မကွေးခရိုင် အမှတ် ၂ တပ်ရင်း

မကွေးခရိုင် အမှတ် ၂ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်း စစ်ဌာန
မကွေးခရိုင် အမှတ်၂တပ်ရင်း
(1)

05.05.2026အခက်အခဲ၊ အကြပ်အတည်းများစွာနဲ့  PDF တပ်မတော် တည်ထောင်ခြင်း(5) နှစ်ပြည့်ခဲ့ပြီ  ။  ရောက်လေရာကနေ ၊ ကျဆုံးရဲဘော်ရဲ...
05/05/2026

05.05.2026
အခက်အခဲ၊ အကြပ်အတည်းများစွာနဲ့
PDF တပ်မတော် တည်ထောင်ခြင်း
(5) နှစ်ပြည့်ခဲ့ပြီ ။
ရောက်လေရာကနေ ၊ ကျဆုံးရဲဘော်ရဲဘက်များ အပေါင်းအား ဦးညွှတ် အလေးပြုပါသည် 🫡 /ကိုယ်လက်အဂ်ါစွန့်လွှတ်ပေးဆပ်ခဲ့ရသောရဲဘက်ရဲဘက်များ အလေးပြုအပ်ပါသည်။
ကျန်ရှိနေသောရဲဘော်ရဲဘက်များ ရှေ့ကို ဆက်လက်ချီတက် ဆောင်ရွက်တိုက်ပွဲဝင်သွားပါမည်။
အရေးတော်ပုံအောင်ရမည်။
ရန်/ငါ ပြတ်ရမည်။
တစ်ဦးကိုတစ်ဦး ပြုံးပြရင်း၊ ရက်စက်တဲ့ အာဏာဆိုးတွေကို ရင်ဆိုင်နိုင်မယ့် စိတ်ဓာတ်ခံတပ်ကြီးကို မယိုင်မလဲ တည်ဆောက်ကာ မနက်ဖြန်ရဲ့ အရုဏ်ဦးဆီသို့ ခြေလှမ်းသစ်များဖြင့် ဆက်လက် လျှောက်လှမ်းမရပ်မနားနေကြပါရန်လို‌တော့သတည်း။

#မကွေးခရိုင်အမှတ် ၂တပ်ရင်း

(၂၇) ကြိမ်မြောက် ထောက်ပို့ထီ မှ ကျွန်တော်တို့ မကွေးခရိုင်အမှတ်၂ တပ်ရင်းကနေ ‌ဝယ်ယူအားပေးသွားတဲ့ ပြည်သူများရဲ့ ထီပေါက်မဲမျ...
05/04/2026

(၂၇) ကြိမ်မြောက် ထောက်ပို့ထီ မှ ကျွန်တော်တို့ မကွေးခရိုင်အမှတ်၂ တပ်ရင်းကနေ ‌ဝယ်ယူအားပေးသွားတဲ့ ပြည်သူများရဲ့ ထီပေါက်မဲများဖြစ်ပါတယ်ခင်‌ဗျာ။နယ်မြေခြေအရပိုစ့်တင်တာလေးနောက်ကျသွားတဲ့အတွက်လဲတောင်းပန်ပါတယ်ဗျ။

(၂၈) ကြိမ်မြောက် ထောက်ပို့ထီများကိုလဲ ထီ(၁) ဆောင် (၂၀၀၀) ကျပ်ဖြင့် page messenger မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ။
#မကွေးခရိုင်အမှတ်၂တပ်ရင်း
#ထောက်ပို့ထီပေါက်စဉ် #ထောက်ပို့ထီ

22/03/2026

“နာကျင်မှုနဲ့ အမှန်တရား”💔

“ကျွန်တော်တို့အိမ်မြေ‌တွေမှာ ‌‌
အိပ်မက်တွေကို မီးရှို့ခဲ့ကြတယ်…”

ဒါပေမယ့် မျှော်လင့်ချက်ကို မသတ်နိုင်ဘူး။”
“တော်လှန်ရေးဆိုတာ ပျက်စီးဖို့ မဟုတ်ဘူး၊
တရားမျှတမှုကို ပြန်တည်ဆောက်ဖို့ပါ။
အနာဂတ်တွေအတွက် မျှော်လင့်ချက်မပျောက်စေရဘူး။”

“မကြောက်ဘူး… နောက်မလှည့်ဘူး”
“လွတ်လပ်ဖို့ပန်းတိုင်‌
ရောက်ဖို့အတွက် တိုက်ပွဲဆက်နေမယ်”
#မကွေးခရိုင်အမှတ်၂တပ်ရင်း

အစားတစ်ခုတောင်အတူမျှဝေစားနိုင်တဲ့အချိန်မှာအနာဂတ်တစ်ခုကိုလည်းအတူတူဖန်တီးနိုင်တယ်မုန်တိုင်းကြားမှာတောင် မကွဲပြားဘဲအတူတူစား...
21/03/2026

အစားတစ်ခုတောင်
အတူမျှဝေစားနိုင်တဲ့အချိန်မှာ
အနာဂတ်တစ်ခုကိုလည်း
အတူတူဖန်တီးနိုင်တယ်

မုန်တိုင်းကြားမှာတောင် မကွဲပြားဘဲ
အတူတူစား၊ အတူတူနေရင်း
တစ်ယောက်ကိုတစ်ယောက် အားထားနေကြတာဟာ
ငါတို့ရဲ့တော်လှန်ရေးစိတ်ဓာတ်၊
တော်လှန်ရေးရဲ့အင်အားပဲ

အခက်အခဲတွေကြားမှာတောင်
အတူတကွရပ်တည်နေတဲ့ ငါတို့လိုလူငယ်တွေရှိသေးသ၍
တော်လှန်ရေးရဲ့ အားကလည်း မလျော့သေးဘူး။
အဆုံးထိ သွားမယ် ✊”
#မကွေးခရိုင်အမှတ်၂တပ်ရင်း

ကျနော်တို့အဆုံးထိသွားနိုင်ဖို့တစ်ဖက်တစ်လှမ်းကနေထောက်ပို့ထီ၀ယ်ရင်းကူကြပါအုံးဗျ...🙏🙏
#မ‌ကွေးခရိုင်အမှတ်၂တပ်ရင်း

📢 ထောက်ပို့ထီ အားပေးကြပါစို့ဒီနေ့ကာလမှာ နိုင်ငံအတွက် အားထုတ်နေကြတဲ့ ကျတော်တို့လူငယ်တွေ၊ အဖွဲ့အစည်းတွေများလာတာနဲ့အမျှထောက...
20/03/2026

📢 ထောက်ပို့ထီ အားပေးကြပါစို့
ဒီနေ့ကာလမှာ နိုင်ငံအတွက် အားထုတ်နေကြတဲ့ ကျတော်တို့လူငယ်တွေ၊ အဖွဲ့အစည်းတွေများလာတာနဲ့အမျှထောက်ပံ့ဖို့ “ထောက်ပို့ထီ” က အရေးပါလာပါတယ်ဗျ။
ထောက်ပို့ထီဝယ်ခြင်းက
👉 ကိုယ်တိုင်ကံစမ်းနိုင်သလို
👉 လိုအပ်နေတဲ့နေရာတွေကို ကူညီနိုင်ပါတယ်
💰 တစ်စောင်ဝယ်ရုံနဲ့
အားပေးမှုတစ်ခု ဖြစ်တယ်

တစ်စောင်မှမြန်မာငွေ ၂၀၀၀ ကျပ်ထဲမို့
အားလုံးအတူတကွ ကူညီပံ့ပိုးကြပါအုံးခင်ဗျ။

"အနိုင်ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အတူတကွကူညီပံ့ပိုးကြရအောင်"
#မကွေးခရိုင်အမှတ်၂တပ်ရင်း

#ထောက်ပို့ထီ

(၂၆) ကြိမ်မြောက် ထောက်ပို့ထီ မှ ကျွန်တော်တို့ မကွေးခရိုင်အမှတ်၂ တပ်ရင်းကနေ ‌ဝယ်ယူအားပေးသွားတဲ့ ပြည်သူများရဲ့ ထီပေါက်မဲမျ...
02/03/2026

(၂၆) ကြိမ်မြောက် ထောက်ပို့ထီ မှ ကျွန်တော်တို့ မကွေးခရိုင်အမှတ်၂ တပ်ရင်းကနေ ‌ဝယ်ယူအားပေးသွားတဲ့ ပြည်သူများရဲ့ ထီပေါက်မဲများဖြစ်ပါတယ်ခင်‌ဗျာ။ဆုကြေးများကို kpay/wave pay/Nugpay/SDBpay များဖြင့်လာရောက်ထုတ်ယူနိုင်ပါတယ်ခင်‌ဗျာ။

(၂၇) ကြိမ်မြောက် ထောက်ပို့ထီများကိုလဲ ထီ(၁) ဆောင် (၂၀၀၀) ကျပ်ဖြင့် page messenger မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ။
#မကွေးခရိုင်အမှတ်၂တပ်ရင်း
#ထောက်ပို့ထီပေါက်စဉ် #ထောက်ပို့ထီ

ဖေဖော်ဝါရီ ၁၄ မတိုင်ခင်ရော်ဘဲတွေလဲချောကလက်စားရပါပြီလို့ ချောကလက်လာလှူပေးတဲ့အမကြီးကိုလဲကျေးဇူးတင်ပါတယ်ဗျ ဒါနဲ့ကျွန်တော်တိ...
12/02/2026

ဖေဖော်ဝါရီ ၁၄ မတိုင်ခင်ရော်ဘဲတွေလဲချောကလက်စားရပါပြီလို့ ချောကလက်လာလှူပေးတဲ့အမကြီးကိုလဲကျေးဇူးတင်ပါတယ်ဗျ
ဒါနဲ့ကျွန်တော်တို့စီမာ ၂၆ ကြိမ်မြောက်ထောက်ပို့ထီလေးလာအားပေးကြပါအုံး‌ဗျ page messenger မှာလဲလာရောက်အားပေးလို့ရသလိုသက်ဆိုင်ရာရဲဘော်‌/ရဲမေများစီမှာလဲသွားရောက်၀ယ်ယူလို့ရပါတယ်ဗျ
#မကွေးခရိုင်အမှတ်၂တပ်ရင်း

လက်ရှိမြေပြင်အခြေအနေအရ ရဲဘော်တွေများလာတာ‌ကြောင့် ရိက္ခာများလိုအပ်နေတာမို့ ဒီလကနေစပြီးကျမတို့မကွေးခရိုင်အမှတ်၂တပ်ရင်းကနေထ...
06/02/2026

လက်ရှိမြေပြင်အခြေအနေအရ ရဲဘော်တွေများလာတာ‌ကြောင့် ရိက္ခာများလိုအပ်နေတာမို့ ဒီလကနေစပြီးကျမတို့မကွေးခရိုင်အမှတ်၂တပ်ရင်းကနေထောက်ပို့ထီလေးစရောင်းပါမယ်ရှင့်
မြေပြင်ကရဲဘော်တွေက ရှေ့တန်းမှာ စကစကိုတော်လှန်ရင်း လိုအပ်ချက်တွေများကြီးရှိနေပါတယ်ရှင့်
ဒါကြောင့်အများကြီးမထောက်ပံ့နိုင်ရင်တောင်
ထောက်ပို့ထီလေးအားပေးရင်း ကူညီပေးကြပါအုံးရှင့်
တစ်စောင်မှ ၂၀၀၀ ကိုအနည်းဆုံး ၅စောင်ကစပြီးတပ်ရင်း page messenger နေလာရောက်၀ယ်ယူလို့ရပါပြီရှင့်....
#မကွေးခရိုင်အမှတ်၂တပ်ရင်း

အသိပေးထုတ်ပြန်ချက်၂၀၂၆ ခုနှစ်၊  ဇန်နဝါရီလ (၂၇) ရက်🔴ပြည်သူသို့အသိပေးခြင်း🔺️ ၁။ မိဘပြည်သူများခင်ဗျား ချောက်မြို့နယ်အတွင်း ...
27/01/2026

အသိပေးထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်

🔴ပြည်သူသို့အသိပေးခြင်း

🔺️ ၁။ မိဘပြည်သူများခင်ဗျား ချောက်မြို့နယ်အတွင်း ကြက်ဝိုင်း၊ ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ ခြောက်ကောင်ဝိုင်း စသည့် လောင်းကစားများ ပြုလုပ်နေကြောင်း ကြားသိရပါသည်။
🔺️ ၂။ လောင်းကစားပြုလုပ်ခြင်းသည် ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှု၊ ဓားပြမှု၊ မူးယစ်ဆေးဝါးမှု စသည့် နောက်ဆက်တွဲအမှုအခင်းများ ဖြစ်စေပြီး ပြည်သူများအတွက် အသက်အန္တရာယ်ဖြစ်စေနိုင်ခြင်းနှင့် ရပ်ရွာလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ထိခိုက်စေနိုင်ခြင်းစသည့် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပြီး ရပ်ရွာနှင့် ပြည်သူများအတွက် အဘက်ဘက်က နစ်နာစေပါသည်။

🔺️ ၃။ သို့ဖြစ်၍ မိဘပြည်သူများအနေဖြင့် အဆိုပါလောင်းကစားမှုများ မပြုလုပ်ကြပါရန်နှင့် တွေ့ရှိပါက မိမိတို့တပ်ရင်းကို သတင်းပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်းနှင့် မိမိတို့တပ်ရင်းအနေဖြင့် အဆိုပါလောင်းကစားဝိုင်းများကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

မကွေးခရိုင်အမှတ် (၂)တပ်ရင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော်

ယုံကြည်စွာနှင့် ပို့ပေးတဲ့ ပြည်သူတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျ❤️ #မကွေးခရိုင်အမှတ်၂တပ်ရင်း     တပ်ရင်းသို့လှူဒ...
07/01/2026

ယုံကြည်စွာနှင့် ပို့ပေးတဲ့ ပြည်သူတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျ❤️
#မကွေးခရိုင်အမှတ်၂တပ်ရင်း


တပ်ရင်းသို့လှူဒါန်းလိုပါက တပ်ရင်းpage chat boxကနေတစ်ဆင့် လှူဒါန်းနိုင်ပါသည်။
တပ်ရင်း လုပ်ဆောင်ချက်တွေကို YouTube Channel ကနေတင်ပေးမှာဖြစ်လို့ subscribe လုပ်ထားကြပါအုန်းခင်ဗျ❤️
https://www.youtube.com/

မွေးနေ့ရှင် ကိုလွှမ်းအောင်ဖြိုးမှ ကြက်ဆီပြန်ဟင်း၊အစိမ်းကြော်၊ငရုတ်သီးထောင်း၊အချဉ်ဟင်းတို့ဖြင့် မိမိတို့ မကွေးခရိုင်အမှတ်...
06/01/2026

မွေးနေ့ရှင် ကိုလွှမ်းအောင်ဖြိုးမှ ကြက်ဆီပြန်ဟင်း၊အစိမ်းကြော်၊ငရုတ်သီးထောင်း၊အချဉ်ဟင်းတို့ဖြင့် မိမိတို့ မကွေးခရိုင်အမှတ် ၂တပ်ရင်း အား အဟာရဒါန လှူဒါန်းခဲ့ပါသည်။ ယခုလို လှူဒါန်းရတယ့်အကျိုးကြောင့် မွေးနေ့ရှင် Hlwan ဒီထက်ပိုပြီး လှူနိုင်တန်းနိုင်ပါစေခင်ဗျ❤️
6.1.2026
မကွေးခရိုင် အမှတ် ၂ တပ်ရင်း

Address

Main Street
Yenangyaung
04161

Alerts

Be the first to know and let us send you an email when မကွေးခရိုင် အမှတ် ၂ တပ်ရင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to မကွေးခရိုင် အမှတ် ၂ တပ်ရင်း:

Share