02/06/2026
🚗 ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများအတွက် 🚗
အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုလွယ်ကူ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်မြို့၊ ထောက်ကြန့် တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေး ရုံးခွဲအသစ်ကို တိုးချဲ့ဖွင့်လှစ်ပေးတော့မည် ဖြစ်ပါသည်။
📅 စတင်ဖွင့်လှစ်မည့်ရက်
(၈.၆.၂၀၂၆) ရက်နေ့ မှ စတင်၍ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။
📍 ဖြေဆိုနိုင်မည့်နေရာများ
ယခုအခါ မိမိတို့ အဆင်ပြေရာ နီးစပ်ရာရုံးများတွင် ရွေးချယ်ဖြေဆိုနိုင်ပြီဖြစ်ပါသဖြင့် အချိန်ကုန်သက်သာစေမည် ဖြစ်သည်။
1 ရွာသာကြီးရုံး (လက်ရှိဆောင်ရွက်ပေးနေသောရုံး)
2 ထောက်ကြန့်ရုံးခွဲ (ရုံးခွဲအသစ်)
💻 Online Booking စနစ်ဖြင့် ရက်ချိန်းရယူရန်
လူကြီးမင်းတို့ အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်စွာ သွားရောက်ဖြေဆိုနိုင်ရန်အတွက် Online Booking စနစ်ဖြင့် ရက်ချိန်း ကြိုတင်ရယူရမည် ဖြစ်ပါသည်။
🌐 ရက်ချိန်းရယူရန် Website: www.rtad.gov.mm
#ယာဉ်မောင်းလိုင်စင်
#ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
#ထောက်ကြန့်ရုံးခွဲ