06/09/2026
Conflict Diary
----------------------
စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခံရမှု ဖြစ်စဥ်များ အနည်းဆုံး ၂၃ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်စဥ်သည် အများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၇ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ စစ်ကြောင်းထိုး၀င်ရောက်မှုဖြစ်စဥ်သည် ဒုတိယအများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၆ ကြိမ်ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်စဉ်၊ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်၊ ဖမ်းဆီးမှုဖြစ်စဉ်နှင့် ဂျိုင်ရိုကော်ပတာဖြင့်တိုက်ခိုက်မှုဖြစ်စဥ်တို့သည် တတိယအများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၂ ကြိမ်စီဖြစ်ပွားခဲ့သည်။ စစ်အုပ်စုနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့များနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၁၅ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၇ ဦိးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိကာ ၃ ဦး ဖမ်းဆီးခံခဲ့ရသည်။
မြန်မာ >>> nolog.link/s/smhYeS
English >>> nolog.link/s/UFVOeR