အေထြေထြဗဟုသုတ

အထွေထွေဗဟုသုတ သိမှတ်ဖွယ်
အသွယ်သွယ်
နှင့်သုတရသအစံ?

မာလကာပင်၊သက်ရှိစည်းရိုးကဗက ငခန့် ပါ။😁😁😁
13/07/2025

မာလကာပင်၊
သက်ရှိစည်းရိုးက
ဗက ငခန့် ပါ။😁😁😁

08/07/2025

သိသင့်တာလေးထဲကတခု၊
ဆေ့ထားရင် အသုံးဝင်မယ်။👌

08/07/2025

post အဟောင်းလေးဖျက်ခံထာရလို့
ပြန်လည်ကူးယူပေးတာ။နားလည်ပေးပါ။
Edit: v fileပါaccသည်page နှင့်မသက်ဆိုင်ပါ။

30/05/2025
29/05/2025

AA နှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး အပေါ် စစ်ကောင်စီက ကန့်ကွက်မှုကြောင့် ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနှင့် စစ်သံမှူး တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ရုပ်သိမ်းလိုက်ပြီး နှစ်နိုင်ငံသံတမန်ရေး အတင်းမာဆုံးရောက်ရှိ

ရန်ကုန်၊ မေ ၂၉

ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနှင့် စစ်သံမှူး ဗိုလ်မှူးချုပ်Aftab Hossain တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ခေါ်ယူလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Md. Monowar Hossain ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာသို့ ချက်ခြင်းပြန်လည် ခေါ်လိုက်ကြောင်း ၊ သံအမတ်ကြီး Md. Monowar Hossainသည် ၂၀၂၃ ခုနှစ်တွင် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ လတ်တလော နှစ်နိုင်ငံအကြား သံတမန်အရေး တင်းမာမှုများကြောင့် ပြန်လည် ခေါ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

သံတမန်သတင်းရင်းမြစ်များ၏ အဆိုအရ ရခိုင်ပြည်နယ်တွင် နယ်မြေစိုးမိုးချုပ်ကိုင်ထားသော AA နှင့် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများအကြား အဆက်အသွယ်ရှိသည်ဟု စစ်ကောင်စီက ကန့်ကွက်ခဲ့ပြီးနောက် ယခုကဲ့သို့ သံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက သံတမန်ရေးအရ ဘင်္ဂလားဒေ့ရှ်ကို တရားဝင် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယခုမေလအစောပိုင်း ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် Aftab Hossain ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။

29/05/2025

Better late than never ဆိုတဲ့ စကားလိုပဲ တောင်ပိုင်းဟာ သူများတွေထက် ခြေတလှမ်း နောက်ကျသလို ဖြစ်နေပေမယ့် လတ်တလောမှာ ပီပီပြင်ပြင် စစ်ရေး ဖော်ဆောင်နေတာ တွေ့ရတယ်။ ဒီနေ့ တနေကုန် တောင်ပိုင်းက သတင်းတွေ စောင့်ကြည့်နေတာ အားရစရာတွေ အများကြီး ကြားရတယ်။ ဘလယ်ဒိုကို သိမ်းပြီးတဲ့နောက် အကာအကွယ် မဲ့သွားတဲ့ သေဘောဘိုးကို ဆက်တိုးနေတယ်။ သေဘောဘိုး ရရင်တော့ တာအိုးထ စခန်း (တောင်နီ) နဲ့ ပေါ်လစီကားတောင် ရိုက်ခဲ့ရတဲ့ ဥကရစ်ထ စခန်းတို့ ဆီကို ရောက်မယ်။ အဲဒါကျော်ရင် ဝေါလေဗျူဟာပဲ။

ဒီနေရာမှာ တစ်ခု စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စက သေဘောဘိုးနဲ့ အဲဒီစခန်းတွေ ကြားထဲမှာ DKBA ဌာနချုပ် ဆုံစည်းမြိုင် ရှိနေတယ်။ စစ်ရှုံးကောင်စီ တပ်တွေက အဲဒီ ဆုံစည်းမြိုင်မှာပါ တပ်စွဲပြီး ခုခံ ချင်ပေမယ့် DKBA က လက်မခံဘူးလို့ ငြင်းလိုက်တယ်။ အဲဒီတော့ ဝေါလေဗျူဟာက တက်လာတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကူ စစ်ကြောင်းဟာ အကာအကွယ် ပေးမယ့်သူ မရှိတော့ဘဲ ဝိုင်းအမဲဖျက် ခံရပြီး တကြောင်းလုံး ပြုတ်သွားတယ်။ ဒီအခါမှာ စစ်ရှုံးကောင်စီဟာ အညှိုးနဲ့ ဆုံစည်းမြိုင်ကို ဗုံးကျဲလိုက်လို့ ကလေးငယ် တစ်ယောက် သေသွားတယ်။

ဒါဟာ NCA ထိုးထားတဲ့ DKBA အပေါ် စစ်ရှုံးကောင်စီက စစ်ကြေညာတဲ့ သဘော သက်ရောက်တယ်။ DKBA ဟာ လက်ရှိ အချိန်ထိ ဘယ်ဘက်ကမှ ပေါ်ပေါ်ထင်ထင် မပါဘဲ ကြားနေ ဆန်ဆန် ရပ်တည်နေပေမယ့် မင်းအောင်လှိုင်က စစ်ပွဲထဲ အတင်းဆွဲသွင်း နေတယ်။ လက်ရှိမှာ BGF နဲ့လည်း သိပ်အစေးမကပ် ဖြစ်နေတဲ့ စစ်ရှုံးကောင်စီဟာ DKBA နဲ့ပါ ရန်သူဖြစ်သွားရင် တောင်ပိုင်းမှာ မဟာမိတ် မရှိသလောက် ဖြစ်သွား လိမ့်မယ်။ လက်ရှိမှာတော့ သေဘောဘိုးနဲ့ ဝေါလေ တလျှောက်မှာ စခ အင်အား ထောင်ချီ ပို့ထားပြီး ခုခံဖို့ ကြိုးစားနေပေမယ့် ထောက်ပို့ လမ်းကြောင်းတွေ ဖြတ်တောက် ခံထားရတယ်။

တောင်ပိုင်းက ခုလို ထိုးစစ်ကြီး ပြင်းပြင်းထန်ထန် လုပ်လာတဲ့ အချိန်မှာ ကရင်ပြည်နယ် သာမက မွန်ပြည်နယ်၊ တင်္နသာရီနဲ့ ပဲခူးဘက်မှာလည်း စစ်ရေး လှုပ်ရှားမှုတွေ ပိုအားကောင်း လာစေတယ်။ ရန်ကုန်နဲ့ မိုင် ၅၀ လောက်ပဲ ဝေးတဲ့ ဘောနက်ကြီး ဘက်မှာတောင် တိုက်ပွဲတွေ ဖြစ်နေတာ စခတွေက လာတိုက်တာနဲ့ စခန်းစွန့်ပြီး ပြေးကြလို့ လက်နက်တွေ ရကြတယ် ကြားတယ်။ ကျောက်ကြီး ဘက်မှာလည်း စစ်ကြောင်းထိုး တက်လာသမျှ တကြောင်းလုံး ပြုတ်ပြီး ပြန်ပြန်ပြေးရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ အုတ်ဖိုတို့၊ သာယာဝတီတို့၊ ပေါင်းတည်တို့ တလျှောက်မှာ ဆိုရင်လည်း ရိုးမပေါ်က ဆင်းလာတဲ့ PDF တပ်တွေနဲ့ စခတပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်တာ ခုနောက်ပိုင်း တဖြည်းဖြည်း စိတ်လာနေပြီ။

ရခိုင်မှာတော့ ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲက တော်တော် အရှိန်ရနေပြီ။ အမှတ် ၃၂ ရဲတပ်ရင်း နားအထိ AA တပ်တွေ ရောက်လာလို့ တရုတ် OGT ဓာတ်ငွေ့ စက်ရုံက ဝန်ထမ်းတွေ ပြေးကုန်ကြပြီ။ စစ်ရှုံးကောင်စီဟာ တရုတ်ဆီက အကူအညီ တောင်းထားတဲ့ ဒရုန်းကျွမ်းကျင် စစ်သားတွေကို ကျောက်ဖြူ ဘက်မှာ သုံးနေတယ်လို့ သတင်းကြားတယ်။ ဒါဟာ တော်လှန်ရေး တပ်တွေကို သူတို့ အရည်အချင်းနဲ့ ဘယ်လိုမှ တိုက်လို့ မနိုင်တော့ပါဘူး ဆိုပြီး တရုတ်ကို ချပြရတဲ့ သဘော ပဲ။ အဲဒီလို အကူအညီတွေ ရထားတာတောင် အသာစီး မရဘဲ တောက်လျှောက် စခန်းတွေ အသိမ်းခံ နေရလို့ ပိုပြီး အရှက်ရစရာ ဖြစ်နေတယ်။ AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ဧရာဝတီ ထိုးစစ်ကလည်း အင်္ဂပူ၊ ကွင်းကောက် အထိ ရောက်နေပြီ။

ကချင်ဘက်မှာလည်း လတ်တလော စစ်ရေး အခြေအနေတွေ တော်တော် ပြင်းထန်နေတယ်။ ရဟတ်ယာဉ် နှစ်စင်းကို ပစ်ချ နိုင်ခဲ့ပြီးတဲ့နောက် စိတ်ဓာတ် တက်ကြွနေတဲ့ တော်လှန်ရေး တပ်တွေဟာ ဗန်းမော် မြို့သိမ်း တိုက်ပွဲကို အပြီးသတ်နိုင်ဖို့ ဆက်ပြီး ကြိုးစားနေတယ်။ စခတွေဟာ မြို့ထဲက အထပ်မြင့် တိုက်တွေမှာ စခန်းချပြီး ခုခံနေလို့ အဲဒီတိုက်တွေ တခုပြီး တခု လိုက်သိမ်း နေတယ်။ အဲဒီဘက်ကို အဖိခံနေရတာ သက်သာအောင် ဖားကန့်-လုံးခင် ဘက်ကနေ စစ်ကြောင်း ထိုးလာတဲ့ တပ်တွေကလည်း လမ်းမှာ အကြိမ်ကြိမ် ဖြတ်တိုက်ခံရလို့ အင်အား ၆၀၀ လောက် စစ်ကြောင်းက မြို့ထဲရောက်တော့ ၁၀၀ ကျော်ပဲ ကျန်တော့သတဲ့။

ရန်ကုန်နားကို တော်လှန်ရေး တပ်တွေ ရောက်နေသလို နေပြည်တော် တပ်ကုန်းဘက်နဲ့ မိုင် ၅၀ ကျော်ပဲ ဝေးတဲ့ ဆောင်းပြောင်း ရွာမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ကရင်နီက KNDF နဲ့ တော်လှန်ရေး တပ်တွေက ပင်းလောင်း-လွိုင်ကော်လမ်းနဲ့ ပင်လောင်း- နေပြည်တော် လမ်းတွေကို စိုးမိုးဖို့ ထိုးစစ် ဆင်လာလို့ စစ်ရှုံးကောင်စီ တပ်တွေနဲ့ PNO ပအိုဝ်း တပ်တွေ အသည်းအသန် ခုခံနေရတယ်။ စခန်းတချို့ သိမ်းနိုင်ပြီး PNO က လူသိများတဲ့ ဗိုလ်မှူး တစ်ယောက် ကျသွားတယ်။ ကရင်နီ တပ်တွေဟာ ဘော်လခဲ ဘက်မှာ စခန်းသိမ်း နိုင်တာတွေ ရှိသလို မိုးဗြဲဘက်မှာလည်း ဆုတ်ပေး လိုက်ရတဲ့ စခန်းတွေ ပြန်ရပြီလို့ သတင်းထုတ်တာ တွေ့ရတယ်။

ချင်းဘက်မှာ စစ်ရှုံးကောင်စီဘက်က ဆုံးရှုံးသွားတဲ့ မြို့တွေ ပြန်ရဖို့ အင်အား ၈၀၀ လောက်နဲ့ ချင်းတောင်ပေါ် တက်လာပေမယ့် ရာသီဥတု ကြောင့်ရော၊ နယ်မြေ မကျွမ်းကျင်မှု ကြောင့်ရော ချင်းတော်လှန်ရေး တပ်တွေကို မကျော်နိုင် ဖြစ်နေတယ်။ ဒီလို လာတိုက်တဲ့ အတွက် ကောင်းကျိုး တစ်ခုက ဆက်ဆံရေး သိပ်အဆင်မပြေတဲ့ CC နဲ့ CB ကို ပြန်ပူးပေါင်း သွားစေပြီး ဘုံရန်သူကို စည်းစည်းလုံးလုံးနဲ့ တိုက်ထုတ် နေတာ တွေ့ရတယ်။ စစ်ရှုံးကောင်စီဟာ နောင်ချို ဘက်မှာလည်း အလားတူ မြို့ကို ပြန်ရဖို့ တိုက်စစ်ဆင်နေပြီး အဲဒီဘက်မှာတော့ TNLA သိမ်းပိုက် ထားတဲ့ နေရာတချို့ လက်လွှတ်ခဲ့ ရတယ်လို့ သိရတယ်။

ဒီတစ်ပတ် ထူးခြားသတင်း ကတော့ မြင်းခြံ လွင်ပြင် တဝိုက် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး ဘက်တွေမှာ အခုတပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ထိုးစစ်ကြီးတွေ အကြောင်းပဲ။ တောင်သာမှာ ဆိုရင် ထနောင်းကုန်း ဆိုတဲ့ ပျူရွာကို တော်လှန်ရေး တပ်တွေ ဝင်စီးတာ ပျူခေါင်းဆောင် ခွေးပြေး ဝက်ပြေး ထွက်ပြေးရတယ်။ နွားထိုးကြီးမှာလည်း ထန်းဇင်ရွာက တရုတ် ဂတ်စ်ပိုက်လိုင်းစောင့် စခ စခန်း ဝင်စီးခံရတယ်။ မြင်းခြံမှာလည်း မြို့ပေါ် ၄ နေရာကို တပြိုင်တည်း ဝင်တိုက်တာ စခတွေ တော်တော် ထိတယ်ပြောတယ်။ မကွေးတိုင်းထဲက စလင်းလို နေရာမှာတောင် ရွာမီးရှို့ဖို့ လာတဲ့ စခစစ်ကြောင်းကို ဖြတ်တိုက်တာ အကောင် ၃၀ လောက် ကြွတယ်။

လက်ရှိမှာ NUG ဘက်က သူတို့ ဖွင့်ထားတဲ့ ကျောင်းတွေ အားလုံး ယာယီ ပိတ်ခိုင်းထားတယ်။ ဒါဟာ ကလေးတွေကို လေကြောင်းကနေ လိုက်သတ်နေတဲ့ စစ်ရှုံးကောင်စီရဲ့ ရှုံးမဲ မဲနေတဲ့ လုပ်ရပ်ကို ကြိုတင် ကာကွယ်တဲ့ သဘော ဖြစ် သလို တဘက်မှာလည်း အထွေထွေ ထိုးစစ်ကြီး စဖို့အတွက် ပြင်ဆင်မှုလားလို့ တွေးမိတယ်။ တစ်ဘက်မှာလည်း လေကြောင်း ကာကွယ်ရေး အတွက် လိုအပ်တာ တချို့ ထပ်ရတယ် ဆိုတာ ကြားမိတယ်။ လက်ရှိမှာ မင်းအောင်လှိုင်ရဲ့ စစ်ရှုံး ကောင်စီဟာ ရွေးကောက်ပွဲကို ထွက်ပေါက် ဖြစ်လာဖို့ မျှော်လင့် နေပေမယ့် အာဆီယံ ကတောင် ရွေးကောက်ပွဲကို မထောက်ခံကြောင်း အသံ ထွက်လာပြီ ဆိုတော့ အခြေအနေ ပိုဆိုးလာရင် ရုရှားကို ကိုယ်ပိုင် လေယာဉ်နဲ့ ပြေးဖို့ တလမ်းပဲ ရှိတော့တယ်။ သူ့လို မပြေးနိုင်တဲ့ စခနဲ့ ဘောမ တွေကတော့ ကိုယ့်ဘဝကိုယ် တွေးထားပေါ့။

Address

Hlaing
Yangon
095,YANGON

Alerts

Be the first to know and let us send you an email when အေထြေထြဗဟုသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to အေထြေထြဗဟုသုတ:

Share

Category