04/10/2016
သန်း၇၀၀၀ မှ ၁၀၀
ကမ္ဘာ့လူဦးရေသန်း ၇၀၀၀ ကျော်ကို လူ ၁၀၀ ရှိတဲ့ ရွာအနေနဲ့ ဆွဲချုံ့ပစ်လို့ရှိရင် ဘယ်လို ဖြစ်သွားမလဲ သိသလား။
အာရှသားက အယောက် ၆၀၊ ဥရောပသားက ၁၁ ယောက်၊ အနောက်တိုင်းသားက ၁၄ ယောက်၊ အာဖရိကသားက ၁၅ ယောက်။ စုစုပေါင်း အယောက် ၁၀၀ အတိရှိတဲ့ ကမ္ဘာ့ရွာ။
ကလေးက ၂၆ ယောက်ရှိပြီးတော့ လူကြီးက ၇၄ ယောက် ရှိနေတယ်။ အဲ့ဒီ အထဲမှာ ၈ ယောက်က ၆၅ နှစ်ကျော် ဖြစ်တယ်။
အယောက် ၅၀ ဟာ မိန်းမ ဖြစ်ပြီး နောက်ထပ် ၅၀ ဟာ ယောက်ျား ဖြစ်တယ်။ အဖြူမျိုးက ၃၀ ရှိပြီး မဖြူမျိုးက ၇၀ ရှိမယ်။
တရုတ်စကားပြောတာက ၁၂ ယောက်။ စပိန်စကား သုံးတာက ၅ ယောက်။ အင်္ဂလိပ်စကားတတ်တာ ၅ ယောက်။ အာရေဗျလို ဆက်သွယ်တာက ၃ ယောက်။ ဟိန္ဒူက ၃ ယောက်။ ဘင်္ဂါလီနဲ့ ပေါ်တူဂီလည်း ၃ ယောက်စီ တတ်ကြတယ်။ ရုရှားကတော့ ၂ ယောက်ပဲ ပြောနိုင်တယ်။ ဂျပန် လည်း ၂ ယောက်ပဲ။ ကျန်တဲ့ ၆၂ ယောက်က တခြားဘာသာစကားတွေ ပြောဆိုကြတယ်။
ခရစ်ယာန် က ၃၃ ယောက်၊ မွတ်စလင်မ်က ၂၂ ယောက်၊ ဟိန္ဒူက ၁၄ ယောက်၊ ဗုဒ္ဓဘာသာက ၇ ယောက်၊ တခြားဘာသာရှိက ၁၂ ယောက်နဲ့ ဘာသာမဲ့က ၁၂ ယောက် တိတိဒီထဲမှာ ပါဝင်တယ်။
တစ်ကမ္ဘာလုံးမှာရှိတဲ့ ချမ်းသာမှုရဲ့ တစ်ဝက်ကျော်ကို ချုပ်ကိုင်ထားမှာက လူ ၆ ယောက်။ အမေရိကန်နိုင်ငံသားတွေချည်းပဲ။
၈၃ ယောက်က ရေးတတ်ဖတ်တတ်ပေမယ့် ၁၇ ယောက်က မရေးတတ် မဖတ်တတ်ဘူး။
၁၅ ယောက်ဟာ အာဟာရချို့တဲ့ရရှာပြီး ၂၁ ယောက်ဟာ အဝလွန်နေရရှာတယ်။
၇၇ ယောက်မှာ အိမ်ယာရှိပြီး ၂၃ ယောက်က ခြေသလုံးအိမ်တိုင် ကြုံရာအိပ်ရတဲ့ အိမ်ယာမဲ့တို့ ဖြစ်တယ်။
၈၇ ယောက်ပဲ ရေသန့်သောက်နိုင်ပြီး ၁၃ ယောက်ဟာ သန့်ရှင်းမှုမရှိတဲ့ ရေကိုမှီဝဲနေ ရရှာတယ်။
၇ ယောက်ပဲ ကောလိပ်ဘွဲ့ရခဲ့တယ်။ ၂၂ ယောက်ပဲ ကွန်ပျူတာကိုင်နိုင်တယ်။ တစ်ယောက်က သေတော့မယ်။ တစ်ယောက်က မွေးလာတော့မယ်။
ဒီထဲက တစ်ယောက်တစ်လေသာ ပညာတတ် မဖြစ်လာခဲ့ရင် အခု ခင်ဗျား ဖတ်နေတဲ့ ကျွန်တော့်ပို့စ်က စာတွေကို ကျွန်တော်လည်း ရေးနိုင်မှာ မဟုတ်သလို ခင်ဗျားလည်း ဖတ်ခွင့်ရမှာ မဟုတ်။
မူရင်း - 2012 : Fritz Erickson, Provost and Vice President for Academic Affairs, Ferris State University (Formerly Dean of Professional and Graduate Studies, University of Wisconsin - Green Bay) and John A. Vonk, University of Northern Colorado, 2006; Returning Peace Corps Volunteers of Madison Wisconsin, Unheard Voices: Celebrating Cultures from the Developing World, 1992; Donella H. Meadows, The Global Citizen, May 31, 1990
Credit- မှတ်စုကြမ်း