03/08/2026
Breaking News -အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံဖြစ်ကြောင်း အာဏာသိမ်းအစိုးရထုတ်ပြန်
ဩဂုတ်လ ၃ ရက်၊ ၂၀၂၆။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အကြမ်းဖက်စစ်တပ်မှ မတရားအာဏာသိမ်းဖမ်းဆီးထားသည့် အဖွဲ့ချုပ်ဥက္ကဌ ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း အာဏာသိမ်း ရွေးတုအစိုးရက ဓာတ်ပုံများနှင့် တကွ ထုတ်ပြန်လာသည်။
ICRC ကိုယ်စားလှယ်နှင့် တွေ့ဆုံသည့်ပုံများအပြင် ဇွန် ၁၉ ရက်က ကျရောက်သော ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ကိတ်ခွဲနေသည့် ပုံများပါ ထည့်သွင်းဖော်ပြထားသည်။
-Wave