02/06/2026
[English below]
ဇွန်လ ၁ ရက်နေ့က Pride Month ရဲ့ လ အစ ဖြစ်ပါတယ်။ အခုလို အချိန် အခါသမယမှာ နယ်သာလန်နိုင်ငံရဲ့ ဝန်ကြီးချုပ် Rob Jetten က အောက်ပါ ဗီဒီယိုနဲ့ သတင်းစကား ပါးလိုက်ပါတယ်။
ချစ်ခြင်းမေတ္တာတရားဆိုတာ ပုံစံမျိုးစုံနဲ့ ပေါ်ထွန်းနိုင်သလို လူတိုင်းဟာ မိမိရဲ့ ဖြစ်တည်မှု အလျောက် လွတ်လပ်စွာ နေထိုင်ခွင့် ရသင့်တယ်ဆိုတာ ကမ္ဘာကြီးကို ပြသနိုင်ဖို့ အရေးကြီးကြောင်း ဝန်ကြီးချုပ်က အလေးပေး ပြောကြား သွားပါတယ်။ ဥရောပရဲ့ နွေရာသီ ဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်လမှာ အမ်စတာဒမ်မြို့မှာ World Pride ပွဲကို လက်ခံကျင်းပသွားမှာမို့ နယ်သာလန်နိုင်ငံအနေနဲ့ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ LGBTIQ+- တို့ရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံက ဆက်လက် ထောက်ခံ အားပေး သွားမှာ ဖြစ်ပါတယ်။
Yesterday the 1st of June marked the start of Pride Month. On the occasion, the Prime Minister of the Kingdom of the Netherlands, Rob Jetten, has shared the following video message, highlighting the importance of showing the world that love comes in many different forms and that everyone should be free to be themselves. We are proud to be hosting World Pride in Amsterdam this summer, and continue to advocate for LGBTIQ+-rights around the globe, including in Myanmar.
"ကမ္ဘာမှာ ပထမဦးဆုံး ဖြစ်တဲ့ တန်းတူ ထိမ်းမြားခွင့်ဆိုင်ရာ ဥပဒေကို နယ်သာလန်နိုင်ငံမှာ ပြဌာန်းခဲ့တာ ယခုနှစ် ဆိုရင် ၂၅ နှစ် တိတိ တိုင်ခဲ့ပါပြီ။ ဒါက တကယ့် သမိုင်းမှတ်တိုင်ပါပဲ။ ဓါတ်ပုံတွေလည်း ကမ္ဘာအနှံ့ ပျံ့နှံ့သွားတယ်။ ဒါပေမယ့် သတင်းစာ ခေါင်းကြီးပိုင်းမှာ ဒီသတင်းအကြောင်း ပါတာထက် ပို အရေးကြီးတာက ဒါတွေရဲ့ နောက်ကွယ်က သတင်းစကား တစ်ခုပါပဲ။ မိတ်ဆွေက တခြားသူတွေနဲ့ တန်းတူပါပဲ။ ဒီ သတင်းစကားက ကျွန်တော့်ကို နေ့စဥ် တွန်းအား ပေးနေတာပါပဲ။ လူတိုင်းဟာ မိမိရဲ့ ဖြစ်တည်မှုအတိုင်း လွတ်လပ်စွာ နေထိုင်ခွင့်ရှိတယ်ဆိုတဲ့ သတင်းစကားနဲ့ ကိုယ်ရွေးချယ်တဲ့သူအပေါ် မေတ္တာ ထားခွင့် ရှိတယ် ဆိုတာပါပဲ။ ဒါဟာ သိသာထင်ရှားတဲ့ အကြောင်း တရားပဲလို့ ထင်ရပေမယ့် တချို့နေရာတွေမှာတော့ ဒီလို အခြေအနေမျိုး မရှိသေးပါဘူး။ ဒါကြောင့် Pride Month က အလွန်ပဲ အရေးကြီးပါတယ်။ ချစ်ခြင်းမေတ္တာတရားဆိုတာ ပုံစံမျိုးစုံနဲ့ ပေါ်ထွန်းနိုင်ပြီး လတိုင်းရဲ့ နေ့တိုင်းမှာ ဒါကို အသိအမှတ်ပြု အထိမ်းအမှတ် ပြုသင့်တယ် ဆိုတာ ပြသဖို့ ဒီနှစ် (ဥရောပ) နွေရာသီမှာ World Pride ကို အမ်စတာဒမ် မြို့မှာ လက်ခံ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်၊ ကျွန်တော့် အတွက်တော့ လတိုင်းက Pride Month ပါပဲ။”-ဝန်ကြီးချုပ် Rob Jetten