12/08/2026
#အခုလက်ရှိအခြေအနေအရ #သဘာဝဘေးများအပါအဝင် #ကျွန်ုပ်တို့၏ #လူသားဘဝလုံခြုံရေး(Human Security)ကို #ပိုမိုအာမခံနိုင်ရန်➖ 📣
#ပထမဆုံးအနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်နေရတဲ့ ပြဿနာကို ဖြေရှင်းဖို့ လိုပါမယ်။ စစ်မက်ဖြစ်ပွားမှုတွေကြောင့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ မရောက်ရှိတဲ့ စစ်ဘေးရှောင်ဒေသတွေ ရှိနေလို့ပါ။ ဒီအတွက် ပဋိပက္ခတွေ ရပ်တန့်ပြီး အရပ်သားတွေကို မဖြစ်မနေကာကွယ်ဖို့ လူသားချင်းစာနာမှု အကူအညီတွေ လွတ်လပ်စွာ ပို့ဆောင်နိုင်ရေးက လူထုအတွက်မရှိမဖြစ် လိုပါတယ်။
#ဒုတိယဦးစားပေးက ကျန်းမာရေးနဲ့ အာဟာရချို့တဲ့မှုကြောင့် ကူးစက်ရောဂါများအပါအဝင် ကလေးသူငယ်တွေဟာ အာဟာရချို့တဲ့မှု မြင့်မားနေပြီး အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရအစီအစဉ်တွေ အားကောင်းအောင် လုပ်ရပါမယ်။
#တတိယအနေနဲ့ ပညာရေးနဲ့ အနာဂတ်အခွင့်အရေးတွေ လမ်းပျောက်ပြီး ပဋိပက္ခတွေကြောင့် ကလေးတွေ ကျောင်းမတက်နိုင်လို့ အရေးပေါ်ပညာရေးအစီအစဉ်တွေ လိုနေပါပြီ။
#စတုတ္ထဦးစားပေး အကာအကွယ်ပေးရမှာက အမျိုးသမီးတွေ၊ ကလေးတွေ၊ လူနည်းစုတွေ၊ အိုမင်းသူတွေ၊ မသန်စွမ်းသူတွေ အကြမ်းဖက်မှုနဲ့ ခေါင်းပုံဖြတ်ခံရမှု ပိုများလို့ သူတို့အတွက် ဥပဒေအရကာကွယ်ပြီး အကြမ်းဖက်မှုတွေကို တုံ့ပြန်အရေးယူရေး လိုပါတယ်။
#ပဉ္စမအနေနဲ့ နိုင်ငံသားအားလုံးဟာ နိုင်ငံရေးပြဿနာမပြေလည်မှုတွေကြောင့် စီးပွားရေးနဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အလုပ်အကိုင်၊ စားနပ်ရိက္ခာ၊ သန့်ရှင်းရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေးစတဲ့ အခြေခံအဆောက်အအုံတွေပါ ပြိုလဲခံနေရပြီး လုံခြုံငြိမ်းချမ်းဖွံ့ဖြိုးတဲ့ နိုင်ငံပြန်ဖြစ်အောင် ဒါတွေကို ပြန်လည်တည်ဆောက်ရေး မဖြစ်မနေလိုပါတယ်။ သိူ့မှသာ ကျွန်ုပ်တို့အားလုံး ဘက်မရွေး လက်ရှိရင်ဆိုင်နေရတဲ့ လူသားဘဝလုံခြုံရေး(Human Security)ကို ပိုမိုအာမခံလာနိုင်မည် ဖြစ်ပါကြောင်း..။ ✍️ Tin Htoo Aung Arakan National Network-ရခိုင်အမျိုးသားကွန်ရက်
ဦးတင်ထူးအောင်
ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ။
/