TAR CHI LAR - Online Fashion Shop

TAR CHI LAR - Online Fashion Shop Thaiပစ္စည်းစစ်စစ် အမျိုးသားဝတ်အမျိုးသ?

 #ငါမှားရင်လည်းတောင်းပန်ပါ့မယ်.. #ငါ့အပေါ်မှားလာကြရင်လည်း  #ငါသီးခံပါ့မယ်..''လိုရာဆွဲလို့..ပင်ပန်းနေကြတာပါ'' တနေ့မှာ ငါ့...
28/07/2026

#ငါမှားရင်လည်းတောင်းပန်ပါ့မယ်..
#ငါ့အပေါ်မှားလာကြရင်လည်း
#ငါသီးခံပါ့မယ်..

''လိုရာဆွဲလို့..ပင်ပန်းနေကြတာပါ'' တနေ့မှာ ငါ့တို့ ပြုမူခဲ့တဲ့ကိုယ်ကျင့်တရားကသာလျှင် ကိုယ့်ကိုယ်ကို အမှန်တကယ်သာ ကယ်တင်သွားနိုင်လိမ့်မယ်..

ကိုယ်ကတော့ တကယ် ယုံတယ် တနေ့မှာအားလုံးက မြင်ချင်နေရင်တောင် မမြင်ရအောင် ဝေးကွာခွဲခွာသွားကြရမှာပဲ အမှန်ပဲ..

ဘယ်လောက်ကြီးကြီးမားမား ချစ်ခင်နေပါစေ ချစ်ခင်လျှက်ခွဲခွာကွေကွင်းရဦးမှာ အမှန်ပါပဲ..

ချစ်ရသူတွေ မချစ်မနှစ်သက်သူတွေ အားလုံးဟာထားခဲ့ရမှာချည်းပါပဲ..

တကယ်တော့ စိတ်ကသာလျှင်အတိုအရှည် အချစ်အမုန်း နဲ့ လိုရာဆွဲပြီးပင်ပန်းနေကြတာပါ..

အမုန်းတရားတွေနဲ့ပဲပျော်မွေ့မနေပါနဲ့တော့..
မြန်မာတရားတွေကို မမေ့ဖို့ သတိထားကြဖို့ လိုတယ်..
မနက်ဖြန် ဝါဝင်ပြီနော် သတင်းသီလဆောက်တည်ကြဖို့ မမေ့ကုနဲ့..

03/05/2026
 #လောကဓံဆိုတာလူရွေးပြီးလာတာမဟုတ်ဘူးလူအများစုက ထင်ကြတယ်..ငါသာ သူဌေးဖြစ်ရင် စိတ်ဆင်းရဲစရာ ရှိမှာမဟုတ်တော့ဘူးဒါမှမဟုတ် "တို...
17/04/2026

#လောကဓံဆိုတာလူရွေးပြီးလာတာမဟုတ်ဘူး
လူအများစုက ထင်ကြတယ်..

ငါသာ သူဌေးဖြစ်ရင် စိတ်ဆင်းရဲစရာ ရှိမှာမဟုတ်တော့ဘူးဒါမှမဟုတ် "တိုးတက်တဲ့ နိုင်ငံကြီးမှာ သွားနေရရင် အားလုံး အဆင်ပြေသွားမှာပဲ" ဆိုပြီးတော့ပေါ့..

ဒါပေမဲ့ တကယ်တမ်းတော့ လောကဓံဆိုတဲ့တရားဟာ
နေရာဒေသနဲ့ ငွေကြေးဥစ္စာပေါ်မှာမူတည်ပြီးကင်းလွတ် ခွင့် ပေးလေ့မရှိပါဘူး..

သူဌေးနဲ့ ဆင်းရဲသားခံစားချက်ချင်းက အတူတူပဲ
ဆင်းရဲတဲ့သူမှာ စားဝတ်နေရေးအတွက် ပူပန်ရတဲ့
လောကဓံရှိသလို သူဌေးမှာလည်း စီးပွားရေး ပျက်စီးမှာလုပ်ငန်းတွေ အရှုံးပေါ်မှာ ဂုဏ်သိက္ခာကျဆင်းမှာကို
ပူပန်ရတဲ့ လောကဓံ ရှိပါတယ် ဆင်းရဲသား ငိုရတဲ့
မျက်ရည်နဲ့ သူဌေး ငိုရတဲ့ မျက်ရည်ဟာ အပူရှိန်ချင်း
အတူတူပါပဲ ရွှေကုတင်ပေါ်မှာ အိပ်ပေမဲ့ အိပ်မပျော်တဲ့
ညတွေဟာ ဖျာကြမ်းပေါ်မှာအိပ်ရတဲ့သူလိုပဲ ပင်ပန်းရတာပါပဲ..

တိုးတက်တဲ့နိုင်ငံလား၊ တိုးတက်ဆဲနိုင်ငံလား နိုင်ငံတကာ အဆင့်မီတိုးတက်တဲ့နိုင်ငံကြီးတွေမှာနေထိုင်ရရင်ရုပ်ပိုင်း ဆိုင်ရာအဆင်ပြေမှုတွေရှိနိုင်ပေမဲ့ စိတ်ရဲ့မတည်ငြိမ်မှုနဲ့ လူမှုရေးဖိအားတွေက ပိုကြီးမား တတ်ပါတယ် အထီး ကျန်မှု ယှဉ်ပြိုင်မှုနဲ့ စိတ် ဓာတ်ကျဆင်းမှု Depression တွေဟာတိုးတက်တဲ့

နိုင်ငံတွေမှာပိုတောင် များပြားနေတာကိုတွေ့ရပါလိမ့်မယ်
တစ်ဖက်မှာလည်း တိုးတက်ဆဲ နိုင်ငံတွေမှာ ရုန်းကန်ရတဲ့
ပင်ပန်းမှုတွေက ကိုယ်စီ ရှိနေကြတာပါ ဘာကြောင့်အတူ တူပဲလို့ ပြောရတာလဲ..

ဘယ်နေရာမှာပဲနေနေ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ
လူသားဖြစ်တဲ့အတွက် အတက်အကျအနိမ့်အမြင့်ဆိုတာ ကိုရှောင်လွှဲလို့မရလို့ပဲ ချီးမွမ်းခြင်းရှိရင်ကဲ့ရဲ့ခြင်းရှိမယ်

အောင်မြင်ခြင်းရှိရင် ကျရှုံးခြင်း ရှိမယ် ကိုယ်ချစ်တဲ့သူနဲ့ ခွဲခွာရတာ နာကျင်ရတာတွေကအားလုံးအတွက် တန်းတူပါပဲ.

နိဂုံးချုပ်အနေနဲ့ ဘဝမှာ အရေးကြီးဆုံးက ဘယ်နေရာမှာ နေနေ ဘယ်လောက်ပဲရှိရှိ လောကဓံတရားတွေကိုခံနိုင် ရည်ရှိဖို့

#စိတ်ဓာတ် ကို ဘယ်လို တည်ဆောက်ထားလဲဆိုတာပါပဲ အပြင်ပန်း အခြေအနေတွေ ပြောင်းလဲသွားပေမဲ့
လောကကြီးရဲ့ သဘောတရားကတော့ လူတိုင်းအပေါ်မှာ
အတူတူပဲ သက်ရောက်နေမှာပါ.

ဒါကြောင့် ကိုယ့်ဘဝကို တခြားသူနဲ့ ယှဉ်ပြီး
အားငယ်နေမယ့်အစား ကိုယ့်ရှေ့က လောကဓံကို
အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ပဲ ကြိုးစားကြရအောင်ပါ..

Address

Yangon
Yangon
741

Website

Alerts

Be the first to know and let us send you an email when TAR CHI LAR - Online Fashion Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share