𝙋𝙚𝙤𝙥𝙡𝙚'𝙨 𝘿𝙚𝙛𝙚𝙣𝙨𝙚 𝘾𝙤𝙢𝙧𝙖𝙙𝙚

  • Home
  • Myanmar
  • Ye-u
  • 𝙋𝙚𝙤𝙥𝙡𝙚'𝙨 𝘿𝙚𝙛𝙚𝙣𝙨𝙚 𝘾𝙤𝙢𝙧𝙖𝙙𝙚

𝙋𝙚𝙤𝙥𝙡𝙚'𝙨 𝘿𝙚𝙛𝙚𝙣𝙨𝙚 𝘾𝙤𝙢𝙧𝙖𝙙𝙚 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝙋𝙚𝙤𝙥𝙡𝙚'𝙨 𝘿𝙚𝙛𝙚𝙣𝙨𝙚 𝘾𝙤𝙢𝙧𝙖𝙙𝙚, Political organisation, ဒီမိုကရေစီလမ်း, Ye-u.

"ရေဦးမြို့နယ်အနောက်ခြမ်းဇုံ 𝐏𝐃𝐂✰အမေ့သား✰တော်လှန်သတင်းဌာနဖြစ်သည်။ မြေပြင်ခွေးစစ်ကြောင်းလှုပ်ရှားမှုများ/ဝေဟင်သတင်းများကို အချိန်နဲ့တပြေးညီ ထုတ်ပြန်လျှက်ရှိပါသည်📡

06/06/2026

🔴စစ်ကိုင်းတိုင်း-ရေဦး🔴
💥Airstrike💥

💥 ရေဦးမြို့နယ်မြောက်ဘက်ခြမ်း ပန်းကုံးရွာအနီး(တနေရာ)ကို ရွှေဘိုလေ့ကျင့်ရေး(၈)တက် Kamikaze Su***de Drone-အသေခံဒရုန်း (၁)စီးဖြင့် ယနေ့ညနေပိုင်း(2:50 PM)ခန့်တွင် လေကြောင်းတိုက်ခိုက်မှု အကြောင်းမဲ့ပြုလုပ်သွားပါသည် ။

စစ်ရေးလှုပ်ရှားခြင်းမရှိသည့် ရေဦးနယ်မြောက်ဘက်ခြမ်း ပန်းကုံးကျေးရွာအနီး အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ အကြမ်းဖက်စစ်ကော်မရှင်မှ အသေခံဒရုန်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါတယ် ။

မိဘပြည်သူများနဲ့ တော်လှန်ရေးရဲဘော်များအနေဖြင့် လေကြောင်းအသိသတိရှိကြရန်နှင့် လက်နက်ကြီးအန္တရာယ် အထူးဂရုစိုက်နေထိုင်ပေးကြရန် အသိပေးအပ်ပါသည် ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

JUN 6, 2026/⌚18:12
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

03/06/2026

💢စစ်ကိုင်းတိုင်း-ရေဦး💢

📌 ရေဦးမြို့နဲ့အနီးဝန်းကျင်ရှိကျေးရွာများ လက်နက်ကြီးအန္တရာယ် အထူးဂရုစိုက်နေထိုင်ပေးကြပါ ၊ ယခုရက်ပိုင်း ရေဦးမြို့ပေါ်မှ အကြမ်းဖက်စစ်ခွေးအုပ်စုဟာ သေပန်းပွင့်ကာ လက်နက်ကြီးဖြင့် အနီးဝန်းကျင်ရှိ ​ကျေးရွာများဘက်ကို နေ့ရောညပါ ရမ်းကားပစ်ခတ်တာတွေပြုလုပ်နေသောကြောင့် အထူးဂရုစိုက်နေထိုင်ပေးကြဖို့ အသိပေးအပ်ပါသည် ။

ယနေ့ညနေပိုင်းကလည်း အနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်ထားပါသေးတယ် ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

JUN 3, 2026/⌚20:44
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ ✰အမေ့သား✰ တော်လှန်သတင်းဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

🔴စစ်ကိုင်းတိုင်း-ရေဦး🔴💥Airstrike💥💥Update: ရေဦးမြို့နယ်မြောက်ဘက်ခြမ်း ပန်းကုံးရွာအနီး ရေဦး-တန့်ဆည်ကားလမ်းဘေး(တနေရာ)ကို...
03/06/2026

🔴စစ်ကိုင်းတိုင်း-ရေဦး🔴
💥Airstrike💥

💥Update: ရေဦးမြို့နယ်မြောက်ဘက်ခြမ်း ပန်းကုံးရွာအနီး ရေဦး-တန့်ဆည်ကားလမ်းဘေး(တနေရာ)ကို တိုက်ပွဲဖြစ်ထားခြင်းလည်းမရှိ စစ်ရေးလှုပ်ရှားမှုလည်းမရှိပဲ မိတ္ထီလာရှမ်းတဲလေတပ်/တံတားဦးလေတပ်တို့မှ JF-17 Thunder/A-5 Bomber ဂျက်ဖိုက်တာ (၂)စီး အသုံးပြု၍ အကြမ်းဖက်စစ်ကော်မရှင်မှ ယမန်နေ့ညနေပိုင်း(2.JUN.2026/ 3:19 PM, 3:21 PM, 3:31 PM, 3:33 PM, 3:35 PM)ခန့်တွင် လေကြောင်းတိုက်ခိုက်မှု (၅)ကြိမ်ပြုလုပ်သွားပါသည် ။
အကြမ်းဖက်စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်သွားသည့် နေရာအနီးဝန်းကျင်တွင် စျေးဆိုင်ခန်းများရှိပြီး အရပ်သားပြည်သူများသွားလာနေချိန်ဖြစ်ပါသည် ။

ဂျက်ဖိုက်တာ (၂)စီး အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူတစ်ဦး (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ရပါသည် ။

ဇွန်လ (၁)ရက်နေ့ ညနေပိုင်းကလည်း ရေဦးမြို့ပေါ်က အကြမ်းဖက်စစ်​ကော်မရှင် လက်ပါးစေ စစ်ခွေးအုပ်စုမှ လက်နက်ကြီး (၅)လုံး မြောက်ဘက်ခြမ်းကျေးရွာတွေဘက်ကို ရမ်းကားပစ်ခတ်ခဲ့ပါသေးသည် ။

အကြမ်းဖက်စစ်ကော်မရှင်ဟာ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများ ဆေးရုံဆေးခန်း စာသင်ကျောင်း ဘုန်းကြီးကျောင်း တို့ကို ဇန်နဝါရီလ (၁၀)ရက်နေ့မှစ၍ ဇွန်လ (၂)ရက်နေ့အထိ ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း (၁၈)ကြိမ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုကျုးလွန်းထားပြီးဖြစ်ပါသည် ။

မိဘပြည်သူများနဲ့ တော်လှန်ရေးရဲဘော်များ လေကြောင်းအန္တရာယ်/ လက်နက်ကြီးအန္တရာယ် အထူးဂရုစိုက်ပေးကြပါ ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

JUN 3, 2026/⌚11:17 AM
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်✰အမေ့သား✰တော်လှန်သတင်းဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

🔴စစ်ကိုင်းတိုင်း-ရေဦး🔴💥Airstrike💥💥 ရေဦးမြို့နယ်မြောက်ဘက်ခြမ်း ကျေးရွာတွေဘက်ကို တိုက်ပွဲဖြစ်ထားခြင်းလည်းမရှိ စစ်ရေးလှုပ...
02/06/2026

🔴စစ်ကိုင်းတိုင်း-ရေဦး🔴
💥Airstrike💥

💥 ရေဦးမြို့နယ်မြောက်ဘက်ခြမ်း ကျေးရွာတွေဘက်ကို တိုက်ပွဲဖြစ်ထားခြင်းလည်းမရှိ စစ်ရေးလှုပ်ရှားမှုလည်းမရှိပဲ မိတ္ထီလာရှမ်းတဲလေတပ်/တံတားဦးလေတပ်တို့မှ JF-17 Thunder/A-5 Bomber ဂျက်ဖိုက်တာ (၂)စီး အသုံးပြု၍ အကြမ်းဖက်စစ်ကော်မရှင်မှ ယနေ့ညနေပိုင်း(3:19 PM, 3:21 PM, 3:31 PM, 3:33 PM, 3:35 PM)ခန့်တွင် လေကြောင်းတိုက်ခိုက်မှု (၅)ကြိမ်ပြုလုပ်သွားပါသည် ။
(ထိခိုက်မှု/ပျက်စီးမှု အခြေအနေ မသိရသေးပါ / အသေးစိပ်သိရပါက ထပ်မံတင်ပြပေးသွားပါ့မည်)

မိဘပြည်သူများနဲ့ တော်လှန်ရေးရဲဘော်များ လေကြောင်းအန္တရာယ်/ လက်နက်ကြီးအန္တရာယ် အထူးဂရုစိုက်ပေးကြပါ ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

JUN 2, 2026/⌚15:57
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်✰အမေ့သား✰တော်လှန်သတင်းဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

02/06/2026

⚠️စစ်ကိုင်းတိုင်း-ရေဦး⚠️

ရေဦးမြို့နယ်မြောက်ဘက်ခြမ်း(တနေရာ)တွင် တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ (၁) ထပ်မံရောက်ရှိပျံသန်းဝဲနေပါတယ် ။
ရေဦးနယ်အတွင်းရှိ မိဘပြည်သူများနဲ့ တော်လှန်ရေးရဲဘော်များ လေကြောင်းအသိ လေကြောင်းသတိရှိကြရန် လုံခြုံသည့်နေရာများမှာနေထိုင်ပေးကြပါရန် သတိပေးအပ်ပါတယ် ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

JUN 2, 2026/⌚15:31
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရေဦးမြို့နယ်✰အမေ့သား✰တော်လှန်သတင်းဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

02/06/2026

⚠️စစ်ကိုင်းတိုင်း-ရေဦး⚠️

ရေဦးမြို့နယ်မြောက်ခြမ်း(တနေရာ)တွင် မိတ္ထီလာရှမ်းတဲလေတပ်တက် ဂျက်ဖိုက်တာ (၁) ရောက်ရှိပျံသန်းဝဲနေပါတယ် ။
ရေဦးနယ်အတွင်းရှိ မိဘပြည်သူများနဲ့ တော်လှန်ရေးရဲဘော်များ လေကြောင်းအသိ လေကြောင်းသတိရှိကြရန် လုံခြုံသည့်နေရာများမှာနေထိုင်ပေးကြပါရန် သတိပေးအပ်ပါတယ် ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

JUN 2, 2026/⌚15:19
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရေဦးမြို့နယ်✰အမေ့သား✰တော်လှန်သတင်းဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

02/06/2026

⚠️စစ်ကိုင်းတိုင်း-ဒီပဲယင်း⚠️✈

ဒီပဲယင်းနယ် အရှေ့ခြမ်းကိုဖြတ်၍ မိတ္ထီလာရှမ်းတဲလေတပ်တက် ဂျက်ဖိုက်တာ (၁)စီး မြောက်အရပ်သို့ ဦးတည်ပျံသန်းလာနေသောကြောင့် တော်လှန်မိဘပြည်သူများနဲ့ တော်လှန်ရေးရဲဘော်များ လေကြောင်းအသိ​လေကြောင်းသတိရှိကြပါရန် လုံခြုံသည့်နေရာများမှာ နေထိုင်ပေးကြဖို့ 𝗣𝗗𝗖မှ အသိပေးအပ်ပါသည်။

⚠️စစ်ကိုင်းတိုင်း-ဒီပဲယင်း-ရေဦး-ခင်ဦး-တန့်ဆည်-ကန့်ဘလူ-ကျွန်းလှ⚠️✈ လေကြောင်း သတိပြု ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

JUN 2, 2026/⌚15:16
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်✰အမေ့သား✰တော်လှန်သတင်းဌာန📡
(Telegram)
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

31/05/2026

နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကော်မရှင်၏ မြေပြင်စစ်ရေးလှုပ်ရှားမှုများ နှင့် လေကြောင်းတိုက်ခိုက်မှုများ ရှိလာပါက မိဘပြည်သူများသိရှိနိုင်စေရန် အချိန်နဲ့တပြေးညီ တင်ပြထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည် ။
ယခုရက်ပိုင်း သတင်းများ ခေတ္တခဏရပ်နားထားသောကြောင့် မိဘပြည်သူများကို အနှုးအညွှတ်တောင်းပန်အပ်ပါသည် ။ နယ်မြေအတွင်း ထူးခြားမှုများရှိလာပါလျှင် အချိန်နဲ့တပြေးညီ တင်ပေးသွားမည်ဖြစ်ပါသည် ။

ပြီးခဲ့သည့်ရက်ပိုင်းက ရေဦးမြို့ပေါ် ပေါ်တာဆွဲခံရသည့် လူငယ်လူရွယ်များကို Mi-17 စစ်ခွေးထောက်ပို့ယာဥ်တို့ဖြင့် လာရောက်ခေါ်ဆောင်ကာ နမခသို့ ပို့ဆောင်လိုက်ပြီဖြစ်တယ် လို့ စိတ်မကောင်းစွာကြားသိရပါတယ် ။ အနီးဝန်းကျင်ရွာတွေဘက်ကိုလည်း ရေဦးမြို့ပေါ်ကနေ လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့ပါသည် ။
ရေဦးမြို့ပေါ်နေ ပြည်သူများ အထူးဂရုစိုက်နေထိုင်ပေးကြပါ ၊ နယ်တွေဘက်ကနေ မြို့ပေါ်သို့ အကြောင်းအမျိုးမျိုးကြောင့် သွားလာနေကြသော ပြည်သူများလည်း အထူးသတိပြု စုံစမ်းသွားလာကြပါ ။

နယ်မြေအတွင်းရှိ မိဘပြည်သူများအားလုံး မြေပြင်စစ်ရေးအသိသတိ လက်နက်ကြီးအန္တရာယ် လေကြောင်းအသိသတိတို့ဖြင့် နေထိုင်ပေးကြဖို့ PDCမှ အသိပေးအပ်ပါသည် ။
ယခုရက်ပိုင်း လေမိုးအန္တရာယ် မိုးကြိုးအန္တရာယ်တို့ကိုလည်း အထူးဂရုစိုက်နေထိုင်ပေးကြပါခင်ဗျာ ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

MAY 31, 2026
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်✰အမေ့သား✰တော်လှန်သတင်းဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

29/05/2026

28 May 2026
မင်းတို့ထဲက အများစုဟာ ကိုယ့်စိတ်နဲ့ဝင်ခဲ့ကြတာမဟုတ်ဘူးဆိုတာ ပြည်သူတွေနားလည်ပါတယ်။
ပြည်သူဘက် သေနတ်ပြောင်းမလှည့်ဖို့ ဆုံးဖြတ်ပီး မင်း တို့ရဲ့ အနာဂတ်ကို ပြန်စနိုင်ပါတယ်။ကြောက်စရာမလိုဘူး။
နောက်ကျတယ်ဆိုတာမရှိဘူး။
ဒီနေ့လုပ်တဲ့ ဆုံးဖြတ်ချက်က
မင်း ဘဝတစ်ခုလုံးကို ပြောင်းလဲနိုင်ပါတယ်။
*ပြည်သူဘက်ရပ်တည်ပါ
အလင်းထဲပြန်လာပါ*

#ရေဦးမြီု့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်✰အမေ့သား✰တော်လှန်သတင်းဌာန📡

Operation OTT ကာလအတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထု၏ အိုးအိမ်ပျက်ဆီးမှု မှတ်တမ်းများ ထ...
26/05/2026

Operation OTT ကာလအတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထု၏ အိုးအိမ်ပျက်ဆီးမှု မှတ်တမ်းများ ထုတ်ပြန်ခြင်း

၁။ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာအနေနှင့် Operation OTT ကာလအတွင်းတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်ဆီးမှုများ မရှိစေရေးအတွက် အထူးဂရုပြု၍ ဆောင်ရွက်ခဲ့ပါသည်။
၂။ စစ်ဆင်ရေးကာလအတွင်းတွင် ပြည်သူများ အသက်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိအောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူပိုင်နေအိမ် အဆောက်အဦး (၃၂) လုံးပျက်ဆီးခဲ့ရပြီး ကား (၆) စီး ပျက်ဆီးခဲ့ရပါသည်။
၃။ အဆိုပါ အိုးအိမ်စည်းစိမ်ပျက်ဆီးခဲ့ရသည့် မိသားစုများအတွက် လိုအပ်သည်များကို ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတဆင့်ဖြစ်စေ၊ အခြား လူမှုကူညီရေးအဖွဲ့များမှတဆင့်ဖြစ်စေ ဝိုင်းဝန်းပံ့ပိုးကူညီကြရန်လည်း မိဘပြည်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများ​ကို အကူအညီတောင်းခံအပ်ပါသည်။

မှတ်ချက်။ ။ ယခု မှတ်တမ်းများသည် စစ်ဆင်ရေးကာလအတွင်း မိမိတို့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနမှ ပြုစုထားခြင်းဖြစ်ပြီး ယခုထက်ပိုမိုများနိုင်ပါသည်။
https://www.facebook.com/share/17fnGsFeFf/

တော်လှန်ရေးသစ္စာဖြင့်

အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာန
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်✰အမေ့သား✰တော်လှန်သတင်းဌာန📡

Address

ဒီမိုကရေစီလမ်း
Ye-U

Website

Alerts

Be the first to know and let us send you an email when 𝙋𝙚𝙤𝙥𝙡𝙚'𝙨 𝘿𝙚𝙛𝙚𝙣𝙨𝙚 𝘾𝙤𝙢𝙧𝙖𝙙𝙚 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share