11/04/2021
မိဘပြည်သူအပေါင်း မင်္ဂလာပါခင်ဗျ။
#မြန်မာ့နည်းမြန်မာ့ဟန်သတင်းအချက်အလက်စီးဆင်းမှု
📻 ဒို့တောရွာ တော်လှန်ရေး သတင်းလော်စပီကာ 📻
အင်တာနက်လိုင်းများ စတင်ဖြတ်တောက်ခံရစဉ် ကတည်းက
နိုင်ငံအဝှမ်း သတင်းအချက်အလက်စီးဆင်းမှုများနှောင့်နှေးခဲ့ရပါသည်။
ကျေးလက်တောရွာဒေသများတွင်မူ သတင်းအချက်အလက်စီးဆင်းမှု
လုံးဝ ပြတ်တောက်နေခဲ့ရသည်မှာ ယနေ့အချိန်အထိပင်ဖြစ်ပါသည်။
ဤပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ဖက်ဒရယ် FM ကဲ့သို့သော လေဒီယိုလိုင်းကို
တီထွင်ဖန်တီးထုတ်လွှင့်နေသည်ဆိုသော်လည်း ၎င်းဖက်ဒရယ်FMအား ရန်ကုန်မြို့ရှိ မြို့နယ်များတွင်သာ ဖမ်းယူနားဆင်နိုင်သေးသည်ဟု သိရပါသည်။ နိုင်ငံအဝှမ်းရှိ ကျေးလက်တောရွာဒေသများ အထိ ထုတ်လွှင့်နိုင်ရန် ကြိုးပမ်းနေဆဲဟုသာ သိရှိရပါသည်။
ထို့အပြင် နွေဦးတော်လှန်ရေးနှင့် ပတ်သက်သော သတင်းအချက်အလက်များကို စာစောင်များ၊ သတင်းစဉ်များ၊ လက်ကမ်းဝေများအဖြစ် အန္တရာယ်များကြားမှ နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းဖြန့်ဝေနေကြသူများလည်းရှိပါသည်။ မြို့ပေါ်ရပ်ကွက်အသီးသီးတွင် နေထိုင်ကြသော ပြည်သူများအတွက်မူ ဤကဲ့သို့ ဖြန့်ဝေပေးခြင်းများသည် များစွာအကျိုးရှိလှပါသည်။ သို့သော် အမှန်တကယ် သတင်းအချက်အလက်များရရှိ သိရှိကြရန် လိုအပ်လှသော ကျေးလက်တောရွာများအတွက်မူ သိသိသာသာ ထူးခြားမှု မဖြစ်လှပေ။ ဤသည်မှာလည်း လမ်းခရီး အခက်အခဲများ၊ ပြန့်ပွားမှုအတွက်ကုန်ကျစရိတ် များ အစရှိသည့် အခက်အခဲများကြောင့်ဖြစ်ပေသည်။
ဖုန်းမက်ဆေ့ဖြင့် သတင်းအချက်အလက်များ ပြန့်ပွားနေကြသည်လည်း ရှိပါသည်။ ဤသို့ဆောင်ရွက် ချက်များသည် အင်မတန်ကောင်းမွန်လှပါသော်လည်း ကျေးလက်တောရွာဒေသများသို့ သတင်းအချက်အလက် အပြည့်အဝထောက်ပံ့ပေးနိုင်မှုနှုန်း အနည်းငယ်သာဖြစ်နိုင်ပါလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သတင်းအချက်အလက်ပြန့်ပွားရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက် ကြသူများအား ကျေးဇူးတင် လေးစားမိပါသည်။
🙋🙋🙋🙋🙋🙋🙋🙋
အကြမ်းဖက်စစ်သူပုန်ကောင်စီမှ ဤကဲ့သို့ သတင်းအချက်အလက်စီးဆင်းမှု
ပြတ်တောက်အောင် လုပ်လေလေ ကျွန်ုပ်မှလည်း ကျေးလက်တောရွာများသို့
သတင်းအချက်အလက်များ အရှိန်အဟုန်ပြင်းပြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ချင်လေပဲ။
တွေ့ကြပြီပေါ့ကွာ-----။
နည်းပညာဆိုင်ရာအတက်ပညာများ သင်ယူခဲ့သူမဟုတ်လေတော့ ဂြိုလ်တုကြီးတွေ၊ အင်တာနက် တွေ၊ တီဗွီချန်နယ်တွေ၊ လေဒီယိုလိုင်းတွေ ဖန်တီးပြမှာ မဟုတ်ပါ။
📢 သို့ပေမဲ့ ကျွန်တော်အထက်မှာပြောခဲ့သလိုမျိုး ကျေးလက်တောရွာများသို့ တစ်ချိန်တည်း တစ်ပြိုင်တည်း သတင်းအချက်အလက်များ နေ့စဉ်ပုံမှန် တိုက်ရိုက်ထုတ်လွှင့်သွားပါလိမ့်မယ်။
(၁) သတင်းအချက်အလက်စုဆောင်းခြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်မှုတို့တွင် ပါဝင်ကူညီမည့် ပရဟိတ တော်လှန်ရေးလူငယ်များ လိုအပ်ပါ၍ ဖိတ်ခေါ်အပ်ပါသည်။
(၂) ထို့အပြင် ဆောင်ရွက်မည့်ပစ္စည်းဆောင်တာများအတွက် ကုန်ကျစရိတ်အနည်းငယ်များပြားသည့် အတွက် ငွေကြေးအင်အားစိုက်ထုတ်ပါဝင်မည့် လူပုဂ္ဂိုလ်များကိုလည်း ဖိတ်ခေါ်အပ်ပါသည်။
(၃) သတင်းအချက်အလက်ပေးပို့ခြင်း/လက်ခံခြင်း/ဖြန့်ဖြူးခြင်းများကို ပူးပေါင်းဆောင်ရွက်မည့်
ကျေးလက်တောရွာနေ နယ်မြေခံ တော်လှန်ရေးသူရဲကောင်းများလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ပါ၍ ဖိတ်ခေါ်အပ်ပါသည်။
📣 GSM အထိုင်ဖုန်းအဟောင်းအသစ်များ၊ ဟမ်းစက်အဟောင်း/အသစ်များလည်း ပေးပို့လှူဒါန်းနိုင်။( Answer Automatically စနစ်ပါဝင်သော ဟမ်းစက်ဖြစ်ပါက ပိုမိုကောင်းမွန်ပါသည်။)
🚫ဤဆောင်ရွက်ချက်သည် ကျွန်ုပ်အတွက် အလွန်အင်မတန် အန္တရာယ်များလွန်းလှပါသည်။ အချိန်မရွေး အကြမ်းဖက်စစ်သူပုန်၏ လက်တွင်း ကျရောက်နိုင်ပါသည်။ ဤအကြောင်းအချက်များကို ကြိုတင် သိရှိထားပြီးဖြစ်ပါသော်လည်း အန္တရာယ်ရှိ၍နောက်ဆုတ်လေလေ အောင်မြင်မှု မရလေလေ ဖြစ်မည်ဆိုး၍ မိဘပြည်သူတို့အကျိုးကိုရှေ့ရှု့ကာ စွန့်စားလုပ်ဆောင်လိုက်ရခြင်းဖြစ်ပါသည်။
🚫 ဤဆောင်ရွက်မှုတွင် အထက်ပါ အချက်(၁),(၂),(၃) တို့တွင်ဖော်ပြထားသော ပါဝင်မှုအသီးသီး အတွက် ပါဝင်သူအပေါ်တွင် အန္တရာယ်တစ်စုံတစ်မျှ ငြိစွန်းနိုင်ခြင်းမရှိပါ။ အားလုံးအတွက် ဘက်ပေါင်းစုံမှ အန္တရာယ်ကင်းပြီး ကျွန်ုပ်တစ်ဦးတည်းထံသို့သာ အန္တရာယ်ကျရောက်နိုင်သော စီစဉ်ချက်ကို စီစဉ်ထားခြင်းဖြစ်ပါကြောင်း လုံးဝ(လုံးဝ) တာဝန်ယူအပ်ပါသည်။
🚫 လာမည့် ရက်ပိုင်းများအတွင်း စတင်အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ရည်မှန်းထားသည့် အတွက် အထက်ပါ အချက်(၁),(၂),(၃)တို့၌ ပါဝင်မည့် တော်လှန်ရေးသူရဲကောင်းများ အနေဖြင့် ၁၅-၄-၂၀၂၁ရက်နေ့ နောက်ဆုံးထား စာရင်းပေးဆက်သွယ်ကြပါရန် လေးစားစွာတင်ပြအပ်ပါသည်။
လုပ်ငန်းစဉ်အသေးစိတ်ကို သီးခြားရှင်းပြဆောင်ရွက်ပါမည်။
Cbသို့ လာရောက် ဆက်သွယ်ပြောဆိုပါ။
📣 နယ်ဒေသမှ မိမိတို့၏ ဆွေမျိုးသားချင်းများထံသို့ ဤအစီအစဉ်တွင်ပါဝင်ရန် ထပ်ဆင့်ဆက်သွယ် ချိတ်ဆက်ပေးပါ။
ကျေးရွာမှ သတင်းလက်ခံသူအဖြစ် ဆောင်ရွက်ပေးမည့်
လူနှင့် ရနိုင်သမျှ ချိတ်ဆက်ပေးပါ။
ကျေးလက်တောရွာဒေသများသို့ နေ့စဉ်သတင်းအချက်အလက်များ
အရှိန်အဟုန်ပြင်းပြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်စီးဆင်းစေရမည်။
ရိုသေစွာဖြင့်
ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)
📻 ဒို့တောရွာ တော်လှန်ရေး သတင်းလော်စပီကာ 📻
09789720036 (ဆက်မရပါက) Cbတွင်စာပို့ပါ။radio
#ဒို့တောရွာ #တော်လှန်ရေးသတင်း #လော်စပီကာ
၁၁-၄-၂၀၂၁
(တက်ကျွမ်း၍တော့မဟုတ်ပါ၊ တက်စွမ်းသမျှ ကြံဖန်ကြိုးစားမှုတစ်ခုမျှသာဖြစ်ပါသည်။)
ကျေးဇူးပြု၍
ကျွန်တော့်ကို ကျေးရွာအသီးသီးမှ
Radio လှိုင်းဖြင့် သတင်းလက်ခံ/ဖြန့်ဝေပေးနိုင်မည့်
ကျေးရွာနေ တော်လှန်ရေးသူရဲကောင်းများဖြင့်
ချိတ်ဆက်ပေးကြပါခင်ဗျာ။
ဤပို့စ်အား ယခုလက်ရှိကျေးရွာနေပြည်သူများ
မြင်တွေ့နိုင်လိမ့်မည်မဟုတ်ပါ။
ထို့ကြောင့် မိမိတို့နှင့် ဖုန်းအဆက်အသွယ်ရှိသော
ကျေးရွာနေပြည်သူများနှင့် ကျွန်ုပ်အား ချိတ်ဆက်ပေးကြပါ။
ဤပို့စ်အားမြင်တွေ့သူ တစ်ဦးက
ရွာ ၃ရွာမှ လူ၃ဦးနှုန်းဖြင့်သာ
ဆက်သွယ်ပေးနိုင်လျင်
အဆင်ပြေလှပါပြီ။
ကျန်သော လုပ်ငန်းစဉ်များ
ထိုသူများနှင့် တိုင်ပင်လုပ်ဆောင်သွားပါမည်။
ကျွန်ုပ်တို့အားလုံး ပါဝင်ပူးပေါင်းပေးလျှင် သို့မဟုတ် ဤပို့စ်အား မြင်တွေ့သူမှ နယ်ခံကျေးရွာသားတစ်ဦးနှုန်း
ကျွန်တော်နှင့်ချိတ်ဆက်ပေးလျှင်ပင် ဤသတင်းစီးဆင်းမှု အစီအစဉ် မုချအောင်မြင်ပြီ။
သင်အချိန်ခဏပေးခြင်းဖြင့် ကူညီကြိုးပမ်းစွမ်းဆောင်လိုက်ပါ။)
👉👉👉 https://www.facebook.com/doetawywar.radio/