ကွန်းခိုရာဖောင်ဒေးရှင်း Haven Foundation

  • Home
  • Myanmar
  • Yangon
  • ကွန်းခိုရာဖောင်ဒေးရှင်း Haven Foundation

ကွန်းခိုရာဖောင်ဒေးရှင်း Haven Foundation ကွန်းခိုရာသည် လိုအပ်နေသူများအတွက် ခဏတာမျှပင်ဖြစ်စေ နားခိုအားထားရာဖြစ်ပါစေ။

▫️လစဥ်နေ့လယ်စာကုသိုလ်▫️ ...............ကွန်းခိုရာဖောင်ဒေးရှင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီ...
04/09/2026

▫️လစဥ်နေ့လယ်စာကုသိုလ်▫️ ...............

ကွန်းခိုရာဖောင်ဒေးရှင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိကျောင်းများဖြစ်ကြသည့် "ရွှေဂုံတိုင် ကလေးပြုစုရေး ၊ ကျိုက်ဝိုင်း အမျိုးသား လူငယ်သင်တန်းကျောင်း နှင့် မလိခ အမျိုးသမီးလူငယ်သင်တန်းကျောင်း" အတွက် လစဥ် နေ့လ ယ်စာ အလှူအဖြစ် လှူဒါန်းလျက်ရှိပြီး ယခု (သြဂုတ်လ - ၂၀၂၆) အတွက်လည်း လှူဒါန်းပြီး ဖြစ်ပါသည်။

၁။ (၁၅.၈.၂၀၂၆) ရက်နေ့တွင် ရွှေဂုံတိုင်ကလေးပြုစုရေးကျောင်းသို့ နေ့လယ်စာ - ထမင်း၊ ငါးဥဟင်း၊ ပဲဟင်း၊ မုန်ညင်းရွက်ကြော် ။

၂။ (၂၂.၈.၂၀၂၆) ရက်နေ့တွင် ကျိုက်ဝိုင်းအမျိုးသားလူငယ်သင်တန်းကျောင်းသို့ ညစာ - ထမင်း၊ ကြက်သားဆီပြန်ဟင်း၊ ပဲပင်ပေါက်ပဲပြားကြော်၊ ကြာဇံဟင်းချို၊ အချိုပွဲ - ကြက်ဥ။

၃။ (၂၉.၈.၂၀၂၆) ရက်နေ့တွင် မလိခအမျိုးသမီးလူငယ်သင်တန်းကျောင်းသို့ နေ့လယ်စာ - ထမင်း၊ ငါးကြော်နှပ်၊ အစိမ်းကြော်၊ ချဥ်ပေါင်မျှစ်ချဥ်ဟင်း၊ ငပိရည်နှင့် တို့စရာ ။

မိတ်ဆွေသူငယ်ချင်းများ ၊ လုပ်ဖော်ကိုင်ဖက်များ ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ရန်အတွက်ပါ .......

#ကွန်းခိုနားရာဖြစ်ရပါစေ 🙏🙏🙏

▫️လစဥ် နေ့လည်စာကုသိုလ်▫️.........ကွန်းခိုရာ​ဖောင်ဒေးရှင်းမှ လစဥ်လှူဒါန်းလျှက်ရှိသော ရန်ကုန်မြို့ "သရက်တောကျောင်းတိုက် သဘ...
30/08/2026

▫️လစဥ် နေ့လည်စာကုသိုလ်▫️.........

ကွန်းခိုရာ​ဖောင်ဒေးရှင်းမှ လစဥ်လှူဒါန်းလျှက်ရှိသော ရန်ကုန်မြို့ "သရက်တောကျောင်းတိုက် သဘာဝတရား ရိပ်သာ" ၌ လူမျိုးဘာသာ မရွေးတို့ အတွက် ယခု (သြဂုတ်လ - ၂၀၂၆) အတွက် နေ့လယ်စာ - ထမင်းဖြူ၊ ကြက်သားဟင်း နှင့် သီးစုံချဥ်ရည်ဟင်းအား (၂၉.၈.၂၀၂၆) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။

မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ရန်အတွက်ပါ.......

#ကွန်းခိုနားရာဖြစ်ရပါစေ🙏🙏🙏

▫️လစဥ်ဆွမ်းကုသိုလ် ▫️ ............ကွန်းခိုရာဖောင်ဒေးရှင်းမှ "မကွေးမြို့သာသနာ့ ဂုဏ်ရည်သီလရှင်​ (သင်) မူလတန်းလွန်၊ ပညာရေးက...
28/08/2026

▫️လစဥ်ဆွမ်းကုသိုလ် ▫️ ............

ကွန်းခိုရာဖောင်ဒေးရှင်းမှ "မကွေးမြို့သာသနာ့ ဂုဏ်ရည်သီလရှင်​ (သင်) မူလတန်းလွန်၊ ပညာရေးကျောင်း" အတွက် လစဥ်ဆွမ်းအလှူအဖြစ် ယခုလ (သြဂုတ်လ- ၂၀၂၆) လအတွက် (၇.၈.၂၀၂၆) ရက်နေ့ နှင့် (၂၈.၈.၂၀၂၆) ရက်နေ့များတွင် အာရုဏ်ဆွမ်း နှင့် နေ့ဆွမ်းအား လှူဒါန်းခဲ့ပါသည်။

(၇.၈.၂၀၂၆) ရက်နေ့တွင်
အာရုဏ်ဆွမ်း - မုန့်တီသုပ် ၊ ကြက်ဥပြုတ် ၊ ကြက်သားဟင်းချို ။
​နေ့ဆွမ်း - ကြက်သားဟင်း ၊ ပဲသီးသုပ် ၊ အသီးအရွက်ဟင်းပေါင်း ၊ ငရုတ်သီးကြော် ၊ ချဉ်ရည်ဟင်း ။

(၂၈.၈.၂၀၂၆) ရက်နေ့တွင်
အာရုဏ်ဆွမ်း - အာပူလျှာပူ
​နေ့ဆွမ်း - ငါးဖယ်မန်းကျီးသီးချက်၊ ကြက်ဥအားလူးနှပ်၊ ငါးနီတူငရုတ်သီးကြော်၊ ဟင်းခါးဟင်းချို ။

မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ရန်အတွက်ပါ.......

#ကွန်းခိုနားရာဖြစ်ရပါစေ🙏🙏🙏

ကွန်းခိုနားရာ ပညာကုသိုလ် .............ကွန်းခိုရာဖောင်ဒေးရှင်းမှ "ရန်ကုန်၊ မန္တလေး ၊ မိတ္တီလာ ၊ တောင်ငူ ၊ နေပြည်တော် ၊ ပျ...
18/08/2026

ကွန်းခိုနားရာ ပညာကုသိုလ် .............

ကွန်းခိုရာဖောင်ဒေးရှင်းမှ "ရန်ကုန်၊ မန္တလေး ၊ မိတ္တီလာ ၊ တောင်ငူ ၊ နေပြည်တော် ၊ ပျဥ်းမနား ၊ ရမည်းသင်း ၊ စစ်ကိုင်း ၊ မကွေး နှင့် တောင်ကြီး တို့ရှိ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်များ၊ သိပ္ပံ နှင့် ဒီပလိုမာကျောင်းများ" တွင် တက်ရောက် ပညာသင်ကြားနေသော သားငယ် / သမီးငယ်များအား လစဥ် ပညာသင်ဆုကြေး ချီးမြှင့်လျက်ရှိပြီး ယခုလ (သြဂုတ်လ - ၂၀၂၆) အတွက်လည်း သားငယ် / သမီးငယ် (၅၂) ဦးအတွက် ပညာသင်ဆုကြေးစုစုပေါင်း (၉,၁၆၀,၀၀၀/-) ကျပ်အား ချီးမြှင့်ပြီးဖြစ်ပါသည်။

မိတ်ဆွေသူငယ်ချင်းများ ၊ လုပ်ဖော်ကိုင်ဖက်များ ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ရန်အတွက်ပါ .......

#ကွန်းခိုနားရာဖြစ်ရပါစေ 🙏🙏🙏

▫️မေတ္တာပရဟိတဂေဟာသို့ လစဥ်လှူဒါန်းမှု ကုသိုလ်▫️ ..........ကွန်းခိုရာဖောင်ဒေးရှင်းမှ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့န...
12/08/2026

▫️မေတ္တာပရဟိတဂေဟာသို့ လစဥ်လှူဒါန်းမှု ကုသိုလ်▫️ ..........

ကွန်းခိုရာဖောင်ဒေးရှင်းမှ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ "မေတ္တာပရဟိတဂေဟာ"‌ နေ မသန်းစွမ်း ၊ အနာကြီးရောဂါသည်များအတွက် အာဟာရ နှင့် ကျန်းမာရေးအသုံးပြုရန် (ဇူလိုင်လ -၂၀၂၃) မှ လစဥ်လှူဒါန်းလျက်ရှိပြီး ယခု (သြဂုတ်လ -၂၀၂၆) အတွက် (၅.၈.၂၀၂၆) ရက်နေ့တွင် လှူဒါန်းပြီးဖြစ်ပါသည်။

မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ရန်အတွက်ပါ.......

#ကွန်းခိုနားရာဖြစ်ရပါစေ🙏🙏🙏

▫️ဆိုက္ကားဆရာကြီး၏ အမျိုးသမီး နှင့် သားဖြစ်သူ အတွက် လစဥ်ထောက်ပံ့မှု ကုသိုလ်▫️...............(၂၀၂၂) ခုနှစ် မေလ၌ လှည်းတန်း...
11/08/2026

▫️ဆိုက္ကားဆရာကြီး၏ အမျိုးသမီး နှင့် သားဖြစ်သူ အတွက် လစဥ်ထောက်ပံ့မှု ကုသိုလ်▫️...............

(၂၀၂၂) ခုနှစ် မေလ၌ လှည်းတန်း ဖုန်းလုယက်ခံရမှုတွင် ကူညီရင်း အသက်ပေးခဲ့ရသည့် "ဆိုက္ကားဆရာကြီး ဦးသန့်ဇင်အောင်၏ ကျန်ရစ်သူ အမျိုးသမီး နှင့် သားဖြစ်သူ" အား ၂၀၂၂ ခုနှစ် မေလမှ စတင်၍ လစဉ် (၁) သိန်း ကျပ်အား (၃) နှစ်ကျော်တိုင် ထောက်ပံ့ပေးလျှက်ရှိပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလမှစ၍ ယခုအထိလစဥ် (၁) သိန်းခွဲကျပ် အား ဆက်လက် ထောက်ပံ့လျှက် ရှိပါသည်။

(၅.၈.၂၀၂၆) ရက်နေ့တွင် (သြဂုတ်လ - ၂၀၂၆) အတွက် လစဥ် ထောက်ပံ့ငွေအား လှူဒါန်းပြီး ဖြစ်ပါသည်။

မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ရန်အတွက်ပါ.......

#ကွန်းခိုနားရာဖြစ်ရပါစေ🙏🙏🙏

ကွန်းခိုရာ ဖောင်ဒေးရှင်းမှ (30.7.2026) ရက်နေ့တွင် "ဧရာဝတီတိုင်းဒေသကြီးတွင် ငဝန်ရေကာတာကျိုးမှုကြောင့် ရေဘေးသင့်ခဲ့သော လေး...
03/08/2026

ကွန်းခိုရာ ဖောင်ဒေးရှင်းမှ (30.7.2026) ရက်နေ့တွင် "ဧရာဝတီတိုင်းဒေသကြီးတွင် ငဝန်ရေကာတာကျိုးမှုကြောင့် ရေဘေးသင့်ခဲ့သော လေးမျက်နှာမြို့နယ် နှင့် အိုင်သပြုမြို့နယ်နေ ရေဘေးသင့်ပြည်သူများ" အား လိုအပ်သည့် ထောက်ပံ့မှုများ နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျပ်သိန်း (၁၀၀) အား ဗုဒ္ဓရင်ခွင်ဓမ္မသဘင်သို့ လှူဒါန်းခဲ့ပါသည်။

မိတ်ဆွေသူငယ်ချင်းများ ၊ လုပ်ဖော်ကိုင်ဖက်များ ဝမ်းမြောက်သာဓုခေါ်နိုင်ရန်အတွက်ပါ ................

#ကွန်းခိုနားရာဖြစ်ရပါစေ 🙏🙏🙏

ကွန်းခိုရာဖောင်ဒေးရှင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိကျောင်းများဖြစ်ကြသည့် "...
31/07/2026

ကွန်းခိုရာဖောင်ဒေးရှင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိကျောင်းများဖြစ်ကြသည့် "ရွှေဂုံတိုင် ကလေးပြုစုရေး ၊ ကျိုက်ဝိုင်း အမျိုးသား လူငယ်သင်တန်းကျောင်း နှင့် မလိခ အမျိုးသမီးလူငယ်သင်တန်းကျောင်း" အတွက် လစဥ် နေ့လည်စာ အလှူအဖြစ် လှူဒါန်းလျက်ရှိပါသည်။

မိတ်ဆွေသူငယ်ချင်းများ ၊ လုပ်ဖော်ကိုင်ဖက်များ ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ရန်အတွက်ပါ .......

#ကွန်းခိုနားရာဖြစ်ရပါစေ 🙏🙏🙏

ကွန်းခိုရာဖောင်ဒေးရှင်းမှ "တပ်ကုန်းမြို့နယ် ၊ လယ်ဝေးမြို့နယ် ၊ ရေနီမြို့နယ်ခွဲ နှင့် ရေတာရှည်မြို့နယ် ၊ မြို့လှ မြို့နယ်...
29/07/2026

ကွန်းခိုရာဖောင်ဒေးရှင်းမှ "တပ်ကုန်းမြို့နယ် ၊ လယ်ဝေးမြို့နယ် ၊ ရေနီမြို့နယ်ခွဲ နှင့် ရေတာရှည်မြို့နယ် ၊ မြို့လှ မြို့နယ်ခွဲများ တွင်ရှိသော ဘုန်းတော်ကြီးကျောင်း - (291) ကျောင်း" ရှိ သံဃာတော်အရှင်သူမြတ်များအတွက် ရဟန်း ဝါဆို သင်္ကန်း ဒွိစုံ - (548) စုံအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

မိတ်ဆွေသူငယ်ချင်းများ ၊ လုပ်ဖော်ကိုင်ဖက်များ အလှူရှင်များ ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ရန် အတွက်ပါ .......

#ကွန်းခိုနားရာဖြစ်ရပါစေ🙏🙏🙏

ကွန်းခိုရာဖောင်ဒေးရှင်းမှ "ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီ မဟာဝိဟာရကျောင်းတိုက် ၊  ဗဟန်း မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ၊ အင်...
28/07/2026

ကွန်းခိုရာဖောင်ဒေးရှင်းမှ "ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီ မဟာဝိဟာရကျောင်းတိုက် ၊ ဗဟန်း မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ၊ အင်းစိန် ရွာမပရိယတ္တိကျောင်းတိုက် နှင့် အခြားကျောင်းတိုက် (10) တိုက်" အတွက် -

ရဟန်း (ဆိုဒ်လွန်) သင်္ကန်း ဒွိစုံ - (15) စုံ
ရဟန်း (ပုံမှန်ဆိုဒ်) သင်္ကန်း ဒွိစုံ - (2,094) စုံ
ရှင်ကြီးသင်္ကန်း ဒွိစုံ - (543) စုံ
ရှင်လတ်သင်္ကန်း ဒွိစုံ - (431) စုံ
စုစုပေါင်း ဝါဆို သင်္ကန်း ဒွိစုံအား သံဃာစေ့ (3,083) စုံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

မိတ်ဆွေသူငယ်ချင်းများ ၊ လုပ်ဖော်ကိုင်ဖက်များ အလှူရှင်များ ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ရန် အတွက်ပါ .......

#ကွန်းခိုနားရာဖြစ်ရပါစေ 🙏🙏🙏

Address

No. 3X, Highland Avenue
Yangon

Website

Alerts

Be the first to know and let us send you an email when ကွန်းခိုရာဖောင်ဒေးရှင်း Haven Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category