White Way Nirvana - မြန်မာ့ကြေးထည် နိဗ္ဗာန်ကုန်

  • Home
  • Myanmar
  • Yangon
  • White Way Nirvana - မြန်မာ့ကြေးထည် နိဗ္ဗာန်ကုန်

White Way Nirvana - မြန်မာ့ကြေးထည် နိဗ္ဗာန်ကုန် မြန်မာ့ကြေးထည်ပစ္စည်းများအပြင်ထိုင်းမှာရှိတဲ့ဘုရားခန်းသုံးပစ္စည်းများကို လက်လီလက်ကား ဝယ်ယူနိုင်ပါပြီ
(1)

နိဗ္ဗာန်ကုန်နှင့်ပတ်သတ်တဲ့ကြေးထည်ပစ္စည်းအမျိုးမျိုးကို WHITE WAY မှာ အကြိုက်ရွေးနိုင်ပါပြီ 🙏 ထိုင်းမြန်မာအိမ်အရောက်ငွေချေဖြင့်မှာယူနိုင်ပါပြီ ❤️ Shop At Yangon , Myanmar

ဆွမ်းတော်ကပ်ဖို့ မြန်မာ့ကြေး  #ကြေးသပိတ် #ပေါ့ပေါ့ပါးပါးစစ်ကိုင်းကြေးလက်လုပ်ထည်ဆိုဒ်စုံ မှာယူနိုင်ပါတယ်နော်လက်လုပ်ထည် ဆွ...
18/06/2026

ဆွမ်းတော်ကပ်ဖို့ မြန်မာ့ကြေး #ကြေးသပိတ်

#ပေါ့ပေါ့ပါးပါးစစ်ကိုင်းကြေးလက်လုပ်ထည်ဆိုဒ်စုံ မှာယူနိုင်ပါတယ်နော်

လက်လုပ်ထည် ဆွမ်းသပိတ်
ဆွမ်းသပိတ်(အဖုံးပါ)
သပိတ်သေး
သပိတ်လတ်-
သပိတ်ကြီး - အဝ ၂" အမြင့် ၃" )
ဝါရေသောက်သပိတ် - (အဝ ၃" အမြင့် ၃"ခွဲ)
၁၅စီးသပိတ် - ( အဝ ၃"ခွဲ အမြင့် ၄" )
စကသပိတ် - ( အဝ ၄" အမြင့် ၅")
၄လုံးပွားသပိတ် - ( အဝ ၄" အမြင့် ၆" ) လုံးပတ်ပိုကြီး
၃လုံးပွားသပိတ် - ( အဝ ၅" အမြင့် ၆" )
၂လုံးပွားသပိတ် - ( အဝ ၇" အမြင့် ၇" )

မှာယူလိုပါက Cb မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ဆိုင် ၁- အမှတ် (၅၄ 😎 ဗဟန်း ၃ လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

ဆိုင် (၂) - ဆိုင်အမှတ် (၉၉/၁၀၁/၁၀၈/၁၁၀) ရွှေတိဂုံအရှေ့ဘက်မုခ်စောင်းတန်း ရွှေတိဂုံစေတီတော် #အောင်ဇမ္ဗူနိဗ္ဗာန်ကုန်ဆိုင်ပင်ရင်း

ဆိုင် (၃) - စနေတနင်္ဂနွေချက်တူချက်စျေး ၊ မော်ချစ်ဂိတ် ၊ ချက်တူချက်မြို့နယ် ၊ ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ ။ Chatuchak Weekend Market , Mochit Station , Bangkok , Thailand 10900

📞 09767730237 (Ph Call)
📞 0627248074

#ကြေးထည် #နိဗ္ဗာန်ကုန်
#သင်္ကန်းဘုရား

Bangkok မှာ ရှိတဲ့ မြဘုရား ပုံတူ ဆင်းတုတော် မိုအပိတ်ပုံစံဉာဏ်တော်အမြင့် ၇" ဉာဏ်တော်အမြင့် ၉ "                      ၁၂လက်...
18/06/2026

Bangkok မှာ ရှိတဲ့ မြဘုရား ပုံတူ ဆင်းတုတော် မိုအပိတ်ပုံစံ

ဉာဏ်တော်အမြင့် ၇"
ဉာဏ်တော်အမြင့် ၉ "
၁၂လက်မ
၁၈လက်မ

နိဗ္ဗာန်ကုန်နှင့်ပတ်သတ်တဲ့ မြန်မာ့ကြေးထည်ပစ္စည်းအမျိုးမျိုးကို မှာ အကြိုက်ရွေးနိုင်ပါပြီ 🙏🙏

Online ပေါ်မှတဆင့်ဖြစ်စေ ဆိုင်သို့လာရောက်၍ဖြစ်စေစိတ်တိုင်းကျ ယုံကြည်စွာ မှာယူအားပေးနိုင်ပါတယ် 🙏🙏🙏

100,000 အထက် မှာယူပါက ပို့ခအခမဲ့ ဖြင့် မြန်မာတစ်နိုင်လုံး ပို့ဆောင်ပေးပါတယ်

မှာယူလိုပါက Cb မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ဆိုင် ၁ - အမှတ် ၅၄ (B) ဗဟန်း ၃ လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

ဆိုင် ၂ - ဆိုင်အမှတ် (၉၉/၁၀၁/၁၀၈/၁၁၀) ရွှေတိဂုံအရှေ့ဘက်မုခ်စောင်းတန်း ရွှေတိဂုံစေတီတော် #အောင်ဇမ္ဗူနိဗ္ဗာန်ကုန်ဆိုင်ပင်ရင်း

ဆိုင် (၃) - စနေတနင်္ဂနွေချက်တူချက်စျေး ၊ မော်ချစ်ဂိတ် ၊ ချက်တူချက်မြို့နယ် ၊ ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ ။ Chatuchak Weekend Market , Mochit Station , Bangkok , Thailand 10900

📞 09767730237 (Ph Call)
📞 0627248074

#ကြေးထည် #နိဗ္ဗာန်ကုန် #မြန်မာ့ကြေးထည်

#မြဘုရား #နဝရတ်ကိုးသွယ်ကျောက်ဘုရား #ဘုရားဆင်းတု

“သဘာဝအရှိတရား”ဗုဒ္ဓရဲ့ တရားတော်တွေကို ကြည့်ပြီး အနောက်တိုင်းက Western Scholars တွေ (Philosophers) တွေ ဗုဒ္ဓရဲ့ အယူအဆနဲ့ ...
18/06/2026

“သဘာဝအရှိတရား”

ဗုဒ္ဓရဲ့ တရားတော်တွေကို ကြည့်ပြီး အနောက်တိုင်းက Western Scholars တွေ (Philosophers) တွေ ဗုဒ္ဓရဲ့ အယူအဆနဲ့ ပတ်သက်ပြီးတော့ ပြောဆိုကြတာ ရှိတယ်။ မြတ်စွာဘုရားဟာ အမြဲတမ်း စိတ်ကို အဓိကထားပြီး ဟောလေ့ရှိတယ်။ စိတ်ကို အဓိကထားပြီး ဟောတာဖြစ်သောကြောင့် ဗုဒ္ဓဘာသာ အယူအဆကို Idealism လို့ ဖော်ပြကြတယ်။ တကယ်တော့ Idealism ဆိုတာ စိတ်သာ အရှိတရားလို့ ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ မြတ်စွာဘုရား တရားတော်က တကယ်တော့ စိတ်သာ အရှိတရားလို့ ဟောတာ မဟုတ်ဘူး။ ဒါကြောင့်မို့ သူတို့ပြောတဲ့ Idealism ဆိုတာ မဟုတ်ဘူး။

Idealism ရဲ့ ဆန့်ကျင်ဘက်က Materialism။ Materialism က နာမ်တရားဆိုတာ တကယ်က ရှိတာ မဟုတ်ဘူး။ စိတ်ဆိုတာ ရှိတာ မဟုတ်ဘူး၊ ရှိတာက ရုပ်တရားပဲ၊ ရုပ်သာ အရှိတရားလို့ ပြောကြတဲ့ ဝါဒကို Materialism ဆိုကြတယ်။ အဲဒီလို Idealism လို့ ပြောတာတို့၊ Materialism လို့ ပြောတာတို့ဟာ အစစ်အမှန် ဗုဒ္ဓဝါဒကို ဖော်ပြနိုင်ခြင်း မရှိဘူး။ တကယ်တော့ မြတ်စွာဘုရား ဟောတာက ရုပ်တရားနဲ့ နာမ်တရားဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်သွယ်မှု ရှိတယ်။ ရုပ်တရားကိုလည်း ဟောတယ်၊ နာမ်တရားကိုလည်း ဟောတယ်။ ဒီနှစ်ခုဟာ အပြန်အလှန် ဆက်သွယ်ပြီးတော့ နေကြတယ်။ တကယ် အစစ်အမှန်ကို ဟောတာဖြစ်လို့ မြတ်စွာဘုရားရဲ့ ဝါဒကို ပြောမယ်ဆိုရင် Realism လို့ ပြောရမှာပဲ။ ရုပ်သာ အရှိတရားလို့လည်း မဟောဘူး၊ နာမ်သာ အရှိတရားလို့လည်း မဟောဘူး။ ရှိနိုင်တာ နှစ်ခုစလုံးကိုပဲ မြတ်စွာဘုရားက ဟောတယ်။

တချို့ အနောက်တိုင်းက အယူအဆတွေမှာ စိတ်ဆိုတာ ဦးနှောက်ကိုပဲ ပြောတယ်။ မြတ်စွာဘုရားက စိတ်ကို “ဝိညာဏ” တို့၊ “မန” တို့၊ “စိတ္တ” တို့ဆိုတဲ့ စကားလုံးတွေနဲ့ သုံးပြီး ဖော်ပြတယ်။ မြန်မာလူမျိုးတွေလည်း “ဝိညာဏ” ကို ဝိညာဉ်လို့ ခေါ်တာ ရှိတယ်။ လူရဲ့ စိတ်အစဉ်မှာ လူတစ်ယောက်က သေဆုံးသွားလို့ရှိရင် Physical Body ကြီး ကျန်ရစ်တာတော့ လူတိုင်း ငြင်းစရာမရှိဘူးပေါ့။ နောက်ဆုံးမှာ Cremate လုပ်ပစ်လိုက်ရတယ်။ သို့သော် အဲဒါကို ကြည့်ပြီးတော့ လူရဲ့ သန္တာန်မှာ ရှိတဲ့ ဝိညာဉ်လေးဟာ ထွက်သွားပြီး နောင်ဘဝတစ်ခုမှာ ဝင်စားတယ်လို့ ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်လာတယ်။ အဲဒါ ဗုဒ္ဓဘာသာ အယူအဆ မဟုတ်ဘူး။

မြတ်စွာဘုရားက “ဝိညာဏံ ပဋိစ္စသမုပ္ပန္နံ” လို့ ဟောတယ်။ “ဝိညာဉ်”ဆိုတာ အကြောင်းတရားကို စွဲမှီပြီး ဖြစ်ပေါ်လာတဲ့ အရာသာ ဖြစ်တယ်။ ရှိနေတဲ့အရာ မဟုတ်ဘူး။ ဥပမာ မြန်မာတွေ အသုံးပြုနေတဲ့ စောင်းကိုပဲ ကြည့်လိုက်။ စောင်းမှာ စောင်းကြိုးရှိတယ်၊ စောင်းအိုးရှိတယ်၊ တီးခတ်တဲ့လူ ရှိတယ်။ စောင်းကြိုး၊ စောင်းအိုး ဒီအတိုင်းထားလို့ရှိရင် တီးခတ်သူဆိုတဲ့ အကြောင်းတရားတစ်ခုနဲ့ မပေါင်းလို့ရှိရင် အသံဆိုတာ ထွက်မလာဘူး။ တစ်ခါ အဲဒီအသံဟာ စောင်းကြိုးထဲ ရှိတာလည်း မဟုတ်ဘူး၊ စောင်းအိုးထဲ ရှိတာလည်း မဟုတ်ဘူး၊ တီးသူရဲ့ လက်ထဲမှာ ရှိတာလည်း မဟုတ်ဘူး။ အဲဒီ အကြောင်း ၃ ခု ပေါင်းစုံလိုက်တဲ့ အခါမှ အသံလေး ပေါ်ထွက်လာတယ်။ ပေါ်လာပြီးတော့ ပျောက်သွားတယ်။ မြတ်စွာဘုရားက လူတွေရဲ့ သန္တာန်မှာ ဖြစ်တဲ့ စိတ်ဆိုတာလည်း အဲဒီအတိုင်းပဲတဲ့။ အကြောင်းတရားတွေ ပေါင်းဆုံလိုက်တဲ့ အခါမှသာ ဖြစ်တယ်။

ဆိုပါစို့... လောကလူတွေ နေ့စဉ်နဲ့အမျှ မျက်လုံးလေးနှစ်လုံး ဖွင့်လိုက်တဲ့အခါမှာ မြင်ကွင်းထဲမှာ ရှိတဲ့ အဆင်းအာရုံတွေဟာ မျက်စိထဲ ထင်ဟပ်လာတယ်။ ထင်ဟပ်လာတဲ့အခါ မြင်တယ်ဆိုတဲ့ မြင်သိစိတ်ကလေး ပေါ်လာတယ်။ အဲဒီပေါ်လာတဲ့ မြင်သိစိတ်ကလေးဟာ မျက်စိဆိုတဲ့ အကြောင်းတရား၊ ထင်ဟပ်လာတဲ့ ရူပါရုံဆိုတဲ့ အကြောင်းတရား အဲဒီနှစ်ခု ပေါင်းစပ်လိုက်မှ မြင်သိစိတ်ဆိုတာ ပေါ်တာ။ နဂိုက မြင်သိစိတ် ရှိနေတာ မဟုတ်ဘူး။ အဲဒီလို သဘာဝတရားနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဟောတာ ဖြစ်သောကြောင့် Realism လို့ပဲ မြတ်စွာဘုရားရဲ့ တရားတော်ကို ပြောရတယ်။ Materialism လည်း မဟုတ်ဘူး၊ Idealism လည်း မဟုတ်ဘူး။

- ဆရာတော်အရှင်နန္ဒမာလာဘိဝံသ -

“ဘေသဇ္ဇဂုရု”အကြောင်း တရားဒေသနာတော်

ရွေရောင်အဆင်းနဲ့လှပပြီး  ရေတော်၅မျ်ုးကပ်ဖို့တွက် ကြေးရေတော်ခွက်လေးတွေ ဝယ်ယူနိုင်ပါပြီရှင်တစ်ခွက်ချင်းဖြစ်စေ၊အစုံလိုက်ဖြစ...
17/06/2026

ရွေရောင်အဆင်းနဲ့လှပပြီး ရေတော်၅မျ်ုးကပ်ဖို့တွက်

ကြေးရေတော်ခွက်လေးတွေ ဝယ်ယူနိုင်ပါပြီရှင်တစ်ခွက်ချင်းဖြစ်စေ၊အစုံလိုက်ဖြစ်စေ ဝယ်ယူအားပေးနိုင်ပါတယ်ရှင်

သောက်တော်ရေ/မျက်နှာသစ်တော်ရေ ပူဇော်နိုင်ပါတယ်

နိဗ္ဗာန်ကုန်နှင့်ပတ်သတ်တဲ့ မြန်မာ့ကြေးထည်ပစ္စည်းအမျိုးမျိုးကို မှာ အကြိုက်ရွေးနိုင်ပါပြီ 🙏🙏

Online ပေါ်မှတဆင့်ဖြစ်စေ ဆိုင်သို့လာရောက်၍ဖြစ်စေစိတ်တိုင်းကျ ယုံကြည်စွာ မှာယူအားပေးနိုင်ပါတယ် 🙏🙏🙏

100,000 အထက် မှာယူပါက ပို့ခအခမဲ့ ဖြင့် မြန်မာတစ်နိုင်လုံး ပို့ဆောင်ပေးပါတယ်

မှာယူလိုပါက Cb မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ဆိုင် ၁ - အမှတ် ၅၄ (B) ဗဟန်း ၃ လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

ဆိုင် ၂ - ဆိုင်အမှတ် (၉၉/၁၀၁/၁၀၈/၁၁၀) ရွှေတိဂုံအရှေ့ဘက်မုခ်စောင်းတန်း ရွှေတိဂုံစေတီတော် #အောင်ဇမ္ဗူနိဗ္ဗာန်ကုန်ဆိုင်ပင်ရင်း

ဆိုင် (၃) - စနေတနင်္ဂနွေချက်တူချက်စျေး ၊ မော်ချစ်ဂိတ် ၊ ချက်တူချက်မြို့နယ် ၊ ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ ။ Chatuchak Weekend Market , Mochit Station , Bangkok , Thailand 10900

📞 09767730237 (Ph Call)
📞 0627248074

#ကြေးထည် #နိဗ္ဗာန်ကုန် #မြန်မာ့ကြေးထည်

‼️Gum Benjamin ❤️Lavender 💜 Jasmine💚 ရနံ့အမွှေးတိုင်လေးက သင်းပျံ့သောရနံ့ဖြင့် ပူဇော်ဂါရဝပြုလုပ်၍ရသလို ခြင်၊ပိုးမွှား အန္...
17/06/2026

‼️Gum Benjamin ❤️Lavender 💜 Jasmine💚

ရနံ့အမွှေးတိုင်လေးက သင်းပျံ့သောရနံ့ဖြင့် ပူဇော်ဂါရဝပြုလုပ်၍ရသလို

ခြင်၊ပိုးမွှား အန္တရာယ်မှ ကာကွယ်ပေးပါတယ်ခြင်များကာကွယ်ဖို့ရန် အမွှေးတိုင် ၃တိုင် မှ ၄ တိုင် ထွန်းဖို့အကြံပြုပါတယ် အမွှေးတိုင်ရနံ့လေးဟာ ခြင်လေးတွေကို သတ်ခြင်း၊ထိခိုက်အောင်ပြုလုပ်ခြင်း မဟုတ်ဘဲ အမွှေးတိုင်ထွန်းထားသော အနီးအနားပတ်ဝန်းကျင်ကို ခြင်များ မလာတော့ခြင်းဖြစ်ပါတယ်၁ တိုင် လျှင် ၄၅ မိနစ် ဝန်းကျင် အထွန်းခံ ပြီး မီးခိုးအထွက်နည်းသည့်အပြင် ကလေး၊လူကြီး များ မျက်လုံးမွှန်ခြင်း ၊ စပ်ခြင်း မဖြစ်ရအောင် အထူး ထုတ်လုပ်ထားပါတယ်ဒါအပြင် ထွက်လာသော ပြာမှုန်များကို ရေနှင့်ရောစပ်၍ အပင်လေးများကို ဖြန်းပါက အပင်ပိုးများကိုပါ နှိမ်နင်းပေးပါသည် ။(ထိုင်းသဘာဝ ဆေးဖက်ဝင်အပင်များနှင့်ပြုလုပ်ထားသော်လည်း အရောင်ဆိုးဆေးအနည်းငယ်ပါဝင်တာမို့ စားပင် တွေမှာဖြန်းထားပါက မစားသုံးမိ ရေပြောင်အောင်ဆေးပြီးမှ စားသုံးပါရန်သတိပေးတိုက်တွန်းပေးလိုက်ပါ​သည်
)Scent By WHITE WAY Incense Stick - ခြင်မလာ ခြင်ပြေး ရနံ့ သဘာ၀ အမွှေးတိုင်Price - 7,500 ks
Ph : 09767730237Yangon , Myanmar Produced In Thailand #ခြင်မလာခြင်ပြေးရနံ့အမွှေးတိုင်

မြန်မာ့လက်လုပ်ကြေးထည် ဆွမ်းတော်ပွဲစုံ 🙏🙏လက်လုပ်ထည်တွေရဲ့အားသာချက်က မြင်လိုက်တာနဲ့အရမ်းလှတယ် အသေးစိတ်ပုံဖော်ထားတာမို့ ပုံ...
17/06/2026

မြန်မာ့လက်လုပ်ကြေးထည် ဆွမ်းတော်ပွဲစုံ 🙏🙏

လက်လုပ်ထည်တွေရဲ့အားသာချက်က မြင်လိုက်တာနဲ့အရမ်းလှတယ် အသေးစိတ်ပုံဖော်ထားတာမို့ ပုံစံဆန်းတယ်အထူပစ္စည်းတွေလို ပုံစံတမျိုး‌ေ‌ဗြာင်ချောတွေချည်းမဟုတ်ဘဲ ပုံစံအမျိုးမျိုး နဲ့ ဒီဇိုင်းဆန်းပါတယ်ရှင်

ဆွမ်းပွဲစုံ ဝယ်ယူတိုင်း ကြေးတိုက်ဆပ်ပြာလေးရှိနေပြီမို့ဆေးတဲ့အခါ အရင်လို စိတ်မညစ်ရတော့ဘူးနော် 😘😘😘

နိဗ္ဗာန်ကုန်နှင့်ပတ်သတ်တဲ့ မြန်မာ့ကြေးထည်ပစ္စည်းအမျိုးမျိုးကို မှာ အကြိုက်ရွေးနိုင်ပါပြီ 🙏🙏

Online ပေါ်မှတဆင့်ဖြစ်စေ ဆိုင်သို့လာရောက်၍ဖြစ်စေစိတ်တိုင်းကျ ယုံကြည်စွာ မှာယူအားပေးနိုင်ပါတယ် 🙏🙏🙏

100,000 အထက် မှာယူပါက ပို့ခအခမဲ့ ဖြင့် မြန်မာတစ်နိုင်လုံး ပို့ဆောင်ပေးပါတယ်

မှာယူလိုပါက Cb မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ဆိုင် ၁ - အမှတ် ၅၄ (B) ဗဟန်း ၃ လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

ဆိုင် ၂ - ဆိုင်အမှတ် (၉၉/၁၀၁/၁၀၈/၁၁၀) ရွှေတိဂုံအရှေ့ဘက်မုခ်စောင်းတန်း ရွှေတိဂုံစေတီတော် #အောင်ဇမ္ဗူနိဗ္ဗာန်ကုန်ဆိုင်ပင်ရင်း

ဆိုင် (၃) - စနေတနင်္ဂနွေချက်တူချက်စျေး ၊ မော်ချစ်ဂိတ် ၊ ချက်တူချက်မြို့နယ် ၊ ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ ။ Chatuchak Weekend Market , Mochit Station , Bangkok , Thailand 10900

📞 09767730237 (Ph Call)
📞 0627248074
#ကြေးထည် #နိဗ္ဗာန်ကုန် #မြန်မာ့ကြေးထည်
#ကြေးထည် #နိဗ္ဗာန်ကုန် #ဆွမ်းပွဲစုံ

အနိုင်းမဲ့ အလှူ 🔷🔷🔷🔷🔷ဘုရားရဟန္တာများကလွဲရင် တရားအလှူ ပေးလှူနေသူဟာ ကိုယ့်ကိုယ်ကို ဆုံးမနေသူပါ သူတစ်ပါးကို တစ်ကြိမ်တစ်ခါ ဆ...
17/06/2026

အနိုင်းမဲ့ အလှူ
🔷🔷🔷🔷🔷

ဘုရားရဟန္တာများကလွဲရင်
တရားအလှူ ပေးလှူနေသူဟာ
ကိုယ့်ကိုယ်ကို ဆုံးမနေသူပါ

သူတစ်ပါးကို တစ်ကြိမ်တစ်ခါ
ဆုံးမစကားပြောရင်ကိုယ့်ကိုယ်ကို
အကြိမ်တစ်ရာမက ဆုံးမစကား
ပြောပြီးသားဖြစ်နေပါတယ်

သူတစ်ပါးကိုပြောဆိုဆုံးမနေရင်း
ကိုယ့်မှာ သံဝေဂဥာဏ်တွေ
အထွတ်အထိပ် ရောက်လာနိုင်သလို
တရားထူးတရားမြတ်တွေလည်း ရရှိသွားနိုင်ပါတယ်
ဒါဟာတရား အလှူရဲ့အဓိက အနှစ်သာရပါပဲ

တရားအလှူကြောင့်ကိုယ့်မှာရရှိမယ့်
အဓိကအကျဆုံး ပစ္စုပ္ပန် အကျိုးတရားပါပဲ

ဒါနပြုရမှန်း မသိသူတစ်ယောက် ကိုယ်ရဲ့
ဒါနတရားအလှူ ကြောင့်ဒါနပြု ဖြစ်သွားတယ်ဆိုရင်

သူ ရသွားတဲ့ ဒါနကုသိုလ်နဲ့ဒါနကုသိုလ်ရဲ့
အကျိုးတရား ( ပစ္စည်းဥစ္စာပေါများခြင်းစသည့်)ဟာ
ကိုယ်ပေးလှူလိုက်တဲ့ အရာတွေပါပဲ

သီလစောင့်ရမှန်းမသိသူတစ်ယောက်
ကိုယ့်ရဲ့ သီလတရားအလှူကြောင့်
သီလစောင့်ဖြစ်သွားတယ်ဆိုရင်

သူရသွားတဲ့ သီလကုသိုလ်နဲ့
သီလကုသိုလ်ရဲ့အကျိုးတရား
(ရုပ်ဆင်းဥပဓိ ပြည့်စုံခြင်း)
(အနာရောဂါကင်းခြင်း)စသည် တွေဟာ
ကိုယ်ပေးလှူလိုက်တဲ့အရာတွေပါပဲ

ဘာဝနာပွားရမှန်းမသိသူတစ်ယောက်
ကိုယ်ရဲ့ဘာဝနာ တရားအလှူကြောင့်
ဘာဝနာပွားဖြစ်သွားတယ်ဆိုရင်

သူရသွားတဲ့ ဘာဝနာကုသိုလ်နဲ့
ဘာဝနာကုသိုလ်ရဲ့ အကျိုးတရား
( ဥာဏ်ပညာထက်မြက်ခြင်း)
(သံသရာ လွတ်မြောက်ခြင်းစသည့် ) ဟာ
ကိုယ်ပေးလှူလိုက်တဲ့ အရာတွေပါပဲ

ဒါကြောင့်တရားအလှူလှူရင်
ဘာအကျိုးရနိုင်သလဲလို့
သံသရာကျိုး အနေနဲ့ မေးလာခဲ့ရင်

အခုပြောခဲ့သလိုပဲ
အလှူခံပုဂွိုလ် တွေရရှိသွားတဲ့ အကျိုးတရားတွေ အကုန်လုံးရနိုင်တယ်လို့ပဲ ပြောရတော့မှာပါ

ဒါန ၊ သီလ ၊ ဘာဝနာ ၊ ကုသိုလ်သုံးမျိုးကြောင့်
ရရှိနိုင်တဲ့အကျိုးတရားတွေ အကုန်လုံး
တရားအလှူရှင်မှာ ရရှိနိုင်ပါတယ်

မြတ်စွာဘုရားအလောင်းတော်
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတော်တွေ
ကြိုးပမ်းဖြည့်ကျင့်ခဲ့တာဟာ
သတ္တဝါဝေနေယျတွေကို
တရားအလှူပေးလှူ နိုင်ဖို့ အတွက်ပါ

ငါဘုရားပါရမီဖြည့်တာ
တရားဟောဖို့အတွက် လို့
မြတ်စွာဘုရား ကိုယ်တော်တိုင်
မိန့်ကြားတော်မူထားပါတယ်

တရားအလှူ မရှိရင်
သာသနာ ( ဘုရားအဆုံးအမ ) လည်း
ကွယ်ပျောက်သွားပါလိမ့်မယ်

ဒါကြောင့်ဗုဒ္ဓဘာသာဝင်တိုင်း
ကိုယ်သိထားတဲ့တရားကို သူတစ်းပါး ဝေငှရမှာ
နှမြောတွန့်တိုတဲ့ * ဓမ္မမစ္ဆရိယ * ကိုဖယ်ရှားပြီး
ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ
တရားအလှူပေးလှူသင့်ပါတယ်

တစ်လောကလုံးရဲ့အနိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့
မြတ်စွာဘုရားရှင်က တရားအလှူဟာ
အနှိုင်းမဲ့ အလှူဖြစ်တယ်လို့

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ * ဆိုတဲ့တရားတော်နဲ့
ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း
လူသားတိုင်း တရားအလှူဆိုတဲ့

အနိုင်းမဲ့ အလှူကို အစွမ်းရှိသမျှ
ပေးလှူနိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါသည်...

အရှင်ဆန္ဒာဓိက ( ရွေပါရမီတောရ )

#ကောင်းမှုတစ်ခုနေ့စဉ်ပြု
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

ဈာန်သမာပတ် ကြေးဘုရားဆင်းတုတော်ရန်ကုန်လက်ရာ ကြေးဘုရားဆင်းတုတွေထဲ အကောင်းဆုံးလက်ရာ အနာဆာအသန့်ဆုံး သွန်းလောင်းထားပါတယ်ဉာဏ်တ...
16/06/2026

ဈာန်သမာပတ် ကြေးဘုရားဆင်းတုတော်
ရန်ကုန်လက်ရာ ကြေးဘုရားဆင်းတုတွေထဲ အကောင်းဆုံးလက်ရာ

အနာဆာအသန့်ဆုံး သွန်းလောင်းထားပါတယ်

ဉာဏ်တော် ၁၀" တစ်ဆိုဒ်ဘဲ လာပါတယ်

၁၅"/၁၂"/၁၈" အခုလိုပုံတော်‌ေတွဆို မန္တလေး ကြေးသွန်းထဲကဘဲရပါမယ်

အိမ်ဘုရားကျောင်းဆောင်အတွက်သင့်တော်တဲ့ ဉာဏ်တော်လည်း ဖြစ်တဲ့အပြင် မန္တလေးလက်ရာတွေထက် ဈေးနှုန်းသင့်တော်ပါတယ်

Online ပေါ်မှတဆင့်ဖြစ်စေ ဆိုင်သို့လာရောက်၍ဖြစ်စေစိတ်တိုင်းကျ ယုံကြည်စွာ မှာယူအားပေးနိုင်ပါတယ် 🙏🙏🙏

နိဗ္ဗာန်ကုန်နှင့်ပတ်သတ်တဲ့ ကြေးထည်ပစ္စည်းအမျိုးမျိုးကို White Way မှာ အကြိုက်ရွေးနိုင်ပါပြီ 🙏🙏

100,000 အထက် မှာယူပါက ပို့ခအခမဲ့ ဖြင့် မြန်မာတစ်နိုင်လုံး ပို့ဆောင်ပေးပါတယ်

မှာယူလိုပါက Cb မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ဆိုင် ၁ - အမှတ် ၅၄ (B) ဗဟန်း ၃ လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

ဆိုင် (၂) - ဆိုင်အမှတ် (၉၉/၁၀၁/၁၀၈/၁၁၀) ရွှေတိဂုံအရှေ့ဘက်မုခ်စောင်းတန်း ရွှေတိဂုံစေတီတော် #အောင်ဇမ္ဗူနိဗ္ဗာန်ကုန်ဆိုင်ပင်ရင်း

📞 09767730237 (Ph Call)
📞 0627248074
#ကြေးထည် #နိဗ္ဗာန်ကုန်

ကြေးဇွန်း ကြေးပစ္စည်းများကို  ဆေးဖက်ဝင်အောင် အသုံးပြုခြင်း    ၁ ) -    လေဖြတ်ခြင်းကို ကြေးဇွန်းနဲ့ကုခြင်းလေဖြတ် လေငန်းရေ...
16/06/2026

ကြေးဇွန်း ကြေးပစ္စည်းများကို ဆေးဖက်ဝင်အောင် အသုံးပြုခြင်း

၁ ) - လေဖြတ်ခြင်းကို ကြေးဇွန်းနဲ့ကုခြင်း

လေဖြတ် လေငန်းရောဂါအတွက် ကုထုံးအမျိုးမျိုးရှိပါတယ်
- ကြေးဇွန်းနဲ့ကုသနည်းက အကြောပြင်ကုသနည်းမှာ အကျုံးဝင်ပါတယ်
- အကြောပြင်ကုသပေးသူတွေဟာ ကိုယ့်ဝေဒနာကို ကိုယ်မကုသနိုင်ပါဘူး။

- ဆံသဆရာဟာ ကိုယ့်ခေါင်းကဆံပင်ကိုညှပ်ဖို့ ခက်သလိုပါဘဲ
အဲဒီတော့ အဆင်ပြေမယ့်ကုသနည်းကတော့ ကြေးဇွန်းစစ်စစ် တစ်ဇွန်းတော့လိုပါတယ် အဲဒီကြေးဇွန်းကို သတ်သတ်မှတ်မှတ်ထားပေးရပါတယ်။

ကြေးဇွန်းကို ပစ္စည်းစစ်အောင် ရွေးဝယ်ရပါတယ်။
လေဖြတ်လေဖြန်းတဲ့လူတွေက လေဖြတ်ထားတဲ့ ခြေဖဝါး လက်ဖဝါးတွေကို ကြေးဇွန်းနဲ့ အထက်အောက် ခြစ်ပေးရပါမယ်။

မခြစ်မှီမှာ ဇွန်းကို ရေနွေးပူပူမှာစိမ်ခြင်း - အရက်ပြန် သုတ်ပေးခြင်းပြုပါ။
ခြေဖဝါးက စခြစ်ပေးပါ - အကြိမ်ရေ ၅၀ ခန့်ပါ ။
ပြီးရင် လက်ဖဝါးကို ခြစ်ပါ - ဘယ်ညာ ၂ ဖက်လုံးကို ခြစ်ပေးပါ။

နေ့စဉ်လုပ်ပေးရင် သွေးကြောလေကြောတွေပွင့်လာစေပါတယ်။

၂ ) - ပင်လယ်အူနာ - အထက်လှန် အောက်လျော

# Ghambhira Min Mg
ဗိုက်အောင့် အော့အန် ဓာတ်သွား ဖြစ်ပါက - ကြေးဇွန်းထဲကို အုန်းဆီ အပြည့်ထည့်ဖယောင်းမီးနဲ့ ချက်. ဆူပါက အအေးခံတိုက် ပါက ချက်ခြင်းပျောက်ပါသည်။

ဤ ဆေးသည် ရောဂါ ပျောက်ကင်း၍ အိန္ဒိယ တစ်နိုင်ငံလုံး သုံးကြပါသည်။

၃ ) - အမာရွတ်များ ကြီးမားကျယ်ပြန့်မလာနည်း

ငယ်စဉ်က ထိခိုက် ဒါဏ်ရာရ၍ အမာရွတ်ဖြစ်ကျန်ခဲ့သည်နှင့် အရွယ်ကြီးလာလေ အမာရွတ်ကလည်း အသားပေါ်မှာ ကြီးမားကျယ်ပြန့်လာတတ်ပါတယ်။

ငယ်စဉ်ကတည်းက အမာရွတ်ကို ပိုကြီးမလာအောင် အမာရွတ်ဘေးပတ်ပတ်လည်ကို ကြေးဇွန်းကို ခံနိုင်ရုံ အပူပေးပြီး အမာရွတ်ကို ဖိကပ်ပေးပါ -

မကြာခဏ လုပ်ပေးခြင်းဖြင့် အမာရွတ်မှာ ကြီးမလာတော့ပါ - တဖြည်းဖြည်း ပါးပြီးသေးငယ်‌‌စေပါတယ်

ကြေးဇွန်းလေးတွေရဲ့အသုံးဝင်ပုံလေးတွေကိုမျှဝေပေးလိုက်ပြီမို့ ကြေးသားစစ်စစ်ဇွန်းပုံမျိုးစုံရှိတာမို့ မိမိတို့တွက်အသုံးဝင်လိုအပ်မဲ့ပုံစံလေးတွေကို White Wayမှာ ဈေးနှုန်းချိုသာစွာဖြင့်စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါပြီရှင်

ဇွန်းရှည်

ခရင်း

ဇွန်း+ခရင်း

ဟင်းစားဇွန်း

ကော်ဖီဇွန်းတို
ခရင်းတို
ဇွန်းခရင်းတို တစ်စုံ
ဇွန်းခရင်းအကြီး တစ်စုံ
ဟင်းခပ်ဇွန်း

နိဗ္ဗာန်ကုန်နဲ့ပတ်သတ်တဲ့ ကြေးထည်ပစ္စည်းအမျိုးမျိုးကို White Wayမှာ အကြိုက်ရွေးနိုင်ပါပြီရှင်

ဆိုင် ၁ - အမှတ် (၅၄ B) ဗဟန်း ၃ လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

ဆိုင် (၂) - ဆိုင်အမှတ် (၉၉/၁၀၁/၁၀၈/၁၁၀) ရွှေတိဂုံအရှေ့ဘက်မုခ်စောင်းတန်း ရွှေတိဂုံစေတီတော် #အောင်ဇမ္ဗူနိဗ္ဗာန်ကုန်ဆိုင်ပင်ရင်း

ဆိုင် (၃) - စနေတနင်္ဂနွေချက်တူချက်စျေး ၊ မော်ချစ်ဂိတ် ၊ ချက်တူချက်မြို့နယ် ၊ ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ ။ Chatuchak Weekend Market , Mochit Station , Bangkok , Thailand 10900

📞 09767730237 (Ph Call)
📞 0627248074
#ကြေးထည် #နိဗ္ဗာန်ကုန် #ကြေးဇွန်း

White Way - Nirvana Store မှာ ကြေးခွက်ကိုမှ ကိုင်းပါ  ပုံစံ ခွက်လေးဝယ်ယူရရှိနိုင်ပါပြီရှင်  လက်လုပ်ထည်ကိုမှ ပုံဆန်းလေးလဲ...
16/06/2026

White Way - Nirvana Store မှာ ကြေးခွက်ကိုမှ ကိုင်းပါ ပုံစံ ခွက်လေးဝယ်ယူရရှိနိုင်ပါပြီရှင်

လက်လုပ်ထည်ကိုမှ ပုံဆန်းလေးလဲရချင်တဲ့မိတ်ဆွေတို့အတွက် အဆင်ပြေစေမဲ့ ခွက်လေးဖြစ်ပါတယ်ရှင်

မထူလွန်းမပါးလွန်းမို့ ကိုင်တဲ့နေရာမှာလဲဆင်ပြေမဲ့ဝိတ်လေးမို့ အဆင်ပြေဆုံးကြေးခွက်ပုံစံလေးလဲဖြစ်ပါတယ်ရှင်

နိဗ္ဗာန်ကုန်နှင့်ပတ်သတ်တဲ့ မြန်မာ့ကြေးထည်ပစ္စည်းအမျိုးမျိုးကို မှာ အကြိုက်ရွေးနိုင်ပါပြီ 🙏🙏

Online ပေါ်မှတဆင့်ဖြစ်စေ ဆိုင်သို့လာရောက်၍ဖြစ်စေစိတ်တိုင်းကျ ယုံကြည်စွာ မှာယူအားပေးနိုင်ပါတယ် 🙏🙏🙏

100,000 အထက် မှာယူပါက ပို့ခအခမဲ့ ဖြင့် မြန်မာတစ်နိုင်လုံး ပို့ဆောင်ပေးပါတယ်

မှာယူလိုပါက Cb မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ဆိုင် ၁ - အမှတ် ၅၄ (B) ဗဟန်း ၃ လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

ဆိုင် ၂ - ဆိုင်အမှတ် (၉၉/၁၀၁/၁၀၈/၁၁၀) ရွှေတိဂုံအရှေ့ဘက်မုခ်စောင်းတန်း ရွှေတိဂုံစေတီတော် #အောင်ဇမ္ဗူနိဗ္ဗာန်ကုန်ဆိုင်ပင်ရင်း

ဆိုင် (၃) - စနေတနင်္ဂနွေချက်တူချက်စျေး ၊ မော်ချစ်ဂိတ် ၊ ချက်တူချက်မြို့နယ် ၊ ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ ။ Chatuchak Weekend Market , Mochit Station , Bangkok , Thailand 10900

📞 09767730237 (Ph Call)
📞 0627248074

#ကြေးထည် #နိဗ္ဗာန်ကုန် #မြန်မာ့ကြေးထည်

Address

No 54 B, Bahan3 Street, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959767730237

Website

Alerts

Be the first to know and let us send you an email when White Way Nirvana - မြန်မာ့ကြေးထည် နိဗ္ဗာန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share