03/06/2026
#ပြည်သူ့ပါတီ ဗဟိုအမျိုးသမီးနှင့်ကလေးသူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး
ရန်ကုန် ၊ ၃ ဇွန်လ ၂၀၂၆
ပြည်သူ့ပါတီ ဗဟိုအမျိုးသမီးနှင့် ကလေးသူငယ်ရေးရာကော်မတီ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက် ၊ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းတွင် ပြည်သူ့ပါတီ ဗဟိုဌာနချုပ်ရုံး၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည် ။
ပြည်သူ့ပါတီ ဗဟိုဥက္ကဋ္ဌ ဦးဖေသက်က အဖွင့်အမှာစကားပြောကြားပြီး၊ ပါတီ ဗဟိုအမျိုးသမီးနှင့်ကလေးသူငယ်ရေးရာကော်မတီ တာဝန်ခံ၊ ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်စန္ဒာဝင်းက ပဏာမရှင်းလင်းဆွေးနွေးသည် ။
ပြည်သူ့ပါတီ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးစီစဥ်ခဲ့ကြသည် ။
#ဗဟိုပြန်ကြားရေးပြည်သူ့ပါတီ
#ပြည်သူ့ပါတီ