𝐍𝐢𝐤𝐤𝐨 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞

  • Home
  • Myanmar
  • Yangon
  • 𝐍𝐢𝐤𝐤𝐨 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞

𝐍𝐢𝐤𝐤𝐨 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞 Nikko Japanese Language Centreမှ​နွေး​ထွေးစွာကြိုဆိုပ?

21/02/2023
20/02/2023
Hello မင်္ဂလာပါဗျာ1လပိုင်းအတွက်ဂျပန်ဘာသာစကားသင်တန်း အချိန်များများနဲ့Basic+N5 Course အပြီး Sunday Only ၃လပြတ်သင်တန်းတက်ခ...
23/12/2022

Hello မင်္ဂလာပါဗျာ
1လပိုင်းအတွက်ဂျပန်ဘာသာစကားသင်တန်း အချိန်များများနဲ့
Basic+N5 Course အပြီး Sunday Only ၃လပြတ်သင်တန်းတက်ချင်သူများအတွက်အခွင့်အ​ရေး​လေးလာပြီ​နော်
1-Grammar ( Minnano NIhongo -ဖတ်စာအုပ်

2 Kanji ( Challenge-N5 Kanji စာအုပ်)

3 Listening ( Speedmaster N5 စာအုပ်)

4 Reading ( Speedmaster N5 စာအုပ် )
သင်တန်း​ကြေးစာအုပ်ဖိုးအပါ( 50000ကျပ် )
တက်​ရောက်မဲ့သင်တန်းသား​တွေအ​နေနဲ့ အပြင်သင်တန်း​ကျောင်းကိုလာအပ်​ပေးကြပါ
ဖုန်း-09450887359
မှတ်ချက်-သင်တန်းသားဦး​ရေကန့်သတ်ထားပါသည်
​ကျောင်းလိပ်စာ- Nikko Japanese Language Centre
အမှတ် ( ၈၄ ) ​ဒုတိယထပ်၊ အောင်စည်းခုံဘုရားလမ်း၊ ​ရွှေကံ့​ကော်လ္ဘရည်ဆိုင်အနီး၊ သင်္ဃန်းကျွန်းကြီး၊မင်္ဂလာဒုံမြို့နယ်။

Hello အားလုံးပဲမင်္ဂလာပါဗျာသင်တန်း​ကျောင်း ( ၃ ) နှစ်ပြည့်အထိမ်းအမှတ်အ​နေဖြင့်ဂျပန်ဘာသာစကားသင်တန်းပညာဒါန အပါတ်စဥ်( ၂ )ကိ...
07/12/2022

Hello အားလုံးပဲမင်္ဂလာပါဗျာ
သင်တန်း​ကျောင်း ( ၃ ) နှစ်ပြည့်အထိမ်းအမှတ်အ​နေဖြင့်ဂျပန်ဘာသာစကားသင်တန်းပညာဒါန အပါတ်စဥ်( ၂ )ကိုဒီဇင်ဘာလမှာဖွင့်လှစ်ပါပြီ​နော်
Basic+N5-Course အားလုံးအပြီး( ပညာဒါန )
၂၅-၁၂- ၂၀၂၂ ရက်​နေ့တွင်စတင်ဖွင့်လှစ်ပါမည်
N5-N4 Levelများပြီးဆုံးပြီးစကား​ပြောအားနည်း​သော​ကျောင်းသား/သူများအတွက်လည်းSpecial Speaking Class စကား​ပြောစွမ်းရည်မြင့်တင် Kaiwaအတန်းကိုပါ​အောက်ပါအချိန်ဇာယားအတိုင်းမိမိကြိုက်နှစ်သက်ရာကို​ရွေးချယ်တက်​ရောက်နိုင်ပါသည်
မှတ်ချက်-အပြင်သင်တန်း​ကျောင်းကိုလာ​ရောက်၍သင်တန်းတက်​ရောက်နိုင်​သော​ကျောင်းသား/သူများကိုသာသင်တန်းအပ်နှံလက်ခံသင်ကြား​ပေးပါမည်သင်တန်းသားဦး​ရေကန့်သတ်ထားခြင်းမရှိပါ
​သင်တန်း​ကျောင်းလိပ်စာ-Nikko Japanese Laguage Centre-အမှတ် ( ၈၄ ) ​အောင်စည်းခုံးဘုရားလမ်း၊ဒုတိယထပ်၊မင်္ဂလာဒုံမြို့နယ်၊သင်္ဃကျွန်းကြီး၊ ဖုန်း ၀၉၄၅၀၈၈၇၃၅၉

Jlptအတွက်ကြိုးစား​နေကြ​တဲ့ တပည့်လိမ်မာ​တွေအားလုံးအဆင်​ပြေပါ​စေ​နော်
02/12/2022

Jlptအတွက်ကြိုးစား​နေကြ​တဲ့ တပည့်လိမ်မာ​တွေ
အားလုံးအဆင်​ပြေပါ​စေ​နော်

02/12/2022

ရပ်ကွက်နေထိုင်ခွန် ဆိုသည်မှာ

ရပ်ကွက်နေထိုင်ခွန်ကို ဂျပန်လို 住民税(juuminzei)လို့ခေါ်ပါတယ်။
ဒီအခွန်ဟာ မဖြစ်မနေ ပေးဆောင်ရတဲ့ ဂျပန်အခွန်စနစ်တွေထဲက အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာ နေထိုင်နေတဲ့လူတွေ၊ လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ကောက်ခံတဲ့အခွန်ပါ။

ဂျပန်နိုင်ငံသားများသာမက ဂျပန်မှာ ရောက်ရှိနေထိုင်နေတဲ့ နိုင်ငံခြားသားတွေကိုလည်း ကောက်ခံပါတယ်။
ဂျပန်နိုင်ငံသို့ စတင်ရောက်ရှိတဲ့နှစ်မှာ ဒီအခွန်ကို မဆောင်ရသေးပါဘူး။ နောက်နှစ်ကနေစပြီး ဒီအခွန်ကို စတင်ဆောင်ရပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီအခွန်ဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ဝင်ငွေပေါ်မှာမူတည်ပြီး ကောက်ခံလို့ပါပဲ။
ပြီးခဲ့တဲ့နှစ်ရဲ့ ၁လပိုင်းကနေ၁၂လပိုင်းအထိ ဝင်ခဲ့တဲ့ ဝင်ငွေအပေါ်မှာတွက်ချက်ပြီး အခွန်ကောက်ခံပါတယ်။

ကိုယ်နေထိုင်တဲ့ ရပ်ကွက်ကိုလိုက်ပြီး အနည်းငယ်ကွာခြားနိုင်ပေမယ့် ပုံမှန်အားဖြင့် အခွန်ဆောင်ရမယ့်ဝင်ငွေရဲ့၁၀%(ခရိုင်အတွက်၄% + မြို့နယ်၊ ရပ်ကွက်အတွက်၆%)ကို ဆောင်ကြရပါတယ်။(တွက်ပုံတွက်နည်းကိုတော့ နောက်ပိုင်းမှာ ဖေါ်ပြပေးထားပါတယ်။)

ပုံမှန်အားဖြင့် ၆လပိုင်းမှာ ဒီနှစ်အတွက် အခွန်ဘယ်လောက်ဆောင်ပါဆိုပြီး ရပ်ကွက်ရုံးကနေ အခွန်စာရွက်လာပါတယ်။
အဲ့ဒီအခွန်စာရွက်မှာ တစ်နှစ်စာဆောင်ရမယ့်အခွန်ကို ၇လပိုင်း၊ ၈လပိုင်း၊ ၁၀လပိုင်း၊ ၁လပိုင်း ဆိုပြီး (၄)ကြိမ်ခွဲသွင်းခိုင်းပါတယ်(ရပ်ကွက်နဲ့လိုက်ပြီး အနည်းငယ်ကွာနိုင်ပါတယ်)။

ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ လခစားတွေကတော့ (၆)လပိုင်းရဲ့ လခထဲကနေပြီး စတင်နှုတ်ယူခြင်းခံရပါတယ်။ လခထဲကနေ လစဉ်လတိုင်း ခွဲသွင်းပေးရပါတယ်။

ဒီနေထိုင်ခွန်ကို တစ်နှစ်စာဝင်ငွေ ယန်း သောင်း(၁၀၀)ကျော်တဲ့လူတွေ စတင်ဆောင်ကြရပါတယ်။ ကျောင်းသား၊ မိသားစုမှီခို၊ လခစားအလုပ်သမား၊ အချိန်ပိုင်းအလုပ်သမား စတဲ့ ဝင်ငွေရှိတဲ့လူတိုင်း ဆောင်ကြရပါတယ်။
ဒီအခွန်ကို သတ်မှတ်ချိန်အတွင်းမှာ မပေးဆောင်ဘူးဆိုလျှင်လည်း ဒါဏ်ကြေးအနေဖြင့် အတိုးပေးကြရပါတယ်။

ဒီအောက်က အမေးအဖြေလေးတွေကိုလည်း လေ့လာကြည့်ကြပါ။

အမေးအဖြေ
မေး(၁) ။ ။ ရပ်ကွက်နေထိုင်ခွန်ကို ဘာအတွက်ကောက်ရတာလဲ။ အခွန်တွေကို ဘယ်မှာသုံးတာလဲ။
ဖြေ(၁) ။ ။ ရပ်ကွက်နေထိုင်ခွန်ကို ပညာရေး၊ လူမှုဖူလုံရေး၊ မီးဘေးကာကွယ်ရေးနဲ့ အမှိုက်သိမ်းခြင်းစတဲ့ ရပ်ကွက်အတွက်အကျိုးရှိတဲ့နေရာတွေမှာ အသုံးပြုဖို့အတွက် ကောက်ခံတယ်လို့ဆိုပါတယ်။

မေး(၂) ။ ။ ရပ်ကွက်နေထိုင်ခွန်ကို ဘယ်သူတွေ ဆောင်ကြရသလဲ။
ဖြေ(၂) ။ ။ တစ်နှစ်ဝင်ငွေ ယန်း သောင်း ၁၀၀ ကျော်တဲ့လူတွေ စတင်ဆောင်ရပါတယ်။ လူတိုင်းဆောင်ရပါတယ်။ နိုင်ငံခြားသားတွေလည်း ဆောင်ရပါတယ်။

မေး(၃) ။ ။ နိုင်ငံခြားသား ပညာသင်ကျောင်းသားတွေလည်း ရပ်ကွက်နေထိုင်ခွန် ဆောင်ရပါသလား။
ဖြေ(၃) ။ ။ သတ်မှတ်ထားတဲ့ ဝင်ငွေပမာဏထက် ကျော်လွန်ရင် ကျောင်းသားတွေလည်း ဆောင်ရပါတယ်။

မေး(၄) ။ ။ ဂျပန်စရောက်တဲ့နှစ်က ရပ်ကွက်နေထိုင်ခွန် မဆောင်ရပါဘူး။ နောက်တစ်နှစ်မှ အခွန်ဆောင်ဖို့ စာစလာပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ(၄) ။ ။ ပြီးခဲ့တဲ့နှစ်ရဲ့ ဝင်ငွေကိုကြည့်ပြီး အခွန်ကောက်ခံလို့ပါပဲ။ ဂျပန်စရောက်တဲ့နှစ်တစ်နှစ်ပဲ နေထိုင်ခွန်အခွန်မဆောင်ရပါဘူး။ နောက်နှစ်တွေ နှစ်တိုင်းဆောင်ရပါလိမ့်မယ်။

မေး(၅) ။ ။ ပြီးခဲ့တဲ့နှစ်ဆိုတာ ဘယ်အချိန်ကနေ ဘယ်အချိန်ကို ပြောတာပါလဲ။
ဖြေ(၅) ။ ။ ပြီးခဲ့တဲ့နှစ်ရဲ့ ၁လပိုင်းကနေ ၁၂လပိုင်းအထိကို တစ်နှစ်ဆိုပြီးတွက်ချက်ပါတယ်။ ထို ၁လပိုင်းကနေ ၁၂လပိုင်းအထိ ဝင်ခဲ့တဲ့ဝင်ငွေအပေါ်မှာ မူတည်ပြီး ကောက်ခံပါတယ်။

မေး(၆) ။ ။ ရပ်ကွက်ပြောင်းပြီးနေထိုင်ပေမယ့်လည်း အရင်ရပ်ကွက်က နေထိုင်ခွန်တွေလာပါတယ်။ အဲ့ဒါ ဘာဖြစ်လို့ပါလဲ။
ဖြေ(၆) ။ ။ နှစ်တစ်နှစ်ရဲ့ ၁လပိုင်း၁ရက်နေ့မှာ နေခဲ့တဲ့(ကိုယ့်အိမ်လိပ်စာရှိခဲ့တဲ့)ရပ်ကွက်ကို အဲ့ဒီနှစ်အတွက် အခွန်ဆောင်ပေးရပါတယ်။ ကိုယ်က လက်ရှိအခြားရပ်ကွက်ကို ပြောင်းလာပေမယ့်လည်း၊ ၁လပိုင်း၁ရက်နေ့က ယခင်ရပ်ကွက်မှာနေထိုင်ခဲ့လျှင် ယခင်ရပ်ကွက်ကို အခွန်သွင်းပေးရပါတယ်။ ၁လပိုင်း၁ရက်နေ့က လိမ်စာအပေါ်မှာ မူတည်ပါတယ်။

မေး(၇) ။ ။ အခွန်စာရွက်က ဘယ်အချိန်လာတတ်ပါသလဲ။
ဖြေ(၇) ။ ။ ပုံမှန်ကတော့ (၆)လပိုင်းမှာ အိမ်ကိုစာပို့ပါတယ်။ (၇) လပိုင်းကနေစပြီး (၄)ကြိမ်ခွဲသွင်းပေးရပါတယ်။

မေး(၈) ။ ။ အခွန်မဆောင်ရင်ကော ဘာပြဿနာ ရှိနိုင်ပါသလဲ။
ဖြေ(၈) ။ ။ အခွန်ဆောင်ရမယ့်ရက်ထက် ၁လကျော်ပြီးတဲ့အထိ အခွန်မဆောင်သေးဘူးဆိုလျှင် ပထမအကြိမ်အနေဖြင့် အသိပေးစာလာပါတယ်။ အခွန်ဘယ်လောက်ကို ဘယ်နေ့ဘယ်ရက်အထိ အခွန်ဆောင်ပါလို့ လာပါတယ်။ အဲ့ဒီ အသိပေးစာရဲ့ အခွန်ဆောင်ရမယ့်ရက်မှာလည်း အခွန်မဆောင်သေးဘူးဆိုရင် သတိပေးစာ ထပ်လာပါတယ်။ အခွန်ငွေ ဘယ်လောက်ဆောင်ပါ၊ ဘယ်နှစ်ရက်အတွင်းမှာ ဆောင်ပါဆိုပြီး လာပါတယ်။ ဒီတစ်ခါမှာတော့ ကိုယ်ဆောင်ရမယ့် အခွန်အပြင် နောက်ကျကြေး(အတိုး)ပါ ထပ်ပေါင်းဆောင်ရပါတယ်။ ကိုယ်အမှန်တကယ်ဆောင်ရမယ့် ပမာဏထက် ပိုလာပါလိမ့်မယ်။ အခွန်ဆောင်ဖို့ နောက်ကျလေ အတိုးထပ်ပေးရလေပါပဲ။ အကြိမ်ကြိမ်သတိပေးလျှက်နဲ့ အခွန်မဆောင်ဘူးဆိုလျှင် ပိုင်ဆိုင်မှုတွေအကုန်လုံးသိမ်းယူပိုင်ခွင့်ရှိတယ်လို့ ဥပဒေအရ သတ်မှတ်ထားပါတယ်။ ဥပမာ ဘဏ်ထဲ့ကငွေ၊ အိမ်၊ အိမ်ထဲက ပစ္စည်း စသည်ဖြင့် ရပ်ကွက်က သိမ်းယူပိုင်ခွင့်ရှိပါတယ်။ မဆောင်ဘဲထားလျှင် နောက်ဆုံးမှာ ကိုယ်အမှန်တကယ်ဆောင်ရမယ့် ပမာဏထက် အစပေါင်းများစွာ ပိုဆောင်ရပါလိမ့်မယ်။ သူ့နိုင်ငံမှာ သူ့ဥပဒေကို လိုက်နာတာက အန္တရာယ်အကင်းဆုံးပါပဲ။

မေး(၉) ။ ။ လက်ရှိမှာ ဝင်ငွေမရှိလို့ မဆောင်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်ရပါ့မလဲ။
ဖြေ(၉) ။ ။ ရပ်ကွက်ရုံးမှာ တိုင်ပင်ဆွေးနွေးပါက လျှော့ပေါ့ပေးခြင်း၊ အခွန်ဆောင်ရမယ့်ရက် နောက်ဆုတ်ပေးခြင်းတွေ လုပ်ပေးပါတယ်။ အခက်ကြုံလာရင် ရပ်ကွက်ရုံးမှာ သွားဆွေးနွေးတာက အကောင်းဆုံးပါပဲ။

မေး(၁၀) ။ ။ ကျောင်းသားတစ်ယောက်ပါ။ ရပ်ကွက်နေထိုင်ခွန်တွေ လာပါတယ်၊ မဆောင်ရင် ဗီဇာသက်တမ်းတိုးတဲ့အခါ ပြဿနာရှိနိုင်ပါသလား။
ဖြေ(၁၀) ။ ။ ရပ်ကွက်နေထိုင်ခွန်နဲ့ ဗီဇာ တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိပါဘူး။
ကျောင်းသားတွေ နေထိုင်ခွန် အများကြီးဆောင်နေရပီဆိုလျှင်၊ အလုပ်လုပ်ချိန် ကျော်လွန်နေပြီ၊ အလုပ်လုပ်ထားတဲ့ အချက်အလက်တွေ ရပ်ကွက်ရုံးကိုရောက်နေပီဆိုတာ သတိချပ်ဖို့လိုပါတယ်။ ဗီဇာသက်တမ်းတိုးတဲ့အခါ ရပ်ကွက်နေထိုင်ခွန်ထက်၊ နိုးဇဲ၊ ခဇဲ နဲ့ငြိပြီး ဗီဇာမရဖြစ်တတ်ပါတယ်။
အသိ သတိနဲ့ ဥပဒေဘောင်အတွင်းက နေထိုင်သတိထားဖို့ လိုအပ်ပါလိမ့်မယ်။
ကျောင်းသားတွေ အခွန်မဆောင်ထားလျှင် ကျောင်းပြီးလို့ အလုပ်ဝင်တဲ့အခါ အကြွေးကျန်တွေ အကုန်ပြန်ဆောင်ရပါတယ်။ ကုမ္ပဏီဝင်တဲ့အခါ မဆောင်မနေရ ဆောင်ကြရပါတယ်။ အတိုးလည်း မပေးလို့ မရတဲ့အခြေအနေကို ရောက်ကြရပါတယ်။

မေး(၁၁) ။ ။ ယခင်နှစ်ကတော့ အလုပ်အများကြီးလုပ်ခဲ့ပါတယ်။ ဒီနှစ်ကတော့ အလုပ်မရှိပါဘူး(အလုပ်လျှော့လုပ်နေပါတယ်)။ အခွန်တွေက အများကြီးလာပါတယ်။ ဘာဖြစ်လို့ပါလဲ။
ဖြေ(၁၁) ။ ။ နေထိုင်ခွန်က လက်ရှိ အလုပ်ရှိမရှိကို မကြည့်ပါဘူး။ မနှစ်က ဝင်ငွေ ရှိမရှိကိုပဲ အခြေခံပြီး ကောက်ခံပါတယ်။ နေထိုင်ခွန်က တစ်နှစ်နောက်ကျပြီးမှ ကောက်ခံတဲ့ သဘောပါ။ လာမယ့်နှစ် သက်သာပါလိမ့်မယ်။ အခွန်မသွင်းနိုင်ရင် ရပ်ကွက်ရုံးမှာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

မေး(၁၂) ။ ။ အခွန်စာရွက် ၄ရက်ရပြီးနောက်၊ အခွန်ကို တစ်နှစ်စာ တစ်ခါတည်း ဆောင်တာနဲ့၊ ၄ ခါ ခွဲဆောင်ရင် ဘာကွာခြားမှုရှိပါသလဲ။
ဖြေ(၁၂) ။ ။ ဘာမှကွာခြားမှု မရှိပါဘူး။ ကိုယ် အဆင်ပြေမယ့်နည်းဖြင့် ဆောင်သင့်ပါတယ်။

မေး(၁၃) ။ ။ အိမ်ကိုအခွန်စာရွက်တွေ အမျိုးမျိုးလာပါတယ်။ ဂျပန်က အခွန်စနစ်တွေကိုလည်း နားမလည်ပါဘူး။ ဘယ်လို အခွန်စနစ်တွေ ရှိပါသလဲ။ ဘယ်လို ကောက်ခံကြပါသလဲ။ မဆောင်လို့ မရဘူးလား။
ဖြေ(၁၃) ။ ။ ဂျပန်အခွန်စနစ်တွေက အမျိုးမျိုးရှိပါတယ်။
ရပ်ကွက်နေထိုင်ခွန်၊ ဝင်ငွေခွန်၊ ကျန်းမာရေးအာမခံ၊ အလုပ်သမားအာမခံ၊ ပင်စင်ခွန် စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ အခွန်တွေက အဓိကအားဖြင့် ကိုယ့်ရဲ့ဝင်ငွေအပေါ်ကိုလိုက်ပြီး ကောက်ခံပါတယ်။ ဝင်ငွေများတဲ့လူက များများပေးရပါတယ်။ ဝင်ငွေနည်းတဲ့လူက နည်းသလို ပေးရပါတယ်။ လခစားသမားတွေအတွက် အခွန်တွေဟာ များသောအားဖြင့် မပေးမနေရ၊ မဝင်မနေရ စနစ်တွေများပါတယ်။ အချိန်ပိုင်း အလုပ်သမားတွေအတွက်ကတော့ ဝင်ငွေခွန်နဲ့ ရပ်ကွက်နေထိုင်ခွန်က မဆောင်မနေရပါပဲ။ တွက်ပုံတွက်နည်းတွေကိုတော့ အချိန်ရှိရင်ရှိသလိုရေးပေးပါ့မယ်။

မေး(၁၄)။ ။ နေထိုင်ခွန်က မဆောင်မနေရဆိုတော့ နေထိုင်ခွန်ကို နည်းအောင်လုပ်လို့မရဘူးလား။
ဖြေ(၁၄) ။ ။ နေထိုင်ခွန်ကို နည်းအောင်လုပ်ဖို့ဆိုရင် ဝင်ငွေခွန်(shotokuzei)ကိုနည်းအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဝင်ငွေခွန်ကတော့ မိသားစုဝင်၊ မှီခို စသည်ဖြင့် ကိုယ့်ကိုမှီခိုနေတဲ့အကြောင်း ပြသနိုင်ရင် ဝင်ငွေခွန်လျှော့ပါတယ်။ ဝင်ငွေခွန်လျှော့ရင် နေထိုင်ခွန်၊ ကျန်းမာရေးခွန်လည်းလိုက်လျှော့ပါလိမ့်မယ်။ ဝင်ငွေခွန်နဲ့ပတ်သက်တဲ့ အကြောင်းနဲ့၊ နှစ်ကုန်တဲ့အခါ အခွန်တွေ ပြန်ထုတ်တဲ့အကြောင်း ကိုတော့ အချိန်ရှိတဲ့အခါ post တစ်ခု ရေးပေးပါ့မယ်။
မြန်မြန်သိချင်ရင်တော့ အခွန်ရုံး(zeimusho)မှာ သွားရောက်ဆွေးနွေးသင့်ပါတယ်။

မေး(၁၅) ။ ။ နေထိုင်ခွန် တွက်ပုံတွက်နည်းလေး ပြောပြပေးပါလား။
ဖြေ(၁၅) ။ ။ အခွန်တွက်နည်းတွေက အရမ်းခက်ခဲပါတယ်။ ဝင်ငွေ၊ အိမ်ထောင်ရှိမရှိ၊ သားသမီး(သို့) မီခိုရှိမရှိ စတဲ့ အခြေအနေအမျိုးမျိုးကို လိုက်ပြီး အခွန်အနည်းအများကွာပါတယ်။ ပြီးတော့ ကိုယ်နေထိုင်တဲ့ ရပ်ကွက်ကိုလိုက်ပြီးတော့လည်း အနည်းငယ် ကွာခြားနိုင်ပါသေးတယ်။ တိုကျို (၂၃)မြို့ကနေထိုင်ခွန်များပြီး၊ နယ်တွေက စျေးသက်သာပါတယ်။

ပုံမှန်အားဖြင့် ပြီးခဲ့တဲ့နှစ်က ယန်း ၁၇၀ သောင်း ဝင်ငွေရှိခဲ့တဲ့လူဟာ၊ တစ်နှစ်စာ နေထိုင်ခွန် ယန်း ၇ သောင်းကျော်ခန့် ဆောင်ရပါလိမ့်မယ်။
ယန်း သောင်း ၂၀၀ ဝင်ငွေရှိခဲ့တဲ့လူဟာ တစ်နှစ်စာယန်း ၉ သောင်း လောက်ဆောင်ရပါလိမ့်မယ်။

ကိုယ်တိုင်တွက်ကြည့်ချင်တဲ့လူတွေကတော့ ဒီ website မှာ ဝင်ရောက် တွက်ကြည့်နိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်ရဲ့ တစ်နှစ်စာဝင်ငွေကို သိထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
https://juuminzei.com/keisan/
မြို့နယ်ကိုရွေး→ရပ်ကွက်ကိုရွေး→မွေးသက္ကရာဇ်နဲ့ မနှစ်က တစ်နှစ်စာဝင်ငွေကိုဖြည့် (လိုအပ်တဲ့ အချက်အလက်ကိုဖြည့်)။ မိသားစု မီခိုရှိတဲ့လူတွေက ပိုသက်သာပါတယ်။

မေး(၁၆) ။ ။ ကျောင်းသားတွေကို လျှော့ပေါ့ပေးတာတွေ ရှိပါသလား။
ဖြေ(၁၆) ။ ။ ကျောင်းသားတွေကို လျှော့ပေါ့ပေးတာရှိပါတယ်။ ကျောင်းသားတွေအနေဖြင့် တနှစ်စာဝင်ငွေ သောင်း ၁၀၀ ကို ကျော်နေလျှင်၊ အခွန်ရုံးမှာ 勤労学生控除(kinrou gakusei koujo) ကို လျှောက်ထားမယ်ဆိုရင် တစ်နှစ်စာဝင်ငွေ သောင်း ၁၃၀ အထိ ရပ်ကွက်နေထိုင်ခွန် ဆောင်စရာမလိုအပ်ပါဘူး။ ဒီဟာကိုလျှောက်ထားရင် ဝင်ငွေခွန်(shotokuzei)လည်း လျှော့နည်းလာမှာဖြစ်ပါတယ်။ နှစ်ကုန်ပိုင်းမှာ အခွန်ရုံးကို 年末調整(nenmatsuchousei)(သို့)確定申告(kakuteishinkoku) လုပ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီအကြောင်းတွေကိုတော့ အချိန်ရှိရင် post တစ်ခု ရေးပေးပါ့မယ်။ မြန်မြန်သိချင်ရင်တော့ အခွန်ရုံး(zeimusho)မှာ သွားရောက်ဆွေးနွေးကြည့်သင့်ပါတယ်။

နောက်ဆုံးမှာ အနှစ်ချုပ်ပြီးပြောရမယ်ဆိုလျှင် ရပ်ကွက်နေထိုင်ခွန်ဟာ မဆောင်မနေရ အခွန်အမျိုးအစားထဲမှာ ပါပါတယ်။ အခွန်ဆောင်ဖို့ နောက်ကျခဲ့ရင် အတိုးပေးရပါတယ်။
လက်ရှိမှာ အခွန်မဆောင်နိုင်သေးရင် ရပ်ကွက်ရုံးမှာ ညှိနှိုင်းဆွေးနွေးကြည့်သင့်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ
ဆရာ #အကီ pageမှကူးယူဖော်ပြပါသည်။ ။

みなさん こんにちは JLPTအတွက်ကြိုးစား​နေကြပုံများ
01/12/2022

みなさん
こんにちは JLPTအတွက်ကြိုးစား​နေကြပုံများ

みなさんご注意ください
01/12/2022

みなさんご注意ください

30/11/2022

ကလေးတစ်ယောက်ရေးထားတာတွေ့လိုက်လို့ပါ။
ရှိတဲ့ပိုက်ဆံအများကြီးမသုံးပဲ
ဂျပန်လာခွင့်ရချင်တာပါတဲ့လေ။

အတိုချုံပြီးပြောရမယ်ဆိုရင်…သူရေးထားတာကတော့…

ကျနော်က မိဘမရှိတော့ဘူး
ပိုက်ဆံ သိန်း ၅၀ လောက်ရှိပေမဲ့
ရန်ကုန်မှာသွားပြီး သင်တန်းတက်ရင်
ရှိတာလေးကုန်ပြီး အေဂျင်စီခ မရှင်းနိုင်မှာစိုးလို့ ဂျပန်လဲလာချင်တယ်။
ဘယ်လိုလုပ်ရမလဲတဲ့။

သူတွေးတာမှန်ပါတယ်။
ရန်ကုန်မှာ နေရင်းသင်တန်းတက်ရင်
နေစရိတ် စားစရိတ် သင်တန်းကြေးနဲ့သွားလာစရိတ်တွေပါဆိုရင်
မလွယ်ကူလှပါဘူး။
N3 အထိဆို တစ်နှစ်ကြာ အသာလေးကုန်ကျမယ်။

အင်တာနက်ရတဲ့ နယ်ဘက်ဆို
အွန်လိုင်း class ကို သေချာလိုက်တက်ပါ
တစ်ချို့ကလည်း မီးအင်တာနက်ရတဲ့
ဘုန်းကြီးကျောင်းမှာနေပြီး online သင်တန်းလိုက်တက်တယ်ကပ္ပိယတော့ ကူလုပ်ကြပေါ့။ကုသိုလ်လဲရတယ်လေ။

N5 -၄လ သို့ ၃ လ (၁သိန်းခွဲခန့်)
N4-၄လ သို့ ၃ လ (၁သိန်းခွဲခန့်)
N3-၄လ သို့ ၆ လ (၂သိန်းခွဲခန့်)

စုစုပေါင်းကုန်ကျစရိတ် ၆ သိန်းဝန်းကျင်
စာလေ့လာဖို့အတွက်ပါ။

စာလိုက်နိုင်ရင် မြန်ရင် ကြိုးစားနိုင်ရင်
၁ နှစ်နဲ့ N3 အောင်ပါတယ်။

N3 တက်နေဆဲမှာ ကိုယ်ဝါသနာပါတဲ့
တိုခုတဲဖြေပါ။
မဖြေလဲရပါတယ်။

N3 အောင်ပြီးမှ တကယ်အလုပ်ခေါ်စာများများနဲ့ခေါ်ပေးနေတဲ့ သင်တန်းတွေမှာ
ဖောင်လိုက်တင်ပါ။

အင်တာဗျုးခွင့်ရရင်အောင်ဖို့
အင်တာဗျုးလေ့ကျင့်မှုကြိုတင်လုပ်ထားပါ။

ဒီကြားထဲ freelance နဲ့ N4 လောက်ရောက်ရင် အလုပ်လေးတွဲလုပ်ပြီး
ဝင်ငွေနည်းနည်းရှိရင် အဆင်ပြေပါပြီ။

ဂျပန်တော့လာချင်တယ်
စာမလုပ်ချင်ဘူးဆိုရင်တော့ မရပါဘူး။

မြန်မြန်လာချင်ရင် မြန်မြန် N3 အောင်ဖို့လုပ်ပြီး Training or Tokutei ကြိုက်တာရွေးပါ။

လူရည်လည်ပါ။
ဂျင်းမမိအောင် မျက်စိနားတွေဖွင့်ထားပါ။


𝗠𝗼𝗼𝗡 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 & 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻

Address

အမှတ် ( ၈၄ ) ဒုတိယထိပ်၊​အောင်စည်းဘုရားလမ်း၊သင်္ဃန်းကျွန်းကြီး၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်။
Yangon
11021

Website

Alerts

Be the first to know and let us send you an email when 𝐍𝐢𝐤𝐤𝐨 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to 𝐍𝐢𝐤𝐤𝐨 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞:

Share

Category