စာပေအသိ စာပေယဉ်ကျေးမှု့

  • Home
  • Myanmar
  • Yangon
  • စာပေအသိ စာပေယဉ်ကျေးမှု့

စာပေအသိ စာပေယဉ်ကျေးမှု့ Library

နောက်ဆုံးတိုက်ပွဲ ဆီသို့ ... ။________________________________________________အညံ့မခံခဲ့တဲ့ ( မြို့ )သိင်္ဂုတ္တရ ကုန်းတေ...
20/03/2021

နောက်ဆုံးတိုက်ပွဲ ဆီသို့ ... ။
________________________________________________

အညံ့မခံခဲ့တဲ့ ( မြို့ )

သိင်္ဂုတ္တရ ကုန်းတော်ပေါ်က
အသာစီး ကြည့်လိုက်ရင်ဖြင့်
ရန်ကုန် ဆိုတာ လှလိုက်ပါဘိသနဲ့
သူ့ကျောပေါ်မှာ လွယ်ပိုးထားတဲ့ သမိုင်းက
ခေတ်ကို အစုန် / အဆန် ခရီးနှင်ခဲ့တာပေါ့ ။

လှိုင်မြစ် နဲ့ ပဲခူးမြစ်
ပုဇွန်တောင်ချောင်း ဆုံတဲ့ အရပ်ဆီက
ရေလမ်းနဲ့တသွယ် ကုန်းလမ်းနဲ့တနည်း
ရေချိုခရီးလား / ရေငန်ခရီးလား
ဘယ်ခရီးကို နှင်နှင် ခရီးတွင်သတဲ့
ပင်လယ်ဝနဲ့ အကွာအဝေး က ( ၁၉ )မိုင်
ရေအရှင်သုံးခွဆိုင်မှာ မုဆိုးထိုင် ထိုင်လို့ ။

ရန်ကုန်က ကြီးတယ်တို့
ရန်ကုန်က ကျယ်တယ်လို့
ငါတို့တော့ မပြောမိကြပါဘူး
ကျောချစရာတနေရာရဖို့ မလွယ်မှန်းသိတယ်
ရန်ကုန်ဆိုတာ ပညတ်အမည် တခုပါပဲ
ဘဝတွေ တသွင်သွင် စီးဆင်းနေတာနေ့နေ့ညည ။

အခုလည်းကြည့် !
ပျားပန်းခပ် နေတဲ့ လူတွေမရှိတဲ့ည
ဘယ်မှာလဲမြို့တော် ဘယ်မှာလဲမြို့ကြီး
ကတ္တရာလမ်းမတွေက ကျောပြောင်ကြီးတွေနဲ့
တနေ့လုံး ပူခဲ့သမျှ အေးအေးလူလူ အနားယူလို့
" လူမရှိတဲ့ပွဲတော်ကြီးကို " ဆင်နွဲနေကြသတဲ့
ပြည်လမ်းက ပြုံးလို့ ကမ်းနားလမ်းက မော်လို့
အင်းယားက လှိုင်းကြက်ခွပ် တွေနဲ့ မြူးလို့ ။

ရန်အပေါင်းကို ကုန်စင်စေဖို့
ရန်ကုန်လို့ အမည်ပေးခဲ့သတဲ့
သို့ပေမယ့် ....
များလိုက်တဲ့ (ရန်) မဟန်လှပါဘူး
ရသမျှတော့ (ခံချ)တဲ့ ပြည်သူတွေက မနည်းမနော
တချိန်ချိန်တော့ ...
( ရန် ) တွေလည်း ( ကုန် ) နိုင်ကောင်းပါရဲ့ ။

နောက်ဆုံးတော့ ရန်တွေကုန်မှာပါ
အဲ့ဒီအခါကျမှ ( ရန်ကုန် ! ဟေ့ ) လို့
ပြည်လမ်းပေါ်ကတက်ပြီး အော်အော်
ကမ်းနားလမ်းပေါ်က အော်အော်
လမ်းမတော်က အော်အော်
ကြိုက်သလိုသာ အော် ..
အညံ့မခံခဲ့တာကို ကျေးဇူးတင်နေမှာ ။
___________________________________________

ညိုမောင်
၁၆၊ မတ်လ ၊ ၂၀၂၁

19/02/2021

ကမ္ဘာမကြေဘူး

10/11/2020
” အောင်လံခိုင်ဖို့ NLD ကို မဲပေးစို့ “
26/10/2020

” အောင်လံခိုင်ဖို့ NLD ကို မဲပေးစို့ “

03/06/2020

Address

Zaygi Street
Yangon
11111

Telephone

095092539

Website

Alerts

Be the first to know and let us send you an email when စာပေအသိ စာပေယဉ်ကျေးမှု့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to စာပေအသိ စာပေယဉ်ကျေးမှု့:

Share

Category