ဖတ်ပြီးပြန်ထား အခမဲ့စာကြည့်တိုက်လေးများဟာ စိတ်တူကိုယ်တူ စာပေ၀ါသနာရှင်များတွေက ကိုယ့်ချွေးနည်းစာနဲ့ ထည့်ဝင်ထားတဲ့ အလှူငွေတွေနဲ့ စတင်နိုင်ခဲ့တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ နိုင်ငံခြား အလှူငွေ၊ grant အထောက်အပံ့ မရှိဘဲ လည်ပတ်နေတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။ လောလောဆယ်မှာ အလှူငွေတွေနဲ့ စာအုပ်တွေ လိုအပ်လျက်ရှိပါတယ်။
အလှူငွေတွေကို လှူဒါန်းလိုပါက
******************************
ဧရာဝတီဘဏ်တွင် ဦးနေသွေး အကောင့်
နံပါတ် - 0108 2220 1000 0542
ကမ္ဘောဇဘဏ်တွင် ဒေါက်တာ ပြည်သာစိမ်းချမ်း အကောင့်နံပါတ် - 2623 0126 2000 60001
CB ဘဏ် တွင် ဒေါက်တာ ထက်နေလင်းဦး အကောင့်နံပါတ် - 0107 6001 0001 0901
တို့ကို ငွေလွှဲပေးပို့ လှူဒါန်းနိုင်ပါတယ်။
စာအုပ်တွေကို လှူဒါန်းလိုပါက
*****************************
စာအုပ်အတွင်းထဲမှာ အလှူရှင်အမည်နဲ့ ရက်စွဲ ရေးထိုးပြီး ကိုယ်နဲ့အနီးဆုံးစာကြည့်တိုက်စင်လေးထဲကို ထည့်ပေးခဲ့နိုင်ပါတယ်။ အဲဒီလို ထားရှိခဲ့တဲ့စာအုပ်တွေကို သက်ဆိုင်ရာ စာကြည့်တိုက်စောင့်နတ်တွေက စိစစ်ပြီး စာရင်းသွင်းမှတ်၊ စတစ်ကာကပ်၊ တံဆိပ်တုံးထုကာ စာကြည့်တိုက်စင်လေးထဲကို ပြန်ထည့်ပေးမှာ ဖြစ်ပါတယ်။
စာအုပ်အသစ်တွေရော၊ အဟောင်းတွေပါ လက်ခံပါတယ်။ လောလောဆယ်တော့ အဖွဲ့ဆုံးဖြတ်ချက်အရ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်တွေ၊ ဘာသာရေး စာအုပ်တွေကို လက်မခံသေးပါဘူး။ အရမ်းဟောင်းနွမ်း စုတ်ပြတ်နေတဲ့ စာအုပ်တွေကိုလည်း မလှူဒါန်းကြဖို့ မေတ္တာရပ်ခံပါတယ်။
Alerts
Be the first to know and let us send you an email when ဖတ်ပြီးပြန်ထား စောင့်ကြည့်သူမဲ့ အခမဲ့ စာကြည့်တိုက်လေးများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.