21/08/2026
ဝမ်းနည်းကြေကွဲခြင်း
Pu Van Hlei Mang သည် ချင်းအမျိုးသားရေးအတွက် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့ပြီး အားကိုးအားထားရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ RCCM တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အကြံပေးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ချင်းအမျိုးသားရေးအတွက် မိမိ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။
Pu Van Hlei Mang ကွယ်လွန်ခြင်းသည် မိသားစုအတွက်သာမက ချင်းအမျိုးသားရေးအတွက်ပါ အားကိုးအားထားပြုရသော အဖိုးတန်ပုဂ္ဂိုလ်တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းဖြစ်ပါသည်။ သူ၏ အမျိုးသားရေးအပေါ်ထားရှိခဲ့သော စိတ်ဓာတ်၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများသည် အစဉ်အမြဲ မှတ်တမ်းတင်ထိုက်မည်ဖြစ်ပါသည်။
Pu Van Hlei Mang ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။
Pu Van Hlei Mang ၏ ကောင်းမွန်သော အမျိုးသားရေးပေးဆပ်မှုများကို အစဉ်အမြဲ အမှတ်ရနေမည်ဖြစ်ပါသည်။
ကောင်းရာသုဂတိလားပါစေ။
August 21, 2026