19/05/2026
Wishing the best of luck to all candidates taking the May 2026 DELF‑DALF session. Just two more days to go! Stay focused and keep going!
-----
🇲🇲 စာမေးပွဲ စည်းမျဉ်းများ
(ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။)
ဖြေဆိုသူသည် စာမေးပွဲ ဖြေဆိုရမည့်နေ့တွင် စာမေးပွဲ ဖြေဆိုချိန် မတိုင်မီ မိနစ် (၃၀) စော၍ စာစစ်ဌာနဖြစ်သည့် ပြင်သစ်ယဉ်ကျေးမှုဌာနသို့ ရောက်ရှိရမည် ဖြစ်သည်။ စာမေးပွဲအတွက် စာရင်းသွင်းစဉ် ရရှိခဲ့သည့် စာရင်းသွင်းလွှာ (Attestation d'inscription aux examens DELFDALF) ကိုလည်း မိမိနှင့် တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်သည်။ နောက်ကျပြီး ရောက်ရှိလာသည့် ဖြေဆိုသူအား စာမေးပွဲခန်းတွင်းသို့ ဝင်ရောက်ခွင့် ပြုမည် မဟုတ်ပါ။
ဖြေဆိုရာ၌ ဖြေဆိုသူသည်
- ဘောပင်ဖြင့် ဖြေဆိုရမည်။ (အဖြေလွှာပေါ်တွင် ခဲတံဖြင့် ဖြေဆိုခြင်းကို တားမြစ်ထားသည်။)
- သတ်မှတ်ထားသည့် နေရာ၌ မိမိတို့၏ အိတ်များ၊ စက်ပိတ်ထားပြီး ဖြစ်သည့် ဖုန်းများ၊ အီလက်ထရောနစ် ပစ္စည်းများကို ထားခဲ့ရမည်။
- စာရေးကိရိယာနှင့် မိမိတို့၏ အထောက်အထား စာရွက်များကိုသာ ထားရှိ အသုံးပြုရမည်။ ခွင့်ပြုထားသည့် စာရွက်စာတမ်းများမှအပ အခြားအရာများကို အသုံးပြုပါက မရိုးသားသော ဖြေဆိုမှုအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။
-----
🇫🇷 Règlement des examens (extraits)
Le jour de l'examen, les candidats doivent se présenter au minimum 30 minutes avant l’heure indiqué. L'attestation d'inscription aux examens DELFDALF doit être apportée. Les candidats en re**rd ne seront pas admis dans la salle d’examen.
Au cours de l'examen, les candidats doivent :
- écrire avec un stylo (le crayon à papier est interdit sur la copie d’examen)
- déposer les sacs, les téléphones portables éteints et tout appareil électronique à l’endroit indiqué.
- utiliser le matériel et les documents utilisés. Tout usage d’un autre document que ceux autorisés sera considéré comme une tentative de fraude.
-----
🇬🇧 Examination regulations (extracts)
On the day of the examination, candidates must arrive at least 30 minutes before the exam time indicated while bringing along with your exam registration form (Attestation d'inscription aux examens DELFDALF). Candidates arriving late will not be admitted to the examination room.
During the examination, candidates shall
-write with a pen (pencils are not permitted on the examination paper)
-leave bags, switched-off mobile phones and any electronic devices in the designated area.
-use the equipment and documents provided. Any use of a document other than those authorised will be considered an attempt at fraud.