02/05/2022
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
========================================================================
ယနေ့(၂.၅.၂၀၂၂)ရက်နေ့ ည(၂၀:၃၅)နာရီအချိန်ခန့်တွင် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးထားသော 230kV သပြေဝ-မြင်းခြံ ဓာတ်အားလိုင်းအပြစ် ဖြစ်ပွားခဲ့ပြီး Sunco နှင့် V Power ဓာတ်အားပေးစက်များ မှ 300MW ခန့် ဓာတ်အားလျော့နည်းသွားခဲ့ရာ တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ ယာယီ ဓာတ်အားပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း မိဘပြည်သူများထံသို့ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း