30/06/2021
ရန်ကုန် တက္ကသိုလ် ကြက်ခြေနီအသင်းခွဲ၏ အမာခံ အဖွဲ့ဝင် ကိုဝေယံဦး(တတိယနှစ်၊ ဘူမိဗေဒဌာန)သည် ယနေ့(30.6.2021)တွင် ရုတ်တရက် ဘဝတစ်ပါးသို့ ကူးပြောင်းခွဲခွာသွားပါသဖြင့် ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲ အဖွဲ့ဝင်များက မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ကြရပါသည်။
အဖွဲ့ဝင်အားလုံးနဲ့ ခင်မင်ရင်းနှီးသူ၊ ပေးအပ်တဲ့တာဝန်ကို အမြဲ ကျေပြွန်စွာ ထမ်းဆောင် တတ်သူ၊ တာဝန်ချိန်များတွင် အဖွဲ့ဝင်အားလုံးကို ပျော်ရွှင်အောင် လုပ်ပေးသူ တစ်ယောက်အဖြစ် ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲကြီးက အစဉ်အမြဲ အမှတ်ရ ဂုဏ်ယူနေမည် ဖြစ်ပါသည်။