Australian Embassy in Myanmar

Australian Embassy in Myanmar Welcome to the page of the Australian Government in Myanmar Follow the Australian Embassy in Myanmar on Facebook: facebook.com/AusEmbMyr.

Contacting the Embassy

The Australian Embassy is located in Level 12 of Vantage Tower, 623 Pyay Road, Yangon, Myanmar

The Embassy’s email is [email protected] and our reception number is +95 12307410. Subscribe to the Smartraveller Myanmar Travel Advice: smartraveller.gov.au/destinations/asia/myanmar. For consular assistance please email [email protected]

If you need to

contact us urgently, use Australia’s Global Emergency Consular Hotline number: +61(2)62613305. Visit the Australian Embassy Website for more information: myanmar.embassy.gov.au.

ရာသီဥတုပြောင်းလဲမှုမှအစ ပလတ်စတစ်ညစ်ညမ်းမှုအထိ ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတွေဟာ မိမိတို့အားလုံးအပေါ်သက်ရောက်ပါတယ်၊ ဒါတွ...
05/06/2026

ရာသီဥတုပြောင်းလဲမှုမှအစ ပလတ်စတစ်ညစ်ညမ်းမှုအထိ ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတွေဟာ မိမိတို့အားလုံးအပေါ်သက်ရောက်ပါတယ်၊ ဒါတွေကိုကိုင်တွယ်ဖြေရှင်းဖို့ရာ စုပေါင်းအင်အားလိုပါတယ်။

ဒီကမ္ဘာ့ပတ်ဝန်းကျင်နေ့မှာ ပိုမိုသန့်ရှင်းကျန်းမာပြီးရေရှည်တည်တံ့သောအနာဂတ်ဖြစ်ဖို့ ကူညီဖန်တီးနေတဲ့လုပ်ငန်းတွေကို ပံ့ပိုးရတာမိမိတို့ဂုဏ်ယူပါတယ်။

သြစတြေးလျအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာအသိပညာပေးဖို့၊ တာဝန်သိသုံးစွဲမှုနဲ့ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကိုမြှင့်တင်ဖို့၊ လူမှုအသိုက်အဝန်းတွေအကြား လက်တွေ့ကျတဲ့ပတ်ဝန်းကျင်ဆိုင်ရာဆောင်ရွက်မှုတွေလုပ်ဆောင်နိုင်ဖို့ရည်ရွယ်ပြီးစီစဥ်ထားတဲ့ အောက်ပါ activities တွေအတွက် Prevent Plastics+ ကို ပံ့ပိုးပေးထားပါတယ်။

Environmental challenges—from climate change to plastic pollution—affect all of us, and tackling them takes a collective effort.

This World Environment Day, we’re proud to support initiatives that are helping to create a cleaner, healthier and more sustainable future.

In partnership with Prevent Plastics+, we are supporting a series of activities that raise awareness of plastic pollution, promote responsible consumption and waste management, and inspire practical environmental action across communities.

Here’s what’s coming up:

သြစတြေးလျသံရုံးဟာ Pride Month ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒေသခံ LGBTQIA+ လူငယ်တွေအတွက် ကိုယ်စိတ်ကျန်းမာရေး၊ ပညာရေးနဲ့ crea...
03/06/2026

သြစတြေးလျသံရုံးဟာ Pride Month ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒေသခံ LGBTQIA+ လူငယ်တွေအတွက် ကိုယ်စိတ်ကျန်းမာရေး၊ ပညာရေးနဲ့ creative expression တို့ကိုပေးအပ်ကူညီဖို့ရည်ရွယ်ထားတဲ့ Awareness Day ကိုပံ့ပိုးရတာ ဂုဏ်ယူပါတယ်။ လူတိုင်းကို ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။

နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက် (စနေနေ့)
နေရာ - ပြင်သစ်ယဥ်ကျေးမှုဌာန၊ အမှတ် ၃၄၀ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဝင်ကြေး - အခမဲ့
ဘာသာစကား - အစီအစဥ်အားလုံးမြန်မာဘာသာဖြင့်

ကြိုတင်စာရင်းသွင်းဖို့အပါအဝင် အခြားအချက်အလက်တွေကို အောက်မှာဖတ်ရှုနိုင်ပါတယ်။

As part of Pride Month the Australian Embassy in Myanmar is proud to support ‘Awareness Day’, which aims to support the well-being, education and accessible creative expression for local LGBTQIA+ youth. Everyone is welcome!

Date: Saturday 6 June 2026
Location: Institut français de Birmanie (IFB), 340 Pyay Road, Sanchaung Tsp., Yangon
Entry: Free participation for all
Language: All activities will be in Burmese

Further information, including how to register, is below.

🏳️‍🌈 Pride in Yangon 2026: Awareness Day - 6 June 🏳️‍🌈

🇲🇲 IDAHOBIT နေ့ ဖြစ်သည့် မေလ (၁၇) ရက်နေ့၌ သက်တံရောင်စုံအလံများ လွှင့်ထူပြီးနောက် နိုင်ငံတကာ LGBTIQA+ လ ဖြစ်သည့် ဇွန်လကို ဆင်နွှဲသည့် အနေဖြင့် ရန်ကုန်မြို့ရှိ သံတမန်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ အတူတကွ ပူးပေါင်းပြီး LGBTIQA+ အခွင့်အရေးများ မြှင့်တင်ရန် ရည်သန်ကာ LGBTIQA+ လအထိမ်းအမှတ် ပွဲစီအစဉ်များကို အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာပေးတင်ဆက်မှုများ၊ အနုပညာလှုပ်ရှားမှုများ အပါအဝင် သုတရသ ကဏ္ဍစုံ တင်ဆက်မှုပေါင်းများစွာ ပါဝင်သည့် အစီအစဉ်များဖြင့် အခမဲ့ တင်ဆက်ကျင်းပသွားမည် ဖြစ်ပါသည်။

-----

လာမည့် စနေနေ့၊ ဇွန်လ (၆) ရက်နေ့တွင် ပြင်သစ်ယဉ်ကျေးမှုဌာန၌ ပြုလုပ်ကျင်းပသွားမည့် Awareness Day သို့ လာရောက်လေ့လာဆင်နွှဲကြပါရန် အားလုံးကို ဖိတ်ခေါ်လိုက်ရပါသည်။
📅 ၂၀၂၆ ဇွန်လ (၆) ရက်
📍 ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) (၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ မဟာမြိုင်မှတ်တိုင်အနီး)
✅ အစီအစဉ်အားလုံး အခမဲ့
• မြန်မာဘာသာဖြင့် တင်ဆက်သွားမည် ဖြစ်ပါသည်။

-----

ဇွန်လ (၆) ရက်နေ့ ၊ Awareness Day အစီအစဉ်များ

11:00 a.m. - 1:00 p.m.
လူငယ်စကားဝိုင်းအစီအစဉ် - PRIDE အကြောင်း သိကောင်းစရာ (မီဒီယာစာကြည့်တိုက်)
• မတူကွဲပြားသော ဖြစ်တည်မှုများ (Identities) အပေါ် နားလည်မှုနှင့် လေးစားမှုရှိလာစေရန် ရည်ရွယ်ပြီး အသက် (၁၀) နှစ်မှ (၁၈) နှစ်အရွယ် လူငယ်များ စိတ်ဝင်စားမည် ဖြစ်သော ဆွေးနွေးမှုများ ပါဝင်ပါမည်။ ပုံပြင်ပြောပြခြင်းနှင့် မီဒီယာပိုင်းဆိုင်ရာ တင်ဆက်မှုများတွင် လူသိများသော ဖန်တီးမှုပညာရှင် TM က ဦးဆောင်ဆွေးနွေးသွားမည် ဖြစ်ပါသည်။
🔗 အခမဲ့ ကြိုတင်စာရင်းသွင်းရန် - https://forms.gle/HYvPhxcweMFanmKR8

1:00 p.m. - 5:00 p.m.
အသိပညာပေးပြခန်းကောင်တာများ (ခန်းမ)
• Medical Action Myanmar (MAM), UNFPA, UN Women, Kumudra Social Life Support Association (MMTN), DKT Myanmar, Manulife Myanmar, & Practical English Club (PEC) တို့ ပါဝင်သည့် အသိပညာပေးကောင်တာများတွင် သွားရောက်လေ့လာပြီး အမေးအဖြေကဏ္ဍများ၊ ပညာပေးလှုပ်ရှားမှုများ၊ ဆုလက်ဆောင်များ ရရှိနိုင်မည့် “Passport Game” ဂိမ်းအစီအစဉ်များ၌ ပါဝင်လှုပ်ရှားနိုင်မည် ဖြစ်ပါသည်။

1:00 p.m. - 5:00 p.m.
ဒစ်ဂျစ်တယ်တင်ဆက်မှုများ (Micro-Folie ဒစ်ဂျစ်တယ်ပြတိုက်)
• မတူကွဲပြားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ၊ လူမှုအသိုင်းအဝိုင်းများ၏ ဖြစ်တည်မှုဇာတ်ကြောင်းများဆီသို့ စိတ်ဝင်စားဖွယ် လေ့လာချဉ်းကပ်နိုင်မှုများ ပါဝင်သော ဒစ်ဂျစ်တယ်လှုပ်ရှားမှု အစီအစဉ်များ ဖြစ်ပါသည်။

1:00 p.m. - 3:00 p.m.
မျက်နှာဆေးရောင်ခြယ်ခြင်း (စင်မြင့်ကြီး)
• ရှင်ဒီ (Shin-D) ၏ မျက်နှာဆေးရောင်ခြယ် အစီအစဉ်၌ မည်သူမဆို ပါဝင်ဆေးခြယ်နိုင်ပါသည်။

1:00 p.m. - 3:00 p.m.
စိတ်ကျန်းမာရေးနှင့် အနုပညာအလုပ်ရုံဆွေးနွေးပွဲ (မီဒီယာစာကြည့်တိုက်)
• Counselling Corner က မိတ်ဆွေများအတွက် စိတ်ခံစားမှုများ ဖော်ထုတ်ရန်၊ ပြန်လည်သုံးသပ်ရန်နှင့် စိတ်ချမ်းသာကိုယ်ကျန်းမာရှိစေရန် အနုပညာမှတစ်ဆင့် လက်တွေ့လုပ်ဆောင်ရမည့် အစီအစဉ်တစ်ခုအဖြစ် တင်ဆက်သွားမည် ဖြစ်ပါသည်။
🔗 အခမဲ့ ကြိုတင်စာရင်းသွင်းရန် - https://forms.gle/b78Ug4UUprUvjh9D9

1:00 p.m. - 3:00 p.m.
ဖက်ရှင်အလုပ်ရုံဆွေးနွေးပွဲ (ဖက်ရှင်ခန်း)
• ဒီဇိုင်နာ ဝင်းဝင်းမြတ်က ဆွေးနွေးပြသသွားမည့် ဖက်ရှင်ဖန်တီးမှုအလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပြီး၊ Grand Golden Ball ကပွဲကြီးအတွက် ဝတ်စုံများကို မိမိစိတ်ကြိုက် အလှဆင်ပြင်ဆင်နိုင်ရန် လမ်းညွှန်ပြသပေးသွားမည် ဖြစ်ပါသည်။
🔗 အခမဲ့ ကြိုတင်စာရင်းသွင်းရန် - https://forms.gle/FQP6zw4j4mdbvq5L7

ကော့တေး အလုပ်ရုံဆွေးနွေးပွဲ (အမိုးပါ ကားပါကင်)
• ကော့တေးစပ်နည်း အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပြီး၊ ဆန်းသစ်သည့် ကော့တေးများနှင့် Pride သီးသန့် ကော့တေးများကို ကိုယ်တိုင်ဖန်တီးနိုင်ရန် ဆွေးနွေးပြသပေးသွားမည် ဖြစ်ပါသည်။
🔗 အခမဲ့ ကြိုတင်စာရင်းသွင်းရန် - https://forms.gle/smPEW3BTE7VJJxZN7

3:00 p.m. - 3:15 p.m.
အသိပညာပေးနေ့ (Awareness Day) အခမ်းအနား တရားဝင် ဖွင့်လှစ်ခြင်း

3:15 p.m. - 4:00 p.m.
ဉာဏ်စမ်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား (လမ်းဆုံ စင်မြင့်)
• LGBTQIA+ ဆိုင်ရာ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲဖြစ်ပြီး၊ အနိုင်ရရှိသည့် အသင်းများအတွက် ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါသည်။
📝 ပါဝင်လိုပါက ပွဲအစီအစဥ်နေ့ ကြိုဆိုရေးကောင်တာ၌ လူကိုယ်တိုင် အခမဲ့ စာရင်းပေးသွင်းပြီး ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

4:00 p.m. - 6:00 p.m.
Drag အကနှင့် အလှပြိုင်ပွဲ (လမ်းဆုံ စင်မြင့်)
• မြန်မာ Drag အနုပညာရှင်များ၏ တက်ကြွလှုပ်ရှားသော တင်ဆက်မှုများ ဖြစ်ပြီး၊ Grand Golden Ball ပွဲကြီးသို့ တက်ရောက်ခွင့်ရမည့် ပြိုင်ပွဲအဆင့်လည်း ဖြစ်ပါသည်။ ပြင်သစ် Drag ပညာရှင် Mofwazé·e က စီစဉ်ကြီးကြပ်ပြီး ဒိုင်လူကြီးများက နောက်ဆုံးဆန်ကာတင် (၅) ဦးကို ရွေးချယ်သွားမည် ဖြစ်ပါသည်။
📝 ပါဝင်လိုပါက https://www.facebook.com/share/p/1DEmjYs68R/ ၌ သွားရောက်လေ့လာကာ ပါဝင်လျှောက်ထားနိုင်ပါသည်။ (လျှောက်ထားရန် နောက်ဆုံးရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်)

-----

ဤအစီအစဉ်ကို အောက်ပါအဖွဲ့အစည်းများက ဂုဏ်ယူစွာ ပူးပေါင်းစီစဉ်တင်ဆက်ထားခြင်း ဖြစ်ပါသည်။

Embassy of France in Myanmar & Institut français de Birmanie, Australian Embassy in Myanmar, Delegation of the European Union to Myanmar, British Embassy Yangon, Royal Norwegian Embassy in Yangon, Embassy of Switzerland in Myanmar, Embassy of Sweden in Myanmar, Embassy of Spain in Myanmar, Embassy of the Czech Republic in Yangon, Embassy of the Netherlands in Myanmar, UN Women, UNFPA, and British Council Myanmar.

-----

လာမည့် ဇွန် (၂၀) စနေ‌နေ့ညနေ၌ Rose Garden Hotel တွင် ကျင်းပသွားမည့် Grand Golden Ball အစီအစဉ်ကိုလည်း စောင့်မျှော်အားပေးကြပါရန် တစ်ပါတည်း အသိပေးဖိတ်ခေါ်လိုက်ရပါသည်။

----------
🏳️‍🌈
----------

🇬🇧 After the uplifting Pride flag‑raising on IDAHOBIT Day (17 May), we are delighted to carry that spirit forward into a full month of activities celebrating LGBTIQA+ rights, visibility, and collective strength. Throughout June, diplomatic missions and partner organisations across Yangon will join hands once again to shape a Pride Month in Yangon, bringing together engaging workshops, meaningful conversations, community‑centred initiatives, creative showcases, dazzling performances, artistry, and expression. It will be a month to connect, learn, celebrate, and stand together. Stay close and keep the momentum alive!

-----

Come along on Saturday 6 June 2026 at the Institut français de Birmanie (IFB)! Everyone is welcome!
📅 Date: Saturday 6 June 2026
📍 Location: Institut français de Birmanie (IFB), 340 Pyay Road, Sanchaung Tsp., Yangon
✅ Entry: Free Participation for all
• Language: All activities will be in Burmese

-----

PROGRAMME
AWARENESS DAY | 6 JUNE 2026 AT IFB

11:00 a.m. - 1:00 p.m.
Youth Workshop: Understanding PRIDE (Media Library)
• A conversational, youth‑friendly session (ages 10-18) promoting understanding and respect for the diverse identities, led by creative professional TM, known for work in storytelling and media representation.
🔗 Register here to reserve your place: https://forms.gle/HYvPhxcweMFanmKR8

1:00 p.m. - 5:00 p.m.
Awareness Stands (Conference Room)
• Interactive stands of Medical Action Myanmar (MAM), UNFPA, UN Women, Kumudra Social Life Support Association (MMTN), DKT Myanmar, Manulife Myanmar, & Practical English Club (PEC), featuring Q&A, educational activities, and a “Passport Game” with gifts and goodies.

1:00 p.m. - 5:00 p.m.
Digital Activity (Micro‑Folie Digital Museum)
• A rotating selection of showcases on diversity and human rights, offering an engaging entry point into global community narratives.

1:00 p.m. - 3:00 p.m.
Face Painting (Grand Stage)
• Expressive face art by local artist Shin‑D, encouraging visibility and celebration.

1:00 p.m. - 3:00 p.m.
Mental Health Art Workshop (Media Library)
• A therapeutic, hands‑on session led by Counselling Corner, using art for emotional expression, reflection and well‑being.
🔗 Register here to reserve your place: https://forms.gle/b78Ug4UUprUvjh9D9

1:00 p.m. - 3:00 p.m.
Fashion Workshop (Fashion Room)
• A creative class by designer Win Win Myat, guiding participants to customise outfits for the Grand Golden Ball.
🔗 Register here to reserve your place: https://forms.gle/FQP6zw4j4mdbvq5L7

1:00 p.m. - 3:00 p.m.
Cocktail Workshop (Roofed Car Park)
• A lively mixology session, teaching participants to craft signature and Pride‑themed drinks.
🔗 Register here to reserve your place: https://forms.gle/smPEW3BTE7VJJxZN7

3:00 p.m. - 3:15 p.m.
Official Opening of Awareness Day
• A welcome with acknowledgements to partners, communities, and the public.

3:15 p.m. - 4:00 p.m.
Quiz Contest & Award Ceremony (Lann Sone Stage)
• A fast‑paced LGBTQIA+ knowledge quiz, with prizes for the winning teams.
📝 To participate, free on‑site registration at the event reception countre is required.

4:00 p.m. - 6:00 p.m.
Drag Competition (Lann Sone Stage)
• A high‑energy showcase of local drag talent, serving as the decisional stage to enter the Grand Golden Ball. Curated by Mofwazé·e, with a jury selecting the top five finalists.
📝 For those who apply for this call for applications (Deadline for submission - 1 June 2026): https://www.facebook.com/share/p/1DEmjYs68R/

-----

This programme is proudly brought to you by:

Embassy of France in Myanmar & Institut français de Birmanie, Australian Embassy in Myanmar, Delegation of the European Union to Myanmar, British Embassy Yangon, Royal Norwegian Embassy in Yangon, Embassy of Switzerland in Myanmar, Embassy of Sweden in Myanmar, Embassy of Spain in Myanmar, Embassy of the Czech Republic in Yangon, Embassy of the Netherlands in Myanmar, UN Women, UNFPA, and British Council Myanmar.

-----

Stay tuned as well for our second Pride event at the Rose Garden Hotel, Yangon, on Saturday 20 June 2026: the Grand Golden Ball Vol.2.

🌈 ဇွန်လဟာ Pride Month ဖြစ်ပါတယ်။ ဒီ Pride Month မှာ မြန်မာနိုင်ငံတစ်ဝန်းက LGBTQIA+ အသိုက်အဝန်းတွေနဲ့အတူမိမိတို့ရပ်တည်ပြီ...
02/06/2026

🌈 ဇွန်လဟာ Pride Month ဖြစ်ပါတယ်။ ဒီ Pride Month မှာ မြန်မာနိုင်ငံတစ်ဝန်းက LGBTQIA+ အသိုက်အဝန်းတွေနဲ့အတူမိမိတို့ရပ်တည်ပြီး အားလုံးပိုမိုအကျုံးဝင်တဲ့ကမ္ဘာတစ်ခုဖြစ်ဖို့ရာထားရှိတဲ့မိမိတို့ရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါတယ်။

ကမ္ဘာတစ်လွှားမှာ LGBTQIA+ တွေအတွက် တူညီတဲ့အခွင့်အရေးများရရှိဖို့တိုက်တွန်းလုပ်ဆောင်တာက သြစတြေးလျရဲ့ လူ့အခွင့်အရေးဆိုင်ရာဦးစားပေးကိစ္စတစ်ခုပါ။

LGBTQIA+ များဟာ သူတို့ရဲ့ဖြစ်တည်မှုသက်သက်ကြောင့် အပြစ်သားပမာဆက်ဆံခံရတာ၊ အကြမ်းဖက်ခံရတာနဲ့ ခွဲခြားဆက်ဆံခံရတာတွေကို ကြုံရပါတယ်။

သြစတြေးလျအနေနဲ့ မိမိတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအစီအစဥ်တွေကတစ်ဆင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်လွှားမှာ LGBTQIA+ တွေအတွက်တန်းတူညီမျှမှုကို တိုးမြှင့်ပံ့ပိုးနေပါတယ်။

🌈 June is Pride Month — This Pride Month, the Australian Embassy stands in solidarity with LGBTQIA+ communities across Myanmar and reaffirm our commitment to a more inclusive world.

Advocating for the equal rights of LGBTQIA+ persons internationally is a human rights priority for Australia.

LGBTQIA+ persons are subject to criminalisation, violence and discrimination for no other reason than simply being who they are.

Australia is boosting its support for LGBTQIA+ equality internationally, including in Myanmar, through our Development and Humanitarian programs.

အမျိုးသားပြန်လည်သင့်မြတ်ရေးရက်သတ္တပတ် (မေလ ၂၇ ရက် - ဇွန်လ ၃ ရက်) ဟာ သြစတြေးလျလူမျိုးအားလုံးအတွက် မိမိတို့ရဲ့သမိုင်း၊ ယဥ်...
01/06/2026

အမျိုးသားပြန်လည်သင့်မြတ်ရေးရက်သတ္တပတ် (မေလ ၂၇ ရက် - ဇွန်လ ၃ ရက်) ဟာ သြစတြေးလျလူမျိုးအားလုံးအတွက် မိမိတို့ရဲ့သမိုင်း၊ ယဥ်ကျေးမှုနဲ့ အောင်မြင်မှုတွေအကြောင်းကိုလေ့လာဖို့နဲ့ သြစတြေးလျမှာပြန်လည်သင့်မြတ်ရေးရရှိဖို့အတွက် မိမိတို့တစ်ဦးစီဘယ်လိုပါဝင်နိုင်မလဲဆိုတာကို ရှာဖွေဖို့အချိန်ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ theme ဖြစ်တဲ့ All In က သြစတြေးလျလူမျိုးအားလုံးကို ပြန်လည်သင့်မြတ်ရေးအတွက် နေ့စဥ်နေ့တိုင်းစိတ်နှစ်ပြီးပါဝင်ကြဖို့ တိုက်တွန်းထားတာပါ။

ပြန်လည်သင့်မြတ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဒီနေ့ မိမိတို့သံရုံးပိတ်ပါတယ်။ ပိတ်ရက်အတွင်း အရေးပေါ်ကောင်စစ်ရေးရာအကူအညီများအတွက် +61 2 6261 3305 (သို့မဟုတ်) +95 1 230 7410 သို့ ခေါ်ဆိုနိုင်ပါတယ်။

National Reconciliation Week (27 May – 03 June) is a time for all Australians to learn about our shared histories, cultures, and achievements, and to explore how each of us can contribute to achieving reconciliation in Australia.

This year’s theme, All In, calls on all Australians to commit wholeheartedly to reconciliation, every day.

The Australian Embassy is closed for business today in observance of Reconciliation Day. If you require emergency consular assistance during this time, call +61 2 6261 3305 or +95 1 230 7410 and follow the prompts.

သြစတြေးလျသံရုံးအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့အပတ်က UN Refugee Agency နဲ့ World Food Programme တို့နဲ့အတူ ရှမ်းပြည်နယ်သို့သွားရ...
29/05/2026

သြစတြေးလျသံရုံးအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့အပတ်က UN Refugee Agency နဲ့ World Food Programme တို့နဲ့အတူ ရှမ်းပြည်နယ်သို့သွားရောက်ပြီး ပဋိပက္ခကြောင့်နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူအသိုက်အဝန်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မိမိတို့အနေနဲ့ နေရပ်စွန့်ခွာ‌ရွှေ့ပြောင်းနေထိုင်ရသူတွေ ၄င်းတို့လိုအပ်တဲ့မရှိမဖြစ်အသက်ကယ်အကူအညီများသေချာရရှိနိုင်ဖို့ရာ UNHCR ၊ WFP တို့နဲ့လက်တွဲလုပ်ဆောင်ရတာ ဂုဏ်ယူပါတယ်။

Last week we joined the UN Refugee Agency and World Food Programme to travel to Shan State and meet communities that have been displaced by conflict.

Australia is proud to work in partnership with UNHCR and WFP to ensure that people who have been displaced get the essential life-saving assistance that they need.

ဒီနေ့ကျရောက်တဲ့ International Day Against Homophobia, Biphobia and Transphobia မှာ သြစတြေးလျသံရုံးအနေနဲ့ မြန်မာနိုင်ငံရှ...
17/05/2026

ဒီနေ့ကျရောက်တဲ့ International Day Against Homophobia, Biphobia and Transphobia မှာ သြစတြေးလျသံရုံးအနေနဲ့ မြန်မာနိုင်ငံရှိ LGBTQIA+ အသိုက်အဝန်းတွေရဲ့အသံကို အသိအမှတ်ပြုပါတယ်။

လိင်စိတ်တိမ်းညွှတ်မှု၊ လိင်ဝိသေသခံယူမှုနဲ့ လိင်ဝိသေသလက္ခဏာရပ်တွေဘယ်လိုပဲဖြစ်နေပါစေ၊ လူတိုင်းတူညီစွာတန်ဖိုးထားခြင်းခံရဖို့အတွက်ကို မိမိတို့လုပ်ဆောင်ရတာ ဂုဏ်ယူပါတယ်။

စည်းလုံးခြင်းက လူတိုင်းကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးတွေကိုရရှိနိုင်ဖို့မှာအခရာဖြစ်တာမို့ LGBTQIA+ များအပေါ် အကြမ်းဖက်ခြင်း၊ ဖယ်ကြဉ်ခြင်းနဲ့ ခွဲခြားဆက်ဆံခြင်းတွေကိုဆန့်ကျင်တိုက်ဖျက်ကြရာမှာ မိတ်ဖက်များနဲ့အတူ မိမိတို့ရပ်တည်နေပါတယ်။

Today, on International Day Against Homophobia, Biphobia and Transphobia, the Australian Embassy acknowledges the voices of LGBTQIA+ communities in Myanmar.

Australia is proud to work to make sure everyone is valued, regardless of their s*xual orientation, gender identity, gender expression or s*x characteristics.

Unity is the key to ensuring the universal human rights of all people, and we stand with our partners in combating violence, exclusion, and discrimination towards LGBTQIA+ persons.

https://www.dfat.gov.au/international-relations/themes/human-rights/Pages/human-rights

ဒီနေ့ဟာ မြန်မာနိုင်ငံတစ်လွှားကလူပေါင်းများစွာအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါတိုက်ခတ်ခဲ့တာ သုံးနှစ်ပြည့်...
14/05/2026

ဒီနေ့ဟာ မြန်မာနိုင်ငံတစ်လွှားကလူပေါင်းများစွာအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါတိုက်ခတ်ခဲ့တာ သုံးနှစ်ပြည့်တဲ့နေ့ပါ။

သြစတြေးလျအနေနဲ့ ထိခိုက်ခံရတဲ့အသိုက်အဝန်းတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို မုန်တိုင်းရဲ့နောက်ချက်ချင်း ပေးအပ်ပံ့ပိုးခဲ့ပါတယ်။ ထိခိုက်ခဲ့သူတွေအားလုံးအတွက် မိမိတို့ စိတ်မကောင်းဖြစ်ရဆဲဖြစ်ပါတယ်။

မုန်တိုင်းတိုက်ခတ်နေစဥ်အတွင်း သံရုံးဝန်ထမ်းများရဲ့ခြံဝန်းထဲမှာလာရောက်နားခိုခဲ့တဲ့ အောက်ချင်းငှက်နှစ်ကောင်ကိုကယ်ဆယ်ထားခဲ့တာလည်း သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစလို့ ဒီအောက်ချင်းငှက်တွေက မိမိတို့နဲ့နေလာခဲ့ကြတာဖြစ်ပြီး အခုဆိုရင် မိသားစုဝင်အသစ်လေးတစ်ကောင်တောင်ရနေပါပြီ။

Today marks the third anniversary of Cyclone Mocha, which had a devastating impact on many people across Myanmar.

In the immediate aftermath of the disaster, Australia provided humanitarian assistance to affected communities. Our thoughts remain with all those impacted.

It has also been three years since we rescued two hornbills that took shelter in the Embassy staff compound during the cyclone. They have remained with us ever since—and have even welcomed a new family member.

Nurturing youth creativity and resilienceအနုပညာဆိုတာ လူငယ်တွေရဲ့ဖွံ့ဖြိုးမှုမှာ အရေးကြီးတဲ့ကဏ္ဍမှပါဝင်နေပါတယ်။ အနုပညာဆို...
08/05/2026

Nurturing youth creativity and resilience

အနုပညာဆိုတာ လူငယ်တွေရဲ့ဖွံ့ဖြိုးမှုမှာ အရေးကြီးတဲ့ကဏ္ဍမှပါဝင်နေပါတယ်။ အနုပညာဆိုင်ရာဆောင်ရွက်မှုတွေမှာပါဝင်ခြင်းက လူငယ်တွေရဲ့စိတ်ကူးစိတ်သန်းတွေကိုအားကောင်းစေပြီး သူတို့ရဲ့စိတ်ခံစားချက်တွေကိုသိရှိနားလည်စီမံရာမှာ၊ (မိမိကိုယ်ကို) ယုံကြည်မှုတည်ဆောက်ရာမှာနဲ့ စိတ်ဖိစီးမှုတွေကိုကိုင်တွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။

သြစတြေးလျသံရုံးဟာ မိမိတို့ရဲ့ Direct Aid Program (DAP) ၏ပံ့ပိုးမှုဖြင့် ကလသာပန်းချီပြခန်းမှဆောင်ရွက်နေတဲ့အစီအစဥ်ကနေတစ်ဆင့် လူငယ်တွေအတွက် အနုပညာကိုလေ့လာသင်ယူဖို့၊ ဖန်တီးနိုင်စွမ်းတိုးမြှင့်ဖို့နဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုတည်ဆောက်ဖို့ရာ လုံခြုံတဲ့ရပ်ဝန်းတစ်ခုပံ့ပိုးပေးနေပါတယ်။

ဒီအစီအစဥ်တက်ရောက်သူလူငယ်တွေဖန်တီးထားတဲ့လက်ရာတွေကို The Sound of the Soul: The Art of Becoming အနုပညာပြပွဲမှာတွေ့မြင်ရတာ များစွာဝမ်းမြောက်မိပါတယ်။

Art plays an important role in youth development. Engaging in artistic activities strengthens the imagination of young people while also helping them process emotions, build confidence, and cope with stress.

The Australian Embassy, through our Direct Aid Program (DAP), is providing young people a safe space to explore art, foster creativity, and build emotional resilience, through a program run by Kalasa Art Space ကလသာ အနုပညာၿပခန္း.

We were very pleased to see the innovative works by participants at ‘The Sound of the Soul: The Art of Becoming’ exhibition last weekend.

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့သည့်သတင်းများကို ကြားသိရပါသည်။ သူမအား မိသားစုနှင့်ဆက်သွယ်ခွင့်ပြု...
06/05/2026

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့သည့်သတင်းများကို ကြားသိရပါသည်။ သူမအား မိသားစုနှင့်ဆက်သွယ်ခွင့်ပြုရန်၊ သူမ၏ရှေ့နေများနှင့်တွေ့ဆုံခွင့်ပြုရန်နှင့် သင့်လျော်သောကျန်းမာရေးစောင့်ရှောက်မှုတို့ရရှိစေရန် မိမိတို့မျှော်လင့်ပါသည်။ သူမကို ချွင်းချက်မရှိလွှတ်ပေးရန်နှင့် မတရားသဖြင့်ထိန်းသိမ်းထားသူအားလုံးကိုလွှတ်ပေးရန် မိမိတို့ဆက်လက်တောင်းဆိုသည်။ အကြမ်းဖက်မှုများရပ်တန့်ရန်၊ လူသားချင်းစာနာမှုအကူအညီများဆီ လုံခြုံစွာအဟန့်အတားမရှိလက်လှမ်းမီစေရန်နှင့် သက်ဆိုင်သူများအကြား အားလုံးပါဝင်သောဆွေးနွေးမှုလုပ်ဆောင်ရန် မိမိတို့ထပ်လောင်းတောင်းဆိုသည်။

ဒီ   မှာ သြစတြေးလျအနေနဲ့ လွတ်လပ်တဲ့သတင်းစာပညာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးတို့ကိုကာကွယ်စောင့်ရှောက်ရာမှ...
03/05/2026

ဒီ မှာ သြစတြေးလျအနေနဲ့ လွတ်လပ်တဲ့သတင်းစာပညာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးတို့ကိုကာကွယ်စောင့်ရှောက်ရာမှာ အခရာကျကြောင်းအသိအမှတ်ပြုရင်း မီဒီယာလွတ်လပ်ခွင့်အတွက်ထားရှိတဲ့ မိမိတို့ရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါတယ်။

Address

623, Pyay Road
Yangon

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00

Telephone

9512307410

Alerts

Be the first to know and let us send you an email when Australian Embassy in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Australian Embassy in Myanmar:

Share