Zifam Myanmar

Call Directions Website Contact the organization

Zifam Myanmar Zifam Company နှင့် တင်သွင်းသောဆေးဝါးများအကြောင်း၊ လုပ်ဆောင်ချက်များ၊ သိရှိနိင်ရန်
(699)

ဆရာဝန်ကြီးများရဲ့ပညာပေးဟောပြောပွဲအစီအစဉ်များ၊ဆောင်းပါးများ၊ကုမ္ပဏီမှအခါအားလျော်စွာပေးတဲ့ Promotion နှင့် Lucky Draw အစီအစဉ်များ၊ကျန်းမာရေးဗဟုသုတများနှင့် ကုမ္ပဏီမှလစ်လပ်ရာထူးနေရာများကို Like and See First လုပ်ခြင်းဖြင့်သိရှိနိုင်ပါတယ်၊

28/10/2026

📌 အဆုတ်မှာအမာရွတ်ဖြစ်နေတယ်လို့ အဖြေထွက်ခဲ့လျှင် တီဘီလို့တထစ်ချ ပြောလို့ရလား

👉 အဆုတ်မှာဖြစ်တဲ့ အမာရွတ်တွေက ဘယ်လိုပုံစံတွေလဲ…

👉 ရောဂါကုခဲ့ဖူးတဲ့ မှတ်တမ်းတွေကို ဘာကြောင့်သိမ်းထားဖို့လိုတာလဲ...

👉 ဘယ်လိုရောဂါတွေကြောင့် အဆုတ်မှာအမာရွတ်တွေဖြစ်တာလဲ...စတဲစိတ်ဝင်စားဖွယ်အကြောင်းအရာများကို

👨‍⚕️ အဆုတ်နှင့်ရင်ခေါင်း အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဝင်းနိုင်မှ 𝗭𝗶𝗳𝗮𝗺 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗙𝗮𝗻 များအတွက် ယခုလိုပြောကြားပေးထားပါတယ်။

💊 ယခုအစီအစဉ်ကို 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮 နိုင်ငံထုတ် နေ့စဥ်ကျန်းမာကိုယ်ခန္ဓာ 𝗦𝘂𝗽𝗿𝗮𝘃𝗶𝘁 (အဆင့်မြင့်အားဆေး) နဲ့အားဖြည့်ပါမှ ကျန်းမာရေဗဟုသုတရရှိစေရန်ရည်ရွယ်၍ တင်ဆက်ပေးထားခြင်းဖြစ်ပါသည်။

📌 𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿): A leading pharmaceutical organization in Myanmar, delivering high-quality healthcare products and services to enhance quality of life, enable sustainable growth and create trusted value for all stakeholders.

👉 သတိပေးချက်-ဤအစီအစဉ်သည် ကျန်းမာရေးဆိုင်ရာအသိပညာပေးရန်အတွက်သာ ရည်ရွယ်ပါသည်။ တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေအလိုက် ဆရာဝန်နှင့်သေချာတိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဖော်ပြပါကျန်းမာရေးဗဟုသုတများကိုအခြေခံ၍ မိမိသဘောဖြင့်ရောဂါကုသခြင်း၊ အရောဂါအမည်တပ်ခြင်းများကို လုံးဝပြုလုပ်၍မရနိုင်ပါ…






🏮 မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယဖြစ်ပါစေ...❤️ ပျော်ရွှင်ဖွယ်ရာသီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူ၊ပြည်သားများအားလုံး စိတ်...
24/10/2026

🏮 မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယဖြစ်ပါစေ...

❤️ ပျော်ရွှင်ဖွယ်ရာသီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး လောကီ နှင့် လောကုတ္တရာ နှစ်ဖြာသော ချမ်းသာခြင်းများ ရရှိနိုင်ပါစေကြောင်း 𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿) မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်...





👁️ မျက်လုံးကျန်းမာရေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို သိထားပြီးပြီလား? 🥦🥚🐟📱နေ့စဉ် ဖုန်း၊ ကွန်ပျူတာ၊ 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗦𝗰𝗿𝗲𝗲𝗻 တွေကို ...
23/10/2026

👁️ မျက်လုံးကျန်းမာရေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို သိထားပြီးပြီလား? 🥦🥚🐟

📱နေ့စဉ် ဖုန်း၊ ကွန်ပျူတာ၊ 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗦𝗰𝗿𝗲𝗲𝗻 တွေကို ကြာရှည်အသုံးပြုနေရတဲ့ ယနေ့ခေတ်မှာ မျက်လုံးကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

📌 မျက်လုံးကျန်းမာရေးအတွက် အာဟာရမျှတစွာစားသုံးခြင်းက အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် 𝗟𝘂𝘁𝗲𝗶𝗻, 𝗭𝗲𝗮𝘅𝗮𝗻𝘁𝗵𝗶𝗻 နဲ့ 𝗔𝗟𝗔 တို့ဟာ မျက်လုံးကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ အာဟာရဓာတ်များ ဖြစ်ပါတယ်။ ✨

👁️ 𝗟𝘂𝘁𝗲𝗶𝗻
📌 𝗟𝘂𝘁𝗲𝗶𝗻 ဟာ မျက်လုံးရဲ့ သဘာဝကာကွယ်ရေးအတွက် 𝗖𝗮𝗿𝗼𝘁𝗲𝗻𝗼𝗶𝗱 အမျိုးအစား အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး မျက်စိမြင်လွှာ (𝗥𝗲𝘁𝗶𝗻𝗮) ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ 𝗠𝗮𝗰𝘂𝗹𝗮 မှာ ရှိနေပါတယ်။

✅ အလင်းရောင်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ 𝗢𝘅𝗶𝗱𝗮𝘁𝗶𝘃𝗲 𝗦𝘁𝗿𝗲𝘀𝘀 ကို တိုက်ဖျက်ရာမှာ အထောက်အကူပြုပါတယ်။
✅ အပြာရောင်အလင်း (𝗕𝗹𝘂𝗲 𝗟𝗶𝗴𝗵𝘁) အချို့ကို စုပ်ယူပေးပြီး မျက်စိမြင်လွှာကို ကာကွယ်ရာမှာ ပါဝင်ပါတယ်။
✅ အသက်အရွယ်ကြီးရင့်ခြင်းကြောင့်ဖြစ်တဲ့ မြင်လွှာပျက်စီးခြင်း 𝗠𝗮𝗰𝘂𝗹𝗮𝗿 𝗗𝗲𝗴𝗲𝗻𝗲𝗿𝗮𝘁𝗶𝗼𝗻 (𝗔𝗠𝗗) အန္တရာယ်ကို လျှော့ချနိုင်ရေးအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။

🥬 𝗟𝘂𝘁𝗲𝗶𝗻 ဓာတ်ကြွယ်ဝတဲ့ အစားအစာများဖြစ်တဲ့ ဟင်းနုနွယ်၊ ကိုက်လန်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ကြက်ဥအနှစ် တို့ကိုစားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။
--------------------------------------------------------------------------------

👁️ 𝗭𝗲𝗮𝘅𝗮𝗻𝘁𝗵𝗶𝗻
📌 𝗭𝗲𝗮𝘅𝗮𝗻𝘁𝗵𝗶𝗻 ဟာ 𝗟𝘂𝘁𝗲𝗶𝗻 နဲ့အတူ 𝗠𝗮𝗰𝘂𝗹𝗮 မှာ တွေ့ရတဲ့ အရေးပါတဲ့ 𝗖𝗮𝗿𝗼𝘁𝗲𝗻𝗼𝗶𝗱 တစ်မျိုးဖြစ်ပါတယ်။

✅ မျက်စိမြင်လွှာမှာရှိတဲ့ Macular Pigment ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါတယ်။
✅ 𝗟𝘂𝘁𝗲𝗶𝗻 နဲ့အတူ မျက်စိမြင်လွှာကျန်းမာရေးကို ထိန်းသိမ်းပေးပြီး အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်လာနိုင်မှုကို လျှော့ချရေးမှာ အရေးပါပါတယ်။

🌽 𝗭𝗲𝗮𝘅𝗮𝗻𝘁𝗵𝗶𝗻 ဓာတ်ကြွယ်ဝတဲ့ အစားအစာများဖြစ်တဲ့ ပြောင်းဖူး၊ ကြက်ဥအနှစ်၊ လိမ္မော်ရောင်နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကိုစားသုံးခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။
--------------------------------------------------------------------------------

👁️ 𝗔𝗟𝗔 (𝗔𝗹𝗽𝗵𝗮-𝗟𝗶𝗻𝗼𝗹𝗲𝗻𝗶𝗰 𝗔𝗰𝗶𝗱) – မျက်လုံးအတွက် အထောက်အကူပြုတဲ့ 𝗢𝗺𝗲𝗴𝗮-𝟯
📌 𝗔𝗟𝗔 ဟာ ခန္ဓာကိုယ်က ကိုယ်တိုင် မထုတ်လုပ်နိုင်တဲ့ 𝗘𝘀𝘀𝗲𝗻𝘁𝗶𝗮𝗹 𝗢𝗺𝗲𝗴𝗮-𝟯 𝗙𝗮𝘁𝘁𝘆 𝗔𝗰𝗶𝗱 တစ်မျိုးဖြစ်ပါတယ်။

✅ ခန္ဓာကိုယ်အတွင်း 𝗘𝗣𝗔 နဲ့ 𝗗𝗛𝗔 လို 𝗢𝗺𝗲𝗴𝗮-𝟯 𝗙𝗮𝘁𝘁𝘆 𝗔𝗰𝗶𝗱𝘀 တွေအဖြစ် အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။
✅ မျက်လုံးအပါအဝင် ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုပါတယ်။

🌰 𝗔𝗟𝗔 ဓာတ်ကြွယ်ဝတဲ့ အစားအစာများဖြစ်တဲ့ 𝗙𝗹𝗮𝘅𝘀𝗲𝗲𝗱၊ 𝗖𝗵𝗶𝗮 𝗦𝗲𝗲𝗱၊ သစ်ကြားသီးနဲ့ 𝗖𝗮𝗻𝗼𝗹𝗮 𝗢𝗶𝗹 တို့ကိုစားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။
--------------------------------------------------------------------------------

📌 မျက်လုံးကျန်းမာရေးအတွက်
✅ အာဟာရမျှတစွာ စားသုံးခြင်း။
✅ 𝗦𝗰𝗿𝗲𝗲𝗻 အသုံးပြုချိန်မှာ မကြာခဏ အနားယူပြီး အဝေးကို ကြည့်ပေးခြင်း။
✅ နေရောင်ခြည်ပြင်းထန်ချိန်မှာ 𝗨𝗩 ကာကွယ်နိုင်တဲ့ နေကာမျက်မှန်ကို အသုံးပြုခြင်း။
✅ အမြင်အာရုံ ပြောင်းလဲလာခြင်း၊ ရုတ်တရက် အမြင်ဝေဝါးခြင်းတို့ ဖြစ်ပါက မျက်စိဆရာဝန်နဲ့ ပြသခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

👁️ 𝗟𝘂𝘁𝗲𝗶𝗻 + 𝗭𝗲𝗮𝘅𝗮𝗻𝘁𝗵𝗶𝗻 + 𝗔𝗟𝗔 စားသုံးခြင်းဖြင့် မျက်လုံးကျန်းမာရေးအတွက် လိုအပ်တဲ့အာဟာရများကို ဖြည့်တင်းနိုင်ပါတယ်။






#မျက်လုံးကျန်းမာရေး

22/10/2026

👉 သည်းခြေပြွန်ကင်ဆာဖြစ်ပွားမှု မြင့်တက်လာခြင်း၏ အကြောင်းအရင်းတွေကဘာလဲ...

👉 ကနဦးအဆင့်မှာ ဘယ်လိုရောဂါလက္ခဏာတွေပြတက်လဲ...

👉 စစ်ဆေးခြင်းနှင့် ကုသမှုနည်းလမ်းများ စသည့်အကြောင်းအရာများကို အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်မကြီး ပါမောက္ခ ဒေါက်တာသန်းသန်းအေးမှ 𝗭𝗶𝗳𝗮𝗺 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗙𝗮𝗻 များအတွက် ယခုလိုဆွေးနွေး ဟောပြောခဲ့ကြပါသည်။

✅ အဆိုပါဗီဒီယိုကို (၂၀၂၆) ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့ (စနေနေ့) တွင် ကျင်းပပြုလုပ်သော "သတိပြုစရာ အသည်းသန်ကောင်နှင့် သည်းခြေလမ်းကြောင်းကင်ဆာအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲ" အစီအစဉ်မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

💊 ဤအစီအစဉ်ကို 𝗭𝗜𝗙𝗔𝗠 𝗣𝗥𝗔𝗭𝗜-𝗤 𝟲𝟬𝟬 (𝗣𝗿𝗮𝘇𝗶𝗾𝘂𝗮𝗻𝘁𝗲𝗹 𝟲𝟬𝟬 𝗺𝗴) အသည်းသန်ချဆေးမှ ကျန်းမာရေးဗဟုသုတရရှိစေရန်ရည်ရွယ်၍ တင်ဆက်ပေးထားပါသည်။

📌𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿): A leading pharmaceutical organization in Myanmar, delivering high-quality healthcare products and services to enhance quality of life, enable sustainable growth and create trusted value for all stakeholders.




-Q



🙏 သီတင်းကျွတ် ဂါရဝပြု ကုသိုလ်ယူ အမှတ်တရပုံရိပ်များ (၂၀၂၆)🥰 (၂၀၂၆) ခုနှစ်၊ 𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿) မိသားစု၏ လ...
21/10/2026

🙏 သီတင်းကျွတ် ဂါရဝပြု ကုသိုလ်ယူ အမှတ်တရပုံရိပ်များ (၂၀၂၆)

🥰 (၂၀၂၆) ခုနှစ်၊ 𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿) မိသားစု၏ လူကြီးမိဘ အကြီးအကဲများအား သီတင်းကျွတ် ဂါရဝပြု ကုသိုလ်ယူ ကန်တော့ခဲ့ကြသော ကြည်နူးဖွယ်အမှတ်တရပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်... 🙏



#သီတင်းကျွတ်ဂါရဝ

21/10/2026

👉 အသည်းသန်ကောင်ကြောင့် သည်းခြေပြွန်ကင်ဆာကို ပိုမိုဖြစ်ပွားစေနိုင်လား...

👉 သည်းခြေပြွန်ကင်ဆာကို ကုသရန်အတွက် အကောင်းဆုံးနည်းလမ်းကဘာလဲ...

👉 အစားသောက်မှုပုံစံနှင့် ရောဂါကူးစက်နိုင်ခြေတို့၏ ဆက်စပ်မှု စသည့်အကြောင်းအရာများကို အသည်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ ခွဲစိတ်အထူးကုပါမောက္ခကြီး ပါမောက္ခ ဒေါက်တာစိုင်းအောင်ညွှန့်ဦးမှ 𝗭𝗶𝗳𝗮𝗺 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗙𝗮𝗻 များအတွက် ယခုလိုဆွေးနွေး ဟောပြောခဲ့ကြပါသည်။

✅ အဆိုပါဗီဒီယိုကို (၂၀၂၆) ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့ (စနေနေ့) တွင် ကျင်းပပြုလုပ်သော "သတိပြုစရာ အသည်းသန်ကောင်နှင့် သည်းခြေလမ်းကြောင်းကင်ဆာအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲ" အစီအစဉ်မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

💊 ဤအစီအစဉ်ကို 𝗭𝗜𝗙𝗔𝗠 𝗣𝗥𝗔𝗭𝗜-𝗤 𝟲𝟬𝟬 (𝗣𝗿𝗮𝘇𝗶𝗾𝘂𝗮𝗻𝘁𝗲𝗹 𝟲𝟬𝟬 𝗺𝗴) အသည်းသန်ချဆေးမှ ကျန်းမာရေးဗဟုသုတရရှိစေရန်ရည်ရွယ်၍ တင်ဆက်ပေးထားပါသည်။

📌𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿): A leading pharmaceutical organization in Myanmar, delivering high-quality healthcare products and services to enhance quality of life, enable sustainable growth and create trusted value for all stakeholders.








📌 “ရင်သားကင်ဆာဂရုပြုလ ကျန်းမာရေးအသိပညာဟောပြောပွဲ”✅ အောက်တိုဘာလသည် ရင်သားကင်ဆာသတိပြုကာလ (𝗕𝗿𝗲𝗮𝘀𝘁 𝗖𝗮𝗻𝗰𝗲𝗿 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗠𝗼𝗻𝘁𝗵) ဖ...
21/10/2026

📌 “ရင်သားကင်ဆာဂရုပြုလ ကျန်းမာရေးအသိပညာဟောပြောပွဲ”

✅ အောက်တိုဘာလသည် ရင်သားကင်ဆာသတိပြုကာလ (𝗕𝗿𝗲𝗮𝘀𝘁 𝗖𝗮𝗻𝗰𝗲𝗿 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗠𝗼𝗻𝘁𝗵) ဖြစ်ပါတယ်။

💗 သို့ဖြစ်ပါ၍ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ရင်သားကင်ဆာနှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ၊ အထူးဂရုပြုရမည့်အချက်များ၊ နှင့် ကိုယ်တိုင်စမ်းသပ်နိုင်မည့် နည်းလမ်းများ (𝗕𝗿𝗲𝗮𝘀𝘁 𝗦𝗲𝗹𝗳 𝗘𝘅𝗮𝗺𝗶𝗻𝗮𝘁𝗶𝗼𝗻) အတွက် အသိပညာပေးဟောပြောပွဲကို 𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿) ၏ 𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲 တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

🥰 အဆိုပါပွဲတွင် တက်ရောက်လာကြသော 𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿) ၏ 𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲 ရှိ မိသားစုဝင်များမှလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းကာ ရင်သားကိုယ်တိုင်စမ်းသပ်နည်းများကိုလည်း အတူတကွ လုပ်ဆောင်ခဲ့ကြပါသည့် ပုံရိပ်များကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။





#𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

20/10/2026

👉 သည်းခြေလမ်းကြောင်းကင်ဆာကို ဖြစ်စေနိုင်သော အဓိကအကြောင်းအရင်း...

👉 သည်းခြေလမ်းကြောင်းကင်ဆာကို ဘယ်လိုကာကွယ်ကုသရမလဲ...စသည့်အကြောင်းအရာများကို အသည်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ ခွဲစိတ်အထူးကုပါမောက္ခကြီး ပါမောက္ခ ဒေါက်တာတင်တင်မာမှ 𝗭𝗶𝗳𝗮𝗺 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗙𝗮𝗻 များအတွက် ယခုလိုဆွေးနွေး ဟောပြောခဲ့ကြပါသည်။

✅ အဆိုပါဗီဒီယိုကို (၂၀၂၆) ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့ (စနေနေ့) တွင် ကျင်းပပြုလုပ်သော "သတိပြုစရာ အသည်းသန်ကောင်နှင့် သည်းခြေလမ်းကြောင်းကင်ဆာအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲ" အစီအစဉ်မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

💊 ဤအစီအစဉ်ကို 𝗭𝗜𝗙𝗔𝗠 𝗣𝗥𝗔𝗭𝗜-𝗤 𝟲𝟬𝟬 (𝗣𝗿𝗮𝘇𝗶𝗾𝘂𝗮𝗻𝘁𝗲𝗹 𝟲𝟬𝟬 𝗺𝗴) အသည်းသန်ချဆေးမှ ကျန်းမာရေးဗဟုသုတရရှိစေရန်ရည်ရွယ်၍ တင်ဆက်ပေးထားပါသည်။

📌𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿): A leading pharmaceutical organization in Myanmar, delivering high-quality healthcare products and services to enhance quality of life, enable sustainable growth and create trusted value for all stakeholders.




-Q



🌸 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗪𝗼𝗺𝗲𝗻'𝘀 𝗛𝗲𝗮𝗹𝘁𝗵 𝗮𝘁 𝗪𝗼𝗿𝗸 𝗮𝗻𝗱 𝗕𝗲𝘆𝗼𝗻𝗱 🌸အမျိုးသမီးများ၏ ကျန်းမာရေးအသိပညာ မြှင့်တင်ပေးရန်နှင့် မိမိကိုယ်ကိုယ် ကျန...
20/10/2026

🌸 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗪𝗼𝗺𝗲𝗻'𝘀 𝗛𝗲𝗮𝗹𝘁𝗵 𝗮𝘁 𝗪𝗼𝗿𝗸 𝗮𝗻𝗱 𝗕𝗲𝘆𝗼𝗻𝗱 🌸

အမျိုးသမီးများ၏ ကျန်းမာရေးအသိပညာ မြှင့်တင်ပေးရန်နှင့် မိမိကိုယ်ကိုယ် ကျန်းမာရေးဂရုစိုက်နိုင်စေရန် ရည်ရွယ်၍ “𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗪𝗼𝗺𝗲𝗻'𝘀 𝗛𝗲𝗮𝗹𝘁𝗵 𝗮𝘁 𝗪𝗼𝗿𝗸 𝗮𝗻𝗱 𝗕𝗲𝘆𝗼𝗻𝗱” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 💗

အဆိုပါ ဟောပြောပွဲတွင် ဒေါက်တာအောင်ဖြိုးပိုင်မှ အမျိုးသမီးများ သိရှိထားသင့်သည့် ကျန်းမာရေးအကြောင်းအရာများဖြစ်သော -

🔹 𝗠𝗲𝗻𝘀𝘁𝗿𝘂𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵
🔹 𝗠𝗲𝗻𝗼𝗽𝗮𝘂𝘀𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵
🔹 𝗦𝗲𝗹𝗳-𝗕𝗿𝗲𝗮𝘀𝘁 𝗘𝘅𝗮𝗺𝗶𝗻𝗮𝘁𝗶𝗼𝗻
🔹 𝗕𝗿𝗲𝗮𝘀𝘁 𝗖𝗮𝗻𝗰𝗲𝗿 အသိပညာများ ကို မျှဝေဟောပြောပေးခဲ့ပါသည်။ ထိုသို့ အသိပညာမျှဝေခြင်းဖြင့် အမျိုးသမီးများအနေဖြင့် မိမိတို့၏ ကျန်းမာရေးအပြောင်းအလဲများကို ပိုမိုနားလည်သိရှိလာပြီး ကျန်းမာရေးကို အလေးထားစောင့်ရှောက်နိုင်ရန် အထောက်အကူပြုစေပါသည်။ 🌷

ဤအစီအစဉ်ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ Asakawa Japanese Language Center တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစီအစဉ်အောင်မြင်စွာ ကျင်းပနိုင်ရန် Asakawa Japanese Language Center မှ ပံ့ပိုးကူညီပေးခဲ့ပါသည်။






🎉 “မေတ္တာနဲ့ကန်တော့၊ ဆုလက်ဆောင်နဲ့ပြန်လည်မျှဝေ” သီတင်းကျွတ်ကံစမ်းမဲအစီအစဉ်မှာ ကံထူးရှင်များအား မေတ္တာလက်ဆောင်များပို့ဆော...
19/10/2026

🎉 “မေတ္တာနဲ့ကန်တော့၊ ဆုလက်ဆောင်နဲ့ပြန်လည်မျှဝေ” သီတင်းကျွတ်ကံစမ်းမဲအစီအစဉ်မှာ ကံထူးရှင်များအား မေတ္တာလက်ဆောင်များပို့ဆောင်ပေးခြင်း 💝

🎁 ကံထူးရှင်များအတွက် ဆုလက်ဆောင်ဖြစ်တဲ့ 𝗦𝘂𝗽𝗿𝗮𝘃𝗶𝘁 အားဆေး တစ်လစာနဲ့ သီတင်းကျွတ်မေတ္တာလက်ဆောင်လေးတွေကို အိမ်တိုင်ရာရောက် စတင်ပို့ဆောင်ပေးနေပြီဖြစ်ပါတယ်။ မကြာခင်မှာပဲ ကိုယ့်ရဲ့ဆုလက်ဆောင်လေးတွေကို လက်ခံရရှိတော့မှာမို့ ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြပါဦးနော်။ 🎁✨

💬 ဆုလက်ဆောင်လေးတွေ လက်ခံရရှိပြီးသွားရင်လည်း ဒီ 𝗣𝗼𝘀𝘁 ရဲ့ 𝗖𝗼𝗺𝗺𝗲𝗻𝘁 𝗕𝗼𝘅 မှာ လက်ခံရရှိကြောင်းလေး ပြန်လည်အသိပေးရေးသားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

🌕 ဒါ့အပြင် ဒီလိုပျော်ရွှင်ကြည်နူးစရာ သီတင်းကျွတ်အချိန်အခါလေးမှာ ဘယ်လိုအစီအစဉ်လေးတွေနဲ့ ဖြတ်သန်းသွားဖို့ စီစဉ်ထားကြလဲဆိုတာကိုလည်း 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ အတူတူ မျှဝေပေးခဲ့ကြပါဦးနော်။ 💛

🙏 ဒီအစီအစဉ်လေးမှာ အချိန်ပေးပြီး စိတ်အားထက်သန်စွာ ပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးချင်းစီတိုင်းကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

💛 သီတင်းကျွတ်အခါသမယလေးမှာ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး မိသားစု၊ ချစ်ခင်ရသူတွေနှင့်အတူ ပျော်ရွှင်ကြည်နူးစရာ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ 𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱. (𝗠𝘆𝗮𝗻𝗺𝗮𝗿) မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏✨

✅ 𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿): A leading pharmaceutical organization in Myanmar, delivering high-quality healthcare products and services to enhance quality of life, enable sustainable growth and create trusted value for all stakeholders.

#မေတ္တာနဲ့ကန်တော့ #ဆုလက်ဆောင်နဲ့ပြန်လည်မျှဝေ




Address

95 Residence, Kyaik Waing Pagoda Road, 8th Mile, Mayangone Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9519669347

Alerts

Be the first to know and let us send you an email when Zifam Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Zifam Myanmar:

Shortcuts

Share

Nearby government services