14/04/2020
ကျွန်တော်ပင်ပန်းတယ်လို့ မပြောရဲဘူး
ဘာဖြစ်လို့လဲဆိုတော့ လုပ်လက်စ အလုပ်တွေမပြီးသေးလို့ပ
ကျွန်တော်အပျင်းမကြီးရဲဘူး
ဘာဖြစ်လို့်လဲဆိုတော့ ကျွန်တော်ထက်သာတဲ့သူတွေတောင် ကြိုးစားနေကြဆဲမို့ပါ
ကျွန်တော်မှာ ရွေးစရာလမ်းတွေ အများကြီး
ဒါပေမဲ့ ရွေးပြီးသား လမ်းကိုတော့ ဘယ်တော့မှ မပစ်ဘူး
ဘယ်သူဘယ်လောက်ပဲ မကောင်းဘူးပြောပြော
အချိန်တန်တော့သူ့ပါသာသူ နားလည်သွားပါလိမ့်မယ်
စိတ်ထဲမှာ ထည့်ထား နေစရာမလို ပါဘူး
ကိုယ်ဘယ်သူ့အပေါ်မှာမှ အကြွေးမတင်ရင်တော်ပါ ပြီ
စိတ်အေးအေး ထားတက်အောင်ကြိုးစားမယ်
လူ့ဘဝဆိုတာ အတက်ရှိသလို အဆင်းလဲရှိ တတ်ပါတယ်
သူများတွေကို လိုက်ပြီး ကဲ့ရဲ့နေစရာလဲ မလိုပါဘူး
ဘဝကပေးတဲ့သင်္ခန်းစာတွေ ကြေညက်လေလေ
ကိုယ်က ကံကောင်းလေလေပါပဲ
လူ့လောကကြီးမှာ ဘယ်အလုပ်မှ မပင်ပန်းဘူးဆိုတာ မရှိပါဘူး
မရှုပ်ထွေးတဲ့ မိသားစု အသိုင်းဝိုင်း ဆိုတာလဲ မရှိပါဘူး
ကျွန်တော်ရွေးချယ်တဲ့လမ်းကတော့ လုံးလ ဝိရိယ ဇွဲ ဆိုတဲ့ လမ်းကိုပါပဲ
ကျွန်တော်ဘယ်သူကိုမှ မနာလိုမဖြစ်ပါဘူး ဒီအခြေအနေလေးထိရောက်ဖို့တောင်
ဘယ်လောက်ထိ နေ့မနားညမနားလုပ်ခဲ့ရလဲ ဆိုတာပဲ မေးကြည့် လိုက်ပါ
လူတိုင်း လူတိုင်း လွတ်လပ် မှုကိုလိုချင်ကြမှာပါ
အလုပ်မလုပ်ပဲ အိမ်မှာထိုင်စားနေတဲ့သူကို တောင်မေးကြည့် လိုက်ပါ
သူတို့်လည်း သူတို့ အပူနဲ သူတို့ပါ
ပစ္စည်းဥစ္စာ ကိုယ်ပိုင် လုပ်ငန်းနဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ် ဘယ်အရာမဆို တန်ဖိုးရှိအောင်သုံးမယ်
ဒါကြောင့်ဘယ်သူ့ကိုမှ မနာလိုစရာအကြောင်းမရှိပါဘူး
လူဘဝက တိုတိုလေးပါ ဘာမှပြိုင်စရာမရှိပါဘူး
ကိုယ်ဘယ်လောက် ကုသိုလ်တွေလုပ်ပြီးပြီလဲ
ဆိုတာပြန်ဆန်းစစ်ကြည့် လိုက်ပါ
လူတိုင်းဟာ သူလို ကိုယ့်လိုပဲ
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်
သဘောထားကြီးကြီးထားပါ
မောင်နှမလိုဆက်ဆံပါ
အားပေးအပြုံးလေးတွေပေးပါ
ဒီလို ဆိုရင်တော့ လောကကြီးက ပျော်စရာကြီးပါ။
Credit To Original
လေးစားစွာဖြင့်