Italian Embassy in Yangon

Italian Embassy in Yangon Official Page of the Embassy of Italy in Yangon
Pagina ufficiale dell'Ambasciata d’Italia a Yangon

04/08/2026
မြန်မာနိုင်ငံဆိုင်ရာအီတလီသံရုံးအကြီးအကဲအသစ် မာရီလီနာအာမယ်လင်းကို ဂုဏ်ပြုလိုပါတယ်။"မာကိုပိုလို‌ခေတ်ကတည်းက အီတလီနဲ့မြန်မာဟ...
01/07/2026

မြန်မာနိုင်ငံဆိုင်ရာအီတလီသံရုံးအကြီးအကဲအသစ် မာရီလီနာအာမယ်လင်းကို ဂုဏ်ပြုလိုပါတယ်။
"မာကိုပိုလို‌ခေတ်ကတည်းက အီတလီနဲ့မြန်မာဟာ ယဉ်ကျေးမှု၊ လူမှုဖလှယ်ခြင်းများစွာနဲ့အတူ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုရှိခဲ့ကြတာပါ။ ဒီလိုရှိနှင့်ပြီးသား 'ရွှေချည်မျှင်'ကို အရပ်ဘက်လူမှုအသိုင်းအဝိုင်းကို ထောက်ပံ့ခြင်း၊ အမွေအနှစ်နဲ့ အလုံးစုံခြုံငုံတဲ့တိုးတက်မှုကို ဖော်ဆောင်ခြင်းတို့နဲ့အတူ အားကောင်းသွားစေမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအနာဂတ်တစ်ခုအတွက် အရေးပါတဲ့အဆင့်မှာ အီတလီနဲ့မြန်မာပြည်သူတွေကို ပိုမိုစည်းလုံးနေအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"

Congratulazioni a Marilina Armellin, nuova Ambasciatrice d'Italia in Myanmar 🇮🇹🤝🇲🇲

**

Congratulations to Marilina Armellin, new Head of Mission of Italy to Myanmar 🇮🇹🤝🇲🇲

"Ever since Marco Polo's time, Italy and Myanmar have shared a bond steeped in cultural and social exchanges. I intend to strengthen this ‘golden thread’ by supporting civil society, heritage and inclusive development, bringing our peoples closer together at a crucial juncture for a future of peace and reconciliation in Myanmar".

Italian Embassy in Yangon

After four years my mandate as Head of Mission of Italy to Myanmar comes to a term. I am leaving Myanmar but Myanmar wil...
29/06/2026

After four years my mandate as Head of Mission of Italy to Myanmar comes to a term. I am leaving Myanmar but Myanmar will not leave me and will continue to inhabit my soul and my life-experience . I wish to thank from the bottom of my heart all the Myanmar people from all different walks of life that I have met during my stay. You have taught and gave me more than I was able to give back.
I wish, hope and I am confident Myanmar will find its path and this beautiful land and its wonderful people will build a better future after many sufferings and devastations.
In the difficult times I have lived in Myanmar, I am proud that the Italian Embassy stayed close to people, not with words and statements, but with concrete actions, keeping our people to people relations alive and further expanding them, in so many different ways, from studying opportunities to cultural events, from solidarity initiatives to business exchanges.
While I will always feel part of the Myanmar community and family, I wish to my successor bright successes for her mandate and I am happy to leave the Embassy in her safe and capable hands!

Nicolo' Tassoni Estense di Castelvecchio

မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွန်ုပ်ရဲ့ လေးနှစ်တာ သက်တမ်းဟာ ကုန်ဆုံးလို့ သွားခဲ့ပါပြီ။ ကျွန်ုပ်ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားရတော့မှာဖြစ်ပေမယ့် မြန်မာနိုင်ငံကတော့ ကျွန်ုပ်ရဲ့ စိတ်နှလုံးနဲ့ ဘဝအတွေ့အကြုံတွေထဲမှာ ဆက်လက်ကိန်းအောင်း တည်ရှိနေမှာဖြစ်ပါတယ်။ ကျွန်ုပ် မြန်မာနိုင်ငံမှာ နေထိုင်စဉ်အတွင်း တွေ့ကြုံဆုံစည်းခဲ့ရတဲ့ လူတန်းစားအလွှာအသီးသီးက မြန်မာပြည်သူပြည်သား အားလုံးကို နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ သင်တို့အားလုံးဟာ ကျွန်ုပ် ပြန်လည်ပေးဆပ်နိုင်ခဲ့တာထက်ပိုမိုများပြားတဲ့ အရာရာကို ကျွန်ုပ်အား သင်ကြား၊ မျှဝေခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မိမိလျှောက်လှမ်းရမယ့် လမ်းမှန်ကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ကျွန်ုပ် ဆန္ဒပြု၊ မျှော်လင့်၊ ယုံကြည်နေသလို၊ ဒီလှပတဲ့တိုင်းပြည်နဲ့ အံ့သြဖွယ်ကောင်းတဲ့ ပြည်သူတွေဟာ များပြားလှတဲ့ သောကဒုက္ခတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ကျော်ဖြတ်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်ုပ် မြန်မာနိုင်ငံမှာ ဖြတ်သန်းခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေမှာ အီတလီသံရုံးအနေနဲ့ ပြည်သူလူထုနဲ့အတူ အနီးကပ်ရှိနေပေးနိုင်ခဲ့တာကို ဂုဏ်ယူမိပါတယ်။ ဒါကို နှုတ်ကတိစကားတွေ၊ ထုတ်ပြန်ချက်တွေနဲ့မဟုတ်ဘဲ ပြည်သူအချင်းချင်းဆက်ဆံရေးကို ခိုင်မာလာအောင်နဲ့ ပိုမိုကျယ်ပြန့်အောင် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပညာသင်ဆု အခွင့်အလမ်းတွေကနေ ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းသဘင်တွေအထိ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုတွေကနေ စီးပွားရေးဆိုင်ရာ ဖလှယ်မှုတွေအထိ မတူကွဲပြားလှတဲ့ပုံစံမျိုးစုံနဲ့ ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်ုပ်အနေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ မိသားစုကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲတမ်းခံယူနေမှာဖြစ်သလို၊ ကျွန်ုပ်ရဲ့နေရာကို ဆက်ခံမယ့် သံရုံးအကြီးအကဲအသစ်ရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်းမှာလည်း ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုတွေ ရရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ သံရုံးကို သူမရဲ့ စိတ်ချရပြီး အရည်အချင်းရှိတဲ့ လက်ထဲကို လွှဲပြောင်းပေးခဲ့ရတဲ့အတွက်လည်း အလွန်ပဲ ဝမ်းမြောက်မိပါတယ်။

နီကိုလော့တာ့ဆိုနီအက်စ်တန်ဇေဒိကာဆယ်ဗက်ခယို

19/06/2026
On the occasion of Italian Republic Day, the staff of the Italian Embassy, ​​with the logistical support of the Italian ...
02/06/2026

On the occasion of Italian Republic Day, the staff of the Italian Embassy, ​​with the logistical support of the Italian NGO New Humanity, donated and served 2,100 meals to a marginalized community on the outskirts of Yangon.
"We are proud, in what has now become a tradition, to celebrate the National Day and the values ​​of solidarity enshrined in the Italian Constitution with a concrete gesture of support for those in need," emphasized the Head of Mission Nicolò Tassoni Estense. "For me personally, as I am concluding my
mandate, this gesture has the value of making me feel part of the Burmese community that hosts us".

In occasione della Festa della Repubblica, il personale dell’Ambasciata d’Italia, con il sostegno logistico della ONG italiana New Humanity, ha donato e servito 2100 pasti a beneficio di una comunità marginalizzata della periferia di Yangon.
“Siamo fieri, in quella che è diventata oramai una tradizione, di celebrare la Festa Nazionale ed i valori di solidarietà della Costituzione italiana attraverso un gesto concreto di vicinanza a favore di persone bisognose" - sottolinea il Capo Missione Nicolò Tassoni Estense - “Per me personalmente, che sto concludendo il mio
mandato, è un gesto che ha la valenza di farmi sentire parte della comunità birmana che ci ospita".

02/06/2026

Today we celebrate the 80th Anniversary of the 🇮🇹 Republic.

Happy Italian Republic Day to all the Italians in Myanmar!

Buon !

📣 Scholarships for Myanmar students awarded by the Embassy of Italy in Yangon in partnership with Myanma Awba Group - Ca...
21/05/2026

📣 Scholarships for Myanmar students awarded by the Embassy of Italy in Yangon in partnership with Myanma Awba Group - Call for Applications for the Academic Year 2026-27.
🎓 The Embassy of Italy in Yangon is proud to continue its partnership with Myanma Awba Group in order to support Myanmar students who wish to study in Italy.
🌱 Awba Group will sponsor 4 (four) new scholarship grants for Bachelor’s or Master’s Degree studies in Agriculture, Environment, Sustainability or sustainability-related subjects or Food Security and Food-related sciences at a University in Italy during the Academic Year 2025-2026.
✅ In addition, last year’s AWBA Group scholarship winners will also be awarded a renewal depending on their academic results
⏰ Applications can be submitted to the Embassy by email to [email protected] no later than 6th June 2026.
➡ Details and requirements are specified in the Call for Applications: https://ambyangon.esteri.it/en/news/dall_ambasciata/2026/05/scholarships-for-myanmar-students-awarded-by-the-embassy-of-italy-in-yangon-in-partnership-with-awba-group-call-for-applications-for-the-academic-year-2026-27/

The Embassy of Italy has the pleasure to invite history lovers to the soft book-launch of  “The Golden Thread between It...
14/05/2026

The Embassy of Italy has the pleasure to invite history lovers to the soft book-launch of “The Golden Thread between Italy and Myanmar”, on Thursday 28th May at 17.30 at Ohmar Gallery, 20-D Dhamayone st., Hlaing, Yangon.
“The Golden Thread”, written by the Head of Mission Nicolo’ Tassoni Estense, together with F. Piero Masolo and published by Artestampa Modena, retraces the Italian presence in Myanmar in the last seven centuries, offering a broad perspective on the unique relationship established between Italian and Myanmar people across centuries. A true “Golden Thread” that proves that relations between Myanmar and a European Nation have worked to a mutual benefit and enrichment, allowing for cultural, scientific and technological exchange as well as for interreligious dialogue.
To register to the event, kindly confirm your attendance at [email protected] by the 21st May (places limited). Kindly note that the presentation will be in English.

အီတလီနဲ့မြန်မာအကြားကရွှေချည်မျှင် စာအုပ်အတွက် ကနဦးမိတ်ဆက်ပွဲကို ကြာသပတေးနေ့ မေလ ၂၈ ရက် ညနေ ၅ နာရီခွဲအချိန်တွင် Gallery Ohmar (အမှတ် ၂၀ ဒီ၊ ဓမ္မာရုံလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်)၌ ကျင်းပသွားမည်ဖြစ်ကြောင်း သမိုင်းစိတ်ဝင်စားသူများအား သံရုံးအနေဖြင့် ဖိတ်ကြားအပ်ပါသည်။
ရွှေချည်မျှင်ကို ပီယဲရိုမာဆိုလိုနှင့်အတူ သံရုံးအကြီးအကဲ နီကို‌လော့တက်ဆိုနီအက်စ်တန်ဇေက ပူးတွဲရေးသားထားခြင်းဖြစ်ပြီး အာတေစတန်ပါမိုဒေနာစာအုပ်တိုက်က ဖြန့်ချိကာ ရာစုနှစ် ၇ ခုစာ မြန်မာပြည်အတွင်းအီတာလျံတို့၏ သွားလာလှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည့်အပြင် ရာစုနှစ်ချီတည်ရှိခဲ့သည့် အီတလီနှင့်မြန်မာပြည်သူပြည်သားများအကြားက ထူးကဲသည့်ဆက်ဆံရေးကို မီးမောင်းထိုးပြသွားမည်ဖြစ်သည်။ မြန်မာပြည်နှင့် ဥရောပနိုင်ငံတစ်ခုအကြား ယဉ်ကျေးမှု၊ သိပ္ပံ၊ နည်းပညာဖလှယ်မှုများမှသည် ဘာသာရေးအများအကြားကူးလူးဆက်ဆံမှုအထိခွင့်ပြုပေးနိုင်ခဲ့ကာ နှစ်ဦးနှစ်ဖက်အကျိုးစီးပွားဖြစ်ပြီး ကြွယ်ဝစေခဲ့သည့်ဥပမာတစ်ရပ်ကို ရွှေချည်မျှင်က သက်သေပြသွားမည်ဖြစ်သည်။
ပွဲတက်လိုပါက မေလ ၂၁ ရက်နောက်ဆုံးထားပြီး [email protected] သို့အီးမေးလ်ရေးကာ တက်ရောက်လိုကြောင်း အတည်ပြုလိုက်ပါ (ထိုင်ခုံအကန့်အသတ်ရှိပါသည်)။ စာအုပ်မိတ်ဆက်ခြင်းကို အင်္ဂလိပ်ဘာသာဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးလိုပါသည်။

ကြယ်များမှသည် ပင်လယ်ဆီသို့- ကျွန်ုပ်တို့၏ အနာဂတ်ကို ပုံဖော်ပေးနေသော အမျိုးသမီးများနှင့် တွေ့ဆုံခြင်း 🇮🇹✨သိပ္ပံပညာရပ်အတွက...
12/05/2026

ကြယ်များမှသည် ပင်လယ်ဆီသို့- ကျွန်ုပ်တို့၏ အနာဂတ်ကို ပုံဖော်ပေးနေသော အမျိုးသမီးများနှင့် တွေ့ဆုံခြင်း 🇮🇹✨

သိပ္ပံပညာရပ်အတွက် အီတလီအမျိုးသမီးများ၏ မယုံနိုင်လောက်အောင် ပံ့ပိုးကူညီမှုများကို ဂုဏ်ပြုသည့် အထူးပြပွဲတစ်ခုတွင် Cultural Connections 2.0 အစီအစဉ်၏အစိတ်အပိုင်းတစ်ခုအဖြစ် ပူးပေါင်းပါဝင်လိုက်ပါ။ သင့်အနေဖြင့် အာကာသဝါသနာရှင်၊ နည်းပညာဝါသနာရှင် သို့မဟုတ် သဘာဝကို ချစ်မြတ်နိုးသူဖြစ်စေ သင့်စူးစမ်းလိုစိတ်ကို နှိုးဆွပေးမည့် အရာတစ်ခု ဤနေရာတွင် ရှိနေပါလိမ့်မည်။

မျှော်လင့်နိုင်မည့်အရာများ-
• ရှေ့ဆောင်လမ်းပြများ- နက္ခတ္တဗေဒ၊ ရုပ်ဝတ္ထုသိပ္ပံနှင့် အဏ္ဏဝါဗေဒ စသည်တို့တွင် ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးများ၏ ဇာတ်‌ကြောင်းများကို ရှာဖွေလိုက်ပါ။
• စိန်ခေါ်မှု- ကျွန်ုပ်တို့၏ သိပ္ပံဉာဏ်စမ်းပဟေဠိဖြင့် သင့်အသိပညာကို စမ်းသပ်ပါ။
• ဆုလာဘ်- အီတလီအရသာကို ရယူလိုက်ပါ။ ကျွန်ုပ်တို့၏ ဉာဏ်စမ်းပဟေဠိတွင် အနိုင်ရသူများအတွက် စစ်မှန်သော အီတလီအစားအစာ ဆုငယ်များ ရရှိနိုင်ပါသည်။
____________________________________
📅 အချိန်- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် (၁၀:၃၀-၁၆:၀၀) 📍 နေရာ- အီတလီသံရုံး၊ အမှတ် ၃ အင်းလျားမြိုင်လမ်း၊ ဗဟန်း 🎟 ဝင်ကြေး- အခမဲ့

သိပ္ပံပညာအတွက် လာပါ၊ မုန့်များအတွက် နေပါ။ သံရုံးမှာ သင့်ကို တွေ့ရဖို့ မစောင့်နိုင်တော့‌လောက်အောင်ပါပဲ ။ 👩‍🔬🔭

From the Stars to the Sea: Meet the Women Shaping Our Future! 🇮🇹✨

In the framework of Cultural Connections 2.0, join us for a special exhibition celebrating the incredible contributions of Italian women in Science. Whether you're a space enthusiast, a tech geek, or a nature lover, there’s something here to spark your curiosity.
What to expect:
• The Pioneers: Discover the stories of brilliant minds in astrophysics, material science, and marine biology etc.
• The Challenge: Put your knowledge to the test with our Science Quiz.
• The Reward: Win a taste of Italy! Small prizes of authentic Italian food are up for grabs for our quiz winners. 🧀
________________________________________
📅 When: May 16, 2026 (10:30-16:00) 📍 Where: Embassy of Italy, 3 Inya Myaing Road, Bahan 🎟 Admission: FREE
Come for the science, stay for the snacks. We can’t wait to see you there! 👩‍🔬🔭

စောင့်မျှော်နေရတဲ့အချိန် ပြီးဆုံးသွားပါပြီ။Cultural Connections 2026 အစီအစဉ် စတင်လိုက်ပါပြီ။နိုင်ငံတကာယဉ်ကျေးမှုတွေကို လ...
08/05/2026

စောင့်မျှော်နေရတဲ့အချိန် ပြီးဆုံးသွားပါပြီ။
Cultural Connections 2026 အစီအစဉ် စတင်လိုက်ပါပြီ။
နိုင်ငံတကာယဉ်ကျေးမှုတွေကို လာရောက်လေ့လာ၊ ထိတွေ့ခံစားပြီး အတွေ့အကြုံသစ်တွေရယူဖို့ အဆင်သင့်ဖြစ်‌နေကြပြီလား။
ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူကေ နဲ့ အမေရိကန်နိုင်ငံတွေရဲ့ သံရုံးတွေနဲ့ ယဉ်ကျေးမှုစင်တာတွေမှာ သင်တို့အတွက် အထူးအစီအစဉ်တွေအဖြစ် တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုတွေ၊ အနုပညာပြပွဲတွေကစပြီး အစားအသောက်မြည်းစမ်းတာတွေနဲ့ အခြားစိတ်လှုပ်ရှားဖွယ်ရာများစွာကို ပြင်ဆင်ထားပါတယ်။

📅 ပွဲကို အောက်ပါရက်စွဲတွေအတိုင်း ကျင်းပသွားမှာပါ။
မေလ ၁၅ ရက် - ကနေဒါ
မေလ ၁၆ ရက် - အီတလီ၊ ပြင်သစ်
မေလ ၂၂ ရက် - အမေရိကန်၊ ကိုရီးယား
မေလ ၂၃ ရက် - ဂျပန်၊ ဂျာမနီ၊ ယူကေ
ရက်စွဲတွေ၊ လိပ်စာတွေနဲ့ ထူးခြားချက်တွေကို အသေးစိတ်သိရှိနိုင်ဖို့တော့ အောက်က လက်ကမ်းစာစောင်မှာ ကြည့်ရှုလိုက်ပါ။

သူငယ်ချင်းတွေနဲ့အတူ လာရောက်လည်ပတ်ဖို့ ပြင်ဆင်ပြီး နိုင်ငံတကာယဉ်ကျေးမှုတွေကို ရန်ကုန်မြို့မှာတင် လက်တွေ့ခံစားလိုက်ပါ။
ဘယ်နိုင်ငံကိုသွားရောက်လည်ပတ်ဖို့ စိတ်လှုပ်ရှားနေကြပြီလဲ။

The wait is over — Cultural Connections 2026 is here!
Get Ready to Experience, Engage, and Explore!
Embassies and cultural centers of Canada, France, Germany, Italy, Japan, Korea, the United Kingdom, and the United States have prepared a special program just for you—from live performances and art exhibits to food tastings, and many other exciting activities.
📅 Event Dates:
May 15: Canada
May 16: Italy, France
May 22: United States and Korea
May 23: Japan, Germany, United Kingdom
Check out the flyer below for all the dates, locations, and highlights
Plan your visits, bring your friends, and experience the world — right here in Yangon.
Which country are you most excited to visit first?

Address

3, Inya Myaing Road
Yangon
11201

Opening Hours

Monday 09:00 - 13:00
14:30 - 16:30
Tuesday 09:00 - 13:00
Wednesday 09:00 - 13:00
Thursday 09:00 - 13:00
14:30 - 16:30
Friday 09:00 - 13:00

Telephone

951527100

Alerts

Be the first to know and let us send you an email when Italian Embassy in Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share