Mother)၊ ဖခင်ကို (Peter) ပီတာ၊ ပီတု စသည်ဖြင့် အသုံးအနှုန်း ဆက်နွယ်မှုများ ရှိကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။

06/08/2015

Nay Min Thu's photo.
Nay Min Thuစင်္ကာပူရောက် ရွှေမြန်မာများ
ဖတ်စေချင်လွန်းလို့ပါ...

လင်မယား စုံတွဲတစ်တွဲပါလာတဲ့
သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်…
အချိန်တော်တော်ကြာမှ
အသက်ကယ်လှေတစ်စင်းရောက်လာတယ်…

အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့
တစ်နေရာဘဲ ကျန်တော့တယ်…
အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို
သူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင်
အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်…

အဲဒီ အမျိုးသမီး ကတော့
တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီး
သူ့ယောက်ျားကို စကားတစ်ခွန်းအော်ပြောလိုက်တယ်…

ဒီနေရာအထိပြောပြီးတော့ ဆရာမက
ကျောင်းသားတွေကို မေးလိုက်တယ်…

“မင်းတို့ ခန့်မှန်းကြည့်…
အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”

ကျောင်းသားတွေကတော့ အလုအယက်
ဒေါနဲ့မောနဲ့ အော်ပြောကြတယ်…
“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်… ”

အဲဒီအချိန်မှာ ဆရာမက
ကျောင်းသူလေးတစ်ယောက်ကို
ဘာမှမပြောတာကို သတိထားမိတော့
ဆရာမက သူ့ကိုမေးလိုက်တယ်…

အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…
“ဆရာမ… သမီး ထင်တယ်…
အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက …
ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”…

ဆရာမက အံ့သြသွားတယ်…
သူ့ကို ပြန်မေးလိုက်တယ်…
“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?”

ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်…
“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီး
ဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့စကားပါ…”

ဆရာမက ပြန်ပြောလိုက်တယ် ….
“အဖြေမှန်ပါတယ်ကွယ်…”

သင်္ဘော နစ်မြှုပ်သွားပါတယ်…
ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီး
သမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစု
စောင့်ရှောက်ပေးခဲ့တယ်…

နှစ်ပေါင်းများစွာကြာပြီးနောက်
အဲဒီယောက်ျားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့
သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှ
သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်…

အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်…
ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာ
မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ…

အရေးပေါ်အချိန်မှာ
ဖေဖေဟာ အသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့နေရာကို
အရောက်ပြေးခဲ့တယ်…

သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက
“ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာ
နစ်မြှုပ်သွားလိုက်ချင်ပါတယ်…
ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး…
သမီးလေးအတွက်ကြောင့်..
ဒီပင်လယ်ရေနက်အောက်မှာ..
နင်တစ်ယောက်တည်းကိုဘဲထားခဲ့လိုက်ရတာပါ…”

ပုံပြင်ပြောလို့ပြီးသွားပါပြီ…
အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်…
ဆရာမကသိတယ်…
သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကို
နားလည်လိမ့်မယ်လို့…

ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ…
တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်…
ပိုင်းခြားရမှာ ခက်ခဲလှပါတယ်…
ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီး
အလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး…

ပိုက်ဆံရှင်းချိန်မှာ
ပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…
သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ဘူး…
သူက ဒီသူငယ်ချင်း သံယောဇဉ်ကို
ငွေကြေးထက်ပိုပြီး အလေးထားလို့ပါ…

အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့
ပိုပြီးကြိုးစားလုပ်တဲ့သူဟာ
သူ အ နေလို့မဟုတ်ဘူး…
သူက တာဝန်သိတတ်လို့ပါ…

ရန်ဖြစ်တဲ့အချိန်မှာ
အရင်ဆုံး တောင်းပန်တဲ့သူဟာ
သူမှားနေလို့မဟုတ်ဘူး…
ကိုယ့်ဘေးက လူကို
သူ တန်ဖိုးထားရမှန်းသိနေလို့ပါ…

မင်းကိုအမြဲကူညီနေတဲ့သူဟာ
မင်းဆီကနေ တစ်ခုခုပြန်ရဖို့
တောင့်တနေတာမဟုတ်ဘူး…
မင်းကို သူငယ်ချင်း
အစစ်တစ်ယောက်အနေနဲ့
တန်ဖိုးထားလို့ပါ…

မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့သူဟာ
သူအားယားနေလို့မဟုတ်ပါဘူး…
ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

Wanna find out more? Follow me @ https://www.facebook.com/aungyunaing

Dr Shwe Tun ထံမှထပ်ဆင့်မျှဝေပါသည်။

26/07/2015

ထူးသွော့ သွဉ်ခန့်နေား သွ့ရက်သီးဖုံး

ဒါဖတ်ပြီး မငိုပါနဲ့။ ပိုပြီး သိတတ်ပါ
×××××××××××××××××××××××××××××××××××××××

ဖတ်ရင်းမျက်ရည်ဝဲမိလို့..သူငယ်ချင်းတို့ကိုလဲပြန်မျှဝေပေးလိုက်ပါတယ်နော်...

"ရှင့် အဖွားကြီးကို ဘယ်နေ့ပို့မှာလဲ ? " … နံနက် စောစောစီးစီး ဇနီးသည် ဖြစ်သူရဲ့ စိတ်မရှည်သံကို စိတ်မချမ်းမြေ့စွာ ကြားလိုက်ရသည်…။

"ပို့မှာပေါ့ကွာ.. မင်းကလဲ.. ငါ့အမေလောက် မျက်စောင်းထိုးနေတာပဲ "

"အို…ထိုးရမှာပဲ… ရှင့်အမေက နေရာတကာပါနေတာကိုး… ကျွန်မ သည်းမခံနိုင်တော့ဘူး.. ရှင့်အမေကို ဒီတစ်ပတ်ထဲ ပို့ရင်ပို့.. မပို့ရင်တော့ ကျွန်မ သားလေးခေါ်ပြီး အမေ့အိမ် သွားနေတော့ မယ်…"

"ကဲ.. ဒီတစ်ပတ်ထဲ ပို့ရင် ပြီးတာပဲ မှတ်လား.."

ပြောပြီး ကျွန်တော် ပြန်လှည့်ထွက်လာခဲ့သည်..။ ကျွန်တော့် မိန်းမ ချို က အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရန် ပြောနေခြင်းဖြစ်သည်..။ ချမ်းသာသော မာနကြီးသော ဂုဏ်ဒြပ်အရှိန်အ၀ါကြီးမားသော အသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာသည့် သူမနှင့် ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ခန့်က လက်ထပ်ခဲ့ခြင်းဖြစ်သည်…။

ကျွန်တော်တို့ မိသားစုက ဆင်းရဲပါသည်..။ ငယ်စဉ်ကတည်းက အဖေဆုံးပါးသွားသဖြင့် မိခင်ဖြစ်သူက ဈေးရောင်းပြီး ကျောင်းထားပေးခဲ့ကာ အမေတစ်ခုသားတစ်ခု ဘ၀ဖြင့် ရုန်းကန်ခဲ့ရသည်..။ သူမနဲ့ ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက်တော့ လုံးဝမမျှော်လင့်ခဲ့တဲ့ ဆုလာဒ် တစ်ခုဖြစ်ခဲ့သည်..။ သူမ မိသားစု အသိုင်းအ၀ိုင်းတွေ သဘောမတူ တားဆီးထားသည့်ကြားမှ ကျွန်တော့်နောက်ကို အရဲစွန့်ပြီး လိုက်ခဲ့သည်..။

ယခုဆိုရင် ကျွန်တော်တို့တွင် ချစ်စရာကောင်းသော ၃ နှစ်အရွယ် သားလေးတစ်ယောက်ကို ပိုင်ဆိုင်နေပြီဖြစ်သည်..။ ခက်တာက ချိုသည် အမေ့အပေါ် ဆက်ဆံရေးပြောင်းလဲလာခြင်းဖြစ်သည်..။ လက်ထပ်ပြီးခါစကဲ့သို့ ဆက်ဆံမှုမျိုးမတွေ့ရတော့..။ မိသားစု စီးပွားရေးလည်း ကျပ်တည်းလာတော့ အလုပ်မလုပ်နိုင်တော့ပဲ လူပို တစ်ယောက်လိုဖြစ်နေသော အမေ့အား ချို အပြစ်မြင်နေခြင်းဖြစ်သည်..။

ကျွန်တော်ကလည်း နေ့စဉ် အလုပ်ကိစ္စများနှင့် လုံးပန်းနေရသဖြင့် အမေ့ကို သိပ်ဂရုမစိုက်အားပဲ အိမ်မှာ အမြဲတမ်းရှိသော ချိုကသာ တာဝန်ယူ ပြုစုပေးခဲ့သည်..။ ယခုလည်း ကျန်းမာရေးမကောင်းပဲ ချုချာလာခဲ့သော အမေ့ကို ဘိုးဘွားရိပ်သာပို့ရန်ပြောနေခြင်း ဖြစ်သည်..။ အစက အကြံပြုပြီး ကောင်းစေချင်တဲ့ သဘောမျိုးသာ ပြောခဲ့ပေမယ့် အခုတော့ မပို့လျှင် ချိုနှင့်သာလေး အိမ်ကဆင်းသွားတော့မည့် အကြပ်ကိုင်သည့် ပုံစံမျိုးဖြစ်နေသည်..။

အတွေးကောင်းကောင်းနှင့် လှည့်ထွက်လာသော ကျွန်တော် တံခါးပေါက်ထိပ်တွင် နားထောင်နေ သော အမေ့ကို တွေ့လိုက်ရသည်..။ အမေ့မျက်ဝန်းတွင် မျက်ရည်များတွဲခိုနေသည်..။ အမေ ကျွန်တော့်ကို ကြည့်နေသော အကြည့်သည် အသနားခံသော အကြည့်..၊ တုန်ရီနေသော နှုတ်ခမ်းများမှလည်း ကျွန်တော့်ကို ပြောချင်နေသော စကားများ ရှိနေသည်ကို ကျွန်တော် သိသည်..။ ဒါပေမယ့် အမေ့ဆီက ဘာစကားမှထွက်မလာခဲ့ပါ..။ ကျလုစဲ မျက်ရည်ကို လက်ဖြင့်သုတ်ပြီး အမေ သူ့အခန်းထဲ သို့ ပြန်ဝင်သွားခဲ့သည်…။ ကျွန်တော် သက်ပြင်းရှည်ကြီးကို ပင့်ရှိုက် မိလိုက်သည်…………။

ဒီနေ့ အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရမည့်နေ့ဖြစ်သည်..။ ယခင်နေ့တွေက သူ့မြေးလေးနှင့် ဆော့နေ တတ်သော အမေ ဒီနေ့ သူမ အခန်းထဲကကို ထွက်မလာ..။ အိမ်ရှေ့ကို ကားရောက်လာတော့ ကျွန်တော် အမေ့ကို ခေါ်ရန် အမေ့အခန်းထဲသို့ ၀င်ခဲ့သည်..။

ကုတင်လေးပေါ်မှာ မကြီးမားလှတဲ့ အ၀တ်ထုတ်လေး တစ်ထုပ် တွေ့ရပြီး အ၀တ်ထုတ်လေးဘေးမှာ ထိုင်ပြီး ဓါတ်ပုံတစ်ပုံကို သေချာစွာ ကြည့်နေသော အမေ့ကိုတွေ့လိုက်ရသည်..။ ကျွန်တော် ၀င်လာတာမြင်တော့ အမေက ဓါတ်ပုံကို ကျွန်တော်မမြင်အောင် လျင်မြန်စွာ သိမ်းဆည်းလိုက်သည်..။ ဓါတ်ပုံက ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ ရိုက်ထားတုန်းက ပုံဖြစ်သည်..။ ပြီးတော့ ကျွန်တော်ကို "သွားတော့မှာလား…သား" ဆိုပြီး အလောတကြီး မေးလာသည်..။

"ဟုတ် အမေ… ကားရောက်ပြီ.."

"အမေ့ မြေးလေးကို ခေါ်ပေးပါအုံး… နှုတ်ဆက်ချင်လို့…"

အမေ့အသံမှာ ၀မ်းနည်းသံတွေ ပါနေသည်..။ ကျွန်တော် အမေ့ကို မျက်လုံးချင်း မဆိုင်ဝံ့ပဲ သားလေးကို ခေါ်ပေးလိုက်သည်..။ အမေ က သူ့မြေးလေးကို ချီပြီး နှစ်နှစ်ခြိုက်ခြိုက် နမ်းလိုက်သည်..။ ထို့နောက် အမေ့မျက်ဝန်းမှ မျက်ရည် များကျဆင်းလာခဲ့ပြီး သားလေးကိုချကာ အ၀တ်ထုပ်လေးကို ဆွဲကိုင်လိုက်ပြီး

"သွားကြရအောင် သား…" ဆိုပြီး ရှေ့ကနေ ဦးဆောင်ကာ ကားဆီကို ထွက်ခွာသွားခဲ့ပါတယ်..။

ဘိုးဘွားရိပ်သာ သွားတဲ့ လမ်းတစ်လျှောက်လုံး ကားပေါ်မှာ သားအမိနှစ်ယောက်စလုံး စကား မပြောဖြစ်ခဲ့ကြ..။ အမေက ကားပြတင်းပေါက်ကနေ အပြင်ကို ငေးမောကြည့်ရင်း နှုတ်ဆိတ်စွာ လိုက် ပါလာသည်..။ ကျွန်တော် အမေ့ကို ငေးကြည့်နေမိသည်..။ ဘ၀ကို တစ်ယောက်တည်း ရုန်းကန်ပြီး သားကို ပညာတတ်ဖြစ်အောင် ကျောင်းထားပေးခဲ့တဲ့အမေ…၊ ကျောင်းမှာ သား မျက်နှာမငယ်အောင်. အမြဲတမ်း အကောင်းဆုံးတွေကိုပဲ ဖြည့်ဆည်းပေးခဲ့တဲ့အမေ..၊ သားကျောင်းပြန်လာလျှင် ကျောင်းပေါက်ဝကနေ အပြုံးတွေနဲ့ စောင့်ကြိုနေတတ်သောအမေ..၊ အမေ…၊ အမေ…၊ အစရှိတဲ့ အမေ့အကြောင်းတွေက ရုပ်ရှင်ကားချပ်တွေလို အစီအရီ ပေါ်လာသည်..။ ငါ့လုပ်ရပ်ဟာ အမေ့အတွက် မျှတမှု ရှိရဲ့လား…။ အမေပေးဆပ်ခဲ့တာနဲ့ ပြန်ရတာဟာ တန်ရဲ့လား…? ငါ မှားသွားပြီလား?

ကျွန်တော် စဉ်းစားနေတုန်းမှာ ကားက ဘိုးဘွားရိပ်သာထဲကို ရောက်ရှိနေခဲ့ပြီဖြစ်သည်..။ တာဝန်ကျ ၀န်ထမ်းများမှ အမေနေထိုင်ရမယ့် အခန်းကို လိုက်လံပြသပြီး အမေက သူ့အခန်းလေးထဲက ကုတင်ပေါ်မှာ အ၀တ်ထုပ်လေးကို တင်လိုက်ပြီး…

"သား … ပြန်တော့လေ… နောက်ကျနေရင် သားမိန်းမ စိတ်ပူလိမ့်မယ်…၊ ညဖက် အပြင်ထွက်ရင် အနွေးထည်လေးဘာလေး ၀တ်အုံး..၊ သားက အအေးဒဏ် မခံနိုင်ဘူး.."

ကျွန်တော့် မျက်ဝန်းမှ မျက်ရည်တို့ကို ကျွန်တော် မတားဆီးနိုင်ခဲ့ပါဘူး..၊ အမေ့ကို ပြေးဖက်လိုက်ပြီး ကျွန်တော် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုမိပါတော့တယ်..။ ကျွန်တော့်ရင်ထဲမှာ အမေ့ကို ပြောစရာစကားတွေ အများကြီးရှိပေမယ့် ဘာစကားမှ ထွက်မလာခဲ့ပါ…။

"သား…ကို ..ခွင့်လွှတ်ပါ..အမေရယ်…" ကျွန်တော် ငိုရှိုက်ရင်း အမေ့ကို တောင်းပန်မိသည်..။

"အမေ..နားလည်ပါတယ်ကွယ်.." အမေလည်း ငိုနေတာပါလား..၊ အမေ့မျက်ဝန်းတွင်လည်း မျက်ရည်တွေ တွဲခိုနေသည်…"အမေတို့ ဖြစ်ချင်တာထက်..၊ ဖြစ်သင့်တာကို ဦးစားပေး ကြတာပေါ့.." တဲ့လေ….။

ကျွန်တော် အပြန်လမ်း တစ်လျှောက်လုံး ကားပေါ်မှာ ငိုရှိုက်လာမိသည်..။ အမေ့ကို ဒီလိုထားခဲ့ရတာ ကျွန်တော် လုံးဝစိတ်မကောင်း..၊ ရင်ဘတ်တစ်ခုလုံးလည်း တင်းကြပ်နေပြီး အသက်ရှုရတာတောင် မွန်းကြပ်နေသည်..။

ဒီလိုနဲ့ အိမ်ပြန်ရောက်လာတော့… ချိုက သားလေးကို ချော့သိပ် နေပြီဖြစ်သည်..။ ချိုက…" လူကလေးရဲ့ အိပ်ချိန်တန်…ဗျိုင်းရှေ့ကပျံ…" အစချီတဲ့ သားချော့တေးကို တိုးတိုးလေးဆိုပြီး ချော့သိပ်နေတာပါ..။ တံခါးဝကနေ ကျွန်တော် မြင်ရတဲ့ ချို သားလေးကို ချော့သိပ်နေတဲ့ ပုံစံဟာ ကျွန်တော့်ကို အမေက အဆိုပါ သားချော့တေးကို ဆိုပြီး ချော့သိပ်ခဲ့တာကို ပြန်အမှတ်ရစေ ပြီး ကျွန်တော့် မျက်လုံးထဲမှာ ချိုနဲ့ သာလေးကို မမြင်ပဲ အမေနဲ့ ကျွန်တော်ငယ်ငယ်က ပုံရိပ်တွေကို အစားထိုး ပြန်မြင်ယောင်စေမိပါတယ်..။ ကျွန်တော် မျက်ဝန်းမှ မျက်ရည်များ ထပ်မံစီးကျလာခဲ့ပြီး ကျွန်တော် ချက်ချင်းပြန်လှည့်ထွက်ခဲ့ပြီး လမ်းမပေါ် ပြေးထွက်ကာ ပြတ်သားတဲ့ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပြီး တက္ကစီ တစ်စီးကို တားလိုက်ပါတယ်..။

ကျွန်တော့်အတွက် ကားမောင်းတာ အရမ်းနှေးနေသလိုပါပဲ…။ အမေ့ကို ပို့တုန်းက မြန်သလောက် အခုကျတော့ တော်တော်ကို နှေးနေသလိုပါပဲ.ကျွန်တော် အမေ့ကို အရမ်းတွေ့ချင်နေပါပြီ..။ ဘိုးဘွား ရိပ်သာကို ရောက်ရောက်ချင်းပဲ ကားပေါ်က ချက်ချင်းဆင်းပြီး ကျွန်တော် အပြေးဝင်ခဲ့ပါတယ်..။ တာဝန်ကျ ၀န်ထမ်းတွေကတော့ ကျွန်တော့်ကို နားမလည်ဘဲ အံ့သြစွာ ကြည့်နေကြပါတယ်..။ ကျွန်တော် အမေ့အခန်းထဲကို အပြေးတစ်ပိုင်း ပြေးဝင်ခဲ့ပါတယ်..။

အခန်းထဲမှာ ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ရိုက်ထားတဲ့ပုံကိုကြည့်ပြီး အမေငိုနေပါတယ်..။ ကျွန်တော် အမေ့ကို ပြေးဖက်လိုက်ပြီး ရှိုက်ကြီးတငင် ထပ်မံ ငိုမိလိုက်ပါတယ်..။ အမေကတော့ ကျွန်တော့်ကို နားမလည်တဲ့ ပုံစံရှိနေပြီး ကျွန်တော့် ခေါင်းကို ပွတ်သပ်ကာ ကျွန်တော့်ကို နှစ်သိမ့်နေပါတယ်....။ ကျွန်တော် ဘာမှ မပြောပဲ အမေ့ရဲ့ ခြေဖမိုးလေးကို ကိုင်ကာ မြတ်နိုး နှစ်ခြိုက်စွာ နမ်းရှုံ့လိုက်ပြီး………….

"သားတို့ အိမ်ပြန်ကြရအောင်…အမေ…."

ဘယ်တော့မှ အမေ့ကို မစွန့်လွှတ်မိပါစေနဲ့…။ အဲ့ဒီဆုံးရှုံးမှုကို သင်ယခု မခံစားရရင်တောင်မှ တစ်ချိန်ကြရင် ခံစားရပြီး ကြီးမားတဲ့ နောင်တ တရား ရပါလိမ့်မယ်…။ အမေ့ကို မြတ်မြတ်နိုးနိုး ချစ်တတ်ကြပါစေဗျာ…။
အောင်ထွန်းဦး

ပအိုဝ်းတို့ရဲ့ ကောင်းကင်ပအိုဝ်းအလံသမိုင်း*****************အလံဆိုသည်မှာအလံဟူသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့ကြသည် မဟုတ်ပေ။ အခြေ...
26/07/2015

ပအိုဝ်းတို့ရဲ့ ကောင်းကင်

ပအိုဝ်းအလံသမိုင်း
*****************

အလံဆိုသည်မှာ

အလံဟူသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့ကြသည် မဟုတ်ပေ။ အခြေအမြစ်ရှိသော အကြောင်းရင်းခံ တစ်ခုခုကို သော်လည်းကောင်း၊ အကျိုးပြုသော ဦးတည်ချက် တစ်ခုခုကို သော်လည်းကောင်း အခြေခံကြသည် သာဖြစ်သည်။ ရင့်ကျက်နက်နဲသော အဓိပ္ပာယ်ကိုဆောင်သည့် အမှတ်အသားတစ်ခုပင် ဖြစ်သည်။ တစ်နည်းအားဖြင့် အလံသည် ရည်ရွယ်ချက်တစ်ခုခု (သို့မဟုတ်) အထိမ်းအမှတ်အဖြစ် အသုံးပြုသော ရောင်စုံခြယ် ပိတ်စမျိုးဖြစ်သည်။ အလံဟူသော စကားလုံးမှာ လေထဲ၌ လှုပ်ရှားနေသည့် အရာဟူ၍ လည်းကောင်း၊ မြန်မာအဘိဓာန်ကျမ်းတွင် အလံသည် အရောင်ပုံစံ အမျိုးမျိုးရှိ၍ တိုင်၊ တုတ်တံများတွင် တပ်၍ လွင့်ထူရသောအ၀တ် (သို့မဟုတ်) စက္ကူဖြင့် ပြုလုပ်ထားသည့် အရာဟူ၍လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ အမျိုးသားအလံ (သို့မဟုတ်) နိုင်ငံတော်အလံမှာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအတွက် အမှတ်အသားကြီးတစ်ခု ဖြစ်သည်။ ယခုခေတ် နိုင်ငံတိုင်း၌ ရှိသော အမျိုးသားအလံ (သို့မဟုတ်) နိုင်ငံတော် အသီးသီးသည် မိမိတို့လူမျိုး၏ ဇာတိသွေး ဇာတိမာန် ပြင်းထန်တက်ကြွစေရန် အလို့ဌာ မိမိတို့ တိုင်းပြည်နှင့် သက်ဆိုင် ဆီလျော်စွာ သတ်မှတ်ပြဠာန်းထားသည့် အလံများဖြစ်ကြသည်။

ပအိုဝ်းအလံ

ပအိုဝ်းတိုင်းရင်းသားများ ပထမဦးဆုံး အသုံးပြုခဲ့သော အလံမှာ ၁၉၂၈-ခုနှစ်၊ ဖြားတန်ကောင်ခယ် ဦးဆောင်သော ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေး အလံဖြစ်သည်။ ၎င်းအလံသည် အလျား (၉)ပေ၊ အနံ (၅)ပေ ရှိသော အစိမ်းရောင်ဖြစ်သည်။ အစိမ်းရောင်၏ အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်း ပါရှိသည်။ အဖြူရောင်စက်ဝိုင်းအတွင်းတွင် တိုင်ရင်းဘက်သို့ မျက်နှာမူထားသော ထိုင်နေသည့် ခြင်္သေ့ပုံ ပါရှိသည်။ အစိမ်းရောင်၏ အဓိပ္ပာယ်မှာ နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက် ရွှင်လန်းခြင်းနှင့် အေးချမ်းသာယာခြင်းကို ဖော်ဆောင်သည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊ ကျစ်လစ်သိမ်မွေ့နူးညံ့ခြင်းနှင့် အေးချမ်းသာယာ တည်ငြိမ်သော သဘောကို ဆောင်ပါသည်။ ခြင်္သေ့သည် ခွန်အား ကြီးမား၍ လျင်မြန်သွက်လက် ပေါ့ပါးစွာလှုပ်ရှားနိုင်သော အစွမ်းရှိသည်။
ဒုတိယကမ္ဘာစစ်အပြီး အာရှနိုင်ငံများ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန် အမျိုးသားလှုပ်ရှားမှုများ စတင်ကြိုးပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ လွတ်လပ်ရေး ရရှိရန် အပူတပြင်း ကြိုးပမ်းလာခဲ့ကြသည်။ ၁၉၄၆-ခုနှစ်၊ ပထမ ပင်လုံညီလာခံနှင့် ၁၉၄၇-ခုနှစ်တွင် ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကို အတူတကွရယူရန် တောင်တန်းဒေသ တိုင်းရင်းသားများနှင့် သဘောတူညီမှု ရရှိခဲ့သည်။ ရှမ်းပြည်နယ် ပြည်သူ့လွတ်လပ်ရေးအဖွဲ့နှင့်အတူ ပအိုဝ်းလူငယ်များ ပါဝင်လှုပ်ရှားခဲ့ကြသည်။ ၁၉၄၆-ခုနှစ်တွင် တောင်ကြီးဒေသ၊ ဟိုပုံးဒေသ၊ လွိုင်လင်ဒေသနှင့် ဆီဆိုင်ဒေသအတွင်း ပအိုဝ်းအမျိုးသားများကို စတင်စည်းရုံးခဲ့ကြသည်။ ၁၉၄၇-ခုနှစ်တွင် ပအိုဝ်း အမျိုးသား ကိုယ်စားပြု ပအိုဝ်းလွောင်;ဗူ;ဥက္ကဋ္ဌ အဖြစ် ဦးဘိုးခင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးခမ်းခိုင်အား လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ပအိုဝ်းအမျိုးသား ကိုယ်စားပြု ပအိုဝ်းလွောင်;ဗူ; (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့၏ အလံမှာ အလျား(၉)ပေ၊ အနံ(၅)ပေရှိ အစိမ်းရောင်ဖြစ်ပြီး အစိမ်းရောင်၏ အလယ်ဗဟိုတွင် အဖြူရောင်စက်ဝိုင်း ပါရှိသည်။ အဖြူရောင်စက်ဝိုင်း၏ အလယ်တွင် ယခင်အသုံးပြုခဲ့သော ခြင်္သေ့အစား ဒေါင်းပုံကို အသုံးပြုခဲ့သည်။ ၁၉၅၀-ပြည့်နှစ်တွင် ပအိုဝ်းလွောင်;ဗူ; (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့အစား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတိုကောက်အားဖြင့် (ပအမဖ)ကို အမည်ပြောင်း၍ အသစ်ထပ်မံ ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)၏ ဥက္ကဋ္ဌ ဗိုလ်ဟိန်မောင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးဖေရှင်အားလည်းကောင်း ရွေးချယ်တင်မြှောက် တာဝန်ပေးအပ် ခဲ့ကြသည်။
၁၉၅၀-ပြည့်နှစ်မှစ၍ ပြည်ထောင်စုအမျိုးသား အဖွဲ့ချုပ် (ပအမဖ) အမှုဆောင်များနှင့် ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီးများမှ အသင်းအဖွဲ့တစ်ခုတွင် မရှိမဖြစ် အထူးလိုအပ်လှသော ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ) ဖွဲ့စည့်းပုံ အခြေခံစည်းမျဉ်းဥပဒေကို ပြုစုရေးဆွဲခဲ့ကြပါသည်။ အဆိုပါ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းဥပဒေတွင် နိဒါန်း၊ အခန်း (၈)ခန်းနှင့် နိဂုံးဟူ၍ ပါရှိခဲ့သည်။ အခန်း(၁) အပိုဒ်(၃)တွင် အလံတော်၏ အချိုးမှာ အလျား (၉)ပေ၊ အနံ (၅)ပေ အချိုးဖြစ်၍ အလံတော်၏ ထက်ဝက် (၂ပေ ၊၆လက်မ) အောက်ခံသည် အစိမ်းရင့်ရောင်ဖြစ်သည်။ တိုင်ရင်းဘက် အပြာရင့်ရောင်၏ အလျား (၄ပေ ၊ ၆လက်မ)၊ အနံ (၂ပေ ၊ ၆လက်မ)၊ အဖျားဘက် အနီရောင်၏ အလျား (၄ပေ ၊ ၆လက်မ)၊ အနံ (၂ပေ ၊ ၆လက်မ) ရှိရမည်။ အပြာရင့်ရောင်၏ အထက်ထောင့်စွန်းတွင် အချင်း (၁၈)လက်မ ကြယ်ဖြူကြီးတစ်လုံး ပါရှိရမည်။ ဤအလံတော်မှာ ယာယီသတ်မှတ်ချက် ဖြစ်သည်ဟူ၍ ဖော်ပြပါရှိခဲ့သည်။
ပအိုဝ်းအမျိုးသားအလံတော်ပါ ကြယ်နှင့် အရောင်များ၏ အနက်အဓိပ္ပာယ် ဖော်ညွန်းချက်များမှာ ကြယ်၏ အဓိပ္ပာယ်မှာ ကြယ်တို့မည်သည် လမ်းခရီးတွင် ရပ်တံ့ခြင်းမရှိ၊ သွားမြဲခရီးကို မစွန့်၊ ခရီးစဉ်အတိုင်း ရှေ့သို့သာ ဆက်၍ ခရီးနှင်လေ့ရှိခြင်း၊ ကမ္ဘာကြီးဖြစ်တည်ခဲ့သည့်အချိန်မှစ၍ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့် အလင်းရောင်ရှိခြင်း စသည့် အရည်အသွေးများ ရှိသည့်အပြင် ပအိုဝ်မျိုးနွယ်စု အားလုံးကို ကိုယ်စားပြု၍ တစ်လုံးတည်းသောကြယ်ကို သတ်မှတ်ရခြင်းဖြစ်သည်။ အစိမ်းရင့်ရောင်သည် နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊ ရွှင်ရွှင်လန်းလန်းရှိခြင်း အဓိပ္ပာယ်ကို ဆောင်သည်။ အနီရောင်သည် ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ သွက်လတ်ဖျတ်လတ်ခြင်း အဓိပ္ပာယ်ဆောင်သည်။ အပြာရင့်ရောင်သည် အိနြေ္ဒရှိခြင်း၊ သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ အဓိပ္ပာယ်ဆောင်သည်။ အလံ၏အရွယ်များမှာ ကြီးငယ်မဟူ ထိုအမျိုးအစားအတိုင်း ကိုက်ညီနိုင်သမျှ ကိုက်ညီရမည်ဖြစ်သည်။ အထက်ပါပအိုဝ်းအလံတော်ကို ၁၉၅၅-ခုနှစ်၊ ဇန်န၀ါရီလ (၅)ရက်နေ့နှင့် (၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ညီလာခံမှ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

အလံပါကြယ်နှင့် အရောင်များ၏ ဖွင့်ဆိုချက်များ

(က) ကြယ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

နိုင်ငံတိုင်း၊ လူမျိုးတိုင်း၏ အများစုသည် ကြယ်သင်္ကေတကို အများဆုံး အသုံးပြုလေ့ရှိကြောင်း တွေ့ရှိရပါသည်။ မြန်မာအဘိဓာန်ကျမ်းစာအုပ်တွင် ကြယ်ကိုအဓိပ္ပာယ် ဖွင့်ဆိုထားသည်မှာ ညအခါ၌ ကောင်းကင်တွင် အလင်းရောင် အပွင်းကလေးများသဖွယ် မြင်ရသော ကောင်းကင်ဗိမာန် နက္ခတ်တာရာဟု ဖော်ပြထားသည်။ ကြယ်တို့သည် အေးမြသော အလင်းရောင်ကို ပေးသည်ဟု လူသားတို့ထင်မှတ်ကြသည်။ အမှန်မှာ ကြယ်များသည်လည်း နေကဲ့သို့ အလင်းရော အပူပါ လွှတ်ပေးလျှက် ရှိသည်။ နေတွင်ရှိသော ဓာတ်သဘာဝအားလုံး ကြယ်တွင်ရှိသည်။ အချို့သော ကြယ်များသည် နေထက် အဆပေါင်းများစွာ ပိုမို၍ တောက်ပကြသည်။ အားကောင်းသော မှန်ပြောင်းများဖြင့် ကြည့်လျှင် ကြယ်ပေါင်း သိန်းတစ်ထောင်ခန့်ကို မြင်နိုင်သည်။ ကိုယ်ပိုင်အလင်းရောင်ရှိသော ကြယ်ပေါင်းများစွာ ရှိသကဲ့သို့ ကိုယ်ပိုင်အလင်းရောင်မရှိသော ကြယ်ပေါင်းများစွာလည်း ရှိသည်။

အလံများတွင် ကြယ်ဖြင့် အမှတ်အသားပြု၍ ဖော်ပြရခြင်းမှာ ကြယ်တို့မည်သည် လမ်းခရီးတွင် ရပ်တံ့ခြင်းမရှိ၊ သွားမြဲခရီးကို အစွန့်ပစ် ခရီးစဉ်အတိုင်း နောက်တွန့်သည်မရှိဘဲ ရှေ့သို့သာဆက်၍ဆက်၍ ခရီးနှင်လေ့ရှိခြင်း၊ ကမ္ဘာဖြစ်တည်ခဲ့သည့် အချိန်မှစ၍ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့် အလင်းရောင်ဖြင့် တည်ရှိခဲ့ခြင်း စသော ဂုဏ်၊ အရည်အသွေးများရှိခြင်း ကြောင့်ပင်ဖြစ်သည်။

(ခ) အဖြူရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်

အဖြူရောင်သည် လမင်း၏ အရောင်ဖြစ်၍ အေးချမ်းမှုကို ဖြစ်စေသည်။ ဖြူစင်သန့်ရှင်းခြင်း၊ ကျစ်လစ်သိပ်သည်းခြင်း၊ သိမ်မွေ့နူးညံ့ခြင်း စသည့် အေးချမ်းသာယာ တည်ငြိမ်သော သဘောကို ဆောင်သည်။ စည်းကမ်းရှိသော၊ စည်းစနစ်ရှိသော အစွမ်းသတ္တိရှိသည်။ ကျန်းမာရေးကို အထောက်အကူပြုသော သဘောကို ဆောင်သည်။ ဆေးရုံများတွင် လူနာကုတင်၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်၊ ခန်းစည်းနှင့် ဆရာဝန်ဝတ်စုံများသည် အဖြူရောင်ကိုသာ အသုံးပြုကြသည်။ အဖြူရောင်ကို မကျန်းမာသူ လူမမာ တွေ့လိုက်ရရုံဖြင့် စိတ်ချမ်းသာပြီး ရောဂါသက်သာစေ၍ သောက၊ ဒုက္ခများ ပြေပျောက်စေသည်။ ခေါင်းအုံးစွပ်ဖြူဖြူဖြင့် အိပ်စက်လျှင် အိပ်မက်လိုလို မက်တတ်သည်။ အရောင်တောက်ပသော ခေါင်းအုံးစွပ်များနှင့် အိပ်စက်လျှင် အိပ်မက်ဆိုးများ မက်တတ်သည်။

(ဂ) အနီရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်

အနီရောင်၏ အဓိပ္ပာယ်သည် ရဲရင့်ခြင်း၊ သွက်လက်ဖျတ်လတ်ခြင်း၊ ခြေမြန်လက်မြန်ရှိခြင်း၊ ပြိုင်ဘက်အပေါ် အနိုင်ရလိုမှုစိတ်ဓာတ် ပြင်းထန်ခြင်း၊ သူရဲကောင်းဆန်ခြင်း၊ စိတ်ဓာတ်ကို တက်ကြွအောင် လှုံ့ဆော်ပေးခြင်း၊ စိတ်ဓာတ်ပျော့ညံ့သူကို စိတ်ဓာတ်တက်ကြွစေခြင်း စသောသဘောများ ဆောင်သည်။ အားကစားသမားများ အနီရောင်ဝတ်စုံ ၀တ်ကစားလိုက်လျှင် စွမ်းအင်များ အလိုလိုပြည့်ဝ တိုးတက်ပြီး အနိုင်ရလိုစိတ် ပြင်းထန်တတ်ကြသည်။ အနီရောင်ကို ကြိုက်နှစ်သက်သော လူများသည် ရဲစွမ်းသတ္တိရှိသူ၊ နိုးကြွားတက်ကြွ လှုပ်ရှားလိုသူ၊ အတိုက်အခိုက် ၀ါသနာပါသူ၊ ဆွဲဆောင်စည်းရုံးတတ်သူများ ဖြစ်တတ်ကြသည်။

(ဃ) အပြာရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်

အပြာရောင်၏ အဓိပ္ပာယ်သည် အိနြေ္ဒရှိခြင်း၊ သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း စသော အရည်အချင်းများ ရှိသည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုကို ဖြစ်စေပြီး စိတ်ပြေပျောက်မှု အသွင်ကို ဖန်တီးပေးနိုင်သည်။
အသက်ရှင်သန်မှုကို အားပေးနိုင်စွမ်းရှိသည်။ အောင်မြင်မှုရလိုလျှင် အပြာရောင်ကို အသုံးပြုလေ့ရှိကြသည်။ တစ်နည်းအားဖြင့် အပြာရောင်သည် ခံစားထိခိုက်လွယ်သော၊ အေးချမ်းစွာနေလိုသော၊ ပျော်ရွှင်မှုကို မက်မောတတ်သော၊ ခံစားမှုများကို ထိန်းချုပ်နိုင်သော သဘောလည်း ရှိသည်။ ထို့ကြောင့် အပြာရောင်ကို ကြိုက်နှစ်သက်သူများသည် နူးညံ့ပျော့ပြောင်းသော နှလုံးသားရှိသူ၊ သူတစ်ပါး၏ မေတ္တာကို ခံယူလိုသူ၊ မေတ္တာထားတတ်သူ ဖြစ်သကဲ့သို့ မိခင်စိတ်ရှိသူ၊ အပြစ်ကင်းကင်း နေလိုသူများလည်း ဖြစ်တတ်ကြသည်။

(င) အစိမ်းရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်

အစိမ်းရောင်၏ အဓိပ္ပာယ်သည် နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊ ရွှင်ရွှင်လန်းလန်း ဖြစ်စေခြင်း၊ အိုမင်းရင့်ရော်ခြင်းကို တိုက်ဖျက်ခြင်း သဘောရှိသည့် အပြင် သစ္စာရှိသော၊ ကတိတည်သော၊ ကြင်နာဂရုဏာတရား ကြီးမားသော၊ သူတစ်ပါးကို ကူညီတတ်သော၊ ချိုသာရည်မွန်သော သဘောများကို ဆောင်ပါသည်။ အစိမ်းရောင်သည် ကြည်လင်အေးချမ်းသော သဘောရှိသဖြင့် လယ်ကွင်းပြင်စိမ်းကို ကြည့်ရှု ရခြင်းသည် ခြောက်သွေ့နေသော ကန္တာရကို ကြည့်ရှုရခြင်းထက် စိတ်ချမ်းသာမှု၊ အေးချမ်းသာယာပျော်ရွှင်မှုကို ပို၍ဖြစ်စေသည်။ နိုင်ငံတကာ ဆေးရုံများ၏ လူနာခြုံစောင်များ၏ အရောင်မှာ အစိမ်းရောင်ကို အသုံးပြုလေ့ ရှိကြသည်။ လေအေးပေးစက် တပ်ဆင်ထားသော အခန်းကို အနီရောင်ဆေး သုတ်ပေးခြင်းထက် အစိမ်းရောင်ဆေး သုတ်ပေးခြင်းက အအေးဓာတ် ပိုစေနိုင်ပါသည်။ အစိမ်းရောင်ကို ကြိုက်နှစ်သက်တတ်သူသည် အပူအပင်မရှိ၊ စိတ်ကူးယဉ်တတ်သူ ဖြစ်လေ့ရှိကြသည်။
————————– The End ———

ကျန်းမာကြပါစေ...

Adress

Pa-O Nationl Organization
Helsingborg
PAO

Aviseringar

Var den första att veta och låt oss skicka ett mail när မောင်းမွူးခံ့ postar nyheter och kampanjer. Din e-postadress kommer inte att användas för något annat ändamål, och du kan när som helst avbryta prenumerationen.

Dela